[Unicode]

LOL ရဲ့ Auto Chess ခြေလှမ်း – Teamfight Tactics

 

၂၀၁၈ ခုနှစ်အတွင်းမှာ စတင်ပေါ်ထွက်လာခဲ့ပြီး အချိန်တိုအတွင်း Hardcore Gamer အများစုကို ဆွဲဆောင်လာခဲ့တဲ့ Auto Chess ဟာ Dota 2 Arcaded Mode တစ်ခုအဖြစ်ကနေ Standalone ဂိမ်းအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

သူ့ရဲ့ကစားပုံကို Auto-battler လို့ ခေါ်ဆိုလာခဲ့ကြပြီး သီးသန့် Auto Chess ဂိမ်းတွေသာမက အခြား MOBA ဂိမ်းတွေကပါ သူတို့ရဲ့ ဂိမ်းကာရိုက်တာတွေကို အသုံးပြုကာ Auto Chess ဗားရှင်းတွေ အသီးသီး ထုတ်ပေးခဲ့ရတဲ့ထိ အောင်မြင်ခဲ့တာပါ။ ဒါ့ကြောင့် Google က ပေးတဲ့ Best Innovative 2019 ဆုကိုပါ စတင်ဖန်တီးခဲ့တဲ့ Team Drodo မှ လက်ခံရရှိခဲ့ပါတယ်။

Dota 2 ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ League of Legends ကလည်း ဒီရေစီးထဲကို အားကျမခံ လိုက်ပါလာပါတယ်။ သူကတော့ ဆယ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ကိုယ်ပိုင် Auto Chess အပါအဝင် အမျိုးအစားကွဲ ဂိမ်းများ၊ အန်နီမေးရှင်း ရုပ်ရှင်များကိုပါ ကြေညာလာခဲ့တာပါ။ အဲဒီ့ထဲက LOL Auto Chess လို့ခေါ်ရမယ့် ဂိမ်းကတော့ Teamfight Tactics ပဲ ဖြစ်ပါတယ်။

Teamfight Tactics ကို LOL Auto Chess လို့ ပြောလိုက်တဲ့အတွက် အခြား Auto Chess တွေလို ရိုးအီနေတဲ့ Format အဟောင်းကြီးပေါ် LOL Char Skin လေးတွေ ထည့်လာတာလို့ မထင်လိုက်ပါနဲ့။ Casual နဲ့ Hard Gamer အားလုံးကို ဆွဲဆောင်နိုင်ဖို့အတွက် Kpop Band တွေနဲ့ လက်တွဲတာလိုမျိုး အိုင်ဒီယာဆန်းဆန်းပြားပြားတွေလုပ်ခဲ့တဲ့ LOL ဟာ ဒီတစ်ခါမှာလည်း လုံးဝကွဲပြားနေတဲ့ Auto-battler ဂိမ်းတစ်ခုကို ပေးလာခဲ့တာပါ။

ဒီဂိမ်းကို လောလောဆယ် League of Legends ထဲကပဲ ဝင်ဆော့ရမှာဖြစ်ကာ PC ဗားရှင်းတောင် Beta ပဲ ထွက်ပါသေးတယ်။ ဒါပေမယ့် ပြိုင်ပွဲတွေတောင် ကျင်းပနေကြပါပြီ။ ကျွန်တော်ကတော့ Garena ကနေ ဆော့တာဖြစ်ပါတယ်။ မိုဘိုင်းပေါ်ကို ၂၀၂၀ မှာ ရောက်လာမယ်လို့ ယုံကြည်ရတယ်။

Teamfight Tactics အခြေခံသိစရာများ

ဒီနေရာမှာ Autochess ရဲ့ ကစားပုံကို ပြန်ရှင်းပြချင်ပေမယ့် ပိုရှုပ်သွားမှာစိုးလို့ TFT ရဲ့ အခြေခံ Autochess တွေနဲ့ ကွာခြားပုံကိုပဲ ဖော်ပြသွားပါတော့မယ်။

အရင်ဆုံး Auto Chess ဆိုတဲ့ စကားလုံးမှာ ပါတဲ့ Chess ဆိုတဲ့ စကားလုံးအတိုင်း ဂိမ်းတော်တော်များများမှာ 8×8 ရိုးရာစစ်တုရင်ခုံ Format ကို သုံးကြပါတယ်။ ဒီမှာတော့ Hexagon လို့ခေါ်တဲ့ ဆဌဂံပုံစံ Chessboard ကို အသုံးပြုထားတယ်။ ဘာကွာသွားလဲ ဆိုရင် ရိုးရိုး Autochess မှာ Chess Piece တစ်ခုကို Melee Enemy လေးယောက်သာ ချလို့ရမှာဖြစ်ပေမယ့် ဒီမှာတော့ ခြောက်ယောက်ထိ ဝိုင်းသမနိုင်မှာပါ။

နောက်တစ်ချက်က အခြား Autochess တွေမှာ Spell သုံးဖို့အတွက် Mana နဲ့ Cooldown လိုအပ်ပါတယ်။ ဒီမှာက Cooldown မရှိပါဘူး။ Mana ပြည့်တိုင်း ကြုံးမှာပါ။ ကစားရတာ Pace အရမ်းသွက်ပါတယ်။

 

