[Unicode]
အဝလွန်မှုကြောင့် အသက် (၂၃) နှစ်နဲ့ အနားယူသွားတဲ့ ထိပ်တန်း Esports Pro ကစားသမား
အသက် (၂၃) နှစ်အရွယ်သာရှိသေးပြီး ကမ္ဘာ့အကောင်းဆုံး League of Legends ADC ကစားသမားများ ထဲက တစ်ဦးဖြစ်တဲ့ Uzi ဟာ Royal Never Give Up (RNG) က အားကိုးအားထားရတဲ့ အသင်းသားဟောင်းလည်း ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Uzi ဟာ ကျန်းမာရေးပြဿနာများကြောင့် League of Legends Pro ဘဝကနေ အနားယူရတော့မှာဖြစ်ကြောင်းကို သူ့ရဲ့ Weibo စာမျက်နှာပေါ်မှာ ရေးသားထားခဲ့ပါတယ်။

Uzi ရဲ့ ပို့စ်အရတော့ သူဟာ အဝလွန်ရောဂါကြောင့် အစားအသောက်မမှန်ဖြစ်နေရသလို အိပ်ရေးပျက်ခြင်းများ၊ ဖိအားများ စတာတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူဟာ ပြီးခဲ့တဲ့နှစ်က စ လို့ ဆီးချိုရောဂါကို စတင်ခံစားလာခဲ့ရပြီး လွန်ခဲ့တဲ့ ၆ လလောက်အတွင်း ကျန်းမာရေး ကောင်းလာအောင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သေးပေမယ့် သက်သာမလာခဲ့ဘူးလို့လည်း ဆိုခဲ့ပါတယ်။
ဒါ့အပြင် Uzi ဟာ ဂိမ်းများကို အချိန်ကြာမြင့်စွာ ကစားခဲ့ရာကနေ လက်နှစ်ဖက်နဲ့ ကျောဘက်များမှာလည်း အတွင်းဒဏ်ရာများ ဖြစ်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ Nike LPL documentary မှာ ဒီအကြောင်းများကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဆရာဝန်ရဲ့အဆိုအရတော့ Uzi ရဲ့ လက်တွေဟာ အသက် ၄၀ – ၅၀ ဝန်းကျင်သက်တမ်းရှိတဲ့ လူကြီးတစ်ယောက်ရဲ့လက်တွေလောက်နီးနီး ယိုယွင်းပျက်စီးနေပြီလို့ ဆိုပါတယ်။

2020 LPL Spring Split အတွင်းမှာ Uzi ရဲ့ နာမည်ဟာ RNG အသင်းသားစာရင်းမှာ ပါဝင်နေခဲ့ပေမယ့် Uzi ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပါဘူး။ Uzi ဟာ အသက် ၁၅ နှစ်အရွယ်မှာတည်းက Royal Club အသင်းမှာ League of Legends Pro ဘဝကို စတင်ခဲ့တာဖြစ်ပြီး ထိုစဉ်က ကမ္ဘာ့အကောင်းဆုံး ADC ကစားသမား WeiXiao ထက် သာလွန်အောင် ကစားနိုင်ဖို့ တွန်းအားများကို ရင်ဆိုင်ခဲ့ရပါတယ်။
RNG အသင်းနဲ့အတူ ၂၀၁၃ နဲ့ ၂၀၁၄ တို့ရဲ့ World Championship ဖိုင်နယ်ပွဲစဉ်များကို တက်ရောက်နိုင်ခဲ့ပေမယ့် SK Telecom T1 နဲ့ Samsung White တို့ကို ရှုံးနိမ့်ခဲ့လို့ ဒုတိယနေရာများနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ RNG အသင်းနဲ့အတူ ၂၀၁၆,၂၀၁၇, ၂၀၁၈ နဲ့ ၂၀၁၉ တို့မှာ World Championship ပွဲများကို ထပ်မံဝင်ရောက်နိုင်ခဲ့ပေမယ့် ဖိုင်နယ်အထိတော့ မရောက်ရှိတော့ပါဘူး။

