[ZawGyi]

“Louis Vuitton နဲ႕ League of Legends ရဲ႕ ကုမၸဏီ Riot Games တို့ ပူးေပါင္း”

 

နာမည္ေက်ာ္ဖက္ရွင္ brand တစ္ခုျဖစ္တဲ့ Louis Vuitton ဟာ Riot Games က က်င္းပမယ့္ League of Legends World Championship 2019 အတြက္ ပူးေပါင္းမႈမ်ား ျပဳလုပ္မွာျဖစ္ေၾကာင္း ေၾကညာလိုက္ပါတယ္။ ပြဲစဥ္မ်ားကို လာမယ့္ ေအာက္တိုဘာလ ၂ ရက္ေန႔ကေန ႏိုဝင္ဘာ ၁၀ ရက္ေန႔ထိ က်င္းပသြားမွာျဖစ္ျပီး grand final ပြဲမ်ားကို ပဲရစ္ျမိဳ႕မွာ ျပဳလုပ္သြားမွာလည္း ျဖစ္ပါတယ္။

LOL World Championship Final 2019 Paris

Louis Vuitton လို luxury brand တစ္ခုအေနနဲ႔ esports အတြက္ ပူးေပါင္းျခင္းဟာ ထူးျခားတဲ့ကိစၥတစ္ခုျဖစ္သလို Riot အတြက္လည္း ပံ့ပိုးမႈေကာင္းတစ္ခု ရရွိလိုက္တာပဲ ျဖစ္ပါတယ္။ Louis Vuitton ဟာ League of Legends World Championship ရဲ႕ global partner အျဖစ္တာဝန္ယူမွာျဖစ္ျပီး ျပိဳင္ပြဲမွာ အႏိုင္ရရွိသူမ်ားကို ေပးအပ္မယ့္ Summoner’s Cup ကို ထည့္သြင္းသယ္ေဆာင္ႏိုင္ဖုိ႔ LV ေသတၱာအိတ္ကိုလည္း ျပဳလုပ္ေပးမွာပါ။

 

Louis Vuitton က ျပဳလုပ္ေပးမယ့္ Summoner’s Cup အတြက္ ေသတၱာအိတ္ဟာ esports ျပိဳင္ပြဲတစ္ခုအတြက္ ပထမဆုံးအၾကိမ္ ျပဳလုပ္ေပးျခင္းပါ။ ပူးေပါင္းမႈရလဒ္အေနနဲ႔ League of Legends ဂိမ္းထဲမွာ Louis Vuitton က ဒီဇိုင္းဆြဲေပးမယ့္ skin မ်ား ပါဝင္လာမွာျဖစ္သလို League of Legends ဒီဇိုင္းပုံစံျပဳလုပ္ထားတဲ့ LV အိတ္မ်ားလည္း ထြက္ေပၚလာမွာပါ။ ဒီ skin မ်ားနဲ႔ အိတ္မ်ားကို Louis Vuitton ရဲ႕ artistic director ျဖစ္သူ Nicolas Ghequière က တာဝန္ယူ ဒီဇိုင္းေရးဆြဲမွာျဖစ္ပါတယ္။

Sample Bag Design for Summoner’s Cup

League of Legends ဟာ ထြက္ရွိခ်ိန္က စလုိ့ ယခုအခ်ိန္ထိ လူၾကိဳက္မ်ားေနဆဲဂိမ္းတစ္ခုျဖစ္ျပီး ေန႔စဥ္ကစားသူ ၈ သန္းေက်ာ္ ရွိပါတယ္။ ႏွစ္စဥ္ျပဳလုပ္တဲ့ League of Legends World Championship ျပိဳင္ပြဲမ်ားဟာ ၾကည့္ရႈသူအမ်ားဆုံး esports ျပိဳင္ပြဲမ်ား ျဖစ္ေလ့ရွိျပီး လြန္ခဲ့တဲ့ႏွစ္က ၾကည့္ရႈသူ စုစုေပါင္း ၉၉.၆ သန္းအထိ ရွိခဲ့ပါတယ္။ World Championship မ်ားမွာ ကမၻာ့အေကာင္းဆုံး League of Legends အသင္းမ်ားရဲ႕ ယွဥ္ျပိဳင္မႈမ်ားကလည္း ျပင္းထန္လွပါတယ္။

