[Unicode]

အသင်းကောင်းတွေ ပါဝင်လာတဲ့ DreamLeague Season 13: Leipzig Major ပွဲကြိုသုံးသပ်ချက် (Part-1)

 

DreamLeague Season 13: The Leipzig Major ကိုတော့ လာမယ့်ဇန်နဝါရီ ၁၈ ရက်နေ့ (စနေနေ့) ည ၇ နာရီကနေ စတင်သွားမှာဖြစ်ပြီး ၂၆ ရက်နေ့ ည ၇ နာရီမှာ Grand Final ကစားမှာ ဖြစ်ပါတယ်။ 2019-2020 Dota Pro Circuit Season ရဲ့ ဒုတိယ မေဂျာဖြစ်ပြီး ပထမမေဂျာမှာ အနားယူတဲ့ အသင်းတွေ များပြားခဲ့ပေမယ့် ဒုတိယ မေဂျာမှာတော့ အသင်းကောင်းတော်တော်များများ ပြန်ပါလာတာကို တွေ့ရမှာပါ။

အသင်းကြီးတွေထဲမှာဆို ဒုတိယမေဂျာမှာ ပြန်စကစားတဲ့ Team Secret နဲ့ လက်မှန်ပြန်ရလာတဲ့ Na’Vi, VP တို့ ပြန်ပါလာပြီး Bukovel Minor နောက်ပေါက်ကနေ ဝင်လာတဲ့ Nigma လည်း ပြန်လည်ပါဝင်လာပါတယ်။ ကျန်ခဲ့တဲ အသင်းကြီးဆိုလို့ လာမယ့် တတိယမေဂျာမှ ပြန်ကစားမယ်ဆိုတဲ့ TI9 ချန်ပီယံ OG နဲ့ Open Qualifier မှာ ခြေချော်သွားတဲ့ TI9 တတိယဆုရှင် LGD.PSG တို့ပဲ မပါဝင်တာကို တွေ့ရှိရပါတယ်။

ပြိုင်ပွဲတွေကိုတော့ ဂျာမနီနိုင်ငံ Leipzig (လိုက်ပ်ဇစ်ဂ်) မြို့မှာ ကျင်းပမှာဖြစ်ပြီး Timezone ကတော့ မြန်မာနိုင်ငံနဲ့ ၅:၃၀ နာရီ ကွာခြားတာမလို့ အိပ်ရေးအပျက်ခံပြီး ညနက်ပွဲတွေ ကြည့်ရနိုင်ပါတယ်။ ပွဲတွေကိုတော့ Skynet က eGG Network မှာ ကြည့်ရှုနိုင်ပြီး Facebook မှာတော့ ပြည်တွင်း Dota2 Broadcasting Page အကုန်နီးနီး ပြသမှာ ဖြစ်ပါတယ်။ ဒီတစ်ခါကတော့ အသင်းကောင်းတွေ များပြားနေတာမို့လို့ ဘယ်အသင်းတွေ ဘယ်လိုအဆင့်ထိ တက်ရောက်နိုင်မယ်ဆိုတာ ကျွန်တော်နဲ့ တူတူ သဘောထား ကွဲလွဲလိုက်ရအောင်!

TNC Predator (Group-A)

2019-2020 DPC Season ရဲ့ ပထမဆုံး Chendu Major ရဲ့ ချန်ပီယံ TNC Predators ကတော့ စောစောစီးစီး လက်စွမ်းပြပြီး DPC Point ၄,၈၅၀ နဲ့အတူ ဦးဆောင်ထားပါတယ်။ TI9 ပြီးပြီးခြင်း ကျင်းပခဲ့တဲ့ Chendu Major မှာ OG, LGD, Team Secret, Nigma, VP စတဲ့ အသင်းကြီးတွေ မပါသေးချိန်မှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့လို့ သူတို့ရဲ့ TI 10 ဝင်ခွင့်ဟာ အခြေအနေ ကောင်းနေပါပြီ။

