[Zawgyi]

“Lord of the Rings” MMO ဂိမ္းသစ္ Amazon မွ ထုတ္လုပ္မည္

World of Warcraft ကဲ့သုိ႔ အြန္လုိင္းပေလယာအေျမာက္အမ်ား ပါဝင္ကစားႏုိင္တဲ့ဂိမ္းေတြကို Massively Multiplayer Online (MMO games) မ်ားဟု ေခၚျပီး အေမရိကန္စီးပြားေရးကုမၸဏီႀကီး Amazon ဟာ Epic Fantasy အမ်ဳိးအစားထဲမွာ အလြန္လူႀကိဳက္မ်ားတဲ့ “Lord of the Rings” ကို MMO ဂိမ္းတစ္ခုအျဖစ္ ထုတ္လုပ္လာမယ္လို႔ ေၾကျငာလိုက္ပါတယ္။ Leyou ဂိမ္းကုမၸဏီနဲ႔ ပူးေပါင္းထုတ္လုပ္မယ့္ ဒီဂိမ္းဟာ free-to-play အခမဲ့ေဆာ့ကစားႏိုင္မယ့္ဂိမ္းျဖစ္ျပီး PC ေပၚမွာေရာ console ေပၚမွာပါ ကစားႏိုင္မယ္လုိ႕ ဆုိပါတယ္။

J. R. R. Tolkien ရဲ႕လက္ရာဝတၳဳဇာတ္လမ္းႀကီးအေပၚ အေျခခံရုိက္ကူးခဲ့တဲ့ Lord of the Rings ရုပ္ရွင္ေတြဟာ တစ္ကမၻာလုံး အတိုင္းအတာနဲ႔ ေအာင္ျမင္မႈမ်ားရရွိခဲ့ျပီး ဒီစီးရီးေပၚ အေျခခံထားတဲ့ ဂိမ္းေတြလည္း အရင္ကထြက္ရွိခဲ့ဖူးပါတယ္္။ ဒါေပမယ့္လည္း အရင္ထြက္တဲ့ဂိမ္းမ်ားဟာ အိုေဟာင္းခဲ့ျပီျဖစ္ျပီး ယခုလို ထုတ္လုပ္မည့္ ဂိမ္းသစ္အေပၚ gamer အမ်ားက ေမွ်ာ္လင့္ခ်က္ထား ေစာင့္ၾကည့္ေနၾကပါတယ္။

Leyou က ပိုင္ဆိုင္ထားတဲ့ လက္ေအာက္ခံ ဂိမ္းကုမၸဏီ Athon Games က လြန္ခဲ့တဲ့ႏွစ္က ေၾကျငာဖူးေပမယ့္ မည္သည့္ partner ကုမၸဏီနဲ႕တြဲဖက္ထုတ္လုပ္ေနတယ္လုိ႔ မေျပာၾကားခဲ့တဲ့အတြက္ သိပ္မေပၚလြင္ခဲ့ပါဘူး။ ဒါေပမယ့္ အခုလို သူတို႔ရဲ့ partner ကုမၸဏီဟာ Amazon ပါလို့ ထုတ္ေဖာ္ေျပာၾကားခဲ့ျပီးေနာက္ ဒီသတင္းဟာတစ္ေခတ္ဆန္းလာခဲ့တာပါ။

ဂိမ္းဇာတ္ကြက္မ်ားအေၾကာင္း ေျပာၾကားခဲ့ရာမွာေတာ့ Lord of the Rings ရုပ္ရွင္မ်ားထဲက အျဖစ္အပ်က္ေတြ မတိုင္မီ အလြန္ေစာေသးတဲ့ကာလတစ္ခုထဲကေန စတင္ျပီး ပါဝင္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။ Tolkien Universe ႀကီးထဲက နယ္ေျမမ်ား၊ ပုံစံမ်ိဳးစံုနဲ႔ မ်ိဳးႏြယ္မ်ား၊ ဒ႑ာရီလာ သတၱဝါမ်ိဳးစုံ ပါဝင္ျပီး Lord of the Rings ရုပ္ရွင္ပရိတ္သတ္မ်ား အရင္က တစ္ခါမွ မျမင္မေတြ႔ဖူးေသးတဲ့ အေၾကာင္းအရာမ်ားပါ ပါဝင္မယ္လုိ႔ ဆိုပါတယ္္။

