[Unicode]

အသင်းကောင်းတွေ ပါဝင်လာတဲ့ DreamLeague Season 13: Leipzig Major ပွဲကြိုသုံးသပ်ချက် (Part-2)

 

ယခု DreamLeague Season 13: Leipzig Major သုံးသပ်ချက် ဒုတိယပိုင်းမှာတော့ Group C နှင့် D မှ အသင်းများ၏ သုံးသပ်ချက်များ ပါဝင်မှာ ဖြစ်ပါတယ်။
ပထမပိုင်းမှ Group A နှင့် Group B ရှိအသင်းများ၏ သုံးသပ်ချက်ကို အောက်ပါ Link တွင် ဖတ်ရှုနိုင်ပါသည်။

အသင်းကောင်းတွေ ပါဝင်လာတဲ့ DreamLeague Season 13: Leipzig Major ပွဲကြိုသုံးသပ်ချက် (Part-1)

Alliance (Group-C)

TI9 အပြီး မြေလှန်ခဲ့တဲ့ လူစာရင်းအသစ်ကတော့ လူဟောင်းတွေထက် ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမယ့်လည်း Chendu Major မှာရော One Eaports ပွဲမှာပါ ထင်သလောက် လက်စွမ်းမပြနိုင်ခဲ့ပဲ အလယ်အလတ်တန်းရဲ့ အထက် Above Average အဆင့်လောက်သာ ရပ်တည်နေပါတယ်။

Insane ရဲ့ Clutch Gamers အသင်းဖော်ဟောင်း nikobaby ရဲ့ မိုက်ကန်းကန်းပုံစံ Carry ကစားပုံကတော့ ဘယ်လောက်ထိ အလုပ်ဖြစ်မလဲဆိုတာ မြင်တွေ့ရမှာပါ။ ၁၆ သင်း ပါဝင်တဲ့ထဲမှာ ထိပ်ဆုံး ၈ သင်းနဲ့အထက်မှာ ပြီးဆုံးခဲ့မယ်ဆိုရင်တော့ လက်မှန်တယ်လို့ ယူဆရပါမယ်။

Invictus Gaming (Group-C)

ပထမဆုံး Minor ချန်ပီယံ အပြင် Major မှာပါ တတိယရခဲ့လို့ Invictus Gaming ကို စောင့်ကြည့်ရမယ့် စာရင်းထဲ သွင်းခဲ့ကြပါတယ်။ ဒီ Major မှာလည်း China Qualifier မှာ ထိပ်ဆုံးက အောင်မြင်ခဲ့လို့ လက်စွမ်းကို ထိန်းထားနိုင်သေးတယ်လို့ ယူဆရပါတယ်။

တရုတ် ၃ ယောက် မလေးရှား ၂ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ လူစာရင်းကတော့ အသင်းလိုက်ကစားပုံကောင်းပေမယ့် Star Player တော့ ရှားပါးနေပါသေးတယ်။ စာရေးသူကတော့ IG ဟာ မေဂျာချန်ပီယံအရည်အသွေး မပြည့်မှီသေးဘူးလို့ ယူဆထားပေမယ့် အုပ်စုတွင်း Top 2 အနေနဲ့ Upper Bracket ရောက်ဖို့ကတော့ ကျန် ၃ သင်းထက် အလေးပိုသာပါတယ်။

Reality Rift (Group-C)

ဒီ Major ရဲ့ အသင်းသစ်ဖြစ်သလို SEA Tier-2 အဆင့်ကနေ Major ပြိုင်ပွဲတစ်ခုကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရတဲ့ မျက်နှာသစ် အသင်းတစ်သင်းပဲ ဖြစ်ပါတယ်။ အတွေ့အကြုံရင့် ကစားသမားများနဲ့ လူငယ်ကစားသမားတွေ အချိုးကျ ပေါင်းစပ်ထားတဲ့ စင်္ကာပူအခြေစိုက် အသင်းတစ်သင်းပါ။

