[Unicode]

Lina The Slayer ၏ Background Story

 

သမပိုင်းဇုန်တစ်ခုမှ အတူတကွ မွေးဖွားကြီးပြင်းလာတဲ့ Linaနဲ့ Rylaiတို့ နှစ်ယောက်ဟာ ငယ်စဉ်ကလေးဘဝကတည်းက တစ်ဦးနဲ့တစ်ဦးယှဉ်ပြိုင်ရင်း ကြီးပြင်းအရွယ်ရောက်လာတဲ့ ညီအစ်မ နှစ်ဦးပဲဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုမှာရိုးသားဖြူစင်ပြီးအပြစ်ကင်းတဲ့ Rylai အပေါ်ကိုပါးနပ်စွာအကွက်ကျကျစီစဉ်ပြီးဗိုလ်ကျတတ်တဲ့ Lina က များသောအားဖြင့် အသာစီးရလေ့ရှိပါတယ်။ ဒီလိုအသွင်မတူတဲ့ ညီအစ်မ နှစ်ယောက်ကိုတစ်ယောက်တစ်နေရာဆီခွဲထားဖို့ အကြံညဏ်မရခင် အချိန်အတွင်းမှာပဲဒုက္ခပေါင်းစုံခံခဲ့ရတဲ့ ကလေးနှစ်ယောက်ရဲ့ မိဘနှစ်ပါးဟာသူတို့ ပိုင်တဲ့ တစ်ဒါဇင်ခန့်ရှိသောလယ်ယာ၊ အိမ်ယာ၊ အဆောက်အအုံများအားလုံးဟာလည်းတစ်ဝက်ခန့် မီးလောင်ပြာကျကာ၊ ကျန်ဒါဇင်ဝက်ဟာလည်းရေခဲများခဲကာပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။ အစ်မကြီးဖြစ်တဲ့ Linaကတော့ ဝေးလံလှတဲ့ တောင်ပိုင်းရှိ Misrule ကန ္တရ မှာနေတဲ့ စိတ်ရှည်သည်းခံတတ်သောအဒေါ်ဖြစ်သူထံသို့ ပို့ဆောင်ခြင်းခံလိုက်ရပြီးထာဝစဉ်မီးတောက်လောင်နေတဲ့ Linaအတွက် ဒီရာသီဥတုဟသက်တောင့်သက်သာရှိလှပါတယ်။

ပျင်းရိငြီးငွေ့ဖွယ်တိတ်ဆိပ်လှတဲ့ ဒီဒေသအတွက်ကိုLinaရောက်ရောက်လာခြင်းမှာမျက်နှာပန်းလှစေခဲ့တဲ့အချက်တွေကတော့ ဒေသခံတွေရဲ့ မျက်ခုံးမွေးတွေ လောင်ကျွမ်းသွားစေရုံမကဘဲလက်ချောင်းတွေ မီးလောင်ပြာကျသွားစေတဲ့အထိသူမကိုကြောက်ရွံ့သွားစေခြင်းပဲဖြစ်ပါတယ်။ သူမရဲ့ လောင်ကျွမ်းမှုကိုမည်သူတစ်ဦးတစ်ယောက်ကမှ လျော့ကျသွားအောင် မတားဆီးနိုင်ခြင်းကိုLinaဟာအင်မတန် ဂုဏ်ယူလျက်ရှိပါတော့တယ်။

