[Unicode]

League of Legends: Wild Rift မိုဘိုင်းလ်ဂိမ်းရဲ့ တရားဝင်အချက်အလက်အချို့ထွက်ပေါ်လာ

 

ကမ္ဘာ့လူကြိုက်အများဆုံး MOBA ဂိမ်းတစ်ခုဖြစ်တဲ့ League of Legends ရဲ့ မိုဘိုင်းလ်ဂိမ်း League of Legends: Wild Rift ထွက်ပေါ်လာမှာဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းတုန်းက Riot Games က ကြေညာခဲ့ပါတယ်။ ထိုစဉ်တည်းက Wild Rift ဟာ မိုဘိုင်းလ် Esports လောကတစ်ခုလုံးကို ကြီးမားတဲ့အပြောင်းအလဲများ ဖြစ်ပေါ်လာစေနိုင်ကြောင်း ကျွမ်းကျင်သူအများက သုံးသပ်ခဲ့ကြသလို ပရိသတ်ပေါင်းများစွာဟာလည်း ထွက်ရှိလာမယ့်အချိန်ကို စောင့်မျှော်နေခဲ့ကြပါတယ်။

ယင်းနောက်ပိုင်းမှာတော့ အချိန်အတော်ကြာအောင် Wild Rift အကြောင်းနဲ့ ပတ်သက်လို့ ထပ်မံကြေညာခြင်း မရှိခဲ့ပါဘူး။ ယင်းကာလအတောအတွင်းမှာ Wild Rift ရဲ့ နာမည်ကြီးမှုကို အခွင့်ကောင်းယူကာ app အတုအယောင်ပေါင်းများစွာလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမယ့် ကြေညာချက်အပြီး ၅ လကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ယခုအချိန်မှာတော့ Wild Rift ရဲ့ developer ဒိုင်ယာရီ ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

၂ မိနစ်ခွဲကျော်သာ ကြာမြင့်ခဲ့တဲ့ ယင်းဗီဒီယိုအတွင်းမှာတော့ Wild Rift ရဲ့ ဂိမ်းဒီဇိုင်းကို ဦးဆောင်ရေးဆွဲနေသူ Feralpony က ဂိမ်းနဲ့ပတ်သက်တဲ့အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ Feralpony ရဲ့ ပြောကြားချက်အရ Wild Rift ပေါ်မှာ ကိုင်တွယ်ကစားနိုင်မယ့် ချန်ပီယံဇာတ်ကောင်များကို PC ပေါ်က မူရင်းချန်ပီယံများရဲ့ အနှစ်သာရအတိုင်း ခံစားနိုင်အောင် ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

Nami, Zigg နဲ့ Orianna တို့လို ချန်ပီယံများဟာ ကြီးမားတဲ့ အပြောင်းအလဲ မရှိပဲ ပြန်လည်ပါဝင်လာမှာပါ။ ဒါပေမယ့် မိုဘိုင်းလ်ပလက်ဖောင်းပေါ်မှာ ကစားရအဆင်ပြေအောင် အချို့ချန်ပီယံများကိုတော့ ပြင်ဆင်ထားပါတယ်။ ဥပမာအားဖြင့် Annie ရဲ့ Q (Disintegrate) နဲ့ Miss Fortune ရဲ့ Q (Double Up) တို့ကို ပစ်မှတ်ထောက်သုံး skill များကို လွတ်လပ်စွာသုံးနိုင်တဲ့ skill shot များအဖြစ် ပြောင်းလဲထားကြောင်း ပြောသွားခဲ့ပါတယ်။

ဒါအပြင် Vayne ရဲ့ W (Silver Bolts) တို့လို passive သီးသန့် ability များမှာ အသုံးပြုနိုင်မယ့် skill အပိုများ ထည့်သွင်းပေးထားကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ အကွာအဝေးသတ်မှတ်ချက်တစ်ခုအထိသာ အသုံးပြုနိုင်ခဲ့တဲ့ Lux ရဲ့ R (Final Spark) ကို မြေပုံတစ်ခုလုံးအကွာအဝေးအထိသုံးနိုင်တဲ့ global ultimate အဖြစ် ပြောင်းလဲထားကြောင်း ဗီဒီယိုအတွင်းမှာ ပြသသွားခဲ့ပါတယ်။

