[Unicode]

“ဘောလုံးကစားချိန်ထက် ဂိမ်းကစားချိန်က ပိုများနေလို့ ဝေဖန်ခံနေရတဲ့ မန်ယူကစားသမား လုရှော”

 

Twitter အသုံးပြုသူတစ်ယောက်ဟာ မန်ယူကစားသမား လုရှောရဲ့ Xbox အကောင့်ကို တွေ့ရှိခဲ့ပြီးနောက် ယင်းအကောင့်ရဲ့ ဂိမ်းကစားချိန်များကို စူးစမ်းရှာဖွေမှုများ ပြုလုပ်ခဲ့ပါတယ်။ ယင်းအသုံးပြုသူ တင်ခဲ့တဲ့ screenshot များအရ လုရှောဟာ Call of Duty: Modern Warfare Remastered (COD: MWR) ကို ၇၄,၈၀၀ မိနစ် ကစားထားခဲ့သလို Fortnite ကိုလည်း ၁၈,၇၈၀ မိနစ် ကစားခဲ့ကြောင်း ဖော်ပြလျက်ရှိပါတယ်။

ယင်းသို့ တင်ခဲ့သူနာမည်ကိုတော့ Mike လို့ ဖော်ပြထားပြီး လုရှောရဲ့ ဂိမ်း tag နာမည်ကတော့ Roasty ဖြစ်တယ်လို့ ဆိုပါတယ်။ Mike ဟာ လုရှောရဲ့ ဂိမ်းကစားချိန်ကို ဖော်ပြခဲ့ရုံသာမက မန်ယူအသင်းမှာ လုရှောကစားခဲ့တဲ့ စုစုပေါင်းအချိန်ပမာဏနဲ့လည်း နှိုင်းယှဉ်ပြခဲ့ပါသေးတယ်။ ပရိသတ်များရဲ့ အဆိုအရ လုရှောဟာ မန်ယူအသင်းအတွက် ၉,၃၈၉ မိနစ်သာ ဘောလုံးကစားပေးခဲ့ဖူးတာဖြစ်လို့ ဂိမ်းကစားချိန်များနဲ့ ယှဉ်ရင် နည်းပါးနေတာပါ။

လုရှောဟာ သူ့ရဲ့အကောင့် rank မြင့်နေစေဖို့အတွက် အခြားသူများကို အခကြေးငွေပေးပြီး ကစားစေခဲ့ကြောင်း၊ ၂၀၁၃ မှာ Youtuber တစ်ဦးဖြစ်သူ Tobiias တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုက လုရှောဟာ Roasty ဂိမ်း tag ရဲ့ ပိုင်ရှင်အစစ်အမှန်အဖြစ် သက်သေခံနေကြောင်း စ တာတွေကိုလည်း Mike က တင်ခဲ့ပါသေးတယ်။

ဒီကိစ္စဟာ သိပ်မကြာသေးမီက လီဗာပူးအသင်းနဲ့ ဘန်လေအသင်းတို့ကို ၂-၀ နဲ့ ရှုံးနိမ့်ထားတဲ့ မန်ယူပရိသတ်များအတွက် ဒေါသဖြစ်သွားစေခဲ့ပါတယ်။ ဒါကြောင့်လည်း ပရိသတ်အများဟာ လုရှောနဲ့ ပတ်သက်တဲ့ပို့စ်များကို ဆိုရှယ်မီဒီယာများပေါ်မှာ ပလူပျံအောင် တင်ရင်း ဟိုးလေးတစ်ကျော်ဖြစ်လျက် ရှိပါတယ်။

မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားကတော့ “ကျွန်တော်တို့ဟာ အင်္ဂလန်မှာ အကောင်းဆုံး ဘယ် နောက်ခံကို ပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာပါ။ လုရှောဟာ ဒီနေရာအတွက် အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်နေဖို့ စွမ်းအားရှိပါတယ်။ အထူးသဖြင့် ဘရန်ဒန်ဝီလီယံရဲ့ အလားအလာကောင်းလာနေခြင်းဟာ လုရှောအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်” လို့ ပြောသွားခဲ့ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

source: sportbible


[ZawGyi]

“ေဘာလုံးကစားခ်ိန္ထက္ ဂိမ္းကစားခ်ိန္က ပိုမ်ားေနလို႔ ေဝဖန္ခံေနရတဲ့ မန္ယူကစားသမား လုေရွာ”

 