Lina ဟာ Rylai (Crystal Maiden) ရဲ့ အစ်မ ဖြစ်ပါတယ်။ ငယ်စဉ်ဘဝကတည်းက Lina က ဒေါသထွက်လာတဲ့ အချိန်တိုင်း သူမရဲ့ ဆံပင်တွေဟာ မီးတောက်တွေ အဖြစ် ပြောင်းလဲသွားတတ်တဲ့ အလေ့အထတစ်ခု လည်း ရှိခဲ့ပါတယ်။ Misrule သဲကန္တာရကို ပို့ခံလိုက်ရပြီး နောက်ပိုင်းမှာ Lina ဟာ အဆိုပါ ကန္တာရ ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ Scintillant Waste ဒေသကို သွားရောက်ခဲ့ပါတယ်။ ထို့နောက် မီးလျှံနဲ့ပတ်သတ်တဲ့ အတတ်ပညာတွေကို “နေနတ်ဘုရားမ” (Solar Goddess) ရဲ့ ဝေယျာဝစ္စ များကို ပြုလုပ်ပူဇော်တဲ့ တပည့်ရင်းဖြစ်သူ ထံမှ ထဲထဲဝင်ဝင် လေ့လာသင်ယူခဲ့ပါတယ်။ Lina ဟာ မီးလျှံနဲ့ဆော့ကစားရတာကို ကြိုက်နှစ်သက်လာတာနဲ့ အမျှ လူတွေကို မီးရှိူ့ပြာချရတာကိုလည်း ပျော်စရာကောင်းတဲ့အရာလို့ လက်ခံလာခဲ့ပါတယ်။ ထို့နောက် Lina ဟာ လုံလောက်တဲ့ လေ့ကျင့်မှုများ ပြုလုပ်ပြီးချိန်မှာတော့ မီးလျှံနဲ့သူမရဲ့ ဒေါသအကြား ဆက်စပ်မှုကို ထိန်းချူပ်နိုင်ခဲ့ပြီး သူမရဲ့ ဦးခေါင်းထက်က မီးလျှံဆံနွယ်များကို ပြသရုံသက်သက် မဟုတ်တော့ဘဲ မီးလောင်တိုက်သွင်းဖို့အတွက် အသုံးပြုလာနိုင်ခဲ့ပါတယ်။ (Fiery Soul of the Slayer Arcana)

အရွယ်ရောက်လာခဲ့ချိန်မှာတော့ Lina ဟာ Misrule သဲကန္တာရအတွင်းက အမျိူးသားတွေ အကြား လွန်စွာ ရေပန်းစားသော အမျိူးသမီး တစ်ဦးဖြစ်လာခဲ့ပါတယ်။ နာမည်ကြီးလွန်းသည့်အတွက် Misrule ကန္တာရကို အုပ်ချူပ်သည့် ဘုရင်ကိုယ်တိုင်က သူ၏ သားဖြစ်သူနှင့် လက်ထပ်ပေးဖို့အတွက် ဘုရင့်နန်းတော်မှ ချူပ်လုပ်ပေးသည့် တော်ဝန်နန်းတက် အဝတ်အစားများကိုပါ လက်ဆောင်အဖြစ် ပေးအပ်၍ ကမ်းလှမ်းခြင်းကို ခံရတဲ့အထိပါပဲ။ အရင်မင်းဆက်တွေ လက်ဆင့်ကမ်းလာခဲ့တဲ့ လက်ဝတ်ရတနာ၊ ပွဲတက်ဂါဝန်များစွာကိုလည်း Lina ပိုင်ဆိုင်ခဲ့ပါသေးတယ်။

တစ်ခါက ဒေသတွင်း စစ်ပွဲတစ်ခုမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပြီး အဆိုပါ စစ်မြေပြင်ကို ပြာတွေ ဖုံးလွှမ်းနေတဲ့ မီးတောင်ဝ တစ်ခုလို ဖြစ်အောင် လက်စလက်န ဖျောက်ခဲ့ဖူးပါသေးတယ်။