ယခင်ကထွက်ရှိခဲ့တဲ့ trailer ထဲမှာ ပါဝင်ခဲ့တဲ့အတိုင်း ADC ချန်ပီယံတစ်ကောင်ဖြစ်တဲ့ Ashe ရဲ့ R (Enchanted Crystal Arrow) ဟာ ပစ်လွှတ်အပြီးမှာ လိုအပ်တဲ့နေရာရောက်အောင် ထိန်းညှိနိုင်မှာဖြစ်ကြောင်းကိုလည်း ထပ်မံပြသသွားခဲ့ပါတယ်။ Wild Rift ထွက်ရှိမယ့်အချိန်အတိအကျကို ယခုတစ်ကြိမ်မှာလည်း ကြေညာခဲ့ခြင်း မရှိပေမယ့် ဂိမ်းကို ထပ်မံစမ်းသပ်ဦးမှာဖြစ်လို့ လတ်တလောထွက်ရှိဦးမှာ မဟုတ်သေးကြောင်းကိုတော့ ပြောသွားခဲ့ပါတယ်။

Here’s a quick Wild Rift development update from design lead, Brian “FeralPony" Feeney! Find out how we’re taking the…

Posted by League of Legends: Wild Rift on Wednesday, 18 March 2020

လက်ရှိအချိန် အွန်လိုင်းပေါ်မှာတွေ့မြင်နေရတဲ့ app အတုအယောင်များဟာ malware များဖြစ်နေနိုင်တဲ့အတွက် တရားဝင်ထွက်ရှိချိန်ရောက်မလာခင်အထိ ဘာကိုမှ ဒေါင်းလုပ် မပြုလုပ်ကြဖို့ကိုလည်း ပြောသွားခဲ့ပါသေးတယ်။ Wild Rift ကို မိုဘိုင်းလ်ဂိမ်းဝါသနာရှင်များ အချိန်ကြာမြင့်စွာ စောင့်မျှော်နေကြတာမို့ ဖော်ပြပေးလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: Wild Rift Youtube, dotesports


[ZawGyi]

League of Legends: Wild Rift မိုဘိုင္းလ္ဂိမ္းရဲ႕ တရားဝင္အခ်က္အလက္အခ်ိဳ႕ထြက္ေပၚလာ

 

ကမာၻ႔လူႀကိဳက္အမ်ားဆုံး MOBA ဂိမ္းတစ္ခုျဖစ္တဲ့ League of Legends ရဲ႕ မိုဘိုင္းလ္ဂိမ္း League of Legends: Wild Rift ထြက္ေပၚလာမွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ႏွစ္ေႏွာင္းပိုင္းတုန္းက Riot Games က ေၾကညာခဲ့ပါတယ္။ ထိုစဥ္တည္းက Wild Rift ဟာ မိုဘိုင္းလ္ Esports ေလာကတစ္ခုလုံးကို ႀကီးမားတဲ့အေျပာင္းအလဲမ်ား ျဖစ္ေပၚလာေစႏိုင္ေၾကာင္း ကြၽမ္းက်င္သူအမ်ားက သုံးသပ္ခဲ့ၾကသလို ပရိသတ္ေပါင္းမ်ားစြာဟာလည္း ထြက္ရွိလာမယ့္အခ်ိန္ကို ေစာင့္ေမွ်ာ္ေနခဲ့ၾကပါတယ္။

ယင္းေနာက္ပိုင္းမွာေတာ့ အခ်ိန္အေတာ္ၾကာေအာင္ Wild Rift အေၾကာင္းနဲ႔ ပတ္သက္လို႔ ထပ္မံေၾကညာျခင္း မရွိခဲ့ပါဘူး။ ယင္းကာလအေတာအတြင္းမွာ Wild Rift ရဲ႕ နာမည္ႀကီးမႈကို အခြင့္ေကာင္းယူကာ app အတုအေယာင္ေပါင္းမ်ားစြာလည္း ေပၚေပါက္လာခဲ့ပါတယ္။ ဒါေပမယ့္ ေၾကညာခ်က္အၿပီး ၅ လေက်ာ္ ၾကာျမင့္ခဲ့ၿပီျဖစ္တဲ့ ယခုအခ်ိန္မွာေတာ့ Wild Rift ရဲ႕ developer ဒိုင္ယာရီ ဗီဒီယိုတစ္ခု ထြက္ေပၚလာခဲ့ပါတယ္။

၂ မိနစ္ခြဲေက်ာ္သာ ၾကာျမင့္ခဲ့တဲ့ ယင္းဗီဒီယိုအတြင္းမွာေတာ့ Wild Rift ရဲ႕ ဂိမ္းဒီဇိုင္းကို ဦးေဆာင္ေရးဆြဲေနသူ Feralpony က ဂိမ္းနဲ႔ပတ္သက္တဲ့အေၾကာင္းအရာမ်ားကို ရွင္းလင္းေျပာၾကားခဲ့ပါတယ္။ Feralpony ရဲ႕ ေျပာၾကားခ်က္အရ Wild Rift ေပၚမွာ ကိုင္တြယ္ကစားႏိုင္မယ့္ ခ်န္ပီယံဇာတ္ေကာင္မ်ားကို PC ေပၚက မူရင္းခ်န္ပီယံမ်ားရဲ႕ အႏွစ္သာရအတိုင္း ခံစားႏိုင္ေအာင္ ျပဳလုပ္ထားတယ္လို႔ ဆိုပါတယ္။