Amazon ဟာ Lord of the Rings ရုပ္သံစီးရီးသစ္ကိုလည္း မၾကာခင္ ထုတ္လုပ္လာဖုိ႔ရွိျပီး Game of Thrones စီးရီးကို ရိုက္ကူးခဲ့သူမ်ားကိုပါ ေခၚယူကာ အၾကီးအက်ယ္ျပဳလုပ္ေနတာျဖစ္ပါတယ္။ အသစ္ထုတ္လုပ္မယ္လုိ႔ ေၾကျငာထားခဲ့ျပီးသား Lord of the Rings ရုပ္ရွင္စီးရီးအသစ္နဲ႕ ဒီဂိမ္းဟာ ပုံစံတူညီမယ္လုိ႔ ထင္ေၾကးေပးေနၾကေပမယ့္ Amazon ကေတာ့ ႏွစ္ခုလုံးရဲ႕ ထုတ္လုပ္မႈဟာ သီးသန္႔ဆန္တယ္လုိ႔ ဆိုခဲ့ျပန္ပါတယ္။

၂၀၀၇ တုန္းက ထုတ္လုပ္ခဲ့တဲ့ The Lord of the Rings Online ဟာလည္း Amazon က ထုတ္လုပ္ခဲ့တဲ့ဂိမ္းပဲျဖစ္ပါတယ္။ Middle-earth ထဲမွာ ေနထိုင္ျခင္း အေတြ႔အၾကံဳမ်ားနဲ႔ စုံစုံလင္လင္ ထည့္သြင္းထားခဲ့ေပမယ့္ အျခား Lord of the Rings ဂိမ္းအမ်ိဳးအစားမ်ားကလည္း အျပိဳင္ထြက္ေပၚေနတာေၾကာင့္ ေအာင္ျမင္မႈသိပ္မရရွိခဲ့ပါဘူး။

ဒါေပမယ့္ ယခုအခ်ိန္မွာေတာ့ Leyou နဲ႔ပူးေပါင္းမႈလည္းရွိေနျပီး ကစားသူ သန္း ၅၀ ေက်ာ္ ရရွိထားတဲ့ Warframe ကို ထုတ္လုပ္ခဲ့တဲ့ ကုမၸဏီ Digital Extremes ကို Leyou က ပိုင္ဆိုင္ထားပါတယ္။ ဒါေၾကာင့္ ဝါရင့္ developer မ်ား ယခုထုတ္လုပ္မယ့္ဂိမ္းအေပၚ လူအမ်ားက ေမွ်ာ္လင့္ေနၾကတာပါ။ Amazon Game Studios ဟာလည္း ကြ်မ္းက်င္တဲ့ MMO game developer မ်ား ပိုင္ဆိုင္ထားပါတယ္။

ထြက္ရွိမယ့္ရက္ကို မေၾကျငာေသးေပမယ့္ ထုတ္လုပ္မႈနဲ႔သက္ဆိုင္တဲ့ အေသးစိတ္အခ်က္အလက္အခ်ိဳ႕ကို Amazon Game Studios မွ blog ပို႔စ္မ်ားမွာ ေၾကျငာထားျပီး မၾကာေသးမီမွာ ထြက္ရွိမယ္လုိ႔ လူအမ်ားက ခန္႔မွန္းထားၾကပါတယ္။

MMO game သတင္းမ်ားနဲ႔ အျခား esport သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

“Lord of the Rings” MMO ဂိမ်းသစ် Amazon မှ ထုတ်လုပ်မည်

World of Warcraft ကဲ့သို့ အွန်လိုင်းပလေယာအမြောက်အများ ပါဝင်ကစားနိုင်တဲ့ဂိမ်းတွေကို Massively Multiplayer Online (MMO games) များဟု ခေါ်ပြီး အမေရိကန်စီးပွားရေးကုမ္ပဏီကြီး Amazon ဟာ Epic Fantasy အမျိုးအစားထဲမှာ အလွန်လူကြိုက်များတဲ့ “Lord of the Rings” ကို MMO ဂိမ်းတစ်ခုအဖြစ် ထုတ်လုပ်လာမယ်လို့ ကြေငြာလိုက်ပါတယ်။ Leyou ဂိမ်းကုမ္ပဏီနဲ့ ပူးပေါင်းထုတ်လုပ်မယ့် ဒီဂိမ်းဟာ free-to-play အခမဲ့ဆော့ကစားနိုင်မယ့်ဂိမ်းဖြစ်ပြီး PC ပေါ်မှာရော console ပေါ်မှာပါ ကစားနိုင်မယ်လို့ ဆိုပါတယ်။

J. R. R. Tolkien ရဲ့လက်ရာဝတ္ထုဇာတ်လမ်းကြီးအပေါ် အခြေခံရိုက်ကူးခဲ့တဲ့ Lord of the Rings ရုပ်ရှင်တွေဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အောင်မြင်မှုများရရှိခဲ့ပြီး ဒီစီးရီးပေါ် အခြေခံထားတဲ့ ဂိမ်းတွေလည်း အရင်ကထွက်ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အရင်ထွက်တဲ့ဂိမ်းများဟာ အိုဟောင်းခဲ့ပြီဖြစ်ပြီး ယခုလို ထုတ်လုပ်မည့် ဂိမ်းသစ်အပေါ် gamer အများက မျှော်လင့်ချက်ထား စောင့်ကြည့်နေကြပါတယ်။