TI9 အပြီး ESL One Hamburg နဲ့ Chendu Major ၂ ခုဆက်ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ဒါဟာ အရင် Patch အဟောင်းဖြစ်တဲ့ Earthshaker + Morphling meta မှာ မင်းမူခဲ့တာပါ။ Outlander Update ထွက်အပြီးကျင်းပတဲ့ Leipzig Major SEA Qualifier မှာတော့ တတိယမြောက် အသင်းအနေနဲ့သာ ဝင်ခွင့်ရခဲ့ပြီး One Esports Pro Invitational မှာလည်း Top8 သာ ဝင်ခဲ့ပါတယ်။ အပြောင်းအလဲအနေနဲ့ အတွေ့အကြုံရှိတဲ့ Febby oppa ကို Coach အနေနဲ့ ခေါ်ယူထားပါတယ်။

Coach အတွေ့အကြုံမရှိပဲ Streamer အနေနဲ့သာ အောင်မြင်နေတဲ့ MVP အသင်းသားဟောင်း Febby ကို ဘာလို့ခေါ်လဲ ဆိုတာ စဉ်းစားစရာပါ။ လက်ရှိအသင်းမှာပါဝင်တဲ့ Kpii တို့ March တို့နဲ့ လက်တွဲခဲ့ဖူးလို့ ခေါ်တာလည်း ဖြစ်နိုင်ပါတယ်။ နည်းပြသစ်နဲ့ Patch အသစ်မှာ အရင်လို meta abuse လုပ်နိုင်ရင်တော့ Top 4 လောက်ထဲ ဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

Team Aster (Group-A)

တရုတ် Qualifier မှာ တတိယနေရာကနေ ဝင်ရောက်ခွင့်ရခဲ့တဲ့ Team Aster ဟာ ပထမ Chendu Major မှာလည်း အခြေနေ မကောင်းခဲ့ပါဘူး။ ကံဆိုးတာကလည်း Group-A မှာ Nigma, Fnatic, TNC တို့နဲ့ တူတူ သေမင်းအုပ်စုထဲမှာ တူတူကျရောက်နေပါတယ်။

Chendu Major ချန်ပီယံ TNC ရယ် Bukovel ချန်ပီယံ Nigma ရယ် SEA မှာ ထိပ်ဆုံးက Qualifier အောင်လာတဲ့ ၃ သင်းကြားထဲမှာ Upper Bracket ရောက်ရင်ကိုပဲ ပွဲခံသင့်နေပါပြီ။ Sccc နဲ့ BoBoKa တို့ လက်စွမ်းပြန်ပြမပြပဲ စောင့်ကြည့်ရမှာပါ။

Fnatic (Group-A)

SEA မှာ TNC ကို ကျော်ပြီး ထိပ်ဆုံးက တက်လာပေမယ့် အဲဒီ လက်စွမ်းကို ထိန်းသိမ်းဖို့လိုပါတယ်။ Fnatic ရဲ့ ပြဿနာက Qualifier အောင်ပြီး Main Event ရောက်ရင် လက်ပျောက်တက်တာပါ။ SEA အိမ်ကြယ် Fnatic ကတော့ ဒီတစ်ခါ အသေအချာ ပြင်ဆင်ထားပါတယ်။

Team Secret နည်းပြဟောင်း Sunbhie ကို ခေါ်ယူခဲ့ပြီး Fantic ရုံးချုပ်တည်ရှိရာ လန်ဒန်မြို့မှာ နှစ်စပိုင်းကတည်းက Bootcamp ဝင်နေတာပါ။ နည်းပြသစ်နဲ့ ပြင်ဆင်မှုအားကောင်းနေပေမယ့် သေမင်းအုပ်စု (Group of death) မှာ ကျရောက်နေတာမလို့ သူလည်း Aster လိုပဲ အုပ်စုမှာ Top 2 ရပြီး Upper Bracket ရောက်ရင် တာဝန်ကျေပြီလို့ ယူဆနိုင်ပါတယ်။

Nigma (Group-A)

