[Unicode]

League of Legends ရဲ့မိုဘိုင်းဗားရှင်းဂိမ်း League of Legends: Wild Rift တရားဝင်ကြေညာ

 

MOBA ဂိမ်းများကို နှစ်သက်စွာ ကစားကြတဲ့ gamer များအတွက် တိကျတဲ့ သတင်းကောင်းတစ်ခုကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ ကမ္ဘာ့လူကြိုက်အများဆုံးဂိမ်းတစ်ခုဖြစ်တဲ့ League of Legends ရဲ့ မိုဘိုင်းဗားရှင်းဂိမ်းကို မကြာမီဖြန့်ချိတော့မှာဖြစ်ကြောင်း Riot Games က တရားဝင်ကြေညာလိုက်ပါတယ်။ ဒီအကြောင်းကို အောက်တိုဘာ ၁၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ League of Legends ရဲ့ ၁၀ နှစ်ပြည့် အခန်းအနားမှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

League of Legends ရဲ့ မိုဘိုင်းဗားရှင်းကို League of Legends: Wild Rift လို့ အမည်ပေးထားပါတယ်။ Wild Rift ဟာ ၂၀၂၀ မှာ ထွက်ရှိလာမှာဖြစ်ပြီး ယခုအချိန် Google Play နဲ့ wildrift.leagueoflegends.com တို့မှာ preregistration ပြုလုပ်နိုင်နေပါပြီ။ Wild Rift ကို မိုဘိုင်းဖုန်းများပေါ်မှာသာမက console များပေါ်မှာပါ ကစားနိုင်မယ်လို့ ပြောထားပေမယ့် ဘယ် console အမျိုးအစားတွေ ပါဝင်မယ်ဆိုတာကတော့ ကြေညာထားခြင်း မရှိသေးပါဘူး။

Wild Rift ဟာ မူရင်းဂိမ်း League of Legends နဲ့ ချွတ်စွပ်နီးပါး ဆင်တူတဲ့ MOBA ဂိမ်းဖြစ်လာမှာပါ။ ဒါပေမယ့် မိုဘိုင်းနဲ့ console platform များပေါ်မှာ ကစားရအဆင်ပြေအောင် ပြုပြင်ပြောင်းလဲထားတာတွေလည်း ရှိပါတယ်။ Wild Rift မှာ twin-stick control scheme အသစ်တစ်ခုနဲ့ map အသစ်တစ်ခု ပါဝင်လာမှာဖြစ်ပြီး ဂိမ်းတစ်ပွဲရဲ့ ပျမ်းမျှကြာချိန်ကိုလည်း ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိ လျော့ချထားပါတယ်။

“Wild Rift ဟာ PC ပေါ်က League of Legends ကို ယူချလာတာ မဟုတ်ပါဘူး” လို့ Riot ကဆိုပါတယ်။ သူတို့က ဒီဂိမ်းဟာ ပြန်လည်ပြုပြင်ထားပြီး LOL ရဲ့အနှစ်သာရမပျက် ဂိမ်မာတွေရဲ့ အချိန်ပေးရတာနဲ့ ထိုက်တန်စေမယ့် ဂိမ်းအသစ် တစ်ခုဖြစ်လာအောင် အစအဆုံးပြန်လည်ဖန်တီးထားတာပါလို့ ပြောခဲ့ပါတယ်။

၂၀၀၉ ခုနှစ်က စတင်ထွက်ရှိလာခဲ့တဲ့ League of Legends ကို မိုဘိုင်းဗားရှင်းထွက်ပေါ်လာစေဖို့ gamer များ နှစ်အတော်ကြာ စောင့်မျှော်နေခဲ့ကြတာပါ။ ဒီအချိန်အတွင်းမှာ Tencent ရဲ့ Arena of Valor, Moonton ရဲ့ Mobile Legends: Bang Bang စတဲ့ မိုဘိုင်း MOBA ဂိမ်းများ အောင်မြင်လာခဲ့ကြပြီး PUBG, Call of Duty, Fortnite တို့လို နာမည်ကြီးဂိမ်းစီးရီးတွေဟာလည်း မိုဘိုင်းပေါ်ကို ရောက်ရှိလာခဲ့ကြပါတယ်။

မိုဘိုင်းဂိမ်းများ ခေတ်စားလာမှုနဲ့ အတူ esports ဆန်တဲ့ မိုဘိုင်းဂိမ်းများထွက်ပေါ်လာစေဖို့ gamer များရဲ့ မျှော်လင့်ချက်ဟာလည်း မြင့်မားလာခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုရဲ့ အခန်းနားဆုံး esports ဂိမ်းတစ်ခုဖြစ်တဲ့ League of Legends ရဲ့ မိုဘိုင်းဗားရှင်း Wild Rift ကတော့ အခြားဂိမ်းများကို စိန်ခေါ်ဖို့ ပြင်ဆင်နေခဲ့ပြီပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: The Verge

 


[Zawgyi]

League of Legends ရဲ႕မိုဘိုင္းဗားရွင္းဂိမ္း League of Legends: Wild Rift တရားဝင္ေၾကညာ

 


