“League of Legends မှာ ကစားနိုင်တဲ့ role များ”

[Unicode]

Article by ComBo.

ကမ္ဘာကျော် MOBA ဂိမ်းကြီး တစ်ခုဖြစ်တဲ့ League of Legends ရဲ့ မိုဘိုင်းလ်ဗားရှင်း League of Legends: Wild Rift ဟာ လာမယ့်နှစ်အတွင်း ထွက်ရှိလာတော့မှာဖြစ်ကြောင်း တရားဝင်ကြေညာထားပြီး ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော် ရပ်တည်လာခဲ့တဲ့ League of Legends ဟာ ကစားသူ သန်းပေါင်းများစွာ ရရှိထားပြီးဖြစ်သလို အသစ်ထွက်ရှိလာမယ့် မိုဘိုင်းလ်ဗားရှင်းကို ကစားဖို့ အားခဲစောင့်စားနေကြသူများလည်း ရှိနေပါပြီ။

မြန်မာနိုင်ငံမှာတော့ အခြား MOBA များဖြစ်တဲ့ Dota 2 နဲ့ Mobile Legends: Bang Bang တို့ကို ကစားသူ များပြားပေမယ့် League of Legends ကစားသမားကတော့ နည်းပါးလှပါတယ်။ League of Legends ဟာ အခြား MOBA များ နည်းတူ ဂိမ်းအတွင်း ရွေးချယ်ကစားနိုင်တဲ့ role များရှိပြီး အခြားဂိမ်းများနဲ့ မတူညီတဲ့ ထူးခြားချက်များလည်း ရှိပါတယ်။

League of Legends ဂိမ်းထဲမှာ ကိုင်တွယ်ကစားနိုင်တဲ့ ဂိမ်းဇာတ်ကောင်များကို အခြားဂိမ်းများထဲမှာလို hero လို့ မခေါ်ပဲ champion လို့ ခေါ်ဝေါ်ကြပါတယ်။ League of Legends champion role များကို အဓိကအားဖြင့် ၅ မျိုး ခွဲခြားထားနိုင်ပါတယ်။ ယင်းတို့ကတော့

– ADC (Attack Damage Carry)

– Mid Laner

– Top Laner

– Jungler

– Support တို့ပဲဖြစ်ပါတယ်။


ADC (Attack-Damage Carry)

(Example: Yasuo/ Kai’Sa)

ADC များကို Marksman များအဖြစ်လည်း ခေါ်ဆိုကြပြီး အသင်းတစ်သင်းလုံးမှာ Physical-based damage အပေးနိုင်ဆုံး ချန်ပီယံများဖြစ်ကြပါတယ်။ ADC များဟာ bottom lane လို့ခေါ်တဲ့ မြေပုံရဲ့ အောက်ပိုင်းလမ်းကို သွားလေ့ရှိကြပါတယ်။ ရန်သူအသင်းရဲ့ Tank ကလွဲရင် အတော်များများကို damage ပေးနိုင်စွမ်းရှိပေမယ့် ကိုယ်တိုင်ကတော့ ခုခံနိုင်စွမ်းနည်းပါးလှပါတယ်။

Health ရော Defense ပါ နည်းပါးလှတဲ့ ADC များရဲ့ lane ပေါ်က အဓိကတာဝန်ကတော့ ရန်သူအသင်းရဲ့ ADC ကို ချေမှုန်းနိုင်ဖို့ဖြစ်ပြီး team fight များမှာတော့ မိမိအသင်းကို အန္တရာယ်အပေးနိုင်ဆုံး ရန်သူချန်ပီယံကို ရှင်းလင်းဖို့ပါ။ Item များ အထူးလိုအပ်လှတဲ့ role တစ်ခုဖြစ်ပြီး အသင်းရဲ့ အရေးကြီးဆုံး role တစ်ခုလည်း ဖြစ်ပါတယ်။

Bottom lane ကို မသွားပဲ top laner နဲ့ ပြောင်းလဲသွားကြတဲ့ ADC များလည်း တစ်ခါတစ်ရံရှိနိုင်ပါတယ်။ Lane ပြောင်းခြင်းများကို အဆင့်မြင့်ကစားပွဲများမှာ တွေ့ရလေ့ရှိပြီး ဂိမ်းအစောပိုင်းမှာ အသာစီးရဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်လေ့ရှိကြပါတယ်။ မည်သို့ပင်ပြောင်းသည်ဖြစ်စေ ADC ရှိတဲ့လမ်းကို support ကစားသမားတစ်ယောက် လိုက်ပါလေ့ ရှိပါတယ်။


Mid Laner

(Example: Ahri/ Fizz)

