Troll တို့ရဲ့သေခြင်းနတ်ဘုရား Loa of death, Bwonsamdi

 

ကျွန်တော် ရှေ့အပတ်က ဖော်ပြခဲ့သလိုပဲ troll တို့ ကိုးကွယ်တဲ့ Loa နတ်တွေထဲမှာ Loa of death ဖြစ်တဲ့ Bwonsamdi က ကိုးကွယ်သူနောက်လိုက် အနည်းဆုံးဖြစ်တာကြောင့် အဆင့်အနိမ့်ဆုံးလို့ သတ်မှတ်လို့ ရပါတယ်။ တကယ်တော့ Loa တွေအတွက် ယုံကြည်ကိုးကွယ်ခံရဖို့က အရမ်းအရေးကြီးတယ်ဗျ၊ သူတို့ကို ဘယ်သူမှ ကိုးကွယ်တဲ့သူမရှိတော့ရင် တဖြည်းဖြည်း Loa အစွမ်းတွေပျောက်လာပြီး အမေ့ခံ Loa အဖြစ်နဲ့ ပျောက်ကွယ်သွားကြမှာပါ။

Bwonsamdi

god of sky တွေ god of hunt တွေ အစရှိတဲ့ တခြား Loa တွေအတွက် ကိုးကွယ်သူ မရှားပေမဲ့ Loa of death အတွက်ကတော့ ကိုးကွယ်မဲ့သူ နဂိုထဲက ခပ်ရှားရှားပါ၊ ဘယ်သူမှ သေခြင်းနဲ့ မပတ်သတ်ချင်ကြပါဘူး။ Bwonsamdi မတိုင်ခင်က Mueh’zala အမည်ရတဲ့ Loa of Death တပါး ရှိခဲ့ဖူးပါသေးတယ် နောက်ပိုင်း ကိုးကွယ်သူတွေ တိမ်ကောသွားပြီး အမေ့လျော့ခံ Loa အနေနဲ့ ပျောက်ကွယ်သွားတာပါ။ ဒီတော့ Bwonsamdi က သူ့အလှည့် အဲ့လိုမဖြစ်အောင် သူနည်းသူ့ဟန်နဲ့ ကြံတော့တာပေါ့လေ။

Loa of Death အနေနဲ့ သူလုပ်နိုင်တာကတော့ soul တွေကို ကိုင်တွယ်တာပါပဲ၊ ကျတော်တို့ warcraft verse မှာ soul ဆိုတာ သန့်စင်တဲ့ စွမ်းအင်တစ်ခုပဲမဟုတ်လား၊ ဒီတော့ Bwonsamdi က troll တွေသေရင် သူတို့ရဲ့ soul တွေကို သိမ်းထားလိုက်တယ် နောက်ဘဝ ပေးမကူးတော့ဘူး၊ သူ့ကိုယ်ပိုင် pocket dimension တစ်ခု ဖန်ဆင်းပြီးတော့ အဲ့ soul တွေ အကုန်လုံးကို ထာဝရသိမ်းထားလိုက်ပါတယ်။ သူပိုင်တဲ့ soul တွေ များလာလေလေ သူ့ Loa ပါဝါတွေလဲ တက်လာလေလေပေါ့၊ သူပိုင်တဲ့ troll တွေရဲ့ ဝိဉာဉ်မှ မဟုတ်ပါဘူး သူနဲ့ အပေးအယူလုပ်ထားတဲ့ ဘယ်သူမဆို သေတာနဲ့ သူ့အပိုင်ဖြစ်သွားပါပြီ။

Vol’jin

ဒါပေမဲ့ ထူးထူးခြားခြား Bwonsamdi ကို ကိုးကွယ်ကြတဲ့ ရှားရှားပါးပါး troll တွေထဲမှာ ထိပ်ဆုံးက ပါနေတာကတော့ Vol’jin နဲ့သူ့ရဲ့ Darkspear troll တွေပါပဲ။ Darkspear troll တွေဟာ ဟိုရှေးပဝေသနီ San’jin (witch doctor) လက်ထက် warcraft III ကာလတွေထဲက the great spirit လို့ခေါ်တဲ့ လူသိမခံတဲ့ Loa တစ်ပါးကို ကိုးကွယ်ခဲ့ကြပါတယ်။ တကယ်တော့ the great spirit ဆိုတာ တခြား Loa မဟုတ်ပါဘူး Bwonsamdi ပါပဲ။ ဒါ့အပြင် Darkspear troll တွေနဲ့ hexed troll တွေ အချင်းချင်း ဖြစ်ကြတဲ့ Echo ကျွန်းစွယ်လုတိုက်ပွဲမှာလဲ Bwonsamdi က Darkspear တွေဘက်ကနေ ဝင်ကူပေးခဲ့ပါသေးတယ်။