Mushi ရဲ့ Orange Esports ကအသင်းဖော်ဟောင်း kyxy ကတော့ နာမည်အကြီးဆုံး Player ဖြစ်ပြီး Team Faceless ခေတ်ကောင်းစဉ်က ပါဝင်အသုံးတော်ခံခဲ့တဲ့ NutZ က Captain အဖြစ် ပါဝင်နေပါတယ်။ ကျန် ၃ ယောက်အနက် Alacrity- ကတော့ လူအနည်းငယ်သိနိုင်ပါတယ်။ သူက Insane ရဲ့ CG မှာ လွတ်နေတဲ့ Position ကို အစားဝင်ဆော့ခဲ့ဖူးပြီး Geekfam မှာလည်း ကစားဖူးပါတယ်။ Indo နိုင်ငံသား Drew နဲ့ မွန်ဂိုလီယား နိုင်ငံသား Hustla တို့ကတော့ Mid နဲ့ Support role မှာ ကစားကြမှာပါ။

ထူးထူးခြားခြားအနေနဲ့ Reality Rift ဟာ ဂျာမနီ ဘွန်ဒစ်လီဂါ ဘောလုံးလိဂ်မှာ အလုပ်လုပ်နေတဲ့ အားကစားဆိုင်ရာ စိတ်ပညာရှင်တစ်ယောက်ကို ခေါ်ယူထားတယ်လို့ သိရှိရပါတယ်။ မျက်နှာသစ်အသင်းမလို့ လက်စွမ်းကို မခန့်မှန်းတတ်ပေမယ့် SEA ဒေသတွင်းအသင်းမို့လို့ စာရေးသူကတော့ ကျိတ်ပြီး အားပေးနေမှာပါ။

Virtus Pro (Group-C)

ဝက်ဝံကြီးတွေကတော့ TI9 အပြီး လူစာရင်းအသစ်နဲ့ လမ်းပျောက်နေရာကနေ အခုတော့ လမ်းမှန်ပေါ် ပြန်ရောက်လာပြီလို့ ယူဆရပါတယ်။ သူရဲ့ လူစာရင်းအသစ်ကလည်း Reality Rift လိုပဲ လူသစ် လူဟောင်း အချိုးကျ ပေါင်းစပ်ထားတာပါ။ CIS Region မှာ ၃ နှစ်လောက် စိုးမိုးခဲ့တဲ့ No[o]ne, RodjER, Solo, Ramzee, 9pasha, Lil တို့ Generation နောက်မှာ ဆယ်ကျော်သက်တွေနဲ့ ပထမဆုံး သွေးသစ်ပြန်လောင်းတာပါပဲ။

အသက် ၁၇ နှစ်အရွယ် ရုရှား Carry “epileptick1d” နဲ့ အသက် ၁၈ အရွယ် မော်လ်ဒိုဗာနိုင်ငံသား Support “Save-“ တို့ ၂ ယောက်ဟာ အသင်းနဲ့အံဝင်လာပြီလို့ ယူဆနိုင်ပါတယ်။ One Esports ပွဲမှာ Top 6 နဲ့ CIS Qualifier ကို ထိပ်ဆုံးက ပန်းဝင်ခဲ့တာပါ။ လူငယ်လေး ၂ ယောက်က ဒီ Major မှာ ဖိအားဒဏ် ဘယ်လောက်ခံနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ Top 8 လောက်ဝင်ရင် လူသစ်တွေ အလုပ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

Evil Geniuses (Group-D)

တကယ်က EG ရဲ့ လူစာရင်းဟာ စာရွက်ပေါ်မှာ ချရေးကြည့်ရင် တကယ် ကြောက်ဖို့ကောင်းတဲ့ လူစာရင်းပါ။ Sumail နဲ့ အကျပိုင်းရောက်နေတဲ့ s4 ကိုထုတ်ပြီးတော့ SEA Region က ကမ္ဘာပေါ်မှာ MMR 10,000 ပြည့်တဲ့ ပထမဆုံး ကစားသမား Abed ရယ် CIS Region မှာ ပထမဆုံး MMR 10,000 ပြည့်တဲ့ ကစားသမား Ramzes666 ရယ်ကို ခေါ်ယူခဲ့ပါတယ်။ လူသစ် ၂ ယောက်လုံးက အသက် ၁၉ နဲ့ ၂၀ သာရှိသေးလို့ သွေးသစ်လောင်းတယ်ဆိုနိုင်ပေမယ့် Virtus Pro နဲ့ မတူတာက ဒီ Abed နဲ့ Ramzes666 ဟာ သက်ဆိုင်ရာအသင်းဟောင်းတွေမှာ လက်စွမ်းပြနိုင်ပြီး ဘုရင်လိုနေခဲ့ရတာပါ။