“League of Legends World Championship ဟာ ျမင့္မားတဲ့ ျပိဳင္ပြဲတစ္ခုပါ။ Esports နဲ႔ ေဖ်ာ္ေျဖမႈ ႏွစ္ခုေပါင္းစဥ္ထားတဲ့ပြဲျဖစ္သလို ခ်န္ပီယံသစ္မ်ား ေပၚေပါက္လာျခင္းအတြက္ ဝမ္းေျမာက္ဝမ္းသာ ၾကိဳဆိုၾကတဲ့ အထိမ္းအမွတ္ပြဲလည္း ျဖစ္ပါတယ္။” လို့ Louis Vuitton ရဲ႕ CEO ျဖစ္သူ Michael Burke က ေျပာၾကားခဲ့ပါတယ္။

“Louis Vuitton ဟာ ကမၻာ့ေက်ာ္ဆုဖလားေပးအပ္တဲ့ပြဲမ်ားမွာ ပူးေပါင္းမႈမ်ား ျပဳလုပ္ခဲ့ဖူးသလို ယခုလို Summoner’s Cup အတြက္ ပူးေပါင္းမႈျပဳလုပ္ရတာကိုလည္း အလြန္စိတ္လႈပ္ရွားမိပါတယ္။” လို႔ Michael Burke က ေျပာခဲ့ပါေသးတယ္။ Louis Vuitton ဟာ လာမယ့္ ကမၻာ့ဖလားျပိဳင္ပြဲအတြက္ ပူးေပါင္းမႈ ျပဳလုပ္ထားတဲ့ ကုမၸဏီတစ္ခုလည္း ျဖစ္ပါတယ္။

 

ယခု Louis Vuitton နဲ႔ Riot တို႔ရဲ႕ ပူးေပါင္းမႈဟာ ကမၻာမွာ esports လႊမ္းမိုးမႈၾကီးမားလာေၾကာင္း ျပသမႈမ်ားထဲက တစ္ခုျဖစ္ပါတယ္။ ကမၻာ့ရုပ္ရွင္နဲ႔ ဂီတေစ်းကြက္ႏွစ္ခုေပါင္းတန္ဖိုးထက္ မ်ားျပားတဲ့ esports ေစ်းကြက္ကေတာ့ ယုတ္ေလ်ာ့သြားဖုိ႔ မရွိပဲ ဆက္လက္ၾကီးထြားလာဦးမွာပဲျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

“Louis Vuitton နဲ့ League of Legends ရဲ့ ကုမ္ပဏီ Riot Games တို့ ပူးပေါင်း”

 

နာမည်ကျော်ဖက်ရှင် brand တစ်ခုဖြစ်တဲ့ Louis Vuitton ဟာ Riot Games က ကျင်းပမယ့် League of Legends World Championship 2019 အတွက် ပူးပေါင်းမှုများ ပြုလုပ်မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ပွဲစဉ်များကို လာမယ့် အောက်တိုဘာလ ၂ ရက်နေ့ကနေ နိုဝင်ဘာ ၁၀ ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပြီး grand final ပွဲများကို ပဲရစ်မြို့မှာ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

LOL World Championship Final 2019 Paris

Louis Vuitton လို luxury brand တစ်ခုအနေနဲ့ esports အတွက် ပူးပေါင်းခြင်းဟာ ထူးခြားတဲ့ကိစ္စတစ်ခုဖြစ်သလို Riot အတွက်လည်း ပံ့ပိုးမှုကောင်းတစ်ခု ရရှိလိုက်တာပဲ ဖြစ်ပါတယ်။ Louis Vuitton ဟာ League of Legends World Championship ရဲ့ global partner အဖြစ်တာဝန်ယူမှာဖြစ်ပြီး ပြိုင်ပွဲမှာ အနိုင်ရရှိသူများကို ပေးအပ်မယ့် Summoner’s Cup ကို ထည့်သွင်းသယ်ဆောင်နိုင်ဖို့ LV သေတ္တာအိတ်ကိုလည်း ပြုလုပ်ပေးမှာပါ။