အားလုံးထင်မှတ်ထားတဲ့အတိုင်း Bukovel Minor မှာ ချန်ပီယံ ဖြစ်ခဲ့ပါပြီ။ Bukovel Minor Preview မှာ စာရေးသူ ပြောခဲ့သလိုပဲ ဒီ Major မှာ Top 8 လောက်ရောက်မှ သူ့ပရိသတ်တွေ ကျေနပ်ကြမှာပါ။ စာရေးသူအမြင်အရ Minor က တက်လာတဲ့သူတွေက Major မှာ ရလဒ်ကောင်းလေ့ ရှိပါတယ်။

အခြားအသင်းတွေလို ဒေသတွင်းအသင်းတွေကျော်ပြီး Qualifier အောင်တာမဟုတ်ပဲ Minor မှာ တကမ္ဘာလုံးက အသင်း ၈ သင်းကိုကျော်ပြီး ဗိုလ်စွဲထားတာမို့လို့ လက်မှန်ရနေတယ်လို့ ယူဆနိုင်ပါတယ်။ ပထမ Minor မှာ ချန်ပီယံဖြစ်ပြီး Chendu Major မှာ တတိယအထိ ရခဲ့တဲ့ Invictus Gaming (IG) ကို မြင်တွေ့နိုင်ပါတယ်။

Bukovel Minor ချန်ပီယံအနေနဲ့ နောက်ဖေးပေါက်ကနေ Major ကို ဝင်လာပြီး အရင်ရောက်နေတဲ့ အိမ်ရှင်တွေကို တက်ရိုက်မယ်ဆိုရင်လည်း TI9 ဒုတိယဆုရှင်တွေအတွက် အဆန်းအကြယ် ဖြစ်မှာ မဟုတ်ပါဘူး။ ချစ်သူမုန်းသူ များလှတဲ့ Nigma အတွက် Top 6 လောက်အထိတော့ ရောက်ရှိနိုင်မယ် ထင်ပါတယ်။

 

Vici Gaming (Group-B)

ပထမ Chendu Major ဒုတိယနဲ့ One Esports Pro Invitational ချန်ပီယံ ဆုရှင် Vici Gaming ကတော့ ယခုပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ခြိမ်းခြောက်နိုင်မယ့် အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ လက်ရှိလူစာရင်းက တွဲကစားတာ ကြာနေပြီမလို့ အသင်းသားအချင်းချင်း နားလည်မှုက ပြောစရာလိုမယ် မထင်ပါဘူး။

Outlander Update ကိုလည်း နောကြေနေကြောင်းကို One Esports ပွဲမှာ သက်သေပြပြီးပါပြီ။ Coach rOtK ရဲ့ ဦးဆောင်မှုအောက်မှာ ဒီ Leipzig Major ရပ်တည်မှုကတော့ Top 3 လောက် အနည်းဆုံးရောက်ရှိနိုင်ပါတယ်။ ချန်ပီယံ ဖြစ်သွားမယ်ဆိုလည်း မထူးဆန်းလောက်ပါဘူး။

Chaos Esports (Group-B)

Quincy Crew ကို ခေါ်ယူခဲ့တဲ့ Chaos Esports ကတော့ Sumail ထွက်သွားတဲ့အတွက် အဖြေရှာနေဆဲပါပဲ။ အရင် Offlaner Yawar က Sumail နေရာကို ဖြည့်ကစားပြီး Offlane နေရာအတွက် SaberLight ကို စမ်းသပ်ခဲ့ရာကနေ အခုတော့ Hellraiser က လူငယ် Offlaner “DM” နဲ့ အသားကျနေပါတယ်။ North America Qualifier မှာ EG, NiP, Fighting Pandas တို့ကို ဖြတ်ကျော်ပြီး ပထမဆုံး Qualifier အောင်ခဲ့တဲ့အတွက် အချဉ်တော့ မဟုတ်ပါဘူး။

ကံဆိုးတာက Vici Gaming နဲ့ Team Secret တို့နဲ့အတူ တစ်အုပ်စုထဲ ရောက်နေခဲ့လို့ ထိပ်ဆုံး ၂ သင်းအနေနဲ့ Upper Bracket ရောက်ဖို့ အတော်ကို ရုန်းကန်ရမှာပါ။ လက်စွမ်းမပြနိုင်ရင်တော့ အိမ်ဖြည့်အဆင့်နဲ့ အိမ်ပြန်စောသွားနိုင်ပါတယ်။

