[Unicode]

ယခုလအတွင်း ထွက်ရှိလာမယ့် League of Legends ရဲ့ ကတ်ဂိမ်းအသစ်

 

Riot Games က ထုတ်လုပ်မယ့် ကတ်ဂိမ်းအမျိုးအစား League of Runeterra ဟာ League of Legends universe ကြီးအတွင်းမှာ အကြုံးဝင်တဲ့ဂိမ်းတစ်ခုပါ။ Riot ဟာ ယခု ၂၀၂၀ အတွင်းမှာ မိုဘိုင်းလ်ဂိမ်းများအပါအဝင် ဂိမ်းသစ်အမြောက်အများကို ထုတ်လုပ်ဖို့ ယခင်ထဲက ကြေညာထားခဲ့တာဖြစ်ပြီး ယခု Legends of Runterra ရဲ့ beta ဗားရှင်း ကတော့ အားလုံးထဲမှာမှ ပထမဆုံးထွက်ရှိလာမှာပဲ ဖြစ်ပါတယ်။

Legends of Runeterra ရဲ့ open beta ဟာ ယခုဇန်နဝါရီလ ၂၄ ရက်နေ့မှာ ထွက်ရှိလာမှာဖြစ်ကြောင်း Riot ရဲ့ developer များက ကြေညာခဲ့ပါတယ်။ ယခင်က အနည်းငယ်သော League of Legends ကစားသူများဟာ Legends of Runeterra ကို မြည်းစမ်းခွင့်ရခဲ့ကြပေမယ့် မည်သူမဆို ကစားနိုင်ဖို့အတွက်ကတော့ ယင်းအချိန်မှာမှ ထုတ်ပေးမှာ ဖြစ်ပါတယ်။

Beta ဗားရှင်းအနေနဲ့သာ ထွက်ရှိလာမှာဖြစ်ပေမယ့် တကယ်တမ်းတရားဝင်ထွက်ရှိလာခဲ့ရင်လည်း beta အကောင့်မှာ ပိုင်ဆိုင်ထားတဲ့ deck များ rank များ အပါအဝင် ဆော့လက်စ အချက်အလက်များကို ဆက်လက်သယ်ဆောင်သွားမှာပါ။ ဒါကြောင့်လည်း League of Legends fan များရော အခြား gamer များကပါ open beta ကို စောင့်မျှော်နေခဲ့ကြတာ ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့နှစ်က ပရိသတ်အနည်းငယ်ကို အကန့်အသတ်နဲ့ ကစားခွင့်ပြုခဲ့တဲ့ Legends of Runeterra ရဲ့ patch အချို့ကနေ ကျွန်တော်တို့ အများကြီး လေ့လာပြီး ပြုပြင်ခွင့်ရရှိခဲ့ပါတယ်။ အထူးသဖြင့် ဒီဂိမ်းကို ပရိသတ်က လွန်စွာစိတ်ဝင်စားနေပြီး ကစားချင်သူ များပြားနေတာကိုလည်း တွေ့ခဲ့ရပါတယ်” လို့ Riot ရဲ့ developer များက ပြောသွားခဲ့ပါတယ်။

လက်ရှိမှာတော့ PC အတွက်သာ ထွက်ရှိလာဦးမှာဖြစ်ပေမယ့် မိုဘိုင်းလ်ပေါ်မှာ ကစားနိုင်ဖို့အတွက် ၂၀၂၀ နှစ်လယ်ပိုင်းလောက်မှာ ထွက်ရှိလာမှာဖြစ်ကြောင်းကိုလည်း ကြေညာခဲ့ပါတယ်။ Legends of Runterra ဟာ အနီးဆုံးအချိန်မှာ ထွက်လာမယ့်ဂိမ်းဖြစ်တာကြောင့် နာမည်ကြီးဂိမ်းသစ်များကို မြည်းစမ်းကစားလိုသူများအတွက် တင်ဆက်လိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက် ရှိပါတယ်။

source: Express UK


[Zawgyi]

ယခုလအတြင္း ထြက္ရွိလာမယ့္ League of Legends ရဲ႕ ကတ္ဂိမ္းအသစ္

 

