[Unicode]

Lord of the Rings မိုဘိုင်းလ်ဂိမ်းသစ် ထွက်မည်

 

Lord of the Rings ပရိသတ်များနဲ့ မိုဘိုင်းလ်ဂိမ်းချစ်သူပရိသတ်များအတွက် ဝမ်းသာစရာသတင်းကောင်းတစ်ခု မကြာသေးမီက ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ တရုတ်ဂိမ်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ NetEase ဟာ Warner Bros Interactive Entertainment နဲ့ ပူးပေါင်းပြီး Lord of the Rings မိုဘိုင်းလ်ဂိမ်းသစ်ကို ပြုလုပ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။

ကြေညာချက်အတွင်းမှာတော့ အသစ်ထွက်ပေါ်လာမယ့် ယင်းဂိမ်းရဲ့နာမည်ဟာ The Lord of the Rings Rise to War ဖြစ်ကြောင်း NetEase က အတည်ပြုပြောကြားသွားပါတယ်။ ဒါ့အပြင် ယင်းဂိမ်းအတွင်းက ပတ်ဝန်းကျင်အနေအထားကို Arda ကမ္ဘာရဲ့ပုံစံများအတိုင်း စိတ်ကူးယဉ်ပုံဖော်သွားမှာဖြစ်ကြောင်းနဲ့ J.R.R. Tolkien ရေးသားခဲ့တဲ့ ဇာတ်ကောင်များနဲ့ နေရာအများအပြားကို ထည့်သွင်းသွားမှာဖြစ်ကြောင်းတို့ကိုလည်း ကြေညာသွားခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ Warner Bros Interactive Entertainment ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ယခုအသစ်ထွက်ပေါ်လာမယ့်ဂိမ်းမှာ ထူးခြားကောင်းမွန်တဲ့ ဂိမ်းတွင်းပြုလုပ်ချက်များရှိပြီး ကစားသူများအနေနဲ့ Middle Earth ရဲ့ ဇာတ်ကောင်များအကြောင်းကို ကောင်းစွာခံစားနိုင်ကြမှာဖြစ်ကြောင်းနဲ့ ဂိမ်းတွင်းတိုက်ပွဲများမှာလည်း ဗျူဟာကျကျကစားကွက်များ ပြုလုပ်သွားနိုင်ကြမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

NetEase ဟာ ဂိမ်းများကို ဖန်တီးပြုလုပ်ရာမှာ လွန်စွာအတွေ့အကြုံများပြားလှတဲ့ ကုမ္ပဏီကြီးတစ်ခုပါ။ ယင်းတို့ပြုလုပ်ဖန်တီးခဲ့တဲ့ Fantasy Westward Journey ဟာ တရုတ်နိုင်ငံမှာ အလွန်လူကြိုက်များတဲ့ မိုဘိုင်းလ်ဂိမ်းတစ်ခုဖြစ်ပြီး လက်ရှိအချိန်ထိ ဝင်ငွေစုစုပေါင်း ဒေါ်လာ ၂ ဘီလီယံကျော် ရရှိထားပါတယ်။

Warner Bros. ဟာ Lord of the Rings ဂိမ်းများထုတ်လုပ်ဖြန့်ချိခွင့်ကို ၂၀၁၀ ထဲက စတင်ရရှိထားခဲ့တာဖြစ်ပြီး Aragorn’s Quest နဲ့ Middle Earth: Shadow of Mordor တို့ကို ပြုလုပ်ခဲ့ဖူးပါတယ်။ ဒါကြောင့် ယခုလို ကုမ္ပဏီကြီး ၂ ခု ပူးပေါင်းပြုလုပ်ကြမယ့် Lord of the Rings ဂိမ်းသစ်ဟာ ပရိသတ်များရဲ့စိတ်ဝင်စားမှုကို ဖမ်းစားလျက်ရှိပါတယ်။

ဒါပေမယ့် ဂိမ်းထွက်ပေါ်လာမယ့်နေ့စွဲအတိအကျနဲ့ အသေးစိတ်အချက်အလက်များကိုတော့ ထုတ်ဖော် ကြေညာခဲ့ခြင်း မရှိသေးပါဘူး။ ခေတ်အဆက်ဆက်မှာ လူကြိုက်များပြီး လူအများရဲ့အားပေးမှုကို အထူးတလည်ခံခဲ့ရတဲ့ Lord of the Rings ရဲ့ မိုဘိုင်းလ်ဂိမ်းသစ်ထွက်ပေါ်လာမယ့်အကြောင်းကို ပရိသတ်များ အတွက် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: hyperbeast


[ZawGyi]

Lord of the Rings မိုဘိုင္းလ္ဂိမ္းသစ္ ထြက္မည္

 