Mid Laner များဟာ APC (Ability-Power Carry) များ ဖြစ်လေ့ရှိကြပြီး မြေပုံရဲ့ အလယ်လမ်းကို သွားကြသူများပါ။ ADC များလိုပဲ damage များများပေးနိုင်သူများဖြစ်ကြပေမယ့် attack damage ထက် ability များအပေါ်မှာ မှီခိုလေ့ရှိကြပါတယ်။ APC များဟာ ranged ချန်ပီယံများဖြစ်လေ့ရှိကြပေမယ့် အခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။

ဒီ role မှာ ranged attack များနဲ့ ranged ability များကို အသုံးပြုပြီး တစ်ဖက်ရန်သူကို ဒုက္ခပေးနိုင်ဖို့ လိုအပ်လှပါတယ်။ Mid Laner များဟာလည်း များသောအားဖြင့် damage ထွက်သလောက် defense နဲ့ movement speed များနည်းပါးလို့ သေလွယ်ပျောက်လွယ် ဖြစ်တတ်ကြပါတယ်။

မြေပုံရဲ့ အလယ်တည့်တည့်ကို သွားရောက်ကစားရတဲ့ role ဖြစ်လို့ အန္တရာယ်လည်း အလွန်များပါတယ်။ Mid lane ကို ရန်သူကစားသမားစုံ အလစ်အငိုက်လာရောက် တိုက်ခိုက်နိုင်ခြေရှိလို့ သတိလည်း ကြီးကြီးထားသင့်တာပါ။ Vision ရှိဖို့လည်း အထူးလိုအပ်လှပါတယ်။

လမ်းပေါ်က creep များကို အလျင်အမြန်ရှင်းလင်းပြီး မြေပုံရဲ့ အခြားနေရာများကို သွားရောက်နိုင်လောက်အောင် ပေါ့ပါးတဲ့ Mid Laner များလည်း ရှိကြပါတယ်။ ဒီလို Mid Laner များဟာ Jungle သမားများနဲ့ ပူးပေါင်းပြီး ဂိမ်းကို ထိန်းချုပ်ဖို့ ကြိုးစားရလေ့ရှိပါတယ်။


Top Laner

(Example: Nasus/ Teemo)

Top Laner အဖြစ် Tank/ Bruiser များကို တွေ့ရလေ့ရှိပြီး အသင်းရဲ့ defence အများဆုံးနဲ့ ခံနိုင်ရည်အရှိဆုံးချန်ပီယံများ ဖြစ်လေ့ရှိကြပါတယ်။ တစ်ခါတစ်လေမှာတော့ ADC နဲ့ လမ်းလဲပြီး မြေပုံအောက်ပိုင်းလမ်းကိုလည်း ရောက်ရှိသွားနိုင်ပါသေးတယ်။

Team fight တစ်ခုမှာ အသင်းရဲ့ ရှေ့ဆုံးက မားမားမတ်မတ် ဝင်ရောက်သူများဖြစ်ပြီး ရန်သူအသင်းရဲ့ ADC သို့မဟုတ် အန္တရာယ်အပေးနိုင်ဆုံးချန်ပီယံကို stun ပေးတာဖြစ်စေ၊ တိုက်ခိုက်တာဖြစ်စေ၊ ရန်သူရဲ့ damage များကို အသင်းအပေါ်မကျရောက်အောင် ကာကွယ်တာဖြစ်စေ ပြုလုပ်ကြလေ့ရှိပါတယ်။

အချို့ ချန်ပီယံများဟာ health နဲ့ defense များပြားလို့ ရန်သူအသင်းရဲ့ အလယ်ကိုတောင် ဝင်ရောက်နိုင်လေ့ရှိကြပါတယ်။ Top Laner များနဲ့ ပတ်သက်လို့ အများလက်ခံထားကြတဲ့ အားနည်းချက်ကတော့ အခြားလမ်းများကို သွားရောက်ပြီး အလစ်အငိုက်တိုက်ခိုက်နိုင်စွမ်း နည်းပါးခြင်းပါ။

အလယ်လမ်း သို့မဟုတ် ရန်သူအသင်းရဲ့ jungle ထဲကို တစ်ခါတစ်ရံသွားရောက်ပြီး kill ရယူတဲ့ Top Laner များ တစ်ခါတစ်ရံရှိနိုင်ပေမယ့် များသောအားဖြင့် ကိုယ်ပိုင်လမ်းမှာပဲ နေလေ့ရှိကြပါတယ်။ ဒီ role ကို ကစားမယ်ဆိုရင် အစောပိုင်းထဲက သာဖို့ အလွန်အရေးကြီးလှပြီး ဒါမှသာ ဂိမ်းနောက်ပိုင်းမှာ ကြံ့ခိုင်မှာ ဖြစ်ပါတယ်။


Jungler

(Example: Kayn/ Vi)

