[ZawGyi]
[Unicode]
ပြည်တွင်း Animation Studio ဖြစ်တဲ့ Pencell နဲ့ ပူးပေါင်းထုတ်လုပ်မယ့် AKgoLive
ပြည်တွင်း နာမည်ကြီး ဂိမ်း Streamer တစ်ဦးဖြစ်တဲ့ AKgoLive ဟာ စက်တင်ဘာ (၂၂) ရက်နေ့မှာ သူ့ရဲ့ Pre Birthday and Fan Meeting ပွဲကို ရန်ကုန်မြို့ Junction City ရှိ Promotion Area မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲဟာတော့ လာမယ့် စက်တင်ဘာ ၂၅ ရက်နေ့မှာ (၂၅) နှစ်ပြည့်မယ့် Arkar Tun ခေါ် AKgoLive ရဲ့ မွေးနေ့အကြိုနဲ့ သူ့ရဲ့ပရိသတ်တွေနဲ့ ဆုံတွေ့နိုင်ဖို့အတွက် ရည်ရွယ် ကျင်းပတာဖြစ်ပြီး ပြည်တွင်း ဂိမ်း Personality တစ်ဦးအနေနဲ့ Public Area တစ်ခုမှာ ပထမဆုံးကျင်းပတဲ့ Fan Meeting လို့ ယူဆနိုင်ပါတယ်။ ထိုပွဲကိုတော့ Samaung Myanmar မှ ဦးဆောင် ကျင်းပပြီး Tier One Entertainment မှ စီစဉ်ကာ POND’s Men, Clear နဲ့ Sunkist တို့ ကူညီပံပိုးပေးခဲ့ပါတယ်။
အဆိုပါပွဲမှာတော့ AKgoLive ဟာ သူနဲ့ Pencell Studio တို့ပူးပေါင်း ပုံဖော်ထားတဲ့ Animation Mascot ဇာတ်ကောင်လေး (၅) မျိုးကို မိတ်ဆက်ပေးခဲ့ပါတယ်။
(Pencell Studio ဆိုတာမြန်မာလူငယ်များ ဦးဆောင်နေတဲ့ ပြည်တွင်း Animation Studio တစ်ခုဖြစ်ပါတယ်။ သူတို့ဖန်းတီးခဲ့တဲ့ Big Bag ရဲ့ “သတိရတယ်” သီချင်းနဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ “ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းတွေရဲ့ Music Video တွေဟာ လူငယ်တွေအကြား အလွန် ရေးပန်းစားခဲ့ပြီး Mytel,JCGV တို့ရဲ့ Commercial Video တွေဟာလည်း လူကြိုက်များပါတယ်။)
Some of Pencell’s famous works
အချိန် (၂) လခန့်ယူပြီး ဖန်တီးထားတဲ့ သိရှိထားတဲ့ အဆိုပါ ဇာတ်ကောင်လေးတွေကို AK’s လို့ အမည်ပေးထားပါတယ်။ ထိုဇာတ်ကောင်လေးတွေဟာ AKgoLive ရဲ့ စိတ်ခံစားမှုတွေ အပေါ်မူတည်ပြီး ပုံဖော်ဖန်တီးထားတာဖြစ်ကြောင်း Pencell Studio ရဲ့ Creative Director “Ko Ae Chan Aung” က အဆိုပါပွဲမှာ ရှင်းပြခဲ့ပါတယ်။
AKgoLive ရဲ့ စိတ်တိုနေပုံ (Angry)၊ ဝမ်းနည်းနေပုံ (Moody/Sad)၊ ပြောင်စပ်စပ်ဖြစ်နေပုံ (Bully)၊ ချစ်ခင်နှစ်သက်ဖွယ် ကောင်းနေပုံ (Lovely)၊ ပျော်ရွှင်နေပုံ (Happy) စတဲ့ Mode (၅) မျိုးပေါ် အခြေခံပြီး အရောင် (၅) ရောင်နဲ့ ဖန်တီးထားတဲ့ ဒီ Mascot ဇာတ်ကောင်လေးတွေဟာ AK နဲ့ သူ့ပရိသတ်တွေအကြား ပိုမိုချိတ်ဆက်နိုင်ဖို့အတွက် ရည်ရွယ်တယ်လို့ သိရှိရပါတယ်။ AKgoLive ရဲ့ အမာခံ ပရိသတ်တွေအတွက် အဆိုပါ ဇာတ်ကောင်လေးတွေပါဝင်မယ့် T-shirt တွေ အသုံးအဆောင်ပစ္စည်းတွေ ရိုက်နှိပ် ရောင်းချဖို့ အစီအစဉ်ရှိပြီး ဝယ်ယူလိုပါက “Aquarius S” Facebook page မှာ စုံစမ်းဝယ်ယူနိုင်ကြောင်း သိရှိရပါတယ်။
မြန်မာနိုင်ငံမှာ Esports အသင်းတွေ ကစားသမားတွေ Streamer တွေ အခြား Personality တွေရဲ့ အမှန်တံဆိပ်တွေနဲ့ အင်္ကျီတွေ အသုံးအဆောင်တွေ ရိုက်နှိပ်ရောင်းချခဲ့ဖူးပေးမယ့် ယခုလို ကိုယ်ပိုင် Mascot ဇာတ်ကောင်တွေဖန်တီး အသုံးပြုခဲ့တာကတော့ ပထမဦးဆုံးလို့ ယူဆရပါတယ်။ မြန်မာနိုင်ငံမှာလည်း 2019 ခုနှစ်ဟာ Esports ရဲ့ အဖွံဖြိုးဆုံးနှစ်လို့ သတ်မှတ်လို့ရအောင်ပဲ တိုးတက်မှုအများအပြားကို မြင်တွေ့နိုင်မှာပါ။ မကြာခင် စတင်တော့မယ့် ၂၀၁၉ ရဲ့ Last Quarter မှာလည်း ဘယ်လို အပြောင်းအလဲတွေ ထပ်မံမြင်တွေရဦးမယ်ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ကြပါစို့ ခင်ဗျာ။