Uzi ဟာ World Championship ပွဲကြီးများကို မနိုင်ဖူးခဲ့ပေမယ့် နောက်ဆုံးမှာတော့ ၂၀၁၈ မှာ ကျင်းပခဲ့တဲ့ Mid-Season Invitational 2018 ကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ Mid-Season Invitational ပွဲများဟာ League of Legends ရဲ့ကြီးကျယ်ခန်းနားလှတဲ့ပွဲကြီးများဖြစ်ပြီး Dota 2 ရဲ့ The International ပွဲများထက်တောင် ကြည့်ရှုသူများပြားလေ့ရှိပါတယ်။
ယင်းပြိုင်ပွဲအပြီး Riot က ပြုလုပ်ခဲ့တဲ့ MSI ဗီဒီယိုအတွင်းမှာလည်း Uzi ရဲ့ အချိန်ကိုက် ကျွမ်းကျင် ပိုင်နိုင်မှုများ အကြောင်းကို ဖော်ပြသွားခဲ့ပါတယ်။ သူဟာ ပြိုင်ဘက်အသင်းရဲ့ လှုပ်ရှားမှုများနဲ့ cooldown များကို ကောင်းစွာမှတ်သားထားပြီး အပြည့်အဝအားသာချက်ယူနိုင်ခဲ့တဲ့အတွက် ပရိသတ်များ ရင်သပ်ရှုမောဖွယ်ဖြစ်ခဲ့ရပါတယ်။
Uzi ဟာ LPL ပြိုင်ပွဲများအတွင်းမှာတော့ အနိုင်ရရှိမှုပေါင်းများစွာနဲ့ အောင်မြင်ခဲ့သူတစ်ဦးပါ။ ပရိသတ်များဟာ သူ့ကို Faker နဲ့ ယှဉ်တွဲပြီး သမိုင်းကြောင်းတစ်လျှောက် ကမ္ဘာ့ဒုတိယအကောင်းဆုံး League of Legends ကစားသမားအဖြစ်တောင် တင်စားပြောဆိုလေ့ရှိကြပါတယ်။ Uzi ရဲ့ ADC ချန်ပီယံများအပေါ် ကျွမ်းကျင်ပိုင်နိုင်မှု၊ ဂိမ်းများကို အနိုင်ရအောင် သယ်ဆောင်သွားနိုင်မှု၊ အပြင်းအထန်ကြိုးစားမှု စ တွေဟာ ပြိုင်စံရှားလောက်အောင် ထိပ်တန်းအဆင့်မှာ ရှိနေခဲ့ပါတယ်။

Uzi ကစားလေ့ရှိတဲ့ ချန်ပီယံများအနက် သူ့ရဲ့ Vayne ဟာ အလွန်လူသိများပြီး Kai’sa, Ezreal နဲ့ Kog’maw တို့လို အဆင့်မြင့် ချန်ပီယံများနဲ့လည်း နာမည်ကျော်လှပါတယ်။ Chinese Network Television နဲ့ အင်တာဗျူးမှာတော့ သူဟာ ကျန်းမာရေးကို အကောင်းဆုံးဂရုစိုက်သွားမှာဖြစ်ပြီး ပြန်လည် ကောင်းမွန်လာခဲ့ရင် Pro ကစားသမားဘဝကို ပြန်လာချင်သေးကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: oneesports.gg, dotesports
[ZawGyi]
အဝလြန္မႈေၾကာင့္ အသက္ (၂၃) ႏွစ္နဲ႔ အနားယူသြားတဲ့ ထိပ္တန္း Esports Pro ကစားသမား
အသက္ (၂၃) ႏွစ္အ႐ြယ္သာရွိေသးၿပီး ကမာၻ႔အေကာင္းဆုံး League of Legends ADC ကစားသမားမ်ား ထဲက တစ္ဦးျဖစ္တဲ့ Uzi ဟာ Royal Never Give Up (RNG) က အားကိုးအားထားရတဲ့ အသင္းသားေဟာင္းလည္း ျဖစ္ပါတယ္။ ယခုအခ်ိန္မွာေတာ့ Uzi ဟာ က်န္းမာေရးျပႆနာမ်ားေၾကာင့္ League of Legends Pro ဘဝကေန အနားယူရေတာ့မွာျဖစ္ေၾကာင္းကို သူ႔ရဲ႕ Weibo စာမ်က္ႏွာေပၚမွာ ေရးသားထားခဲ့ပါတယ္။