Jungler များကတော့ ဂိမ်းရဲ့အစောပိုင်းမှာ မြေပုံပေါ်က လမ်း ၃ လမ်းလုံးပေါ်ကို မတက်ပဲ jungle ထဲကို သွားရောက်ကြသူများပါ။ အသင်းတစ်သင်းစီမှာ ချန်ပီယံ ၅ ကောင် ပါဝင်ပြီး လမ်း ၃ လမ်းပဲ ရှိတဲ့အတွက် gold နဲ့ experience point များ မျှဝေရတာ အဆင်မပြေဖြစ်လာနိုင်လေ့ရှိပါတယ်။ Jungler များကတော့ လိုအပ်တဲ့ point များကို jungle ထဲမှာပဲ ရှာဖွေတာဖြစ်လို့ အသင်းအတွက် အားသာချက်ဖြစ်ပေါ်စေပါတယ်။

မြေပုံပေါ်က ရန်သူများကို လိုက်လံတိုက်ခိုက်ဖို့ လုံလောက်တဲ့အခြေအနေမရောက်မီအထိ jungler များဟာ တောထဲမှာပဲ ရှာဖွေကြရပါတယ်။ ဂိမ်းရဲ့ ပထမပိုင်း ၄ မိနစ်ကနေ ၇ မိနစ်လောက်အထိ ရှာဖွေပြီးရင်တော့ အသင်းကို ကူညီလေ့ရှိပါတယ်။ Dragon နဲ့ Baron ဘေးမှာ vision ရရှိဖို့ Mid Laner ကို ကူညီဖို့ ရန်သူများကို ခြုံခိုတိုက်ခိုက်ဖို့ စတာတွေဟာ jungler ရဲ့ တာဝန်များပါ။

Jungle ကို ထိန်းချုပ်နိုင်ခြင်းဟာ jungle ထဲကနေ အလစ်အငိုက်ဖမ်း တိုက်ခိုက်မှုများနဲ့ မြေပုံရဲ့အရေးကြီးအစိတ်အပိုင်းကို ထိန်းချုပ်နိုင်ခြင်း ဖြစ်ပါတယ်။ ဒီလိုပြုလုပ်နိုင်စွမ်းဟာ အစောပိုင်းထဲက အနိုင်ရအောင် အားသားချက်များများ ဖန်တီးခြင်းလည်း ဖြစ်ပါသေးတယ်။

သင်ဟာ Jungler တစ်ယောက် မဟုတ်ပဲ lane ပေါ်မှာ ကစားတဲ့သူတစ်ယောက်ဖြစ်ခဲ့ရင် သင့်အသင်းက Jungler လာရောက်ချိန်မှာ creep အချို့ကို ပေးသင့်ပါတယ်။ ဒီလိုမပြုလုပ်နိုင်ပဲ လောဘကြီးနေရင် Jungler ဟာ သင့်ကို ကူညီမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကူညီမှုဟာ ပြိုင်ဘက်ကို lane ပေါ်မှာ အနိုင်ရဖို့ အထောက်အပံ့ကောင်းဖြစ်လာနိုင်ပါတယ်။


Support

(Example: Janna/ Thresh)

Support ကစားသမား role ကတော့ ADC နဲ့ တွဲဖက်ရလေ့ရှိပြီး ADC ကို lane ပေါ်မှာ အဓိက ကူညီကြသူများလည်း ဖြစ်ပါတယ်။ Ward များ သို့မဟုတ် trinket များကို အသုံးပြုပြီး ADC အတွက် vision မြင်ရအောင် ပြုလုပ်ပေးရသလို ADC မသေအောင်လည်း ကာကွယ်ပေးရပါတယ်။ Damage နည်းပါးပြီး hit point သာများပြားလေ့ရှိတဲ့ support များဟာ အသင်းကို ကူညီဖို့သာ အဓိကပါ။

ဂိမ်းရဲ့ အစောပိုင်း laning phase မှာ ADC ကို ကူညီဖို့ တာဝန်သာရှိပေမယ့် နောက်ပိုင်းမှာတော့ team fight အပေါ် ကြီးကြီးမားမား သက်ရောက်နိုင်မှုတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် တစ်ဖက်အသင်းက ADC သို့မဟုတ် အန္တရာယ်ရှိတဲ့သူကို ကောင်းကောင်းနေရာယူလို့ မရအောင် ပြုလုပ်နိုင်တာမျိုးပါ။