Riot Games က ထုတ္လုပ္မယ့္ ကတ္ဂိမ္းအမ်ိဳးအစား League of Runeterra ဟာ League of Legends universe ၾကီးအတြင္းမွာ အၾကံဳးဝင္တဲ့ဂိမ္းတစ္ခုပါ။ Riot ဟာ ယခု ၂၀၂၀ အတြင္းမွာ မိုဘိုင္းလ္ဂိမ္းမ်ားအပါအဝင္ ဂိမ္းသစ္အေျမာက္အမ်ားကို ထုတ္လုပ္ဖုိ႔ ယခင္ထဲက ေၾကညာထားခဲ့တာျဖစ္ျပီး ယခု Legends of Runterra ရဲ႕ beta ဗားရွင္း ကေတာ့ အားလုံးထဲမွာမွ ပထမဆုံးထြက္ရွိလာမွာပဲ ျဖစ္ပါတယ္။

Legends of Runeterra ရဲ႕ open beta ဟာ ယခုဇန္နဝါရီလ ၂၄ ရက္ေန႔မွာ ထြက္ရွိလာမွာျဖစ္ေၾကာင္း Riot ရဲ႕ developer မ်ားက ေၾကညာခဲ့ပါတယ္။ ယခင္က အနည္းငယ္ေသာ League of Legends ကစားသူမ်ားဟာ Legends of Runeterra ကို ျမည္းစမ္းခြင့္ရခဲ့ၾကေပမယ့္ မည္သူမဆို ကစားႏိုင္ဖုိ႔အတြက္ကေတာ့ ယင္းအခ်ိန္မွာမွ ထုတ္ေပးမွာ ျဖစ္ပါတယ္။

Beta ဗားရွင္းအေနနဲ႔သာ ထြက္ရွိလာမွာျဖစ္ေပမယ့္ တကယ္တမ္းတရားဝင္ထြက္ရွိလာခဲ့ရင္လည္း beta အေကာင့္မွာ ပိုင္ဆိုင္ထားတဲ့ deck မ်ား rank မ်ား အပါအဝင္ ေဆာ့လက္စ အခ်က္အလက္မ်ားကို ဆက္လက္သယ္ေဆာင္သြားမွာပါ။ ဒါေၾကာင့္လည္း League of Legends fan မ်ားေရာ အျခား gamer မ်ားကပါ open beta ကို ေစာင့္ေမွ်ာ္ေနခဲ့ၾကတာ ျဖစ္ပါတယ္။

“ျပီးခဲ့တဲ့ႏွစ္က ပရိသတ္အနည္းငယ္ကို အကန္႔အသတ္နဲ႔ ကစားခြင့္ျပဳခဲ့တဲ့ Legends of Runeterra ရဲ႕ patch အခ်ိဳ႕ကေန ကြ်န္ေတာ္တို႔ အမ်ားၾကီး ေလ့လာျပီး ျပဳျပင္ခြင့္ရရွိခဲ့ပါတယ္။ အထူးသျဖင့္ ဒီဂိမ္းကို ပရိသတ္က လြန္စြာစိတ္ဝင္စားေနျပီး ကစားခ်င္သူ မ်ားျပားေနတာကိုလည္း ေတြ႕ခဲ့ရပါတယ္” လို႔ Riot ရဲ႕ developer မ်ားက ေျပာသြားခဲ့ပါတယ္။

လက္ရွိမွာေတာ့ PC အတြက္သာ ထြက္ရွိလာဦးမွာျဖစ္ေပမယ့္ မိုဘိုင္းလ္ေပၚမွာ ကစားႏိုင္ဖုိ႔အတြက္ ၂၀၂၀ ႏွစ္လယ္ပိုင္းေလာက္မွာ ထြက္ရွိလာမွာျဖစ္ေၾကာင္းကိုလည္း ေၾကညာခဲ့ပါတယ္။ Legends of Runterra ဟာ အနီးဆုံးအခ်ိန္မွာ ထြက္လာမယ့္ဂိမ္းျဖစ္တာေၾကာင့္ နာမည္ၾကီးဂိမ္းသစ္မ်ားကို ျမည္းစမ္းကစားလိုသူမ်ားအတြက္ တင္ဆက္လို္က္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္တင္ဆက္ေပးလ်က္ ရွိပါတယ္။

source: Express UK