တကယ်တော့ Lina ဟာ သူကိုယ်တိုင်တောင် မသိလိုက်ပေမယ့် ခေတ်တစ်ခုမှ တစ်ယောက်သာ မွေးဖွားလေ့ရှိသော “နဂါးမျိူးဆက်ကို ဆက်ခံတဲ့ ကလေးငယ်” တစ်ဦးဖြစ်ပါတယ်။ ဒီလို နဂါးအမွေကို ဆက်ခံရတဲ့ ထိန်းကျောင်းရခက်ခဲတဲ့ ကလေးတွေမှာ ထူးခြားတဲ့ စွမ်းရည်တွေ ရှိတတ်ပြီး ကိုယ့်ဘဝကို လမ်းဖောက်ပြီး နေထိုင်သွားရလေ့ရှိပါတယ်။ နဂါးမျိူးနွယ်နဲ့ ဆက်စပ်မှုတွေကိုတော့ မီးလျှံကြားမှာပဲ အဖြေရှာနိုင်မှာပါ။ Lina ဟာ ဒီအဖြေကို ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် “Disciple of the Wyrmwrought Flame” (TI6 Ultra Rare Immortal Treasure) ကို ပိုင်ဆိုင်ခဲ့ပါတယ်။

War of The Ancient ကြီး ဖြစ်ပေါ်လာပြီးနောက်မှာတော့ Lina ဟာ Donte Panlin (Pangolier) နဲ့ မိတ်ဆွေဖြစ်ခဲ့ပါတယ်။ ထို့နောက် သူမရဲ့ ငယ်ဘဝအကြောင်းတွေ၊ သူမရဲ့ ရပ်တည်မှုတွေကို ပြောပြပြီးချိန်မှာတော့ Pangolier ဟာ ညီမဖြစ်သူ Rylai နဲ့ ပတ်သတ်ပြီး ဘဝမှာ ရှိခဲ့တဲ့ နောင်တတွေကို ဝန်ခံလိုက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ထို့နောက် Pangolier ဟာ ညီအစ်မနှစ်ယောက် ပြန်လည်အဆင်ပြေစေဖို့ အတွက် ကြားနေလူတစ်ဦးအဖြစ် ကြိုးစားချိတ်ဆက်ပေးခဲ့ပါတယ်။ အကြောင်းက Lina ရဲ့ ဘဝမှာ အမုန်းဆုံးပြိုင်ဖက်အဖြစ် ခံယူထားတဲ့ ညီမဖြစ်သူ Rylai မှာ အပြစ်မရှိဘဲ ကလေးငယ် နှစ်ဦးကို ခွဲခြားပစ်လိုက်တဲ့ မိဘတွေမှာသာ အပြစ်ရှိတာဖြစ်ကြောင်း ယုံကြည်တဲ့အတွက် ဖြစ်ပါတယ်။ Lina ဟာ သူမရဲ့ အမှားတွေကို ပြင်ဆင်ဖို့ အဆင်သင့်ရှိနေလောက်ပြီ ဖြစ်ကြောင်းကိုလည်း Pangolier က Rylai ကို သတင်းစကား ပါးပြီး ဖြစ်ပါတယ်။

Lina ဟာ ယခုဖြစ်နေသမျှ အရှုတ်အထွေအားလုံးရဲ့ ဇာတ်မြစ်ဟာ မိဘတွေကြောင့်သာ ဖြစ်ကြောင်း အပြစ်တင်မှတ်ယူထားပါတော့တယ်။

@KoBoo Yahooyeeha


[Zawgyi]

Lina The Slayer ၏ Background Story

 