Beastcoast (Group-B)

ပီရူးကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ Beastcoast ဟာ Team Secret, Vici Gaming, Chaos Esports တို့နဲ့ တူတူ Group B ကိုကျရောက်နေပါတယ်။ အပေါ်ယံကြည့်လိုက်ရင် အိမ်ဖြည့်သက်သက်ပဲလို့ ထင်ရမှာပါ။ဒါပေမယ့် Beastcoast ရဲ့ ကစားသမားတွေဟာ TI9 မှာ Top 8 အထိရပြီး မထင်မှတ်တဲ့ လက်စွမ်းတွေ ပြသခဲ့တဲ့ Infamous အသင်းက ကစားသမား ၅ ယောက်နဲ့ ဖွဲ့စည်းထားတာမလို့ သတိထားရမှာပါ။ Upper Bracket ရောက်ခဲ့ရင်တော့ ဒီ ပီရူးအသင်းကို မျက်လုံးဒေါက်ထောက် ကြည့်ရပါတော့မယ်။

Team Secret (Group-B)

ပထမ Major ကို အနားယူခဲ့တဲ့ Team Secret အနေနဲ့ ဒီ Leipzig Major က လူစာရင်းအသစ် နည်းပြအသစ်နဲ့ လူစုံတက်စုံ ပါဝင်လာမယ့် ပထမဆုံးပြိုင်ပွဲပဲ ဖြစ်ပါတယ်။ Matumbaman နဲ့ နည်းပြ Heen တို့ကို အသစ်ခေါ်ယူထားပေမယ့် ပွဲဦးထွက် One Esports ပွဲမှာတော့ YapzOr နေရာမှာ MidOne က Standin ဝင်ဆော့ခဲ့လို့ အဲဒီပွဲရလဒ်အကြောင်း မပြောလိုတော့ပါဘူး။

EU Qualifier မှာလည်း Nigma ကိုဖြုတ်ချပြီး ပထမဆုံး Qualifier အောင်တဲ့ အသင်းဖြစ်ခဲ့ပါတယ်။ ပထမ Major မှာလည်း ကောင်းကောင်းအနားရနေတဲ့အပြင် လူစာရင်းအသစ်နဲ့ TI ချန်ပီယံ နည်းပြ Heen နဲ့ Puppey ရဲ့ ဦးဆောင်မှုအောက်မှာ ဒီ Major ရဲ့ ချန်ပီယံဆု စိန်ခေါ်မယ့် အသင်းတစ်သင်းအနေနဲ့ လေးစားရမှာပါ။ Draft အဆန်းတွေနဲ့ ဖျော်ဖြေမှုကို လိုက်ပါခံစားဖို့သာ အသင့်ပြင်ထားကြပါ။

Group-C နဲ့ Group-D အသင်းများအတွက် သုံးသပ်ချက်များပါဝင်တဲ့ အပိုင်း () ကို မနက်ဖြန် (၁၈ ရက် စနေနေ့) မနက်မှာ ဖော်ပြပေးသွားပါမယ် ခင်ဗျာ။

#Jerry


[Zawgyi]

အသင္းေကာင္းေတြ ပါဝင္လာတဲ့ DreamLeague Season 13: Leipzig Major ပြဲႀကိဳသုံးသပ္ခ်က္ (Part-1)

 

DreamLeague Season 13: The Leipzig Major ကိုေတာ့ လာမယ့္ဇန္နဝါရီ ၁၈ ရက္ေန႔ (စေနေန႔) ည ၇ နာရီကေန စတင္သြားမွာျဖစ္ၿပီး ၂၆ ရက္ေန႔ ည ၇ နာရီမွာ Grand Final ကစားမွာ ျဖစ္ပါတယ္။ 2019-2020 Dota Pro Circuit Season ရဲ႕ ဒုတိယ ေမဂ်ာျဖစ္ၿပီး ပထမေမဂ်ာမွာ အနားယူတဲ့ အသင္းေတြ မ်ားျပားခဲ့ေပမယ့္ ဒုတိယ ေမဂ်ာမွာေတာ့ အသင္းေကာင္းေတာ္ေတာ္မ်ားမ်ား ျပန္ပါလာတာကို ေတြ႕ရမွာပါ။