Round Format

ကစားသူတွေဟာ ပထမဆုံး Stage မှာ Round လေးခုကို ဖြတ်သန်းရမှာပါ။ ပထမဆုံး Round မှာ ပိုက်ဆံ မပေးပါဘူး။ ကစားသမား ရှစ်ယောက်လုံးရဲ့ ကိုယ်စားပြု Avatar လေးတွေကို စက်ဝိုင်းပုံသဏ္ဍာန် လည်ပတ်နေတဲ့ Champion (Hero) ရှစ်ကောင်ဘေးမှာ နေရာယူစေပါတယ်။

ပြီးတော့မှ စက္ကန့်အနည်းငယ်အကြာမှာ အကာအရံပျောက်သွားပြီး ကိုယ်လိုချင်တဲ့ ဟီးရိုးကို ပြေးလုရမှာပါ။ အဲဒီလို ဟီးရိုးလုရတဲ့ Round တွေမှာ ရတဲ့ Chess Piece / Hero / Champion ကြိုက်သလိုခေါ် အကောင်တိုင်းမှာ Item တစ်ခုစီ ပါပါတယ်။ Item တွေရဲ့ Tier ကလည်း ဂိမ်းချိန်ကြာလာလေ မြင့်တက်လာလေပါပဲ။ ဒီထဲမှာ ရွှေရောင်ဇွန်းလေးနဲ့တူတဲ့ Spatula ဆိုတဲ့ Item ဟာ အရေးကြီးဆုံးလို့ ပြောလို့ရပါတယ်။ ရှေ့က Item တွေ နေရာမှာ ဆက်ရှင်းပြသွားပါ့မယ်။

အဲဒီလို ရွေးပြီးတဲ့နောက်မှာ ကစားသူချင်း မတွေ့ရသေးဘဲ Neutral Creep တွေနဲ့ 3 Rounds ထပ်ချရပါတယ်။ ထုံးစံအတိုင်း သူတို့ကနေ Item တွေကျတယ်။ ပိုပြီးထူးခြားတာက Item တွေတင်မကဘဲ Gold တွေနဲ့ Chess Piece တွေပါ ပေးတာဗျ။

အဲ့တော့ ဘာဖြစ်လဲ ဆိုရင် ကံကောင်းတဲ့လူက စောစောစီးစီး 2 Star Pieces တွေ ရနေနိုင်သလို၊ ပိုက်ဆံလည်း 10 Gold လောက် အသာစီးရသွားနိုင်တယ်။ ဒါပေမယ့် ပေးတဲ့စနစ်ကတော့ ကစားသမားတစ်ယောက်နဲ့တစ်ယောက် အရမ်းမကွာအောင် ညှိထားပေးတယ်လို့ ထင်ပါတယ်။

ပထမဆုံး Stage က 1 – 1 မှာ ဟီးရိုးလုပြီးရင် 1 – 2, 1 – 3, 1 – 4 တို့မှာ Creep နဲ့ချရပါတယ်။ ပြီးရင်တော့ PVP စချရပါပြီ။ အဲ့ဒါကို Second Stage အဖြစ် သတ်မှတ်ကာ 2 – 1 ကနေ စရပါတယ်။ 2 – 3 ထိ PvP 3 Rounds ချပြီးတာနဲ့ တစ်ခါ 2 – 4 မှာ ဟီးရိုးပြန်လုရပါတယ်။ လုပြီးတာနဲ့ PvP 2 Rounds လာမယ်၊ ပြီးရင် နောက်ဆုံး 2 – 7 မှာ Neutral Creep နဲ့ တစ်ခါထပ်ချရပါတယ်။

Stage 1 ပြီးရင် Stage 2 ကနေ စပြီး နောက်ပိုင်းအားလုံး ဒီ Format နဲ့ လည်ပတ်သွားတာပါ။ မြင်သာအောင် ပြရမယ် ဆိုရင်တော့ –

1 – 1 | Champions Buffet

1 – 2 | PvE (Creeps)

1 – 3 | PvE

1 – 4 | PvE

2 – 1 | PvP (Players)

2 – 2 | PvP

2 – 3 | PvP

2 – 4 | Champions Buffet

2 – 5 | PvP

2 – 6 | PvP

2 – 7 | PvE

3 – 1 | PvP

3 – 2 | PvP

3 – 3 | PvP

3 – 4 | Champions Buffet

3 – 5 | PvP

3 – 6 | PvP

3 – 7 | PvE

4 – 1 | … etc ဆိုပြီးသွားတာပါ။ User Interface ရဲ့ အပေါ်အလည်တည့်တည့်မှာ ကိုယ် ဘယ် Round ရောက်နေလဲ ဆိုတာ ဖော်ပြထားပါတယ်။

ပုံမှန် Auto Chess တွေဆိုရင် Stage တစ်ခုမှာ 10 Rounds ပါလေ့ရှိပြီး 5 Rounds တိုင်းမှာ တစ်ခါ Creep နဲ့ ချရပါတယ်။ ဒီမှာက အခုလို ချုံ့ထားတာဟာ TFT ရဲ့ Truly PvP Battle စတိုင်လ်ကြောင့်ပါ။