အဲလိုလူစာရင်းနဲ့ ချန်ပီယံဖြစ်သင့်နေပြီဆိုပေမယ့် One Esports Grand Final မှာ Vici Gaming ကို ၃-၀ နဲ့ အရှုံးပေးခဲ့ရပါတယ်။ EG ပရိသတ်အများစုဟာ ဓါးစာခံအနေနဲ့ နည်းပြ ဆောင်းဦးလှိုင် (BuLba) ကို ထိုးကြွေးနေကြပေမယ့် စာရေးသူအမြင်အရ အချိန်ပေးဖို့သာ လိုအပ်တယ်လို့ မြင်ပါတယ်။ ဒီ Major မှာလည်း ချန်ပီယံဆုကို စိန်ခေါ်ဦးမှာဖြစ်ပြီး သေချာတာကတော့ ချန်ပီယံဖြစ်မှသာ ပရိသတ်တွေ အပြစ်တင်ခံရခြင်းက ကင်းဝေးမှာပါ။

Pain Gaming (Group-D)

Na’Vi, Team Liquid, EG တို့နဲ့တူတူ အုပ်စု D မှာ ကျရောက်နေတဲ့ Pain Gaming ရဲ့ သွားရာလမ်းကတော့ Lower Bracket လို့ မြင်နေပါပြီ။ ဘရာဇီးသားတွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ Pain Gaming ရဲ့ နာမည်ကိုတော့ Major/Minor ပွဲတွေမှာ မြင်တွေ့နေကျဆိုပေမယ့် လေးစားဖွယ် လက်စွမ်းမျိုးကို မမြင်ဖူးကြပါဘူး။ ပထမ Minor မှာပါဝင်ခဲ့ပေမယ့် ၈ သင်းပြိုင်ရာမှာ အဆင့် ၈ ဖြင့်သာ အဆုံးသတ်ခဲ့ရပါတယ်။ Minor အပြီးမှာ လူ ၃ ယောက်အထိ လဲလှယ်ခဲ့ပေမယ့် ဒီ Major မှာလည်း ၁၆ သင်းအနက် အဆင့် ၁၆ နဲ့ ပွဲမသိမ်းရင် ကျေနပ်သင့်ပါပြီ။

Na’Vi (Group-D)

နာမည်နဲ့တင် တစ်ဖက်အသင်းကို ရိုက်သတ်လို့ရတယ်ဆိုတာ Na’Vi ပဲရှိပါလိမ့်မယ်။ Legendary အသင်းတစ်သင်းဖြစ်တဲ့ Na’Vi ကတော့ သူတို့ရဲ့ အတိတ်က အောင်မြင်မှုတွေကို ပုံဖော်ဖို့ ကြိုးစားခဲ့တာ ကြာပါပြီ။ Crystallize နဲ့ Magical တို့လို လူငယ် Core Player တွေကို သေချာ ရှာဖွေလေ့ကျင့်ခဲ့သလို 9pasha လို အတွေ့အကြုံရင့် Offlaner ကိုခေါ်ယူခဲ့ပါတယ်။

SoNNeiko ကို Captain ပေးပြီး ဦးဆောင်ခိုင်းခဲ့ပေမယ့် Chendu Major ကို Qualifier တောင် မအောင်တဲ့အခါ တစ်ဦးတည်းသော လက်ကျန်လူဟောင်း SoNNeiko ကိုပါထုတ်ပြီး ၁၇ နှစ်အရွယ် “illias” ကို Support နေရာမှာ ခေါ်ယူခဲ့ပါတယ်။ One Esports ပွဲမှာလည်း ရလဒ်မကောင်းခဲ့ပေမယ့် သံယောဇဉ်အရတော့ Top 8 လောက် ဝင်ပါစေလို့ပဲ ဆုတောင်းလိုက်ရပါတယ်။

Team Liquid (Group-D)