Uzi ရဲ႕ ပို႔စ္အရေတာ့ သူဟာ အဝလြန္ေရာဂါေၾကာင့္ အစားအေသာက္မမွန္ျဖစ္ေနရသလို အိပ္ေရးပ်က္ျခင္းမ်ား၊ ဖိအားမ်ား စတာေတြနဲ႔လည္း ရင္ဆိုင္ေနရတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ သူဟာ ၿပီးခဲ့တဲ့ႏွစ္က စ လို႔ ဆီးခ်ိဳေရာဂါကို စတင္ခံစားလာခဲ့ရၿပီး လြန္ခဲ့တဲ့ ၆ လေလာက္အတြင္း က်န္းမာေရး ေကာင္းလာေအာင္ ျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္ခဲ့ေသးေပမယ့္ သက္သာမလာခဲ့ဘူးလို႔လည္း ဆိုခဲ့ပါတယ္။
ဒါ့အျပင္ Uzi ဟာ ဂိမ္းမ်ားကို အခ်ိန္ၾကာျမင့္စြာ ကစားခဲ့ရာကေန လက္ႏွစ္ဖက္နဲ႔ ေက်ာဘက္မ်ားမွာလည္း အတြင္းဒဏ္ရာမ်ား ျဖစ္ေပၚလာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ျပဳလုပ္ခဲ့တဲ့ Nike LPL documentary မွာ ဒီအေၾကာင္းမ်ားကို ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ဆရာဝန္ရဲ႕အဆိုအရေတာ့ Uzi ရဲ႕ လက္ေတြဟာ အသက္ ၄၀ – ၅၀ ဝန္းက်င္သက္တမ္းရွိတဲ့ လူႀကီးတစ္ေယာက္ရဲ႕လက္ေတြေလာက္နီးနီး ယိုယြင္းပ်က္စီးေနၿပီလို႔ ဆိုပါတယ္။

2020 LPL Spring Split အတြင္းမွာ Uzi ရဲ႕ နာမည္ဟာ RNG အသင္းသားစာရင္းမွာ ပါဝင္ေနခဲ့ေပမယ့္ Uzi ကိုယ္တိုင္ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ျခင္း မရွိခဲ့ပါဘူး။ Uzi ဟာ အသက္ ၁၅ ႏွစ္အ႐ြယ္မွာတည္းက Royal Club အသင္းမွာ League of Legends Pro ဘဝကို စတင္ခဲ့တာျဖစ္ၿပီး ထိုစဥ္က ကမာၻ႔အေကာင္းဆုံး ADC ကစားသမား WeiXiao ထက္ သာလြန္ေအာင္ ကစားႏိုင္ဖို႔ တြန္းအားမ်ားကို ရင္ဆိုင္ခဲ့ရပါတယ္။
RNG အသင္းနဲ႔အတူ ၂၀၁၃ နဲ႔ ၂၀၁၄ တို႔ရဲ႕ World Championship ဖိုင္နယ္ပြဲစဥ္မ်ားကို တက္ေရာက္ႏိုင္ခဲ့ေပမယ့္ SK Telecom T1 နဲ႔ Samsung White တို႔ကို ရႈံးနိမ့္ခဲ့လို႔ ဒုတိယေနရာမ်ားနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ RNG အသင္းနဲ႔အတူ ၂၀၁၆,၂၀၁၇, ၂၀၁၈ နဲ႔ ၂၀၁၉ တို႔မွာ World Championship ပြဲမ်ားကို ထပ္မံဝင္ေရာက္ႏိုင္ခဲ့ေပမယ့္ ဖိုင္နယ္အထိေတာ့ မေရာက္ရွိေတာ့ပါဘူး။