Truly PvP Battle ဆိုတာ ဘာလဲလို့ မေးလာရင်တော့ ကစားသမားနှစ်ဦးဟာ တကယ်မျက်နှာချင်းဆိုင်ပြီး အိမ်ကွင်းအဝေးကွင်း (သူ့ Arena ကိုယ့် Arena) ချရတာဗျ။ ဒီတော့ နှစ်ယောက်ဆုံတိုင်းမှာ တစ်ယောက်က သွေးလျော့ကို လျော့ပါတယ်။ မူရင်း Auto Chess မှာဆိုရင် တဖက်လူရဲ့ Formation ကပဲ ကိုယ့်ဆီ အမြဲတမ်း အလည်လာတာ၊ ကိုယ်ကလည်း နိုင်တယ်၊ သူကလည်း နိုင်နေတယ် ဆိုရင် ဘယ်သူမှ အမှတ်မလျော့ဘူး။ ဒီတော့ ပွဲပြတ်တာ ပိုမြန်တယ်၊ စိန်ခေါ်မှုပိုမြင့်မားတယ်လို့ မြင်ပါတယ်။

ပေးထားတဲ့ အချိန်သတ်မှတ်ချက်ကျော်သွားတာနဲ့ Chess Piece တွေဟာ Attack ပိုမြန်လာပြီး ပွဲမြန်မြန်ဖြတ်တယ်၊ နှစ်ယောက်လုံးအကုန်သေသွားရင်တောင် အရင်လဲတဲ့လူက အရှုံးပါ။ တကယ်လို့ ကိုယ်က သူများ Arena ကို သွားချရတယ် ဆိုရင် သူ့ရဲ့ Arena Skin ပေါ်မှာ ချရတာဖြစ်တဲ့အတွက် သူသာ ရှားပါးတဲ့ Arena Skin ရှိရင်လည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကိုယ့်မှာ ရှိရင်လည်း အလားတူ သူများကိုကြွားနိုင်တာပေ့ါ။

 

Runes and Qiyana

TFT မှာ ပွဲစလိုက်တာနဲ့ မြေပုံပေါ်မှ အကွက်တစ်ကွက်က Rune ဖြစ်နေတာကို မြင်ရမှာပါ။ အဲဒီ အကွက်မှာ နေရာချထားတဲ့ Chess Piece တွေက သက်ဆိုင်ရာအကျိုးကျေးဇူးကိုရမှာဖြစ်ပါတယ်။

Rune အမျိုးအစားက လေးမျိုးရှိပြီး ရေ၊ လေ၊ မြေ၊ မီး လို့ပဲ မှတ်ထားလိုက်ပါ။ တစ်ခုချင်းစီရဲ့ ထူးခြားချက်က

ရေ – ချထားတဲ့ Chess Piece ဟာ ပွဲမစခင်ထဲက Mana တစ်ဝက်နီးပါး ပြည့်နေမှာပါ။

လေ – Dodge Chance 20% ပေါင်းပေးမှာဖြစ်ပါတယ်။

မြေ – Round တိုင်း ပွဲမစခင် 30HP Permanent ပေါင်းပေးသွားမှာပါ။

မီး – Attack Speed 20% ပေါင်းပေးမှာဖြစ်ပါတယ်။

ဒါတွေက Patch ပေါ်မူတည်ပြီး အပြောင်းအလဲရှိလာနိုင်ပါတယ်။

ဒီပွဲမှာ ဘယ် Rune ပေါ်မယ်ဆိုတာ Round 1 – 2 ကိုရောက်လို့ ပွဲစမှ သိရတာပါ။ ဒါ့အပြင် Round 3 – 1 ကို ရောက်ရင် Rune က တစ်ကွက်ကနေ နှစ်ကွက်ဖြစ်သွားပါတယ်။ သိသာစွာ အားသာတဲ့အတွက် များသောအားဖြင့် Rune နှစ်ကွက်လုံးကို ရအောင်ယူပြီး Formation ခင်းကျင်းကြပါတယ်။

ပေါ်တဲ့အကွက်တွေကပါ Random ဖြစ်တဲ့အတွက် အခြား Drodo Auto Chess, Dota2 Underlords စတဲ့ ဂိမ်းတွေမှာလို Formation အသေတွေနဲ့ သွားလို့မရပါဘူး။ ဒါကတစ်မျိုးပျော်စရာကောင်းစေပါတယ်။

ဒါ့အပြင် ကိုယ်ဘယ်လို Synergy နဲ့ဆော့မယ် ဆိုတာကိုပါ Rune ကိုမူတည်ပြီး ပိုအားသာအောင် ဆော့ယူကြပါတယ်။ ဥပမာ – ရေ ဆိုရင် Mana တက်တဲ့ Ocean + Mage နဲ့ဆော့တာ၊ လေ ဆိုရင် အားလုံးကို Dodge Chance ပေါင်းပေးတဲ့ Cloud + Blademaster စသဖြင့်ပါ။

ဒါတွေက Qiyana နဲ့ ဘာဆိုင်လဲလို့ မေးလာနိုင်ပါတယ်။ ဆိုင်ပါတယ်၊ TFT မှာ Class အတည်တကျ မပါတဲ့ Champion / Chess Piece ၂ ကောင်ရှိပါတယ်။ Qiyana နဲ့ Lux တို့ပါ။ Lux ကတော့ 7 Gold တန်တဲ့ အမြင့်ဆုံး Piece ဖြစ်ပြီး သူ့ရဲ့ Class က Random ဖြစ်ပါတယ်။ ဒါ့ကြောင့် Class Synergy တိုင်းမှာ Lux အတွက်ပါ ထည့်တွက်ပြီး အမြင့်ဆုံး တစ်ခု ချန်ထားပေးကြပါတယ်။