သမပုိင္းဇုန္တစ္ခုမွ အတူတကြ ေမြးဖြားၾကီးျပင္းလာတဲ့ Linaနဲ႕ Rylaiတုိ႔ ႏွစ္ေယာက္ဟာငယ္စဥ္ကေလးဘဝကတည္းကတစ္ဦးနဲ႕တစ္ဦးယွဥ္ျပဳိင္ရင္း ၾကီးျပင္းအရြယ္ေရာက္လာတဲ့ ညီအစ္မ ႏွစ္ဦးပဲျဖစ္ပါတယ္။သူတုိ႔ႏွစ္ဦးရဲ႕ ျပဳိင္ဆုိင္မႈမွာရုိးသားျဖဴစင္ျပီးအျပစ္ကင္းတဲ့ Rylai အေပၚကုိပါးနပ္စြာအကြက္က်က်စီစဥ္ျပီးဗုိလ္က်တတ္တဲ့ Lina က မ်ားေသာအားျဖင့္ အသာစီးရေလ့ရွိပါတယ္။ ဒီလုိအသြင္မတူတဲ့ ညီအစ္မ ႏွစ္ေယာက္ကုိတစ္ေယာက္တစ္ေနရာဆီခြဲထားဖုိ႔ အၾကံညဏ္မရခင္ အခ်ိန္အတြင္းမွာပဲဒုကၡေပါင္းစုံခံခဲ့ရတဲ့ ကေလးႏွစ္ေယာက္ရဲ႕ မိဘႏွစ္ပါးဟာသူတုိ႔ ပုိင္တဲ့ တစ္ဒါဇင္ခန္႔ရွိေသာလယ္ယာ၊ အိမ္ယာ၊ အေဆာက္အအုံမ်ားအားလုံးဟာလည္းတစ္ဝက္ခန္႔ မီးေလာင္ျပာက်ကာ၊ က်န္ဒါဇင္ဝက္ဟာလည္းေရခဲမ်ားခဲကာပ်က္ဆီးဆုံးရႈံးခဲ့ရပါတယ္။ အစ္မၾကီးျဖစ္တဲ့ Linaကေတာ့ ေဝးလံလွတဲ့ ေတာင္ပုိင္းရွိ Misrule ကႏ ၱရ မွာေနတဲ့ စိတ္ရွည္သည္းခံတတ္ေသာအေဒၚျဖစ္သူထံသုိ႔ ပုိ႔ေဆာင္ျခင္းခံလုိက္ရျပီးထာဝစဥ္မီးေတာက္ေလာင္ေနတဲ့ Linaအတြက္ ဒီရာသီဥတုဟသက္ေတာင့္သက္သာရွိလွပါတယ္။

ပ်င္းရိျငီးေငြ႕ဖြယ္တိတ္ဆိပ္လွတဲ့ ဒီေဒသအတြက္ကုိLinaေရာက္ေရာက္လာျခင္းမွာမ်က္ႏွာပန္းလွေစခဲ့တဲ့အခ်က္ေတြကေတာ့ ေဒသခံေတြရဲ႕ မ်က္ခုံးေမြးေတြ ေလာင္ကြ်မ္းသြားေစရုံမကဘဲလက္ေခ်ာင္းေတြ မီးေလာင္ျပာက်သြားေစတဲ့အထိသူမကုိေၾကာက္ရြံ႕သြားေစျခင္းပဲျဖစ္ပါတယ္။ သူမရဲ႕ ေလာင္ကြ်မ္းမႈကုိမည္သူတစ္ဦးတစ္ေယာက္ကမွ ေလ်ာ့က်သြားေအာင္ မတားဆီးနုိင္ျခင္းကုိLinaဟာအင္မတန္ ဂုဏ္ယူလ်က္ရွိပါေတာ့တယ္။