Alliance ကစားသမားဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ Team Liquid ဟာ Chendu Major မှာ Top 6 ဝင်ခဲ့ပေမယ့် One Esports ပွဲမှာတော့ အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။ Team Liquid လို အင်အားကြီး အဖွဲ့အစည်းမျိုးဟာ TI9 အပြီးမှာ All Star အသင်းတစ်သင်းကို ဖွဲ့စည်းနိုင်တဲ့ အစွမ်းအစ ရှိပါတယ်။ Alliance လို အလယ်အလတ်သာသာ အသင်းက ကစားတွေဆီကနေ ဘာတွေမျှော်လင့်ထားလဲ ဆိုတာ အုပ်ချုပ်သူတွေကိုယ်တိုင်ပဲ သိမှာပါ။

အခုလူစာရင်းဟာ Team Liquid ကို Major/Minor Qualifier အများစုကို အောင်မြင်စေမှာပါ။ ဒါပေမယ့် ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် Miracle, Kuroky တို့ အဆင့်အတန်းကို ရောက်ဖို့ကတော့ လိုအပ်နေပါသေးတယ်။ Chendu Major တုန်းကလို Top 6 ထဲ ပြန်ရောက်ရင်ပဲ ကျေနပ်သင့်ပါပြီ။

 

အနှစ်ချုပ်အနေနဲ့ဆိုရင် ဒီ Major ဟာ ချန်ပီယံဖြစ်သင့်နေပြီ ဖြစ်တဲ့ Evil Geniuses, Vici Gaming, Team Secret စတဲ့ အသင်းကြီးတွေ အပိုင်ကြိုးစားသင့်ပါတယ်။ နောက် Major ကျလို့ OG တို့ LGD တို့ပါလာရင် ပိုခက်ခဲလာတော့မှာပါ။ ပြီးတော့ ဒီ Leipzig Major ဟာ Outlander Update အပြီး ပထမဆုံးကျင်းပတဲ့ Valve ရဲ့ တရားဝင် Major ဖြစ်ပါတယ်။ One Esports ပွဲဟာ ဖိတ်ခေါ်ပြိုင်ပွဲသက်သက်မလို့ ဒီ Major မှာမှ ရှိတာအကုန်ထုတ်သုံးပြီး အနိုင်ရဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းကြမှာပါ။

၂ လမှတစ်ခါကျင်းပတဲ့ Valve ရဲ့ တရားဝင် Major တွေဟာ အမြဲလိုလို ပရိသတ်စိတ်ဝင်စားမှု မြင့်မားပါတယ်။ ပထမဆုံး Major တုန်းက အသင်းကြီးတော်တော်များများ မပါဝင်ခဲ့ပေမယ့် ဒီတစ်ခါတော့ မြန်မာပရိသတ် အခိုင်အမာရှိပြီးသား Team Secret နဲ့ Nigma တို့လို အသင်းတွေ ပါဝင်လာတာမလို့ ပွဲစတာနဲ့ Social Media တွေမှာ တစ်ယောက်နဲ့တစ်ယောက် ငြင်းလိုက် လေတိုက်လိုက်နဲ့ ပျော်ဖို့ကောင်းနေဦးမှာပါ။ ဘယ်အသင်းအနိုင်ရမလဲလို့ ခန့်မှန်းပြီး ငြင်းဆိုကြတာထက် ပရိသတ်တွေအားလုံး ကိုယ်အားပေးတဲ့ အသင်းတွေအားလုံး Performance ထွက်ကြပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။

#Jerry


[ZawGyi]

အသင္းေကာင္းေတြ ပါဝင္လာတဲ့ DreamLeague Season 13: Leipzig Major ပြဲႀကိဳသုံးသပ္ခ်က္ (Part-2)

 

ယခု DreamLeague Season 13: Leipzig Major သုံးသပ္ခ်က္ ဒုတိယပိုင္းမွာေတာ့ Group C ႏွင့္ D မွ အသင္းမ်ား၏ သုံးသပ္ခ်က္မ်ား ပါဝင္မွာ ျဖစ္ပါတယ္။
ပထမပိုင္းမွ Group A ႏွင့္ Group B ရွိအသင္းမ်ား၏ သုံးသပ္ခ်က္ကို ေအာက္ပါ Link တြင္ ဖတ္ရႈႏိုင္ပါသည္။

အသင်းကောင်းတွေ ပါဝင်လာတဲ့ DreamLeague Season 13: Leipzig Major ပွဲကြိုသုံးသပ်ချက် (Part-1)

