မြန်မာ Streamer တွေပါဝင်မယ့် အရှေ့တောင်အာရှရဲ့ ပထမဆုံး LoL: Wild Rift ပြိုင်ပွဲ Pentaboom Showdown
PC ပေါ်က League of Legends ဟာ အရှေ့တောင်အာရှမှာ ကစားသူအလွန်များပြားတယ်လို့ မဆိုနိုင်ပေမယ့် League of Legends: Wild Rift မိုဘိုင်းလ်ဂိမ်းကတော့ beta ကာလမှာတင် အရှေ့တောင်အာရှ ပရိသတ် အခိုင်အမာ ရရှိနေပြီပဲဖြစ်ပါတယ်။ အခုလည်း Riot Games SEA ဟာ အရှေ့တောင်အာရှနိုင်ငံများမှ နာမည်ကျော် streamer များနဲ့ လူသိများတဲ့ဂိမ်မာများ ပါဝင်ကစားကြမယ့် League of Legends: Wild Rift Pentaboom Showdown SEA ပွဲကြီးကို ကျင်းပမှာဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။
ဒီပွဲအတွင်းမှာ အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း နဲ့ ဗီယက်နမ် စုစုပေါင်း ၈ နိုင်ငံတို့မှ အသင်း ၈ သင်းယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အသင်းတစ်သင်းစီမှာ နိုင်ငံအလိုက် ပရိသတ်သည်းခြေကြိုက် streamer များနဲ့ content creator များ ပါဝင်ပါတယ်။ ဒီပွဲအတွက် ဆုကြေးငွေစုစုပေါင်း ၆၆,၅၀၀ ဒေါ်လာ ချီးမြှင့်မှာဖြစ်ကြောင်းကိုလည်း ကြေညာထားပါတယ်။
ဒါ့အပြင် Riot Games SEA ဟာ ဒေါ်လာ ၆၀,၀၀၀ ကို အရှေ့တောင်အာရှ ပရဟိတအဖွဲ့အစည်းများဆီ ဒီပွဲအကြောင်း ကြေညာရင်း တစ်ဆက်တည်းလှူဒါန်းသွားခဲ့တယ်လို့လည်းဆိုပါတယ်။ ယင်းအဖွဲ့အစည်း များကတော့ Room to Read (ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်), Openminds Project (ထိုင်း), Beyond Social Services (စင်ကာပူ), Passerelles Numeriques (ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်) နဲ့ Wing Melaka (မလေးရှား) တို့ပဲဖြစ်ကြပါတယ်။
ဒီပွဲအတွင်း ယှဉ်ပြိုင်ကစားမယ့်သူများကတော့
မြန်မာမှ Ace Gaming, GuGu, I C E I C E, Original Matt Channel နဲ့ NX Live

ကမ္ဘောဒီးယားမှ Chea Gaming, Henaa Gaming, Prom Official ML နဲ့ T26.haha
အင်ဒိုနီးရှားမှ Cindy Gullla, Dylan PROS, GOGOGOY, Jess No Limit နဲ့ VY Gaming

မလေးရှားမှ Fredo Sameon, Harris Annuar, Ismail Izzani, Soloz နဲ့ XK Penjahat

ဖိလစ်ပိုင်မှ Alodia Gosiengfiao, Ashley Gosiengfiao, Dexie Diaz, James Reid နဲ့ Megan Young

စင်ကာပူမှ Danial Ron (TITAN GAMERS), Nathan Hartono, Ryan Tan (Night Owl Cinematics), Sezairi နဲ့ Vincent Sin (TITAN GAMERS)
ထိုင်းမှ Dx Channel, Frozenkiss, JAI RAW နဲ့ May Pitchanart

ဗီယက်နမ်မှ ADN Đấng YM, Bé Chanh Gaming, Milona, Misthy နဲ့ Msuong တို့ပဲဖြစ်ကြပါတယ်။
ပွဲကို မြန်မာ၊ အင်္ဂလိပ်၊ ဘဟာစာအင်ဒိုနီးရှား၊ ဘဟာစာမလေးရှား၊ ခမာ၊ တဂလော့၊ ထိုင်း၊ ဗီယက်နမ် ဘာသာများနဲ့ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမယ်လို့လည်းဆိုပါတယ်။ အသေးစိတ်အချက်အလက်များကိုတော့ တရားဝင်ဝက်ဘ်စာမျက်နှာဖြစ်တဲ့ www.wildriftpentaboom.com မှာ ဖတ်ရှုနိုင်သလို မြန်မာနိုင်ငံအတွက်သီးသန့် Wild Rift တရားဝင် facebook စာမျက်နှာနဲ့ youtube ချန်နယ်များ ပြုလုပ်ပေးထားတာကိုလည်းတွေ့ရပါတယ်။

ဒီပွဲကို လာမယ့်ဒီဇင်ဘာလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့များမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ Royal Jasmin က ပြုလုပ်တဲ့ Royal Master LOL: Wild Rift Tournament ပြိုင်ပွဲကလည်း ကျင်းပနေဆဲဖြစ်တာမို့ Wild Rift ရဲ့ မြန်မာနိုင်ငံအတွင်း ထွန်းတောက်လာနိုင်မယ့်အလားအလာကတော့ ဆက်လက် စောင့်ကြည့်ဖွယ် ဖြစ်လျက်ရှိပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: wildriftpentaboom.com, afkgaming