San’jin ရဲ့သားဖြစ်သူ Vol’jin (shadow shaman) ကိုယ်တိုင်ဟာလဲ Bwonsamdi ရဲ့ blessing ကြောင့် shadowhunter ပါဝါကို ရရှိခဲ့တာပါ၊ အပေးအယူကတော့ Vol’jin အနေနဲ့ နောင်တချိန်မှာ Horde တပ်ကြီးကို ဦးစီးပြီး Zandalari ကိုလာတိုက်ပေးရမှာပဲ ဖြစ်ပါတယ်၊ Vol’jin သတ်သမျှ zandalari soul တွေကို Bwonsamdi ရမှာ ဖြစ်တဲ့အတွက် Zandalari အင်ပါယာကျဆုံးရင် သူ့မှာ soul တော်တော် များများကို စုမိပြီးသားဖြစ်သလို တခြား Loa တွေလဲ နောက်လိုက်ကိုးကွယ်သူတွေ ဆုံးရှုံးပြီးသား ဖြစ်သွားမှာပါ။

ကတိအတိုင်းပဲ Vol’jin ဟာ နောင်တချိန်မှာ horde ရဲ့ warchief ဖြစ်လာခဲ့ပါတယ်၊ ဒါပေမဲ့ သမာသမတ်ရှိတဲ့ troll ရိုးကြီး Vol’jin ကတော့ သူ့ဟာသူနေတဲ့ Zandalari ကိုသွားတိုက်မဲ့အစား Shado-pan စစ်ပွဲအတွင်းက မရေမတွက်နိုင်အောင် များပြားတဲ့ ဝိဥာဥ်တွေကိုသာ အစားထိုးပေးခဲ့တာကြောင့် Bwonsamdi ရဲ့ တခြား Loa တွေကို အလဲထိုးမဲ့ ပထမအစီစဥ်ကတော့ ပျက်သွားခဲ့ရပါတယ်။

ဒီနေရာမှာ တစ်ခုဖြတ်ပြောစရာရှိတယ်ဗျ Legion expansion အစ broken shore မှာ Horde နဲ့ alliance စစ်တပ်တွေပေါင်းပြီး burning legion စစ်တပ်ကြီးကို တိုက်ခိုက်ရင်း Vol’jin အပြင်းအထန် ဒါဏ်ရာရခဲ့တယ်။ အဲ့ဒါဏ်ရာနဲ့ပဲ Orgrimmar ပြန်အရောက်မှာ Vol’jin ကြီး သေဆုံးသွားခဲ့တယ်။ Vol’jin ရဲ့နောက်ဆုံးအချိန်မှာ Loa တစ်ပါးက သူ့ကို Sylvanas windrunner ကို warchief အဖြစ် လွှဲပေးဖို့ နိမိတ်ပြတာကြောင့် Sylvanas ကို ပေးခဲ့တာပါ။ ဒီလို sylvanas တစ်ယောက် warchief ဖြစ်လာတာက fourth war ဖြစ်ဖို့ အကြောင်းဖန်လာတာဆို မမှားပါဘူး။

မေးစရာရှိတာက ဘယ် Loa ကများ Sylvanas ကို warchief ဖြစ်စေချင်တာလဲ၊ Bwonsamdi ကရော ဘာလို broken shore စစ်ပွဲမှာ သူ့ရဲ့ champion Vol’jin ကို လာမကူပေးရတာလဲ ဆိုတာပါပဲ။ တကယ်တော့ Bwonsamdi မဟုတ်တဲ့ တစ်ယောက်ယောက်က ကြားကနေ ဝင်နှောက်ယှက်နေတာ ဖြစ်ပြီး အဲဒါဘယ်သူလဲ ဆိုတာကိုတော့ အခု Shadowlands expansion မှ ဆက်ပြီး သိရမှာပဲဖြစ်ပါတယ်။