Alliance (Group-C)

TI9 အၿပီး ေျမလွန္ခဲ့တဲ့ လူစာရင္းအသစ္ကေတာ့ လူေဟာင္းေတြထက္ ပိုၿပီး စိတ္ဝင္စားစရာေကာင္းပါတယ္။ ဒါေပမယ့္လည္း Chendu Major မွာေရာ One Eaports ပြဲမွာပါ ထင္သေလာက္ လက္စြမ္းမျပႏိုင္ခဲ့ပဲ အလယ္အလတ္တန္းရဲ႕ အထက္ Above Average အဆင့္ေလာက္သာ ရပ္တည္ေနပါတယ္။

Insane ရဲ႕ Clutch Gamers အသင္းေဖာ္ေဟာင္း nikobaby ရဲ႕ မိုက္ကန္းကန္းပုံစံ Carry ကစားပုံကေတာ့ ဘယ္ေလာက္ထိ အလုပ္ျဖစ္မလဲဆိုတာ ျမင္ေတြ႕ရမွာပါ။ ၁၆ သင္း ပါဝင္တဲ့ထဲမွာ ထိပ္ဆုံး ၈ သင္းနဲ႔အထက္မွာ ၿပီးဆုံးခဲ့မယ္ဆိုရင္ေတာ့ လက္မွန္တယ္လို႔ ယူဆရပါမယ္။

Invictus Gaming (Group-C)

ပထမဆုံး Minor ခ်န္ပီယံ အျပင္ Major မွာပါ တတိယရခဲ့လို႔ Invictus Gaming ကို ေစာင့္ၾကည့္ရမယ့္ စာရင္းထဲ သြင္းခဲ့ၾကပါတယ္။ ဒီ Major မွာလည္း China Qualifier မွာ ထိပ္ဆုံးက ေအာင္ျမင္ခဲ့လို႔ လက္စြမ္းကို ထိန္းထားႏိုင္ေသးတယ္လို႔ ယူဆရပါတယ္။

တ႐ုတ္ ၃ ေယာက္ မေလးရွား ၂ ေယာက္နဲ႔ ဖြဲ႕စည္းထားတဲ့ လူစာရင္းကေတာ့ အသင္းလိုက္ကစားပုံေကာင္းေပမယ့္ Star Player ေတာ့ ရွားပါးေနပါေသးတယ္။ စာေရးသူကေတာ့ IG ဟာ ေမဂ်ာခ်န္ပီယံအရည္အေသြး မျပည့္မွီေသးဘူးလို႔ ယူဆထားေပမယ့္ အုပ္စုတြင္း Top 2 အေနနဲ႔ Upper Bracket ေရာက္ဖို႔ကေတာ့ က်န္ ၃ သင္းထက္ အေလးပိုသာပါတယ္။

Reality Rift (Group-C)

ဒီ Major ရဲ႕ အသင္းသစ္ျဖစ္သလို SEA Tier-2 အဆင့္ကေန Major ၿပိဳင္ပြဲတစ္ခုကို တိုက္႐ိုက္ယွဥ္ၿပိဳင္ခြင့္ရတဲ့ မ်က္ႏွာသစ္ အသင္းတစ္သင္းပဲ ျဖစ္ပါတယ္။ အေတြ႕အႀကဳံရင့္ ကစားသမားမ်ားနဲ႔ လူငယ္ကစားသမားေတြ အခ်ိဳးက် ေပါင္းစပ္ထားတဲ့ စကၤာပူအေျခစိုက္ အသင္းတစ္သင္းပါ။

Mushi ရဲ႕ Orange Esports ကအသင္းေဖာ္ေဟာင္း kyxy ကေတာ့ နာမည္အႀကီးဆုံး Player ျဖစ္ၿပီး Team Faceless ေခတ္ေကာင္းစဥ္က ပါဝင္အသုံးေတာ္ခံခဲ့တဲ့ NutZ က Captain အျဖစ္ ပါဝင္ေနပါတယ္။ က်န္ ၃ ေယာက္အနက္ Alacrity- ကေတာ့ လူအနည္းငယ္သိႏိုင္ပါတယ္။ သူက Insane ရဲ႕ CG မွာ လြတ္ေနတဲ့ Position ကို အစားဝင္ေဆာ့ခဲ့ဖူးၿပီး Geekfam မွာလည္း ကစားဖူးပါတယ္။ Indo ႏိုင္ငံသား Drew နဲ႔ မြန္ဂိုလီယား ႏိုင္ငံသား Hustla တို႔ကေတာ့ Mid နဲ႔ Support role မွာ ကစားၾကမွာပါ။