Nami, Zigg နဲ႔ Orianna တို႔လို ခ်န္ပီယံမ်ားဟာ ႀကီးမားတဲ့ အေျပာင္းအလဲ မရွိပဲ ျပန္လည္ပါဝင္လာမွာပါ။ ဒါေပမယ့္ မိုဘိုင္းလ္ပလက္ေဖာင္းေပၚမွာ ကစားရအဆင္ေျပေအာင္ အခ်ိဳ႕ခ်န္ပီယံမ်ားကိုေတာ့ ျပင္ဆင္ထားပါတယ္။ ဥပမာအားျဖင့္ Annie ရဲ႕ Q (Disintegrate) နဲ႔ Miss Fortune ရဲ႕ Q (Double Up) တို႔ကို ပစ္မွတ္ေထာက္သုံး skill မ်ားကို လြတ္လပ္စြာသုံးႏိုင္တဲ့ skill shot မ်ားအျဖစ္ ေျပာင္းလဲထားေၾကာင္း ေျပာသြားခဲ့ပါတယ္။

ဒါအျပင္ Vayne ရဲ႕ W (Silver Bolts) တို႔လို passive သီးသန႔္ ability မ်ားမွာ အသုံးျပဳႏိုင္မယ့္ skill အပိုမ်ား ထည့္သြင္းေပးထားေၾကာင္းကိုလည္း ေျပာသြားခဲ့ပါတယ္။ အကြာအေဝးသတ္မွတ္ခ်က္တစ္ခုအထိသာ အသုံးျပဳႏိုင္ခဲ့တဲ့ Lux ရဲ႕ R (Final Spark) ကို ေျမပုံတစ္ခုလုံးအကြာအေဝးအထိသုံးႏိုင္တဲ့ global ultimate အျဖစ္ ေျပာင္းလဲထားေၾကာင္း ဗီဒီယိုအတြင္းမွာ ျပသသြားခဲ့ပါတယ္။

ယခင္ကထြက္ရွိခဲ့တဲ့ trailer ထဲမွာ ပါဝင္ခဲ့တဲ့အတိုင္း ADC ခ်န္ပီယံတစ္ေကာင္ျဖစ္တဲ့ Ashe ရဲ႕ R (Enchanted Crystal Arrow) ဟာ ပစ္လႊတ္အၿပီးမွာ လိုအပ္တဲ့ေနရာေရာက္ေအာင္ ထိန္းညႇိႏိုင္မွာျဖစ္ေၾကာင္းကိုလည္း ထပ္မံျပသသြားခဲ့ပါတယ္။ Wild Rift ထြက္ရွိမယ့္အခ်ိန္အတိအက်ကို ယခုတစ္ႀကိမ္မွာလည္း ေၾကညာခဲ့ျခင္း မရွိေပမယ့္ ဂိမ္းကို ထပ္မံစမ္းသပ္ဦးမွာျဖစ္လို႔ လတ္တေလာထြက္ရွိဦးမွာ မဟုတ္ေသးေၾကာင္းကိုေတာ့ ေျပာသြားခဲ့ပါတယ္။

Here’s a quick Wild Rift development update from design lead, Brian “FeralPony" Feeney! Find out how we’re taking the…

Posted by League of Legends: Wild Rift on Wednesday, 18 March 2020

လက္ရွိအခ်ိန္ အြန္လိုင္းေပၚမွာေတြ႕ျမင္ေနရတဲ့ app အတုအေယာင္မ်ားဟာ malware မ်ားျဖစ္ေနႏိုင္တဲ့အတြက္ တရားဝင္ထြက္ရွိခ်ိန္ေရာက္မလာခင္အထိ ဘာကိုမွ ေဒါင္းလုပ္ မျပဳလုပ္ၾကဖို႔ကိုလည္း ေျပာသြားခဲ့ပါေသးတယ္။ Wild Rift ကို မိုဘိုင္းလ္ဂိမ္းဝါသနာရွင္မ်ား အခ်ိန္ၾကာျမင့္စြာ ေစာင့္ေမွ်ာ္ေနၾကတာမို႔ ေဖာ္ျပေပးလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: Wild Rift Youtube, dotesports