MOBA ဂိမ္းမ်ားကို ႏွစ္သက္စြာ ကစားၾကတဲ့ gamer မ်ားအတြက္ တိက်တဲ့ သတင္းေကာင္းတစ္ခုကေတာ့ ထြက္ေပၚလာခဲ့ပါၿပီ။ ကမာၻ႔လူႀကိဳက္အမ်ားဆုံးဂိမ္းတစ္ခုျဖစ္တဲ့ League of Legends ရဲ႕ မိုဘိုင္းဗားရွင္းဂိမ္းကို မၾကာမီျဖန႔္ခ်ိေတာ့မွာျဖစ္ေၾကာင္း Riot Games က တရားဝင္ေၾကညာလိုက္ပါတယ္။ ဒီအေၾကာင္းကို ေအာက္တိုဘာ ၁၆ ရက္ေန႔မွာ ျပဳလုပ္ခဲ့တဲ့ League of Legends ရဲ႕ ၁၀ ႏွစ္ျပည့္ အခန္းအနားမွာ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

League of Legends ရဲ႕ မိုဘိုင္းဗားရွင္းကို League of Legends: Wild Rift လို႔ အမည္ေပးထားပါတယ္။ Wild Rift ဟာ ၂၀၂၀ မွာ ထြက္ရွိလာမွာျဖစ္ၿပီး ယခုအခ်ိန္ Google Play နဲ႕ wildrift.leagueoflegends.com တို႔မွာ preregistration ျပဳလုပ္ႏိုင္ေနပါၿပီ။ Wild Rift ကို မိုဘိုင္းဖုန္းမ်ားေပၚမွာသာမက console မ်ားေပၚမွာပါ ကစားႏိုင္မယ္လို႔ ေျပာထားေပမယ့္ ဘယ္ console အမ်ိဳးအစားေတြ ပါဝင္မယ္ဆိုတာကေတာ့ ေၾကညာထားျခင္း မရွိေသးပါဘူး။

Wild Rift ဟာ မူရင္းဂိမ္း League of Legends နဲ႔ ခြၽတ္စြပ္နီးပါး ဆင္တူတဲ့ MOBA ဂိမ္းျဖစ္လာမွာပါ။ ဒါေပမယ့္ မိုဘိုင္းနဲ႔ console platform မ်ားေပၚမွာ ကစားရအဆင္ေျပေအာင္ ျပဳျပင္ေျပာင္းလဲထားတာေတြလည္း ရွိပါတယ္။ Wild Rift မွာ twin-stick control scheme အသစ္တစ္ခုနဲ႔ map အသစ္တစ္ခု ပါဝင္လာမွာျဖစ္ၿပီး ဂိမ္းတစ္ပြဲရဲ႕ ပ်မ္းမွ်ၾကာခ်ိန္ကိုလည္း ၁၅ မိနစ္ကေန မိနစ္ ၂၀ အထိ ေလ်ာ့ခ်ထားပါတယ္။

“Wild Rift ဟာ PC ေပၚက League of Legends ကို ယူခ်လာတာ မဟုတ္ပါဘူး” လို႔ Riot ကဆုိပါတယ္။ သူတုိ႔က ဒီဂိမ္းဟာ ျပန္လည္ျပဳျပင္ထားၿပီး LOL ရဲ႕အႏွစ္သာရမပ်က္ ဂိမ္မာေတြရဲ႕ အခ်ိန္ေပးရတာနဲ႔ ထုိက္တန္ေစမယ့္ ဂိမ္းအသစ္ တစ္ခုျဖစ္လာေအာင္ အစအဆုံးျပန္လည္ဖန္တီးထားတာပါလို႔ ေျပာခဲ့ပါတယ္။

၂၀၀၉ ခုႏွစ္က စတင္ထြက္ရွိလာခဲ့တဲ့ League of Legends ကို မိုဘိုင္းဗားရွင္းထြက္ေပၚလာေစဖို႔ gamer မ်ား ႏွစ္အေတာ္ၾကာ ေစာင့္ေမွ်ာ္ေနခဲ့ၾကတာပါ။ ဒီအခ်ိန္အတြင္းမွာ Tencent ရဲ႕ Arena of Valor, Moonton ရဲ႕ Mobile Legends: Bang Bang စတဲ့ မိုဘိုင္း MOBA ဂိမ္းမ်ား ေအာင္ျမင္လာခဲ့ၾကၿပီး PUBG, Call of Duty, Fortnite တို႔လို နာမည္ႀကီးဂိမ္းစီးရီးေတြဟာလည္း မိုဘိုင္းေပၚကို ေရာက္ရွိလာခဲ့ၾကပါတယ္။

မိုဘိုင္းဂိမ္းမ်ား ေခတ္စားလာမႈနဲ႔ အတူ esports ဆန္တဲ့ မိုဘိုင္းဂိမ္းမ်ားထြက္ေပၚလာေစဖုိ႔ gamer မ်ားရဲ႕ ေမွ်ာ္လင့္ခ်က္ဟာလည္း ျမင့္မားလာခဲ့ပါတယ္။ ဆယ္စုႏွစ္တစ္ခုရဲ႕ အခန္းနားဆုံး esports ဂိမ္းတစ္ခုျဖစ္တဲ့ League of Legends ရဲ႕ မိုဘိုင္းဗားရွင္း Wild Rift ကေတာ့ အျခားဂိမ္းမ်ားကို စိန္ေခၚဖို႔ ျပင္ဆင္ေနခဲ့ၿပီပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: The Verge