Louis Vuitton က ပြုလုပ်ပေးမယ့် Summoner’s Cup အတွက် သေတ္တာအိတ်ဟာ esports ပြိုင်ပွဲတစ်ခုအတွက် ပထမဆုံးအကြိမ် ပြုလုပ်ပေးခြင်းပါ။ ပူးပေါင်းမှုရလဒ်အနေနဲ့ League of Legends ဂိမ်းထဲမှာ Louis Vuitton က ဒီဇိုင်းဆွဲပေးမယ့် skin များ ပါဝင်လာမှာဖြစ်သလို League of Legends ဒီဇိုင်းပုံစံပြုလုပ်ထားတဲ့ LV အိတ်များလည်း ထွက်ပေါ်လာမှာပါ။ ဒီ skin များနဲ့ အိတ်များကို Louis Vuitton ရဲ့ artistic director ဖြစ်သူ Nicolas Ghequière က တာဝန်ယူ ဒီဇိုင်းရေးဆွဲမှာဖြစ်ပါတယ်။

Sample Bag Design for Summoner’s Cup

League of Legends ဟာ ထွက်ရှိချိန်က စလို့ ယခုအချိန်ထိ လူကြိုက်များနေဆဲဂိမ်းတစ်ခုဖြစ်ပြီး နေ့စဉ်ကစားသူ ၈ သန်းကျော် ရှိပါတယ်။ နှစ်စဉ်ပြုလုပ်တဲ့ League of Legends World Championship ပြိုင်ပွဲများဟာ ကြည့်ရှုသူအများဆုံး esports ပြိုင်ပွဲများ ဖြစ်လေ့ရှိပြီး လွန်ခဲ့တဲ့နှစ်က ကြည့်ရှုသူ စုစုပေါင်း ၉၉.၆ သန်းအထိ ရှိခဲ့ပါတယ်။ World Championship များမှာ ကမ္ဘာ့အကောင်းဆုံး League of Legends အသင်းများရဲ့ ယှဉ်ပြိုင်မှုများကလည်း ပြင်းထန်လှပါတယ်။

“League of Legends World Championship ဟာ မြင့်မားတဲ့ ပြိုင်ပွဲတစ်ခုပါ။ Esports နဲ့ ဖျော်ဖြေမှု နှစ်ခုပေါင်းစဉ်ထားတဲ့ပွဲဖြစ်သလို ချန်ပီယံသစ်များ ပေါ်ပေါက်လာခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြတဲ့ အထိမ်းအမှတ်ပွဲလည်း ဖြစ်ပါတယ်။” လို့ Louis Vuitton ရဲ့ CEO ဖြစ်သူ Michael Burke က ပြောကြားခဲ့ပါတယ်။

“Louis Vuitton ဟာ ကမ္ဘာ့ကျော်ဆုဖလားပေးအပ်တဲ့ပွဲများမှာ ပူးပေါင်းမှုများ ပြုလုပ်ခဲ့ဖူးသလို ယခုလို Summoner’s Cup အတွက် ပူးပေါင်းမှုပြုလုပ်ရတာကိုလည်း အလွန်စိတ်လှုပ်ရှားမိပါတယ်။” လို့ Michael Burke က ပြောခဲ့ပါသေးတယ်။ Louis Vuitton ဟာ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပူးပေါင်းမှု ပြုလုပ်ထားတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

ယခု Louis Vuitton နဲ့ Riot တို့ရဲ့ ပူးပေါင်းမှုဟာ ကမ္ဘာမှာ esports လွှမ်းမိုးမှုကြီးမားလာကြောင်း ပြသမှုများထဲက တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ရုပ်ရှင်နဲ့ ဂီတဈေးကွက်နှစ်ခုပေါင်းတန်ဖိုးထက် များပြားတဲ့ esports ဈေးကွက်ကတော့ ယုတ်လျော့သွားဖို့ မရှိပဲ ဆက်လက်ကြီးထွားလာဦးမှာပဲဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။