အသင္းႀကီးေတြထဲမွာဆို ဒုတိယေမဂ်ာမွာ ျပန္စကစားတဲ့ Team Secret နဲ႔ လက္မွန္ျပန္ရလာတဲ့ Na’Vi, VP တို႔ ျပန္ပါလာၿပီး Bukovel Minor ေနာက္ေပါက္ကေန ဝင္လာတဲ့ Nigma လည္း ျပန္လည္ပါဝင္လာပါတယ္။ က်န္ခဲ့တဲ အသင္းႀကီးဆိုလို႔ လာမယ့္ တတိယေမဂ်ာမွ ျပန္ကစားမယ္ဆိုတဲ့ TI9 ခ်န္ပီယံ OG နဲ႔ Open Qualifier မွာ ေျခေခ်ာ္သြားတဲ့ TI9 တတိယဆုရွင္ LGD.PSG တို႔ပဲ မပါဝင္တာကို ေတြ႕ရွိရပါတယ္။

ၿပိဳင္ပြဲေတြကိုေတာ့ ဂ်ာမနီႏိုင္ငံ Leipzig (လိုက္ပ္ဇစ္ဂ္) ၿမိဳ႕မွာ က်င္းပမွာျဖစ္ၿပီး Timezone ကေတာ့ ျမန္မာႏိုင္ငံနဲ႔ ၅:၃၀ နာရီ ကြာျခားတာမလို႔ အိပ္ေရးအပ်က္ခံၿပီး ညနက္ပြဲေတြ ၾကည့္ရႏိုင္ပါတယ္။ ပြဲေတြကိုေတာ့ Skynet က eGG Network မွာ ၾကည့္ရႈႏိုင္ၿပီး Facebook မွာေတာ့ ျပည္တြင္း Dota2 Broadcasting Page အကုန္နီးနီး ျပသမွာ ျဖစ္ပါတယ္။ ဒီတစ္ခါကေတာ့ အသင္းေကာင္းေတြ မ်ားျပားေနတာမို႔လို႔ ဘယ္အသင္းေတြ ဘယ္လိုအဆင့္ထိ တက္ေရာက္ႏိုင္မယ္ဆိုတာ ကြၽန္ေတာ္နဲ႔ တူတူ သေဘာထား ကြဲလြဲလိုက္ရေအာင္!

TNC Predator (Group-A)

2019-2020 DPC Season ရဲ႕ ပထမဆုံး Chendu Major ရဲ႕ ခ်န္ပီယံ TNC Predators ကေတာ့ ေစာေစာစီးစီး လက္စြမ္းျပၿပီး DPC Point ၄,၈၅၀ နဲ႔အတူ ဦးေဆာင္ထားပါတယ္။ TI9 ၿပီးၿပီးျခင္း က်င္းပခဲ့တဲ့ Chendu Major မွာ OG, LGD, Team Secret, Nigma, VP စတဲ့ အသင္းႀကီးေတြ မပါေသးခ်ိန္မွာ ခ်န္ပီယံဆုကို ရယူႏိုင္ခဲ့လို႔ သူတို႔ရဲ႕ TI 10 ဝင္ခြင့္ဟာ အေျခအေန ေကာင္းေနပါၿပီ။

TI9 အၿပီး ESL One Hamburg နဲ႔ Chendu Major ၂ ခုဆက္ခ်န္ပီယံ ျဖစ္ခဲ့ေပမယ့္ ဒါဟာ အရင္ Patch အေဟာင္းျဖစ္တဲ့ Earthshaker + Morphling meta မွာ မင္းမူခဲ့တာပါ။ Outlander Update ထြက္အၿပီးက်င္းပတဲ့ Leipzig Major SEA Qualifier မွာေတာ့ တတိယေျမာက္ အသင္းအေနနဲ႔သာ ဝင္ခြင့္ရခဲ့ၿပီး One Esports Pro Invitational မွာလည္း Top8 သာ ဝင္ခဲ့ပါတယ္။ အေျပာင္းအလဲအေနနဲ႔ အေတြ႕အႀကဳံရွိတဲ့ Febby oppa ကို Coach အေနနဲ႔ ေခၚယူထားပါတယ္။