Qiyana ကတော့ ပေါ်တဲ့ Rune ပေါ်မူတည်ပြီး Class ချိန်းတာပါ။ Water – Ocean, Fire – Inferno, Wind – Cloud နဲ့ Earth – Mountain ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ် Rune ကျကျ သူ့ကိုဝယ်လို့ရပါတယ်။ အဲ့ဒါက ထူးခြားချက်ပါ။

 

Items and Combinations

ကဲ နောက်ဆုံးတော့ item တွေဆီ ရောက်လာပါပြီ။ Items တွေကို Champion Buffet ကနေ ကောက်လာတဲ့ Chess Piece တွေနဲ့ Creep တွေဆီက ကျတာ ဆိုပြီး ၂ မျိုး ရနိုင်ပါတယ်။

Item Combination တိုင်းက နှစ်ခုပေါင်းရာကနေ ရပါတယ်။ သုံးလေးခု အဆင့်ဆင့်ပေါင်းတာမျိုး မပါပါဘူး။ သူ့ရဲ့ item တွေက တော်တော်ကို အသုံးဝင်တာပါ။ ဒါ့ကြောင့် TFT ဆော့မယ်ဆိုရင် သူများတွေ ဒီဟီးရိုး (Champion) ကို ဘာ Item ထည့်လဲဆိုတာ လိုက်ကိုကြည့်သင့်ပါတယ်။

နောက်ပြီး အရေးပါဆုံးက Spatula လို့ ခေါ်တဲ့ ရွှေရောင်ဇွန်းပုံသဏ္ဍာန် item လေးပါ။ Spatula နှစ်ခုရခဲ့ရင် ပေါင်းလိုက်တဲ့အခါ ကိုယ့်မှာ လက်ရှိ ရှိနေတဲ့ ဘုတ်ပေါ်က Champion Limit ကို +1 ပေါင်းပေးတဲ့ Force of Nature item ကိုရပါတယ်။ ဒါ့ကြောင့် ကိုယ်က Level 7 ဆိုရင် 8 ကောင်ထိ ချထားခွင့်ရှိပြီး သူများတွေထက် တစ်ကောင်ပိုနေမှာပါ။ အမြင့်ဆုံး Level Cap က ကိုးကောင်သာဖြစ်ပြီး ကိုယ့်မှာ Force of Nature ရှိနေရင် ဟီးရိုးဆယ်ကောင်ချလို့ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လူတိုင်းက Spatula ကို ဦးစားပေးလုကြပါတယ်။

အဲဒါအပြင် အခြား basic item တွေနဲ့ ပေါင်းရင်လည်း သူက ယူထားတဲ့ Champion ကို Class / Role ထပ်ပေါင်းပေးပြန်ပါတယ်။ ဥပမာ – Spatula နဲ့ Chain Vest ပေါင်းလိုက်ရင် ရတဲ့ Warden’s Mail ကို ဝတ်ဆင်တဲ့သူဟာ ဘာကောင်ပဲဖြစ်ဖြစ် Warden အနေနဲ့ ထည့်တွက်မှာဖြစ်ပြီး Synergy Bonus အားလုံးကို ခံစားခွင့်ရသွားပါတယ်။

Teamfight Tactics ဟာ ဖန်တရာတေ Auto Chess ရေစီးကြောင်းထဲမှာ သိသိသာသာကို ကွဲထွက်လာတဲ့ ဂိမ်းတစ်ခုပါ။ Champion တွေရဲ့ Synergy ကို တွက်ချက်ရရုံသာမကဘဲ Item တွေကလည်း ပွဲကို အဖြေပေးသွားတတ်ပါတယ်။ ဒါ့အပြင် လျှင်မြန်တဲ့ Fast Pace PvP ပုံစံပါဝင်တဲ့အတွက် ဆော့ရတာ အစအဆုံး ပျင်းစရာကောင်းမှာ မဟုတ်ပါဘူး။

ဒီဂိမ်းသာ မိုဘိုင်းမှာ ထွက်လာရင် LOL ပရိသတ်တွေလည်း ပြေးဆော့ကြမှာ အမှန်ပါပဲ။ မအောင့်နိုင်ရင်တော့ ကျွန်တော့်လို LOL Client ကို ဒေါင်းပြီးသာ PC မှာ ကြိုဆော့ထားလိုက်ပါလို့ ဆိုချင်ပါတယ်။

#Kyitha

#GamingNoodle

#TFT #GameReview


[ZawGyi]

LOL ရဲ႕ Auto Chess ေျခလွမ္း – Teamfight Tactics

 

၂၀၁၈ ခုႏွစ္အတြင္းမွာ စတင္ေပၚထြက္လာခဲ့ၿပီး အခ်ိန္တုိအတြင္း Hardcore Gamer အမ်ားစုကို ဆြဲေဆာင္လာခဲ့တဲ့ Auto Chess ဟာ Dota 2 Arcaded Mode တစ္ခုအျဖစ္ကေန Standalone ဂိမ္းအျဖစ္ ေျပာင္းလဲႏုိင္ခဲ့ပါတယ္။

