M2 WORLD CHAMPIONSHIP အတွက် ပထမဆုံး Theme Song ဖြစ်တဲ့ IMMORTAL HERO သီချင်းကို MOONTON မှ ကြေညာ

 

သီချင်းရဲ့ ဆိုလိုရင်းကတော့ ခက်ခဲပင်ပန်းနေချိန်မှာ ခွန်အားတွေအပြည့်နဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့ ရည်ရွယ်ပါတယ်။ အရှေ့တောင်အာရှ တခွင်မှာ ပြည်တွင်းအဆိုတော်တွေက esports ကို နှစ်သက်လာကြပြီး သူတို့ဘာသာစကားတွေ၊ စတိုင်တွေနဲ့ သီချင်း remix လုပ်ဆိုခဲ့ကြပါတယ်။

ဇန်နဝါရီလ ၁၂ ရက် ၂၀၂၁ ၊ စင်ကာပူနိုင်ငံ – MOONTON Technology Co.Ltd. (MOONTON) က M2 World Championship theme song ဖြစ်တဲ့ Immortal Hero ကို YouTube နဲ့ Mobile Legends: Bang Bang ဆိုရှယ်မီဒီယာပေ့ချ်မှာ ထုတ်ပြခဲ့ပါတယ်။ ကစားသမားတွေကို ပင်ပန်း ခက်ခဲပင်ပန်းနေချိန်မှာ ခွန်အားတွေအပြည့်နဲ့ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့ ရည်ရွယ်တဲ့ သီချင်းဖြစ်ပြီး MOONTON မှ စီစဉ်ခဲ့ပါတယ်။

Immortal Hero Music Video

အရှေ့တောင်အာရှ အဆိုတော်များဖြစ်တဲ့ ShiGGa Shay (စင်ကာပူ)၊ Joe Flizzow (မလေးရှား)၊ King Promdi (ဖိလစ်ပိုင်)၊ Yung Hugo (မြန်မာ) နဲ့ Dycal Siahaan(အင်ဒိုနီးရှား) တို့က မိမိတို့ဘာသာစကား၊ စတိုင်အသီးသီးဖြင့် သီချင်းကို remix လုပ်ခဲ့ကြပြီး သီချင်းထုတ်လုပ်လိုက်တဲ့ ပထမနေ့မှာတင် Facebook နဲ့ Instagram မှာ likes ပေါင်း ၁၅၀၀၀ ရရှိခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံမှ ကစားသမားတွေက M2 ရဲ့ collaboration သီချင်းကို ကြိုဆိုခဲ့ကြပါတယ်။

အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး esport ခေါင်းစဉ်ကို တည်ဆောက်နိုင်လို့ စိတ်လှုပ်ရှားစေခဲ့ပြီး အသေးစိတ်အချက်အလက်ကို https://worlds.mobilelegends.com မှာဖတ်ရှုနိုင်ပါတယ်။ အသေးစိတ်အကြောင်းအရာများအတွက် [email protected] ကို ဆက်သွယ်နိုင်ပါတယ်။

MOONTON Technology Co. Ltd. အကြောင်း

၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် MOONTON သည် ကမ္ဘာအဆင့် ဗီဒီယိုဂိမ်းများ ထုတ်လုပ်လျက်ရှိပြီး ဂိမ်းပညာ၊ Esport တိုးတက်ဖွံ့ဖြိုးရေးတို့ကိုရည်ရွယ်လုပ်ဆောင်လျက်ရှိပါတယ်။ ဝန်ထမ်းပေါင်း ၇၅၀ ကျော်နဲ့ အင်ဒိုနီးရှား၊မလေးရှား၊ စင်ကာပူ၊ ဟောင်ကောင် နဲ့ တရုတ်နိုင်ငံမှာ လည်ပတ်လျက်ရှိပါတယ်။ကမ္ဘာတဝှမ်းမှာ နာမည်ကျော် မိုဘိုင်းဂိမ်းများထုတ်လုပ်ဖြန့်ချိခဲ့ပြီး အစိုးရအဖွဲ့အစည်းများနဲ့ esport အဖွဲ့အစည်းတို့ ရေရှည်ဆက်ဆံရေးကောင်းမွန်စေရန် နိုင်ငံပေါင်း ၂၀ကျော်မှာ ဆောင်ရွက်လျက်ရှိပါတယ်။ ယခုလတ်တလောမှာတော့ Mobile Legends: Bang Bang က နာမည်ကျော်ကြားပြီး မိုဘိုင်းဂိမ်းလောကမှာ ဦးဆောင်လျက်ရှိပါတယ်။

Mobile Legends: Bang Bangအကြောင်း

ကမ္ဘာတဝှမ်းမှာ(တရုတ်နိုင်ငံမှအပ) Mobile Legends: Bang Bang သည် အကျော်ကြားဆုံး mobile Multiplayer Online Battle Arena (MOBA) ဖြစ်ပါတယ်။ install လုပ်သူပေါင်း ၁ ဘီလီယံ နဲ့ လစဉ် အသုံးပြုသူ သိန်း တစ်ထောင်ရှိပါတယ်။ နိုင်ငံပေါင်း ၈၀ ကျော်မှာ ထိပ်တန်း ဂိမ်း ၁၀ ခုထဲတွင်ပါဝင်ပါတယ်။ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ အိန္ဒိယနိုင်ငံမှာ အကျော်ကြားဆုံးဂိမ်းဖြစ်ပါတယ်။ Mobile Legends: Bang Bang က ၁၃၉ နိုင်ငံကိုရောက်ရှိခဲ့ပြီး ဘာသာစကား၂၅ မျိုးနဲ့ server ပေါင်း ၁၂၀၀ နဲ့ ဖန်တီးလျက်ရှိပါတယ်။

Mobile Legends Esports အကြောင်း

၂၀၁၇ ခုနှစ် MLBB esports ရောက်ရှိလာတည်းက Mobile Legends: Bang Bang Professional Leagues (MPL)များစွာ ပေါ်ပေါက်လာစေရန် အရှေ့တောင်အာရှမှာ MLBB Esport ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ မြောက်အမေရိကတို့မှာလည်း ရာသီအလိုက် ပြိုင်ပွဲများ ကျင်းပခဲ့ပါတယ်။ နိုင်ငံအဆင့် ပြိုင်ပွဲများမှ ကမ္ဘာအဆင့် ပြိုင်ပွဲများသို့ ရောက်အောင် အတော်ဆုံး ကစားသမားများကို ရွေးချယ်ပေးတဲ့ အဆင့်ဆင့် ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲများ ပြုလုပ်ခဲ့ပါတယ်။ မျိုးဆက်သစ်တွေက နိုင်ငံကိုယ်စားပြုတဲ့ MLBB professional player ဖြစ်ချင်တဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့နဲ့ ကမ္ဘာတဝှမ်းမှာ esports ecosystem ကောင်းမွန်စေရန်အတွက် MOONTON က leagues နဲ့ နိုင်ငံအဆင့်ပြိုင်ပွဲ များကို ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။