Coach အေတြ႕အႀကဳံမရွိပဲ Streamer အေနနဲ႔သာ ေအာင္ျမင္ေနတဲ့ MVP အသင္းသားေဟာင္း Febby ကို ဘာလို႔ေခၚလဲ ဆိုတာ စဥ္းစားစရာပါ။ လက္ရွိအသင္းမွာပါဝင္တဲ့ Kpii တို႔ March တို႔နဲ႔ လက္တြဲခဲ့ဖူးလို႔ ေခၚတာလည္း ျဖစ္ႏိုင္ပါတယ္။ နည္းျပသစ္နဲ႔ Patch အသစ္မွာ အရင္လို meta abuse လုပ္ႏိုင္ရင္ေတာ့ Top 4 ေလာက္ထဲ ဝင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Team Aster (Group-A)

တ႐ုတ္ Qualifier မွာ တတိယေနရာကေန ဝင္ေရာက္ခြင့္ရခဲ့တဲ့ Team Aster ဟာ ပထမ Chendu Major မွာလည္း အေျခေန မေကာင္းခဲ့ပါဘူး။ ကံဆိုးတာကလည္း Group-A မွာ Nigma, Fnatic, TNC တို႔နဲ႔ တူတူ ေသမင္းအုပ္စုထဲမွာ တူတူက်ေရာက္ေနပါတယ္။

Chendu Major ခ်န္ပီယံ TNC ရယ္ Bukovel ခ်န္ပီယံ Nigma ရယ္ SEA မွာ ထိပ္ဆုံးက Qualifier ေအာင္လာတဲ့ ၃ သင္းၾကားထဲမွာ Upper Bracket ေရာက္ရင္ကိုပဲ ပြဲခံသင့္ေနပါၿပီ။ Sccc နဲ႔ BoBoKa တို႔ လက္စြမ္းျပန္ျပမျပပဲ ေစာင့္ၾကည့္ရမွာပါ။

Fnatic (Group-A)

SEA မွာ TNC ကို ေက်ာ္ၿပီး ထိပ္ဆုံးက တက္လာေပမယ့္ အဲဒီ လက္စြမ္းကို ထိန္းသိမ္းဖို႔လိုပါတယ္။ Fnatic ရဲ႕ ျပႆနာက Qualifier ေအာင္ၿပီး Main Event ေရာက္ရင္ လက္ေပ်ာက္တက္တာပါ။ SEA အိမ္ၾကယ္ Fnatic ကေတာ့ ဒီတစ္ခါ အေသအခ်ာ ျပင္ဆင္ထားပါတယ္။

Team Secret နည္းျပေဟာင္း Sunbhie ကို ေခၚယူခဲ့ၿပီး Fantic ႐ုံးခ်ဳပ္တည္ရွိရာ လန္ဒန္ၿမိဳ႕မွာ ႏွစ္စပိုင္းကတည္းက Bootcamp ဝင္ေနတာပါ။ နည္းျပသစ္နဲ႔ ျပင္ဆင္မႈအားေကာင္းေနေပမယ့္ ေသမင္းအုပ္စု (Group of death) မွာ က်ေရာက္ေနတာမလို႔ သူလည္း Aster လိုပဲ အုပ္စုမွာ Top 2 ရၿပီး Upper Bracket ေရာက္ရင္ တာဝန္ေက်ၿပီလို႔ ယူဆႏိုင္ပါတယ္။

Nigma (Group-A)

