[Unicode]

Alliance ရဲ့ လူစာရင်း အပြောင်းအလဲကို ရှင်းပြခဲ့တဲ့ နည်းပြ Loda

 

နာမည်ကျော် Dota 2 အသင်းတစ်သင်းဖြစ်တဲ့ Alliance ဟာ ယခုလ အစောပိုင်းတုန်းက ထင်မှတ်မထားတဲ့ အသင်းသားအပြောင်းအလဲများကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ အသင်းခေါင်းဆောင်ဖြစ်သူ position 5 ကစားသမား Fata နဲ့ offlane ကစားသမား 33 တို့ကို အသင်းက ထွက်ခွာခွင့်ပြုလိုက်ပြီး TI3 ကို အနိုင်ရခဲ့စဉ်က အသင်းသားဟောင်းကြီး S4 ကို ပြန်လည်ခေါ်ယူလိုက်တာပဲ ဖြစ်ပါတယ်။

Alliance အသင်းဟာ မူလကစားသမားစာရင်းအတိုင်းဆိုရင် DPC point ပေါင်း ၁၉၂၀ ရရှိထားပြီး နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေနိုင်ခဲ့တာမို့ ဒီလိုအသင်းသားအပြောင်းအလဲပြုလုပ်ခဲ့ခြင်းကို ပရိသတ်များ အံ့အားသင့်ခဲ့ရပါတယ်။ မည်သို့ပင်ဖြစ်စေ Alliance တို့ဟာ လာမယ့် သြဂုတ်လမှာ ကျင်းပမယ့် TI10 ကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ဆက်လက်ပြင်ဆင်ကြဦးမှာပါ။

Alliance အသင်းရဲ့ TI အနိုင်ရကစားသမားဟောင်းဖြစ်ခဲ့ပြီး ယခုအချိန်မှာ အဖွဲ့အစည်းရဲ့ ဥက္ကဌနဲ့ တွဲဖက်တည်ထောင်သူအဖြစ် တာဝန်ယူထားသူ Loda က အသင်းသား အပြောင်းအလဲ ပြုလုပ်ရခြင်း အကြောင်းအရင်းများကို ဆွီဒင်မီဒီယာတစ်ခုဖြစ်တဲ့ EXPRESSEN နဲ့ အင်တာဗျူးမှာ ပြောပြသွားခဲ့ပါတယ်။ Loda ရဲ့ အဆိုအရ ဒီလိုပြုလုပ်နိုင်ဖို့အတွက် အတော်ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချခဲ့ရတယ်လို့ ဆိုပါတယ်။

Loda ရဲ့ ပြောကြားချက်များထဲမှာတော့ အပြောင်းအရွှေ့မပြုလုပ်ရသေးခင်ထဲက အသင်းထဲမှာ ကစားသမားများ ကွဲပြားနေတာ အတော်ကြာပြီဖြစ်ကြောင်း၊ ကြီးမားတဲ့ကိစ္စမျိုးတော့ မရှိပေမယ့် Fata နဲ့ 33 တို့ဟာ အသင်းနဲ့အတူလျှောက်လှမ်းနေတဲ့ လမ်းခရီးကနေ ခွဲထွက်ချင်နေခဲ့ကြကြောင်း၊ ဒါပေမယ့် နည်းလမ်းပေါင်းစုံနဲ့ အဆင်ပြေအောင် ကြိုးပမ်းမှုများနဲ့ လေ့ကျင့်မှုများပြုလုပ်ခဲ့သေးကြောင်း အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