Lina ဟာ Rylai (Crystal Maiden) ရဲ႕ အစ္မ ျဖစ္ပါတယ္။ ငယ္စဥ္ဘဝကတည္းက Lina က ေဒါသထြက္လာတဲ့ အခ်ိန္တုိင္း သူမရဲ႕ ဆံပင္ေတြဟာ မီးေတာက္ေတြ အျဖစ္ ေျပာင္းလဲသြားတတ္တဲ့ အေလ့အထတစ္ခု လည္း ရွိခဲ့ပါတယ္။ Misrule သဲကႏၱာရကုိ ပုိ႔ခံလုိက္ရျပီး ေနာက္ပုိင္းမွာ Lina ဟာ အဆုိပါ ကႏၲာရ ရဲ႕ အေရွ႕ဘက္ျခမ္းမွာရွိတဲ့ Scintillant Waste ေဒသကုိ သြားေရာက္ခဲ့ပါတယ္။ ထုိ႔ေနာက္ မီးလွ်ံနဲ႕ပတ္သတ္တဲ့ အတတ္ပညာေတြကုိ “ေနနတ္ဘုရားမ” (Solar Goddess) ရဲ႕ ေဝယ်ာဝစၥ မ်ားကုိ ျပဳလုပ္ပူေဇာ္တဲ့ တပည့္ရင္းျဖစ္သူ ထံမွ ထဲထဲဝင္ဝင္ ေလ့လာသင္ယူခဲ့ပါတယ္။ Lina ဟာ မီးလွ်ံနဲ႕ေဆာ့ကစားရတာကို ၾကဳိက္ႏွစ္သက္လာတာနဲ႕ အမွ် လူေတြကုိ မီးရွဴိ႕ျပာခ်ရတာကုိလည္း ေပ်ာ္စရာေကာင္းတဲ့အရာလုိ႔ လက္ခံလာခဲ့ပါတယ္။ ထုိ႔ေနာက္ Lina ဟာ လုံေလာက္တဲ့ ေလ့က်င့္မႈမ်ား ျပဳလုပ္ျပီးခ်ိန္မွာေတာ့ မီးလွ်ံနဲ႕သူမရဲ႕ ေဒါသအၾကား ဆက္စပ္မႈကုိ ထိန္းခ်ဴပ္ႏုိင္ခဲ့ျပီး သူမရဲ႕ ဦးေခါင္းထက္က မီးလွ်ံဆံႏြယ္မ်ားကုိ ျပသရုံသက္သက္ မဟုတ္ေတာ့ဘဲ မီးေလာင္တုိက္သြင္းဖုိ႔အတြက္ အသုံးျပဳလာႏုိင္ခဲ့ပါတယ္။ (Fiery Soul of the Slayer Arcana)

အရြယ္ေရာက္လာခဲ့ခ်ိန္မွာေတာ့ Lina ဟာ Misrule သဲကႏၲာရအတြင္းက အမ်ဴိးသားေတြ အၾကား လြန္စြာ ေရပန္းစားေသာ အမ်ဴိးသမီး တစ္ဦးျဖစ္လာခဲ့ပါတယ္။ နာမည္ၾကီးလြန္းသည့္အတြက္ Misrule ကႏၲာရကုိ အုပ္ခ်ဴပ္သည့္ ဘုရင္ကုိယ္တုိင္က သူ၏ သားျဖစ္သူႏွင့္ လက္ထပ္ေပးဖုိ႔အတြက္ ဘုရင့္နန္းေတာ္မွ ခ်ဴပ္လုပ္ေပးသည့္ ေတာ္ဝန္နန္းတက္ အဝတ္အစားမ်ားကုိပါ လက္ေဆာင္အျဖစ္ ေပးအပ္၍ ကမ္းလွမ္းျခင္းကုိ ခံရတဲ့အထိပါပဲ။ အရင္မင္းဆက္ေတြ လက္ဆင့္ကမ္းလာခဲ့တဲ့ လက္ဝတ္ရတနာ၊ ပြဲတက္ဂါဝန္မ်ားစြာကုိလည္း Lina ပုိင္ဆုိင္ခဲ့ပါေသးတယ္။

တစ္ခါက ေဒသတြင္း စစ္ပြဲတစ္ခုမွာ ဝင္ေရာက္တုိက္ခုိက္ခဲ့ဖူးျပီး အဆုိပါ စစ္ေျမျပင္ကုိ ျပာေတြ ဖုံးလႊမ္းေနတဲ့ မီးေတာင္ဝ တစ္ခုလုိ ျဖစ္ေအာင္ လက္စလက္န ေဖ်ာက္ခဲ့ဖူးပါေသးတယ္။