သူ႕ရဲ႕ကစားပုံကို Auto-battler လို႔ ေခၚဆုိလာခဲ့ၾကၿပီး သီးသန္႔ Auto Chess ဂိမ္းေတြသာမက အျခား MOBA ဂိမ္းေတြကပါ သူတုိ႔ရဲ႕ ဂိမ္းကာရုိက္တာေတြကို အသုံးျပဳကာ Auto Chess ဗားရွင္းေတြ အသီးသီး ထုတ္ေပးခဲ့ရတဲ့ထိ ေအာင္ျမင္ခဲ့တာပါ။ ဒါ့ေၾကာင့္ Google က ေပးတဲ့ Best Innovative 2019 ဆုကိုပါ စတင္ဖန္တီးခဲ့တဲ့ Team Drodo မွ လက္ခံရရွိခဲ့ပါတယ္။

Dota 2 ရဲ႕ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ League of Legends ကလည္း ဒီေရစီးထဲကို အားက်မခံ လိုက္ပါလာပါတယ္။ သူကေတာ့ ဆယ္ႏွစ္ျပည့္အထိမ္းအမွတ္အေနနဲ႔ ကိုယ္ပိုင္ Auto Chess အပါအဝင္ အမ်ဳိးအစားကြဲ ဂိမ္းမ်ား၊ အန္နီေမးရွင္း ရုပ္ရွင္မ်ားကိုပါ ေၾကညာလာခဲ့တာပါ။ အဲဒီ့ထဲက LOL Auto Chess လို႔ေခၚရမယ့္ ဂိမ္းကေတာ့ Teamfight Tactics ပဲ ျဖစ္ပါတယ္။

Teamfight Tactics ကို LOL Auto Chess လို႔ ေျပာလုိက္တဲ့အတြက္ အျခား Auto Chess ေတြလို ရုိးအီေနတဲ့ Format အေဟာင္းႀကီးေပၚ LOL Char Skin ေလးေတြ ထည့္လာတာလို႔ မထင္လိုက္ပါနဲ႔။ Casual နဲ႔ Hard Gamer အားလုံးကို ဆြဲေဆာင္ႏုိင္ဖုိ႔အတြက္ Kpop Band ေတြနဲ႔ လက္တြဲတာလုိမ်ဳိး အုိင္ဒီယာဆန္းဆန္းျပားျပားေတြလုပ္ခဲ့တဲ့ LOL ဟာ ဒီတစ္ခါမွာလည္း လုံးဝကြဲျပားေနတဲ့ Auto-battler ဂိမ္းတစ္ခုကို ေပးလာခဲ့တာပါ။

ဒီဂိမ္းကို ေလာေလာဆယ္ League of Legends ထဲကပဲ ဝင္ေဆာ့ရမွာျဖစ္ကာ PC ဗားရွင္းေတာင္ Beta ပဲ ထြက္ပါေသးတယ္။ ဒါေပမယ့္ ၿပိဳင္ပြဲေတြေတာင္ က်င္းပေနၾကပါၿပီ။ ကၽြန္ေတာ္ကေတာ့ Garena ကေန ေဆာ့တာျဖစ္ပါတယ္။ မုိဘုိင္းေပၚကို ၂၀၂၀ မွာ ေရာက္လာမယ္လို႔ ယုံၾကည္ရတယ္။

Teamfight Tactics အေျခခံသိစရာမ်ား

ဒီေနရာမွာ Autochess ရဲ႕ ကစားပုံကို ျပန္ရွင္းျပခ်င္ေပမယ့္ ပိုရႈပ္သြားမွာစုိးလုိ႔ TFT ရဲ႕ အေျခခံ Autochess ေတြနဲ႔ ကြာျခားပုံကိုပဲ ေဖာ္ျပသြားပါေတာ့မယ္။

အရင္ဆုံး Auto Chess ဆုိတဲ့ စကားလုံးမွာ ပါတဲ့ Chess ဆုိတဲ့ စကားလုံးအတုိင္း ဂိမ္းေတာ္ေတာ္မ်ားမ်ားမွာ 8×8 ရုိးရာစစ္တုရင္ခုံ Format ကို သုံးၾကပါတယ္။ ဒီမွာေတာ့ Hexagon လို႔ေခၚတဲ့ ဆဌဂံပုံစံ Chessboard ကို အသုံးျပဳထားတယ္။ ဘာကြာသြားလဲ ဆုိရင္ ရုိးရုိး Autochess မွာ Chess Piece တစ္ခုကို Melee Enemy ေလးေယာက္သာ ခ်လို႔ရမွာျဖစ္ေပမယ့္ ဒီမွာေတာ့ ေျခာက္ေယာက္ထိ ဝုိင္းသမႏုိင္မွာပါ။

ေနာက္တစ္ခ်က္က အျခား Autochess ေတြမွာ Spell သုံးဖို႔အတြက္ Mana နဲ႔ Cooldown လိုအပ္ပါတယ္။ ဒီမွာက Cooldown မရွိပါဘူး။ Mana ျပည့္တုိင္း ႀကဳံးမွာပါ။ ကစားရတာ Pace အရမ္းသြက္ပါတယ္။

 

 

Round Format

ကစားသူေတြဟာ ပထမဆုံး Stage မွာ Round ေလးခုကို ျဖတ္သန္းရမွာပါ။ ပထမဆုံး Round မွာ ပိုက္ဆံ မေပးပါဘူး။ ကစားသမား ရွစ္ေယာက္လုံးရဲ႕ ကိုယ္စားျပဳ Avatar ေလးေတြကို စက္ဝုိင္းပုံသ႑ာန္ လည္ပတ္ေနတဲ့ Champion (Hero) ရွစ္ေကာင္ေဘးမွာ ေနရာယူေစပါတယ္။