Twitter အသုံးျပဳသူတစ္ေယာက္ဟာ မန္ယူကစားသမား လုေရွာရဲ႕ Xbox အေကာင့္ကို ေတြ႕ရွိခဲ့ၿပီးေနာက္ ယင္းအေကာင့္ရဲ႕ ဂိမ္းကစားခ်ိန္မ်ားကို စူးစမ္းရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ ယင္းအသုံးျပဳသူ တင္ခဲ့တဲ့ screenshot မ်ားအရ လုေရွာဟာ Call of Duty: Modern Warfare Remastered (COD: MWR) ကို ၇၄,၈၀၀ မိနစ္ ကစားထားခဲ့သလို Fortnite ကိုလည္း ၁၈,၇၈၀ မိနစ္ ကစားခဲ့ေၾကာင္း ေဖာ္ျပလ်က္ရွိပါတယ္။

ယင္းသို႔ တင္ခဲ့သူနာမည္ကိုေတာ့ Mike လို႔ ေဖာ္ျပထားၿပီး လုေရွာရဲ႕ ဂိမ္း tag နာမည္ကေတာ့ Roasty ျဖစ္တယ္လို႔ ဆိုပါတယ္။ Mike ဟာ လုေရွာရဲ႕ ဂိမ္းကစားခ်ိန္ကို ေဖာ္ျပခဲ့႐ုံသာမက မန္ယူအသင္းမွာ လုေရွာကစားခဲ့တဲ့ စုစုေပါင္းအခ်ိန္ပမာဏနဲ႔လည္း ႏႈိင္းယွဥ္ျပခဲ့ပါေသးတယ္။ ပရိသတ္မ်ားရဲ႕ အဆိုအရ လုေရွာဟာ မန္ယူအသင္းအတြက္ ၉,၃၈၉ မိနစ္သာ ေဘာလုံးကစားေပးခဲ့ဖူးတာျဖစ္လို႔ ဂိမ္းကစားခ်ိန္မ်ားနဲ႔ ယွဥ္ရင္ နည္းပါးေနတာပါ။

လုေရွာဟာ သူ႔ရဲ႕အေကာင့္ rank ျမင့္ေနေစဖို႔အတြက္ အျခားသူမ်ားကို အခေၾကးေငြေပးၿပီး ကစားေစခဲ့ေၾကာင္း၊ ၂၀၁၃ မွာ Youtuber တစ္ဦးျဖစ္သူ Tobiias တင္ခဲ့တဲ့ ဗီဒီယိုတစ္ခုက လုေရွာဟာ Roasty ဂိမ္း tag ရဲ႕ ပိုင္ရွင္အစစ္အမွန္အျဖစ္ သက္ေသခံေနေၾကာင္း စ တာေတြကိုလည္း Mike က တင္ခဲ့ပါေသးတယ္။

ဒီကိစၥဟာ သိပ္မၾကာေသးမီက လီဗာပူးအသင္းနဲ႔ ဘန္ေလအသင္းတို႔ကို ၂-၀ နဲ႔ ရႈံးနိမ့္ထားတဲ့ မန္ယူပရိသတ္မ်ားအတြက္ ေဒါသျဖစ္သြားေစခဲ့ပါတယ္။ ဒါေၾကာင့္လည္း ပရိသတ္အမ်ားဟာ လုေရွာနဲ႔ ပတ္သက္တဲ့ပို႔စ္မ်ားကို ဆိုရွယ္မီဒီယာမ်ားေပၚမွာ ပလူပ်ံေအာင္ တင္ရင္း ဟိုးေလးတစ္ေက်ာ္ျဖစ္လ်က္ ရွိပါတယ္။

မန္ယူအသင္းရဲ႕ နည္းျပျဖစ္သူ ဆိုးလ္ရွားကေတာ့ “ကြၽန္ေတာ္တို႔ဟာ အဂၤလန္မွာ အေကာင္းဆုံး ဘယ္ ေနာက္ခံကို ပိုင္ဆိုင္ထားတယ္လို႔ ဆိုရမွာပါ။ လုေရွာဟာ ဒီေနရာအတြက္ အေကာင္းဆုံးကစားသမားတစ္ေယာက္ျဖစ္ေနဖို႔ စြမ္းအားရွိပါတယ္။ အထူးသျဖင့္ ဘရန္ဒန္ဝီလီယံရဲ႕ အလားအလာေကာင္းလာေနျခင္းဟာ လုေရွာအတြက္ ႀကီးမားတဲ့ စိန္ေခၚမႈတစ္ခုျဖစ္ပါတယ္” လို႔ ေျပာသြားခဲ့ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

source: sportbible