ကဲ ဒီလိုနဲ့ bwonsamdi အကြောင်းကို ဆက်ရရင် battle for Azeroth အစပျိုးတဲ့ fourth war ကာလမှာတော့ Bwonsamdi ရဲ့ ဆန္ဒတွေ ပြည့်ဝမဲ့နေ့ ရောက်လာခဲ့တယ်ဗျ၊ fourth war ရဲ့စစ်မီးလျှံတွေနဲ့အတူ Zandalari မှာလဲ ပရောဟိတ် Zul ရဲ့ ပုန်ကန်မှု စဖြစ်ပါတော့တယ်။ Zul နဲ့ သူရဲ့နောက်လိုက်တွေဟာ blood troll တွေနဲ့ပူးပေါင်းပြီး Loa of Kings ဖြစ်တဲ့ Razen ကို လုပ်ကြံသတ်ဖြတ်လိုက်ကြပါတယ်။

King Rastakhan

ဒီတော့ Razen ရဲ့ blessing ကို ယူထားတဲ့ Zandalari ရဲ့ဘုရင် King Rastakhan အဖို့ တော်တော် အကြပ်ရိုက်သွားတယ်ဗျ၊ အင်အားသန်းချီတဲ့ blood troll စစ်တပ်ကြီးကလဲ နန်းတော်ကို ဦးတည်ပြီး စစ်ချီလာပြီ၊ နန်းတွင်းမှာလဲ မိမိရဲ့ ပရောဟိတ်ကောင်စီ တစ်ခုလုံးက သစ္စာဖောက်ကုန်တယ်၊ တဖက်မှာလဲ မိမိရဲ့ တဦးတည်းသောသမီး ဖြစ်သူ princess Talanji က blood troll တွေကို ခုခံရင်း ရှေ့တန်းမှာ အခြေအနေ မကောင်းလှ၊ အရမ်းစွမ်းပါတယ်ဆိုတဲ့ Razen ကြီးကလဲ သေပြီဆိုတော့ မျော်လင့်ချက် မရှိတဲ့ အခြေအနေ ပေါ့ဗျာ။ ရွေးချယ်စရာမရှိတဲ့အဆုံး king Rastakhan အနေနဲ့ Bwonsamdi နဲ့ အပေးအယူလုပ်ဖို့ တစ်နည်းပဲ ရှိပါတော့တယ်။

Blood trolls

ဒီအခွင့်ရေးကို ချောင်းနေတဲ့ Bwonsamdi ရဲ့ အပေးအယူကတော့ ရှင်းပါတယ်၊ King Rastakhan အနေနဲ့ သူ့အကူညီကို လိုချင်ရင် သူ့ကို Loa of Kings အနေနဲ့ Razen နေရာကိုပေးပြီး သားစဥ်မြေးဆက် ကိုးကွယ်ရမယ် ဆိုတာပါပဲ။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ Bwonsamdi ဟာ Zandalari ရဲ့ Loa of Kings ဖြစ်လာပြီး တခြား Loa တွေ အားလုံးရဲ ထိပ်ကို ရောက်လာပါတော့တယ်။ King Rastakhan အနေနဲ့လဲ Bwonsamdi blessing နဲ့ Zul ကို သုတ်သင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် Jaina Proudmoore (crystal maiden) ဦးဆောင်တဲ့ Alliance တွေ Zandalari ကိုဝင်တိုက်တဲ့ တိုက်ပွဲမှာလဲ Bwonsamdi သာ ရှိမနေခဲ့ရင် Horde တွေ အရေးနိမ့်ပြီး Zandalari အင်ပါယာကြီးလဲ ပြိုလဲသွားမှာ အမှန်ပါပဲ။ ဒီအချက်တွေကြောင့်ပဲ Bwonsamdi ဟာ အခုလက်ရှိအချိန်ထိ Loa of death, Loa of Kings, the great Spirit စတဲ့နာမည်တွေနဲ့ အကြမ်းဆုံး Loa တစ်ကောင် ဖြစ်နေပါတော့တယ်။
#yooyar