အသင်းတစ်ခုအတွင်းမှာ အပေးအယူမျှနေဖို့ လိုအပ်သလို အသင်းကောင်းစွာလည်ပတ်နိုင်စွမ်း ရှိနေဖို့ဟာလည်း အရေးကြီးကြောင်း၊ ကိုယ်တိုင်လည်း ကစားသမားတစ်ယောက်ဖြစ်ဖူးတဲ့အတွက် အသင်းတစ်ခုအတွင်းမှာ တခြားသူများနဲ့ အဆင်မပြေဖြစ်လေ့ရှိတာကို နားလည်ကြောင်း၊ ဒါပေမယ့် အသင်းကောင်းစွာလည်ပတ်နိုင်စွမ်း မရှိနိုင်တော့ရင် အခုလိုပဲ ကွဲကွာသွားတတ်ကြကြောင်း အစရှိသဖြင့်လည်း Loda က ပြောခဲ့ပါတယ်။

S4 & Loda in TI3

ဆက်လက်ပြီး Loda က ၂၀၁၃ ခုနှစ် Alliance ခေတ်ကောင်းနေချိန်ကလည်း ဒီလိုကိစ္စများဖြစ်ဖူးကြောင်း၊ ထိုစဉ်က အသင်းဟာ ရလဒ်များလွန်စွာကောင်းနေခဲ့ပေမယ့် အဆုံးမှာတော့ အသင်းသားတစ်ဦး ထွက်ခွာသွားလို့ အပြောင်းအလဲလုပ်ခဲ့ရကြောင်း၊ အသင်းတစ်ခုအတွင်းက ကစားသမားတစ်ဦးဟာ ကျန်အသင်းသားများနဲ့ မတူညီတဲ့လမ်းခရီးကို လျှောက်လှမ်းလိုစိတ် ဖြစ်ပေါ်နေရင် ထွက်ခွာဖို့ကိစ္စများ ပေါ်ပေါက်လာမှာပဲဖြစ်ကြောင်း အစရှိသဖြင့်လည်း ပြောခဲ့ပါတယ်။

ဒီလိုအသင်းသားအပြောင်းအလဲပြုလုပ်လိုက်တဲ့အတွက် Alliance အသင်းအနေနဲ့ TI10 ကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အခက်အခဲများစွာ ပေါ်ပေါက်လာနိုင်မှန်း သိထားကြောင်း၊ မူလကစားသမားစာရင်းအတိုင်းဆိုရင် TI10 ဝင်ရောက်ခွင့်ကို အလွယ်တကူရသွားနိုင်ကြောင်း၊ ဒါပေမယ့် တစ်ခါတစ်လေမှာ အပြောင်းအလဲ လုပ်ကိုလုပ်ရမယ့် အခြေအနေများရှိကြောင်း၊ ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ TI ပြိုင်ပွဲကြီးအကြောင်းကို များများစားစား တွေးနေလို့ မရတော့ကြောင်း စသဖြင့်လည်း Loda က ပြောခဲ့ပါတယ်။

Alliance ESL ONE LA Roster with Stand-in Xibbe

ထွက်ခွာသွားတဲ့ Fata နဲ့ 33 တို့နေရာမှာ S4 တစ်ဦးတည်းကိုသာ ခေါ်ယူရသေးတာမို့ Alliance အသင်းသားသစ်တစ်ဦးလိုအပ်နေဆဲပါ။ ကျန်ရှိနေခဲ့တဲ့အသင်းသား ၃ ဦးဖြစ်ကြတဲ့ Nikobaby, Limmp နဲ့ Handsken တို့က ဒီအပြောင်းအလဲပြုလုပ်ဖို့ အပြည့်အဝသဘောတူညီခဲ့ကြောင်းကိုလည်း Loda က ဖြေကြားခဲ့ပါသေးတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: vpgame, expressen.se


[ZawGyi]

Alliance ရဲ႕ လူစာရင္း အေျပာင္းအလဲကို ရွင္းျပခဲ့တဲ့ နည္းျပ Loda

 