ၿပီးေတာ့မွ စကၠန္႔အနည္းငယ္အၾကာမွာ အကာအရံေပ်ာက္သြားၿပီး ကိုယ္လိုခ်င္တဲ့ ဟီးရုိးကို ေျပးလုရမွာပါ။ အဲဒီလို ဟီးရိုးလုရတဲ့ Round ေတြမွာ ရတဲ့ Chess Piece / Hero / Champion ႀကိဳက္သလုိေခၚ အေကာင္တုိင္းမွာ Item တစ္ခုစီ ပါပါတယ္။ Item ေတြရဲ႕ Tier ကလည္း ဂိမ္းခ်ိန္ၾကာလာေလ ျမင့္တက္လာေလပါပဲ။ ဒီထဲမွာ ေရႊေရာင္ဇြန္းေလးနဲ႔တူတဲ့ Spatula ဆုိတဲ့ Item ဟာ အေရးႀကီးဆုံးလုိ႔ ေျပာလို႔ရပါတယ္။ ေရွ႕က Item ေတြ ေနရာမွာ ဆက္ရွင္းျပသြားပါ့မယ္။

အဲဒီလို ေရြးၿပီးတဲ့ေနာက္မွာ ကစားသူခ်င္း မေတြ႕ရေသးဘဲ Neutral Creep ေတြနဲ႔ 3 Rounds ထပ္ခ်ရပါတယ္။ ထုံးစံအတုိင္း သူတုိ႔ကေန Item ေတြက်တယ္။ ပိုၿပီးထူးျခားတာက Item ေတြတင္မကဘဲ Gold ေတြနဲ႔ Chess Piece ေတြပါ ေပးတာဗ်။

အဲ့ေတာ့ ဘာျဖစ္လဲ ဆုိရင္ ကံေကာင္းတဲ့လူက ေစာေစာစီးစီး 2 Star Pieces ေတြ ရေနႏုိင္သလို၊ ပိုက္ဆံလည္း 10 Gold ေလာက္ အသာစီးရသြားႏုိင္တယ္။ ဒါေပမယ့္ ေပးတဲ့စနစ္ကေတာ့ ကစားသမားတစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းမကြာေအာင္ ညွိထားေပးတယ္လို႔ ထင္ပါတယ္။

ပထမဆုံး Stage က 1 – 1 မွာ ဟီးရုိးလုၿပီးရင္ 1 – 2, 1 – 3, 1 – 4 တုိ႔မွာ Creep နဲ႔ခ်ရပါတယ္။ ၿပီးရင္ေတာ့ PVP စခ်ရပါၿပီ။ အဲ့ဒါကို Second Stage အျဖစ္ သတ္မွတ္ကာ 2 – 1 ကေန စရပါတယ္။ 2 – 3 ထိ PvP 3 Rounds ခ်ၿပီးတာနဲ႔ တစ္ခါ 2 – 4 မွာ ဟီးရုိးျပန္လုရပါတယ္။ လုၿပီးတာနဲ႔ PvP 2 Rounds လာမယ္၊ ၿပီးရင္ ေနာက္ဆုံး 2 – 7 မွာ Neutral Creep နဲ႔ တစ္ခါထပ္ခ်ရပါတယ္။

Stage 1 ၿပီးရင္ Stage 2 ကေန စၿပီး ေနာက္ပုိင္းအားလုံး ဒီ Format နဲ႔ လည္ပတ္သြားတာပါ။ ျမင္သာေအာင္ ျပရမယ္ ဆုိရင္ေတာ့ –

1 – 1 | Champions Buffet

1 – 2 | PvE (Creeps)

1 – 3 | PvE

1 – 4 | PvE

2 – 1 | PvP (Players)

2 – 2 | PvP

2 – 3 | PvP

2 – 4 | Champions Buffet

2 – 5 | PvP

2 – 6 | PvP

2 – 7 | PvE

3 – 1 | PvP

3 – 2 | PvP

3 – 3 | PvP

3 – 4 | Champions Buffet

3 – 5 | PvP

3 – 6 | PvP

3 – 7 | PvE

4 – 1 | … etc ဆုိၿပီးသြားတာပါ။ User Interface ရဲ႕ အေပၚအလည္တည့္တည့္မွာ ကိုယ္ ဘယ္ Round ေရာက္ေနလဲ ဆုိတာ ေဖာ္ျပထားပါတယ္။

ပုံမွန္ Auto Chess ေတြဆုိရင္ Stage တစ္ခုမွာ 10 Rounds ပါေလ့ရွိၿပီး 5 Rounds တုိင္းမွာ တစ္ခါ Creep နဲ႔ ခ်ရပါတယ္။ ဒီမွာက အခုလို ခ်ဳံ႕ထားတာဟာ TFT ရဲ႕ Truly PvP Battle စတုိင္လ္ေၾကာင့္ပါ။