ထူးထူးျခားျခားအေနနဲ႔ Reality Rift ဟာ ဂ်ာမနီ ဘြန္ဒစ္လီဂါ ေဘာလုံးလိဂ္မွာ အလုပ္လုပ္ေနတဲ့ အားကစားဆိုင္ရာ စိတ္ပညာရွင္တစ္ေယာက္ကို ေခၚယူထားတယ္လို႔ သိရွိရပါတယ္။ မ်က္ႏွာသစ္အသင္းမလို႔ လက္စြမ္းကို မခန႔္မွန္းတတ္ေပမယ့္ SEA ေဒသတြင္းအသင္းမုိ႔လို႔ စာေရးသူကေတာ့ က်ိတ္ၿပီး အားေပးေနမွာပါ။

Virtus Pro (Group-C)

ဝက္ဝံႀကီးေတြကေတာ့ TI9 အၿပီး လူစာရင္းအသစ္နဲ႔ လမ္းေပ်ာက္ေနရာကေန အခုေတာ့ လမ္းမွန္ေပၚ ျပန္ေရာက္လာၿပီလို႔ ယူဆရပါတယ္။ သူရဲ႕ လူစာရင္းအသစ္ကလည္း Reality Rift လိုပဲ လူသစ္ လူေဟာင္း အခ်ိဳးက် ေပါင္းစပ္ထားတာပါ။ CIS Region မွာ ၃ ႏွစ္ေလာက္ စိုးမိုးခဲ့တဲ့ No[o]ne, RodjER, Solo, Ramzee, 9pasha, Lil တို႔ Generation ေနာက္မွာ ဆယ္ေက်ာ္သက္ေတြနဲ႔ ပထမဆုံး ေသြးသစ္ျပန္ေလာင္းတာပါပဲ။

အသက္ ၁၇ ႏွစ္အ႐ြယ္ ႐ုရွား Carry “epileptick1d” နဲ႔ အသက္ ၁၈ အ႐ြယ္ ေမာ္လ္ဒိုဗာႏိုင္ငံသား Support “Save-“ တို႔ ၂ ေယာက္ဟာ အသင္းနဲ႔အံဝင္လာၿပီလို႔ ယူဆႏိုင္ပါတယ္။ One Esports ပြဲမွာ Top 6 နဲ႔ CIS Qualifier ကို ထိပ္ဆုံးက ပန္းဝင္ခဲ့တာပါ။ လူငယ္ေလး ၂ ေယာက္က ဒီ Major မွာ ဖိအားဒဏ္ ဘယ္ေလာက္ခံႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။ Top 8 ေလာက္ဝင္ရင္ လူသစ္ေတြ အလုပ္ျဖစ္တယ္လို႔ ဆိုႏိုင္ပါတယ္။

Evil Geniuses (Group-D)

တကယ္က EG ရဲ႕ လူစာရင္းဟာ စာ႐ြက္ေပၚမွာ ခ်ေရးၾကည့္ရင္ တကယ္ ေၾကာက္ဖို႔ေကာင္းတဲ့ လူစာရင္းပါ။ Sumail နဲ႔ အက်ပိုင္းေရာက္ေနတဲ့ s4 ကိုထုတ္ၿပီးေတာ့ SEA Region က ကမာၻေပၚမွာ MMR 10,000 ျပည့္တဲ့ ပထမဆုံး ကစားသမား Abed ရယ္ CIS Region မွာ ပထမဆုံး MMR 10,000 ျပည့္တဲ့ ကစားသမား Ramzes666 ရယ္ကို ေခၚယူခဲ့ပါတယ္။ လူသစ္ ၂ ေယာက္လုံးက အသက္ ၁၉ နဲ႔ ၂၀ သာရွိေသးလို႔ ေသြးသစ္ေလာင္းတယ္ဆိုႏိုင္ေပမယ့္ Virtus Pro နဲ႔ မတူတာက ဒီ Abed နဲ႔ Ramzes666 ဟာ သက္ဆိုင္ရာအသင္းေဟာင္းေတြမွာ လက္စြမ္းျပႏိုင္ၿပီး ဘုရင္လိုေနခဲ့ရတာပါ။