နာမည္ေက်ာ္ Dota 2 အသင္းတစ္သင္းျဖစ္တဲ့ Alliance ဟာ ယခုလ အေစာပိုင္းတုန္းက ထင္မွတ္မထားတဲ့ အသင္းသားအေျပာင္းအလဲမ်ားကို ျပဳလုပ္ခဲ့ပါတယ္။ အဲဒါကေတာ့ အသင္းေခါင္းေဆာင္ျဖစ္သူ position 5 ကစားသမား Fata နဲ႔ offlane ကစားသမား 33 တို႔ကို အသင္းက ထြက္ခြာခြင့္ျပဳလိုက္ၿပီး TI3 ကို အႏိုင္ရခဲ့စဥ္က အသင္းသားေဟာင္းႀကီး S4 ကို ျပန္လည္ေခၚယူလိုက္တာပဲ ျဖစ္ပါတယ္။

Alliance အသင္းဟာ မူလကစားသမားစာရင္းအတိုင္းဆိုရင္ DPC point ေပါင္း ၁၉၂၀ ရရွိထားၿပီး နဲ႔ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနႏိုင္ခဲ့တာမို႔ ဒီလိုအသင္းသားအေျပာင္းအလဲျပဳလုပ္ခဲ့ျခင္းကို ပရိသတ္မ်ား အံ့အားသင့္ခဲ့ရပါတယ္။ မည္သို႔ပင္ျဖစ္ေစ Alliance တို႔ဟာ လာမယ့္ ၾသဂုတ္လမွာ က်င္းပမယ့္ TI10 ကို ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ဖို႔အတြက္ ဆက္လက္ျပင္ဆင္ၾကဦးမွာပါ။

Alliance အသင္းရဲ႕ TI အႏိုင္ရကစားသမားေဟာင္းျဖစ္ခဲ့ၿပီး ယခုအခ်ိန္မွာ အဖြဲ႕အစည္းရဲ႕ ဥကၠဌနဲ႔ တြဲဖက္တည္ေထာင္သူအျဖစ္ တာဝန္ယူထားသူ Loda က အသင္းသား အေျပာင္းအလဲ ျပဳလုပ္ရျခင္း အေၾကာင္းအရင္းမ်ားကို ဆြီဒင္မီဒီယာတစ္ခုျဖစ္တဲ့ EXPRESSEN နဲ႔ အင္တာဗ်ဴးမွာ ေျပာျပသြားခဲ့ပါတယ္။ Loda ရဲ႕ အဆိုအရ ဒီလိုျပဳလုပ္ႏိုင္ဖို႔အတြက္ အေတာ္ခက္ခက္ခဲခဲဆုံးျဖတ္ခ်က္ခ်ခဲ့ရတယ္လို႔ ဆိုပါတယ္။

Loda ရဲ႕ ေျပာၾကားခ်က္မ်ားထဲမွာေတာ့ အေျပာင္းအေ႐ႊ႕မျပဳလုပ္ရေသးခင္ထဲက အသင္းထဲမွာ ကစားသမားမ်ား ကြဲျပားေနတာ အေတာ္ၾကာၿပီျဖစ္ေၾကာင္း၊ ႀကီးမားတဲ့ကိစၥမ်ိဳးေတာ့ မရွိေပမယ့္ Fata နဲ႔ 33 တို႔ဟာ အသင္းနဲ႔အတူေလွ်ာက္လွမ္းေနတဲ့ လမ္းခရီးကေန ခြဲထြက္ခ်င္ေနခဲ့ၾကေၾကာင္း၊ ဒါေပမယ့္ နည္းလမ္းေပါင္းစုံနဲ႔ အဆင္ေျပေအာင္ ႀကိဳးပမ္းမႈမ်ားနဲ႔ ေလ့က်င့္မႈမ်ားျပဳလုပ္ခဲ့ေသးေၾကာင္း အစရွိသျဖင့္ ပါဝင္ခဲ့ပါတယ္။