တကယ္ေတာ့ Lina ဟာ သူကုိယ္တုိင္ေတာင္ မသိလုိက္ေပမယ့္ ေခတ္တစ္ခုမွ တစ္ေယာက္သာ ေမြးဖြားေလ့ရွိေသာ “နဂါးမ်ဴိးဆက္ကုိ ဆက္ခံတဲ့ ကေလးငယ္” တစ္ဦးျဖစ္ပါတယ္။ ဒီလုိ နဂါးအေမြကုိ ဆက္ခံရတဲ့ ထိန္းေက်ာင္းရခက္ခဲတဲ့ ကေလးေတြမွာ ထူးျခားတဲ့ စြမ္းရည္ေတြ ရွိတတ္ျပီး ကုိယ့္ဘဝကို လမ္းေဖာက္ျပီး ေနထုိင္သြားရေလ့ရွိပါတယ္။ နဂါးမ်ဴိးႏြယ္နဲ႕ ဆက္စပ္မႈေတြကုိေတာ့ မီးလွ်ံၾကားမွာပဲ အေျဖရွာႏုိင္မွာပါ။ Lina ဟာ ဒီအေျဖကုိ ရွာေဖြ ေတြ႕ရွိခဲ့ျပီးေနာက္ “Disciple of the Wyrmwrought Flame” (TI6 Ultra Rare Immortal Treasure) ကုိ ပုိင္ဆုိင္ခဲ့ပါတယ္။

War of The Ancient ၾကီး ျဖစ္ေပၚလာျပီးေနာက္မွာေတာ့ Lina ဟာ Donte Panlin (Pangolier) နဲ႕ မိတ္ေဆြျဖစ္ခဲ့ပါတယ္။ ထုိ႔ေနာက္ သူမရဲ႔ ငယ္ဘဝအေၾကာင္းေတြ၊ သူမရဲ႕ ရပ္တည္မႈေတြကုိ ေျပာျပျပီးခ်ိန္မွာေတာ့ Pangolier ဟာ ညီမျဖစ္သူ Rylai နဲ႕ ပတ္သတ္ျပီး ဘဝမွာ ရွိခဲ့တဲ့ ေနာင္တေတြကုိ ဝန္ခံလုိက္ဖုိ႔ တုိက္တြန္းခဲ့ပါတယ္။ ထုိ႔ေနာက္ Pangolier ဟာ ညီအစ္မႏွစ္ေယာက္ ျပန္လည္အဆင္ေျပေစဖုိ႔ အတြက္ ၾကားေနလူတစ္ဦးအျဖစ္ ၾကဳိးစားခ်ိတ္ဆက္ေပးခဲ့ပါတယ္။ အေၾကာင္းက Lina ရဲ႕ ဘဝမွာ အမုန္းဆုံးျပဳိင္ဖက္အျဖစ္ ခံယူထားတဲ့ ညီမျဖစ္သူ Rylai မွာ အျပစ္မရွိဘဲ ကေလးငယ္ ႏွစ္ဦးကုိ ခြဲျခားပစ္လုိက္တဲ့ မိဘေတြမွာသာ အျပစ္ရွိတာျဖစ္ေၾကာင္း ယုံၾကည္တဲ့အတြက္ ျဖစ္ပါတယ္။ Lina ဟာ သူမရဲ႕ အမွားေတြကုိ ျပင္ဆင္ဖုိ႔ အဆင္သင့္ရွိေနေလာက္ျပီ ျဖစ္ေၾကာင္းကုိလည္း Pangolier က Rylai ကုိ သတင္းစကား ပါးျပီး ျဖစ္ပါတယ္။

Lina ဟာ ယခုျဖစ္ေနသမွ် အရႈတ္အေထြအားလုံးရဲ႕ ဇာတ္ျမစ္ဟာ မိဘေတြေၾကာင့္သာ ျဖစ္ေၾကာင္း အျပစ္တင္မွတ္ယူထားပါေတာ့တယ္။

@KoBoo Yahooyeeha