Lord of the Rings ပရိသတ္မ်ားနဲ႔ မိုဘိုင္းလ္ဂိမ္းခ်စ္သူပရိသတ္မ်ားအတြက္ ဝမ္းသာစရာသတင္းေကာင္းတစ္ခု မၾကာေသးမီကထြက္ေပၚလာခဲ့ပါတယ္။ အဲဒါကေတာ့ တ႐ုတ္ဂိမ္းကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ NetEase ဟာ Warner Bros Interactive Entertainment နဲ႔ ပူးေပါင္းၿပီး Lord of the Rings မိုဘိုင္းလ္ဂိမ္းသစ္ကို ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္တာပဲ ျဖစ္ပါတယ္။

ေၾကညာခ်က္အတြင္းမွာေတာ့ အသစ္ထြက္ေပၚလာမယ့္ ယင္းဂိမ္းရဲ႕နာမည္ဟာ The Lord of the Rings Rise to War ျဖစ္ေၾကာင္း NetEase က အတည္ျပဳေျပာၾကားသြားပါတယ္။ ဒါ့အျပင္ ယင္းဂိမ္းအတြင္းက ပတ္ဝန္းက်င္အေနအထားကို Arda ကမာၻရဲ႕ပုံစံမ်ားအတိုင္း စိတ္ကူးယဥ္ ပုံေဖာ္သြားမွာျဖစ္ေၾကာင္းနဲ႔ J.R.R. Tolkien ေရးသားခဲ့တဲ့ ဇာတ္ေကာင္မ်ားနဲ႔ ေနရာအမ်ားအျပားကို ထည့္သြင္းသြားမွာျဖစ္ေၾကာင္းတို႔ကိုလည္း ေၾကညာသြားခဲ့ပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ Warner Bros Interactive Entertainment ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကေတာ့ ယခုအသစ္ထြက္ေပၚလာမယ့္ဂိမ္းမွာ ထူးျခားေကာင္းမြန္တဲ့ ဂိမ္းတြင္းျပဳလုပ္ခ်က္မ်ားရွိၿပီး ကစားသူမ်ားအေနနဲ႔ Middle Earth ရဲ႕ ဇာတ္ေကာင္မ်ားအေၾကာင္းကို ေကာင္းစြာခံစားႏိုင္ၾကမွာျဖစ္ေၾကာင္းနဲ႔ ဂိမ္းတြင္းတိုက္ပြဲမ်ားမွာလည္း ဗ်ဴဟာက်က်ကစားကြက္မ်ား ျပဳလုပ္သြားႏိုင္ၾကမွာျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

NetEase ဟာ ဂိမ္းမ်ားကို ဖန္တီးျပဳလုပ္ရာမွာ လြန္စြာအေတြ႕အႀကဳံမ်ားျပားလွတဲ့ ကုမၸဏီႀကီးတစ္ခုပါ။ ယင္းတို႔ျပဳလုပ္ဖန္တီးခဲ့တဲ့ Fantasy Westward Journey ဟာ တ႐ုတ္ႏိုင္ငံမွာ အလြန္လူႀကိဳက္မ်ားတဲ့ မိုဘိုင္းလ္ဂိမ္းတစ္ခုျဖစ္ၿပီး လက္ရွိအခ်ိန္ထိ ဝင္ေငြစုစုေပါင္း ေဒၚလာ ၂ ဘီလီယံေက်ာ္ ရရွိထားပါတယ္။

Warner Bros. ဟာ Lord of the Rings ဂိမ္းမ်ားထုတ္လုပ္ျဖန္႔ခ်ိခြင့္ကို ၂၀၁၀ ထဲက စတင္ရရွိထားခဲ့တာျဖစ္ၿပီး Aragorn’s Quest နဲ႔ Middle Earth: Shadow of Mordor တို႔ကို ျပဳလုပ္ခဲ့ဖူးပါတယ္။ ဒါေၾကာင့္ ယခုလို ကုမၸဏီႀကီး ၂ ခု ပူးေပါင္းျပဳလုပ္ၾကမယ့္ Lord of the Rings ဂိမ္းသစ္ဟာ ပရိသတ္မ်ားရဲ႕စိတ္ဝင္စားမႈကို ဖမ္းစားလ်က္ရွိပါတယ္။

ဒါေပမယ့္ ဂိမ္းထြက္ေပၚလာမယ့္ေန႔စြဲအတိအက်နဲ႔ အေသးစိတ္အခ်က္အလက္မ်ားကိုေတာ့ ထုတ္ေဖာ္ ေၾကညာခဲ့ျခင္း မရွိေသးပါဘူး။ ေခတ္အဆက္ဆက္မွာ လူႀကိဳက္မ်ားၿပီး လူအမ်ားရဲ႕အားေပးမႈကို အထူးတလည္ခံခဲ့ရတဲ့ Lord of the Rings ရဲ႕ မိုဘိုင္းလ္ဂိမ္းသစ္ထြက္ေပၚလာမယ့္အေၾကာင္းကို ပရိသတ္မ်ား အတြက္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: hyperbeast