အသင္းတစ္ခုအတြင္းမွာ အေပးအယူမွ်ေနဖို႔ လိုအပ္သလို အသင္းေကာင္းစြာလည္ပတ္ႏိုင္စြမ္း ရွိေနဖို႔ဟာလည္း အေရးႀကီးေၾကာင္း၊ ကိုယ္တိုင္လည္း ကစားသမားတစ္ေယာက္ျဖစ္ဖူးတဲ့အတြက္ အသင္းတစ္ခုအတြင္းမွာ တျခားသူမ်ားနဲ႔ အဆင္မေျပျဖစ္ေလ့ရွိတာကို နားလည္ေၾကာင္း၊ ဒါေပမယ့္ အသင္းေကာင္းစြာလည္ပတ္ႏိုင္စြမ္း မရွိႏိုင္ေတာ့ရင္ အခုလိုပဲ ကြဲကြာသြားတတ္ၾကေၾကာင္း အစရွိသျဖင့္လည္း Loda က ေျပာခဲ့ပါတယ္။

S4 & Loda in TI3

ဆက္လက္ၿပီး Loda က ၂၀၁၃ ခုႏွစ္ Alliance ေခတ္ေကာင္းေနခ်ိန္ကလည္း ဒီလိုကိစၥမ်ားျဖစ္ဖူးေၾကာင္း၊ ထိုစဥ္က အသင္းဟာ ရလဒ္မ်ားလြန္စြာေကာင္းေနခဲ့ေပမယ့္ အဆုံးမွာေတာ့ အသင္းသားတစ္ဦး ထြက္ခြာသြားလို႔ အေျပာင္းအလဲလုပ္ခဲ့ရေၾကာင္း၊ အသင္းတစ္ခုအတြင္းက ကစားသမားတစ္ဦးဟာ က်န္အသင္းသားမ်ားနဲ႔ မတူညီတဲ့လမ္းခရီးကို ေလွ်ာက္လွမ္းလိုစိတ္ ျဖစ္ေပၚေနရင္ ထြက္ခြာဖို႔ကိစၥမ်ား ေပၚေပါက္လာမွာပဲျဖစ္ေၾကာင္း အစရွိသျဖင့္လည္း ေျပာခဲ့ပါတယ္။

ဒီလိုအသင္းသားအေျပာင္းအလဲျပဳလုပ္လိုက္တဲ့အတြက္ Alliance အသင္းအေနနဲ႔ TI10 ကို ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ေရးအတြက္ အခက္အခဲမ်ားစြာ ေပၚေပါက္လာႏိုင္မွန္း သိထားေၾကာင္း၊ မူလကစားသမားစာရင္းအတိုင္းဆိုရင္ TI10 ဝင္ေရာက္ခြင့္ကို အလြယ္တကူရသြားႏိုင္ေၾကာင္း၊ ဒါေပမယ့္ တစ္ခါတစ္ေလမွာ အေျပာင္းအလဲ လုပ္ကိုလုပ္ရမယ့္ အေျခအေနမ်ားရွိေၾကာင္း၊ ဒါေၾကာင့္ ဒီတစ္ႀကိမ္မွာေတာ့ TI ၿပိဳင္ပြဲႀကီးအေၾကာင္းကို မ်ားမ်ားစားစား ေတြးေနလို႔ မရေတာ့ေၾကာင္း စသျဖင့္လည္း Loda က ေျပာခဲ့ပါတယ္။

Alliance ESL ONE LA Roster with Stand-in Xibbe

ထြက္ခြာသြားတဲ့ Fata နဲ႔ 33 တို႔ေနရာမွာ S4 တစ္ဦးတည္းကိုသာ ေခၚယူရေသးတာမို႔ Alliance အသင္းသားသစ္တစ္ဦးလိုအပ္ေနဆဲပါ။ က်န္ရွိေနခဲ့တဲ့အသင္းသား ၃ ဦးျဖစ္ၾကတဲ့ Nikobaby, Limmp နဲ႔ Handsken တို႔က ဒီအေျပာင္းအလဲျပဳလုပ္ဖို႔ အျပည့္အဝသေဘာတူညီခဲ့ေၾကာင္းကိုလည္း Loda က ေျဖၾကားခဲ့ပါေသးတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: vpgame, expressen.se