အဲလိုလူစာရင္းနဲ႔ ခ်န္ပီယံျဖစ္သင့္ေနၿပီဆိုေပမယ့္ One Esports Grand Final မွာ Vici Gaming ကို ၃-၀ နဲ႔ အရႈံးေပးခဲ့ရပါတယ္။ EG ပရိသတ္အမ်ားစုဟာ ဓါးစာခံအေနနဲ႔ နည္းျပ ေဆာင္းဦးလႈိင္ (BuLba) ကို ထိုးေႂကြးေနၾကေပမယ့္ စာေရးသူအျမင္အရ အခ်ိန္ေပးဖို႔သာ လိုအပ္တယ္လို႔ ျမင္ပါတယ္။ ဒီ Major မွာလည္း ခ်န္ပီယံဆုကို စိန္ေခၚဦးမွာျဖစ္ၿပီး ေသခ်ာတာကေတာ့ ခ်န္ပီယံျဖစ္မွသာ ပရိသတ္ေတြ အျပစ္တင္ခံရျခင္းက ကင္းေဝးမွာပါ။

Pain Gaming (Group-D)

Na’Vi, Team Liquid, EG တို႔နဲ႔တူတူ အုပ္စု D မွာ က်ေရာက္ေနတဲ့ Pain Gaming ရဲ႕ သြားရာလမ္းကေတာ့ Lower Bracket လို႔ ျမင္ေနပါၿပီ။ ဘရာဇီးသားေတြနဲ႔ပဲ ဖြဲ႕စည္းထားတဲ့ Pain Gaming ရဲ႕ နာမည္ကိုေတာ့ Major/Minor ပြဲေတြမွာ ျမင္ေတြ႕ေနက်ဆိုေပမယ့္ ေလးစားဖြယ္ လက္စြမ္းမ်ိဳးကို မျမင္ဖူးၾကပါဘူး။ ပထမ Minor မွာပါဝင္ခဲ့ေပမယ့္ ၈ သင္းၿပိဳင္ရာမွာ အဆင့္ ၈ ျဖင့္သာ အဆုံးသတ္ခဲ့ရပါတယ္။ Minor အၿပီးမွာ လူ ၃ ေယာက္အထိ လဲလွယ္ခဲ့ေပမယ့္ ဒီ Major မွာလည္း ၁၆ သင္းအနက္ အဆင့္ ၁၆ နဲ႔ ပြဲမသိမ္းရင္ ေက်နပ္သင့္ပါၿပီ။

Na’Vi (Group-D)

နာမည္နဲ႔တင္ တစ္ဖက္အသင္းကို ႐ိုက္သတ္လို႔ရတယ္ဆိုတာ Na’Vi ပဲရွိပါလိမ့္မယ္။ Legendary အသင္းတစ္သင္းျဖစ္တဲ့ Na’Vi ကေတာ့ သူတို႔ရဲ႕ အတိတ္က ေအာင္ျမင္မႈေတြကို ပုံေဖာ္ဖို႔ ႀကိဳးစားခဲ့တာ ၾကာပါၿပီ။ Crystallize နဲ႔ Magical တို႔လို လူငယ္ Core Player ေတြကို ေသခ်ာ ရွာေဖြေလ့က်င့္ခဲ့သလို 9pasha လို အေတြ႕အႀကဳံရင့္ Offlaner ကိုေခၚယူခဲ့ပါတယ္။

SoNNeiko ကို Captain ေပးၿပီး ဦးေဆာင္ခိုင္းခဲ့ေပမယ့္ Chendu Major ကို Qualifier ေတာင္ မေအာင္တဲ့အခါ တစ္ဦးတည္းေသာ လက္က်န္လူေဟာင္း SoNNeiko ကိုပါထုတ္ၿပီး ၁၇ ႏွစ္အ႐ြယ္ “illias” ကို Support ေနရာမွာ ေခၚယူခဲ့ပါတယ္။ One Esports ပြဲမွာလည္း ရလဒ္မေကာင္းခဲ့ေပမယ့္ သံေယာဇဥ္အရေတာ့ Top 8 ေလာက္ ဝင္ပါေစလို႔ပဲ ဆုေတာင္းလိုက္ရပါတယ္။