Leyou က ပိုင်ဆိုင်ထားတဲ့ လက်အောက်ခံ ဂိမ်းကုမ္ပဏီ Athon Games က လွန်ခဲ့တဲ့နှစ်က ကြေငြာဖူးပေမယ့် မည်သည့် partner ကုမ္ပဏီနဲ့တွဲဖက်ထုတ်လုပ်နေတယ်လို့ မပြောကြားခဲ့တဲ့အတွက် သိပ်မပေါ်လွင်ခဲ့ပါဘူး။ ဒါပေမယ့် အခုလို သူတို့ရဲ့ partner ကုမ္ပဏီဟာ Amazon ပါလို့ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ဒီသတင်းဟာတစ်ခေတ်ဆန်းလာခဲ့တာပါ။

ဂိမ်းဇာတ်ကွက်များအကြောင်း ပြောကြားခဲ့ရာမှာတော့ Lord of the Rings ရုပ်ရှင်များထဲက အဖြစ်အပျက်တွေ မတိုင်မီ အလွန်စောသေးတဲ့ကာလတစ်ခုထဲကနေ စတင်ပြီး ပါဝင်မယ်လို့ ပြောကြားခဲ့ပါတယ်။ Tolkien Universe ကြီးထဲက နယ်မြေများ၊ ပုံစံမျိုးစုံနဲ့ မျိုးနွယ်များ၊ ဒဏ္ဍာရီလာ သတ္တဝါမျိုးစုံ ပါဝင်ပြီး Lord of the Rings ရုပ်ရှင်ပရိတ်သတ်များ အရင်က တစ်ခါမှ မမြင်မတွေ့ဖူးသေးတဲ့ အကြောင်းအရာများပါ ပါဝင်မယ်လို့ ဆိုပါတယ်။

Amazon ဟာ Lord of the Rings ရုပ်သံစီးရီးသစ်ကိုလည်း မကြာခင် ထုတ်လုပ်လာဖို့ရှိပြီး Game of Thrones စီးရီးကို ရိုက်ကူးခဲ့သူများကိုပါ ခေါ်ယူကာ အကြီးအကျယ်ပြုလုပ်နေတာဖြစ်ပါတယ်။ အသစ်ထုတ်လုပ်မယ်လို့ ကြေငြာထားခဲ့ပြီးသား Lord of the Rings ရုပ်ရှင်စီးရီးအသစ်နဲ့ ဒီဂိမ်းဟာ ပုံစံတူညီမယ်လို့ ထင်ကြေးပေးနေကြပေမယ့် Amazon ကတော့ နှစ်ခုလုံးရဲ့ ထုတ်လုပ်မှုဟာ သီးသန့်ဆန်တယ်လို့ ဆိုခဲ့ပြန်ပါတယ်။

၂၀၀၇ တုန်းက ထုတ်လုပ်ခဲ့တဲ့ The Lord of the Rings Online ဟာလည်း Amazon က ထုတ်လုပ်ခဲ့တဲ့ဂိမ်းပဲဖြစ်ပါတယ်။ Middle-earth ထဲမှာ နေထိုင်ခြင်း အတွေ့အကြုံများနဲ့ စုံစုံလင်လင် ထည့်သွင်းထားခဲ့ပေမယ့် အခြား Lord of the Rings ဂိမ်းအမျိုးအစားများကလည်း အပြိုင်ထွက်ပေါ်နေတာကြောင့် အောင်မြင်မှုသိပ်မရရှိခဲ့ပါဘူး။

ဒါပေမယ့် ယခုအချိန်မှာတော့ Leyou နဲ့ပူးပေါင်းမှုလည်းရှိနေပြီး ကစားသူ သန်း ၅၀ ကျော် ရရှိထားတဲ့ Warframe ကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီ Digital Extremes ကို Leyou က ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ဝါရင့် developer များ ယခုထုတ်လုပ်မယ့်ဂိမ်းအပေါ် လူအများက မျှော်လင့်နေကြတာပါ။ Amazon Game Studios ဟာလည်း ကျွမ်းကျင်တဲ့ MMO game developer များ ပိုင်ဆိုင်ထားပါတယ်။

ထွက်ရှိမယ့်ရက်ကို မကြေငြာသေးပေမယ့် ထုတ်လုပ်မှုနဲ့သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်အချို့ကို Amazon Game Studios မှ blog ပို့စ်များမှာ ကြေငြာထားပြီး မကြာသေးမီမှာ ထွက်ရှိမယ်လို့ လူအများက ခန့်မှန်းထားကြပါတယ်။ MMO game သတင်းများနဲ့ အခြား esport သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။