အားလုံးထင္မွတ္ထားတဲ့အတိုင္း Bukovel Minor မွာ ခ်န္ပီယံ ျဖစ္ခဲ့ပါၿပီ။ Bukovel Minor Preview မွာ စာေရးသူ ေျပာခဲ့သလိုပဲ ဒီ Major မွာ Top 8 ေလာက္ေရာက္မွ သူ႔ပရိသတ္ေတြ ေက်နပ္ၾကမွာပါ။ စာေရးသူအျမင္အရ Minor က တက္လာတဲ့သူေတြက Major မွာ ရလဒ္ေကာင္းေလ့ ရွိပါတယ္။

အျခားအသင္းေတြလို ေဒသတြင္းအသင္းေတြေက်ာ္ၿပီး Qualifier ေအာင္တာမဟုတ္ပဲ Minor မွာ တကမာၻလုံးက အသင္း ၈ သင္းကိုေက်ာ္ၿပီး ဗိုလ္စြဲထားတာမုိ႔လို႔ လက္မွန္ရေနတယ္လို႔ ယူဆႏိုင္ပါတယ္။ ပထမ Minor မွာ ခ်န္ပီယံျဖစ္ၿပီး Chendu Major မွာ တတိယအထိ ရခဲ့တဲ့ Invictus Gaming (IG) ကို ျမင္ေတြ႕ႏိုင္ပါတယ္။

Bukovel Minor ခ်န္ပီယံအေနနဲ႔ ေနာက္ေဖးေပါက္ကေန Major ကို ဝင္လာၿပီး အရင္ေရာက္ေနတဲ့ အိမ္ရွင္ေတြကို တက္႐ိုက္မယ္ဆိုရင္လည္း TI9 ဒုတိယဆုရွင္ေတြအတြက္ အဆန္းအၾကယ္ ျဖစ္မွာ မဟုတ္ပါဘူး။ ခ်စ္သူမုန္းသူ မ်ားလွတဲ့ Nigma အတြက္ Top 6 ေလာက္အထိေတာ့ ေရာက္ရွိႏိုင္မယ္ ထင္ပါတယ္။

 

Vici Gaming (Group-B)

ပထမ Chendu Major ဒုတိယနဲ႔ One Esports Pro Invitational ခ်န္ပီယံ ဆုရွင္ Vici Gaming ကေတာ့ ယခုၿပိဳင္ပြဲရဲ႕ ခ်န္ပီယံဆုကို ၿခိမ္းေျခာက္ႏိုင္မယ့္ အသင္းေတြထဲက တစ္သင္းျဖစ္ပါတယ္။ လက္ရွိလူစာရင္းက တြဲကစားတာ ၾကာေနၿပီမလို႔ အသင္းသားအခ်င္းခ်င္း နားလည္မႈက ေျပာစရာလိုမယ္ မထင္ပါဘူး။

Outlander Update ကိုလည္း ေနာေၾကေနေၾကာင္းကို One Esports ပြဲမွာ သက္ေသျပၿပီးပါၿပီ။ Coach rOtK ရဲ႕ ဦးေဆာင္မႈေအာက္မွာ ဒီ Leipzig Major ရပ္တည္မႈကေတာ့ Top 3 ေလာက္ အနည္းဆုံးေရာက္ရွိႏိုင္ပါတယ္။ ခ်န္ပီယံ ျဖစ္သြားမယ္ဆိုလည္း မထူးဆန္းေလာက္ပါဘူး။

Chaos Esports (Group-B)

Quincy Crew ကို ေခၚယူခဲ့တဲ့ Chaos Esports ကေတာ့ Sumail ထြက္သြားတဲ့အတြက္ အေျဖရွာေနဆဲပါပဲ။ အရင္ Offlaner Yawar က Sumail ေနရာကို ျဖည့္ကစားၿပီး Offlane ေနရာအတြက္ SaberLight ကို စမ္းသပ္ခဲ့ရာကေန အခုေတာ့ Hellraiser က လူငယ္ Offlaner “DM” နဲ႔ အသားက်ေနပါတယ္။ North America Qualifier မွာ EG, NiP, Fighting Pandas တို႔ကို ျဖတ္ေက်ာ္ၿပီး ပထမဆုံး Qualifier ေအာင္ခဲ့တဲ့အတြက္ အခ်ဥ္ေတာ့ မဟုတ္ပါဘူး။