Team Liquid (Group-D)

Alliance ကစားသမားေဟာင္းေတြနဲ႔ ဖြဲ႕စည္းထားတဲ့ Team Liquid ဟာ Chendu Major မွာ Top 6 ဝင္ခဲ့ေပမယ့္ One Esports ပြဲမွာေတာ့ အုပ္စုကေန လွည့္ျပန္ခဲ့ရပါတယ္။ Team Liquid လို အင္အားႀကီး အဖြဲ႕အစည္းမ်ိဳးဟာ TI9 အၿပီးမွာ All Star အသင္းတစ္သင္းကို ဖြဲ႕စည္းႏိုင္တဲ့ အစြမ္းအစ ရွိပါတယ္။ Alliance လို အလယ္အလတ္သာသာ အသင္းက ကစားေတြဆီကေန ဘာေတြေမွ်ာ္လင့္ထားလဲ ဆိုတာ အုပ္ခ်ဳပ္သူေတြကိုယ္တိုင္ပဲ သိမွာပါ။

အခုလူစာရင္းဟာ Team Liquid ကို Major/Minor Qualifier အမ်ားစုကို ေအာင္ျမင္ေစမွာပါ။ ဒါေပမယ့္ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္မယ့္ Miracle, Kuroky တို႔ အဆင့္အတန္းကို ေရာက္ဖို႔ကေတာ့ လိုအပ္ေနပါေသးတယ္။ Chendu Major တုန္းကလို Top 6 ထဲ ျပန္ေရာက္ရင္ပဲ ေက်နပ္သင့္ပါၿပီ။

 

အႏွစ္ခ်ဳပ္အေနနဲ႔ဆိုရင္ ဒီ Major ဟာ ခ်န္ပီယံျဖစ္သင့္ေနၿပီ ျဖစ္တဲ့ Evil Geniuses, Vici Gaming, Team Secret စတဲ့ အသင္းႀကီးေတြ အပိုင္ႀကိဳးစားသင့္ပါတယ္။ ေနာက္ Major က်လို႔ OG တို႔ LGD တို႔ပါလာရင္ ပိုခက္ခဲလာေတာ့မွာပါ။ ၿပီးေတာ့ ဒီ Leipzig Major ဟာ Outlander Update အၿပီး ပထမဆုံးက်င္းပတဲ့ Valve ရဲ႕ တရားဝင္ Major ျဖစ္ပါတယ္။ One Esports ပြဲဟာ ဖိတ္ေခၚၿပိဳင္ပြဲသက္သက္မလို႔ ဒီ Major မွာမွ ရွိတာအကုန္ထုတ္သုံးၿပီး အႏိုင္ရဖို႔ နည္းမ်ိဳးစုံနဲ႔ ႀကိဳးပမ္းၾကမွာပါ။

၂ လမွတစ္ခါက်င္းပတဲ့ Valve ရဲ႕ တရားဝင္ Major ေတြဟာ အၿမဲလိုလို ပရိသတ္စိတ္ဝင္စားမႈ ျမင့္မားပါတယ္။ ပထမဆုံး Major တုန္းက အသင္းႀကီးေတာ္ေတာ္မ်ားမ်ား မပါဝင္ခဲ့ေပမယ့္ ဒီတစ္ခါေတာ့ ျမန္မာပရိသတ္ အခိုင္အမာရွိၿပီးသား Team Secret နဲ႔ Nigma တို႔လို အသင္းေတြ ပါဝင္လာတာမလို႔ ပြဲစတာနဲ႔ Social Media ေတြမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ျငင္းလိုက္ ေလတိုက္လိုက္နဲ႔ ေပ်ာ္ဖို႔ေကာင္းေနဦးမွာပါ။ ဘယ္အသင္းအႏိုင္ရမလဲလို႔ ခန႔္မွန္းၿပီး ျငင္းဆိုၾကတာထက္ ပရိသတ္ေတြအားလုံး ကိုယ္အားေပးတဲ့ အသင္းေတြအားလုံး Performance ထြက္ၾကပါေစလို႔ပဲ ဆုေတာင္းေပးလိုက္ပါတယ္။

#Jerry