Truly PvP Battle ဆုိတာ ဘာလဲလုိ႔ ေမးလာရင္ေတာ့ ကစားသမားႏွစ္ဦးဟာ တကယ္မ်က္ႏွာခ်င္းဆုိင္ၿပီး အိမ္ကြင္းအေဝးကြင္း (သူ႕ Arena ကုိယ့္ Arena) ခ်ရတာဗ်။ ဒီေတာ့ ႏွစ္ေယာက္ဆုံတုိင္းမွာ တစ္ေယာက္က ေသြးေလ်ာ့ကို ေလ်ာ့ပါတယ္။ မူရင္း Auto Chess မွာဆုိရင္ တဖက္လူရဲ႕ Formation ကပဲ ကုိယ့္ဆီ အျမဲတမ္း အလည္လာတာ၊ ကိုယ္ကလည္း ႏုိင္တယ္၊ သူကလည္း ႏုိင္ေနတယ္ ဆုိရင္ ဘယ္သူမွ အမွတ္မေလ်ာ့ဘူး။ ဒီေတာ့ ပြဲျပတ္တာ ပိုျမန္တယ္၊ စိန္ေခၚမႈပိုျမင့္မားတယ္လို႔ ျမင္ပါတယ္။

ေပးထားတဲ့ အခ်ိန္သတ္မွတ္ခ်က္ေက်ာ္သြားတာနဲ႔ Chess Piece ေတြဟာ Attack ပိုျမန္လာၿပီး ပြဲျမန္ျမန္ျဖတ္တယ္၊ ႏွစ္ေယာက္လုံးအကုန္ေသသြားရင္ေတာင္ အရင္လဲတဲ့လူက အရႈံးပါ။ တကယ္လုိ႔ ကိုယ္က သူမ်ား Arena ကုိ သြားခ်ရတယ္ ဆုိရင္ သူ႕ရဲ႕ Arena Skin ေပၚမွာ ခ်ရတာျဖစ္တဲ့အတြက္ သူသာ ရွားပါးတဲ့ Arena Skin ရွိရင္လည္း ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ကုိယ့္မွာ ရွိရင္လည္း အလားတူ သူမ်ားကိုၾကြားႏုိင္တာေပ့ါ။

 

Runes and Qiyana

TFT မွာ ပြဲစလိုက္တာနဲ႔ ေျမပုံေပၚမွ အကြက္တစ္ကြက္က Rune ျဖစ္ေနတာကို ျမင္ရမွာပါ။ အဲဒီ အကြက္မွာ ေနရာခ်ထားတဲ့ Chess Piece ေတြက သက္ဆုိင္ရာအက်ဳိးေက်းဇူးကိုရမွာျဖစ္ပါတယ္။

Rune အမ်ဳိးအစားက ေလးမ်ဳိးရွိၿပီး ေရ၊ ေလ၊ ေျမ၊ မီး လို႔ပဲ မွတ္ထားလိုက္ပါ။ တစ္ခုခ်င္းစီရဲ႕ ထူးျခားခ်က္က

ေရ – ခ်ထားတဲ့ Chess Piece ဟာ ပြဲမစခင္ထဲက Mana တစ္ဝက္နီးပါး ျပည့္ေနမွာပါ။

ေလ – Dodge Chance 20% ေပါင္းေပးမွာျဖစ္ပါတယ္။

ေျမ – Round တုိင္း ပြဲမစခင္ 30HP Permanent ေပါင္းေပးသြားမွာပါ။

မီး – Attack Speed 20% ေပါင္းေပးမွာျဖစ္ပါတယ္။

ဒါေတြက Patch ေပၚမူတည္ၿပီး အေျပာင္းအလဲရွိလာႏုိင္ပါတယ္။

ဒီပြဲမွာ ဘယ္ Rune ေပၚမယ္ဆုိတာ Round 1 – 2 ကိုေရာက္လို႔ ပြဲစမွ သိရတာပါ။ ဒါ့အျပင္ Round 3 – 1 ကုိ ေရာက္ရင္ Rune က တစ္ကြက္ကေန ႏွစ္ကြက္ျဖစ္သြားပါတယ္။ သိသာစြာ အားသာတဲ့အတြက္ မ်ားေသာအားျဖင့္ Rune ႏွစ္ကြက္လုံးကို ရေအာင္ယူၿပီး Formation ခင္းက်င္းၾကပါတယ္။

ေပၚတဲ့အကြက္ေတြကပါ Random ျဖစ္တဲ့အတြက္ အျခား Drodo Auto Chess, Dota2 Underlords စတဲ့ ဂိမ္းေတြမွာလုိ Formation အေသေတြနဲ႔ သြားလို႔မရပါဘူး။ ဒါကတစ္မ်ဳိးေပ်ာ္စရာေကာင္းေစပါတယ္။

ဒါ့အျပင္ ကိုယ္ဘယ္လို Synergy နဲ႔ေဆာ့မယ္ ဆုိတာကိုပါ Rune ကိုမူတည္ၿပီး ပိုအားသာေအာင္ ေဆာ့ယူၾကပါတယ္။ ဥပမာ – ေရ ဆုိရင္ Mana တက္တဲ့ Ocean + Mage နဲ႔ေဆာ့တာ၊ ေလ ဆုိရင္ အားလုံးကို Dodge Chance ေပါင္းေပးတဲ့ Cloud + Blademaster စသျဖင့္ပါ။