ကံဆိုးတာက Vici Gaming နဲ႔ Team Secret တို႔နဲ႔အတူ တစ္အုပ္စုထဲ ေရာက္ေနခဲ့လို႔ ထိပ္ဆုံး ၂ သင္းအေနနဲ႔ Upper Bracket ေရာက္ဖို႔ အေတာ္ကို ႐ုန္းကန္ရမွာပါ။ လက္စြမ္းမျပႏိုင္ရင္ေတာ့ အိမ္ျဖည့္အဆင့္နဲ႔ အိမ္ျပန္ေစာသြားႏိုင္ပါတယ္။

Beastcoast (Group-B)

ပီ႐ူးကစားသမားေတြနဲ႔ ဖြဲ႕စည္းထားတဲ့ Beastcoast ဟာ Team Secret, Vici Gaming, Chaos Esports တို႔နဲ႔ တူတူ Group B ကိုက်ေရာက္ေနပါတယ္။ အေပၚယံၾကည့္လိုက္ရင္ အိမ္ျဖည့္သက္သက္ပဲလို႔ ထင္ရမွာပါ။ဒါေပမယ့္ Beastcoast ရဲ႕ ကစားသမားေတြဟာ TI9 မွာ Top 8 အထိရၿပီး မထင္မွတ္တဲ့ လက္စြမ္းေတြ ျပသခဲ့တဲ့ Infamous အသင္းက ကစားသမား ၅ ေယာက္နဲ႔ ဖြဲ႕စည္းထားတာမလို႔ သတိထားရမွာပါ။ Upper Bracket ေရာက္ခဲ့ရင္ေတာ့ ဒီ ပီ႐ူးအသင္းကို မ်က္လုံးေဒါက္ေထာက္ ၾကည့္ရပါေတာ့မယ္။

Team Secret (Group-B)

ပထမ Major ကို အနားယူခဲ့တဲ့ Team Secret အေနနဲ႔ ဒီ Leipzig Major က လူစာရင္းအသစ္ နည္းျပအသစ္နဲ႔ လူစုံတက္စုံ ပါဝင္လာမယ့္ ပထမဆုံးၿပိဳင္ပြဲပဲ ျဖစ္ပါတယ္။ Matumbaman နဲ႔ နည္းျပ Heen တို႔ကို အသစ္ေခၚယူထားေပမယ့္ ပြဲဦးထြက္ One Esports ပြဲမွာေတာ့ YapzOr ေနရာမွာ MidOne က Standin ဝင္ေဆာ့ခဲ့လို႔ အဲဒီပြဲရလဒ္အေၾကာင္း မေျပာလိုေတာ့ပါဘူး။

EU Qualifier မွာလည္း Nigma ကိုျဖဳတ္ခ်ၿပီး ပထမဆုံး Qualifier ေအာင္တဲ့ အသင္းျဖစ္ခဲ့ပါတယ္။ ပထမ Major မွာလည္း ေကာင္းေကာင္းအနားရေနတဲ့အျပင္ လူစာရင္းအသစ္နဲ႔ TI ခ်န္ပီယံ နည္းျပ Heen နဲ႔ Puppey ရဲ႕ ဦးေဆာင္မႈေအာက္မွာ ဒီ Major ရဲ႕ ခ်န္ပီယံဆု စိန္ေခၚမယ့္ အသင္းတစ္သင္းအေနနဲ႔ ေလးစားရမွာပါ။ Draft အဆန္းေတြနဲ႔ ေဖ်ာ္ေျဖမႈကို လိုက္ပါခံစားဖို႔သာ အသင့္ျပင္ထားၾကပါ။

Group-C နဲ႔ Group-D အသင္းမ်ားအတြက္ သုံးသပ္ခ်က္မ်ားပါဝင္တဲ့ အပိုင္း () ကို မနက္ျဖန္ (၁၈ ရက္ စေနေန႔) မနက္မွာ ေဖာ္ျပေပးသြားပါမယ္ ခင္ဗ်ာ။

#Jerry