Uzi ဟာ World Championship ပြဲႀကီးမ်ားကို မႏိုင္ဖူးခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ၂၀၁၈ မွာ က်င္းပခဲ့တဲ့ Mid-Season Invitational 2018 ကို အႏိုင္ရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ Mid-Season Invitational ပြဲမ်ားဟာ League of Legends ရဲ႕ႀကီးက်ယ္ခန္းနားလွတဲ့ပြဲႀကီးမ်ားျဖစ္ၿပီး Dota 2 ရဲ႕ The International ပြဲမ်ားထက္ေတာင္ ၾကည့္ရႈသူမ်ားျပားေလ့ရွိပါတယ္။
ယင္းၿပိဳင္ပြဲအၿပီး Riot က ျပဳလုပ္ခဲ့တဲ့ MSI ဗီဒီယိုအတြင္းမွာလည္း Uzi ရဲ႕ အခ်ိန္ကိုက္ ကြၽမ္းက်င္ ပိုင္ႏိုင္မႈမ်ား အေၾကာင္းကို ေဖာ္ျပသြားခဲ့ပါတယ္။ သူဟာ ၿပိဳင္ဘက္အသင္းရဲ႕ လႈပ္ရွားမႈမ်ားနဲ႔ cooldown မ်ားကို ေကာင္းစြာမွတ္သားထားၿပီး အျပည့္အဝအားသာခ်က္ယူႏိုင္ခဲ့တဲ့အတြက္ ပရိသတ္မ်ား ရင္သပ္ရႈေမာဖြယ္ျဖစ္ခဲ့ရပါတယ္။
Uzi ဟာ LPL ၿပိဳင္ပြဲမ်ားအတြင္းမွာေတာ့ အႏိုင္ရရွိမႈေပါင္းမ်ားစြာနဲ႔ ေအာင္ျမင္ခဲ့သူတစ္ဦးပါ။ ပရိသတ္မ်ားဟာ သူ႔ကို Faker နဲ႔ ယွဥ္တြဲၿပီး သမိုင္းေၾကာင္းတစ္ေလွ်ာက္ ကမာၻ႔ဒုတိယအေကာင္းဆုံး League of Legends ကစားသမားအျဖစ္ေတာင္ တင္စားေျပာဆိုေလ့ရွိၾကပါတယ္။ Uzi ရဲ႕ ADC ခ်န္ပီယံမ်ားအေပၚ ကြၽမ္းက်င္ပိုင္ႏိုင္မႈ၊ ဂိမ္းမ်ားကို အႏိုင္ရေအာင္ သယ္ေဆာင္သြားႏိုင္မႈ၊ အျပင္းအထန္ႀကိဳးစားမႈ စ ေတြဟာ ၿပိဳင္စံရွားေလာက္ေအာင္ ထိပ္တန္းအဆင့္မွာ ရွိေနခဲ့ပါတယ္။

Uzi ကစားေလ့ရွိတဲ့ ခ်န္ပီယံမ်ားအနက္ သူ႔ရဲ႕ Vayne ဟာ အလြန္လူသိမ်ားၿပီး Kai’sa, Ezreal နဲ႔ Kog’maw တို႔လို အဆင့္ျမင့္ ခ်န္ပီယံမ်ားနဲ႔လည္း နာမည္ေက်ာ္လွပါတယ္။ Chinese Network Television နဲ႔ အင္တာဗ်ဴးမွာေတာ့ သူဟာ က်န္းမာေရးကို အေကာင္းဆုံးဂ႐ုစိုက္သြားမွာျဖစ္ၿပီး ျပန္လည္ ေကာင္းမြန္လာခဲ့ရင္ Pro ကစားသမားဘဝကို ျပန္လာခ်င္ေသးေၾကာင္း ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။
source: oneesports.gg, dotesports