ဒါေတြက Qiyana နဲ႔ ဘာဆုိင္လဲလို႔ ေမးလာႏုိင္ပါတယ္။ ဆုိင္ပါတယ္၊ TFT မွာ Class အတည္တက် မပါတဲ့ Champion / Chess Piece ၂ ေကာင္ရွိပါတယ္။ Qiyana နဲ႔ Lux တုိ႔ပါ။ Lux ကေတာ့ 7 Gold တန္တဲ့ အျမင့္ဆုံး Piece ျဖစ္ၿပီး သူ႕ရဲ႕ Class က Random ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Class Synergy တုိင္းမွာ Lux အတြက္ပါ ထည့္တြက္ၿပီး အျမင့္ဆုံး တစ္ခု ခ်န္ထားေပးၾကပါတယ္။

Qiyana ကေတာ့ ေပၚတဲ့ Rune ေပၚမူတည္ၿပီး Class ခ်ိန္းတာပါ။ Water – Ocean, Fire – Inferno, Wind – Cloud နဲ႔ Earth – Mountain ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဘယ္ Rune က်က် သူ႕ကိုဝယ္လုိ႔ရပါတယ္။ အဲ့ဒါက ထူးျခားခ်က္ပါ။

 

Items and Combinations

ကဲ ေနာက္ဆုံးေတာ့ item ေတြဆီ ေရာက္လာပါၿပီ။ Items ေတြကို Champion Buffet ကေန ေကာက္လာတဲ့ Chess Piece ေတြနဲ႔ Creep ေတြဆီက က်တာ ဆုိၿပီး ၂ မ်ဳိး ရႏုိင္ပါတယ္။

Item Combination တုိင္းက ႏွစ္ခုေပါင္းရာကေန ရပါတယ္။ သုံးေလးခု အဆင့္ဆင့္ေပါင္းတာမ်ဳိး မပါပါဘူး။ သူ႕ရဲ႕ item ေတြက ေတာ္ေတာ္ကို အသုံးဝင္တာပါ။ ဒါ့ေၾကာင့္ TFT ေဆာ့မယ္ဆုိရင္ သူမ်ားေတြ ဒီဟီးရုိး (Champion) ကုိ ဘာ Item ထည့္လဲဆုိတာ လုိက္ကိုၾကည့္သင့္ပါတယ္။

ေနာက္ၿပီး အေရးပါဆုံးက Spatula လို႔ ေခၚတဲ့ ေရႊေရာင္ဇြန္းပုံသ႑ာန္ item ေလးပါ။ Spatula ႏွစ္ခုရခဲ့ရင္ ေပါင္းလုိက္တဲ့အခါ ကိုယ့္မွာ လက္ရွိ ရွိေနတဲ့ ဘုတ္ေပၚက Champion Limit ကို +1 ေပါင္းေပးတဲ့ Force of Nature item ကိုရပါတယ္။ ဒါ့ေၾကာင့္ ကိုယ္က Level 7 ဆုိရင္ 8 ေကာင္ထိ ခ်ထားခြင့္ရွိၿပီး သူမ်ားေတြထက္ တစ္ေကာင္ပိုေနမွာပါ။ အျမင့္ဆုံး Level Cap က ကိုးေကာင္သာျဖစ္ၿပီး ကိုယ့္မွာ Force of Nature ရွိေနရင္ ဟီးရုိးဆယ္ေကာင္ခ်လို႔ရမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လူတုိင္းက Spatula ကုိ ဦးစားေပးလုၾကပါတယ္။

 

အဲဒါအျပင္ အျခား basic item ေတြနဲ႔ ေပါင္းရင္လည္း သူက ယူထားတဲ့ Champion ကုိ Class / Role ထပ္ေပါင္းေပးျပန္ပါတယ္။ ဥပမာ – Spatula နဲ႔ Chain Vest ေပါင္းလုိက္ရင္ ရတဲ့ Warden’s Mail ကို ဝတ္ဆင္တဲ့သူဟာ ဘာေကာင္ပဲျဖစ္ျဖစ္ Warden အေနနဲ႔ ထည့္တြက္မွာျဖစ္ၿပီး Synergy Bonus အားလုံးကို ခံစားခြင့္ရသြားပါတယ္။

Teamfight Tactics ဟာ ဖန္တရာေတ Auto Chess ေရစီးေၾကာင္းထဲမွာ သိသိသာသာကို ကြဲထြက္လာတဲ့ ဂိမ္းတစ္ခုပါ။ Champion ေတြရဲ႕ Synergy ကို တြက္ခ်က္ရရုံသာမကဘဲ Item ေတြကလည္း ပြဲကုိ အေျဖေပးသြားတတ္ပါတယ္။ ဒါ့အျပင္ လွ်င္ျမန္တဲ့ Fast Pace PvP ပုံစံပါဝင္တဲ့အတြက္ ေဆာ့ရတာ အစအဆုံး ပ်င္းစရာေကာင္းမွာ မဟုတ္ပါဘူး။

ဒီဂိမ္းသာ မုိဘုိင္းမွာ ထြက္လာရင္ LOL ပရိသတ္ေတြလည္း ေျပးေဆာ့ၾကမွာ အမွန္ပါပဲ။ မေအာင့္ႏုိင္ရင္ေတာ့ ကၽြန္ေတာ့္လို LOL Client ကို ေဒါင္းၿပီးသာ PC မွာ ႀကိဳေဆာ့ထားလိုက္ပါလုိ႔ ဆုိခ်င္ပါတယ္။

#Kyitha

#GamingNoodle

#TFT #GameReview