Support ချန်ပီယံများကတော့ အမျိုးစုံရှိကြပါတယ်။ အချို့ကတော့ defence ကောင်းကြပြီး အချို့ကတော့ လိုက်လံတိုက်ခိုက်ဖို့ အသားပေးထားတဲ့ aggressive ပုံစံများပါ။ ၂ မျိုးလုံးပေါင်းစပ်ထားတဲ့ ability များ ပါဝင်သူများလည်း ရှိပါတယ်။ Support တစ်ယောက်ရဲ့ ပရိယာယ်ကြွယ်ဝမှုဟာ ဂိမ်းတစ်ပွဲအတွက် လွန်စွာအရေးပါလေ့ရှိပါတယ်။

ဒါတွေကတော့ အခြေခံ role များဖြစ်ပြီး တစ်ခုချင်းစီမှာ ထပ်ခွဲထားတဲ့ role ငယ်များလည်း ရှိပါသေးတယ်။ MOBA ဂိမ်းများဟာ မိမိရဲ့ ကျွမ်းကျင်မှုနဲ့ နည်းပရိယာယ်များပေါ်မှာ များစွာ မူတည်တာမို့ ဘယ်အရာကိုမှ ပုံသေတွက်ထားလို့ မရပဲ အပြောင်းအလဲများလည်း ရှိနိုင်ပါတယ်။ League of Legends ရဲ့ role များကို မိုဘိုင်းလ်ဗားရှင်းထွက်ရှိလာချိန် ကစားရအဆင်ပြေစေရန်နဲ့ ဗဟုသုတရစေရန် ရည်ရွယ်ပြီး တင်ဆက်လိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

Source: Pinnacle

Article by ComBo.

===================================================

[Zawgyi]

“League of Legends မွာ ကစားႏိုင္တဲ့ role မ်ား”

 

ကမၻာေက်ာ္ MOBA ဂိမ္းၾကီး တစ္ခုျဖစ္တဲ့ League of Legends ရဲ႕ မိုဘိုင္းလ္ဗားရွင္း League of Legends: Wild Rift ဟာ လာမယ့္ႏွစ္အတြင္း ထြက္ရွိလာေတာ့မွာျဖစ္ေၾကာင္း တရားဝင္ေၾကညာထားျပီး ျဖစ္ပါတယ္။ ဆယ္စုႏွစ္တစ္ခုေက်ာ္ ရပ္တည္လာခဲ့တဲ့ League of Legends ဟာ ကစားသူ သန္းေပါင္းမ်ားစြာ ရရွိထားျပီးျဖစ္သလို အသစ္ထြက္ရွိလာမယ့္ မိုဘိုင္းလ္ဗားရွင္းကို ကစားဖုိ႔ အားခဲေစာင့္စားေနၾကသူမ်ားလည္း ရွိေနပါျပီ။

ျမန္မာႏိုင္ငံမွာေတာ့ အျခား MOBA မ်ားျဖစ္တဲ့ Dota 2 နဲ႔ Mobile Legends: Bang Bang တို႔ကို ကစားသူ မ်ားျပားေပမယ့္ League of Legends ကစားသမားကေတာ့ နည္းပါးလွပါတယ္။ League of Legends ဟာ အျခား MOBA မ်ား နည္းတူ ဂိမ္းအတြင္း ေရြးခ်ယ္ကစားႏိုင္တဲ့ role မ်ားရွိျပီး အျခားဂိမ္းမ်ားနဲ႔ မတူညီတဲ့ ထူးျခားခ်က္မ်ားလည္း ရွိပါတယ္။

League of Legends ဂိမ္းထဲမွာ ကိုင္တြယ္ကစားႏိုင္တဲ့ ဂိမ္းဇာတ္ေကာင္မ်ားကို အျခားဂိမ္းမ်ားထဲမွာလုိ hero လို့ မေခၚပဲ champion လို့ ေခၚေဝၚၾကပါတယ္။ League of Legends champion role မ်ားကို အဓိကအားျဖင့္ ၅ မ်ိဳး ခြဲျခားထားႏိုင္ပါတယ္။ ယင္းတို႔ကေတာ့

– ADC (Attack Damage Carry)

– Mid Laner

– Top Laner

– Jungler

– Support တို႔ပဲျဖစ္ပါတယ္။


ADC (Attack-Damage Carry)

(Example: Yasuo/ Kai’Sa)

ADC မ်ားကို Marksman မ်ားအျဖစ္လည္း ေခၚဆိုၾကျပီး အသင္းတစ္သင္းလုံးမွာ Physical-based damage အေပးႏိုင္ဆုံး ခ်န္ပီယံမ်ားျဖစ္ၾကပါတယ္။ ADC မ်ားဟာ bottom lane လို႔ေခၚတဲ့ ေျမပုံရဲ႕ ေအာက္ပိုင္းလမ္းကို သြားေလ့ရွိၾကပါတယ္။ ရန္သူအသင္းရဲ႕ Tank ကလြဲရင္ အေတာ္မ်ားမ်ားကို damage ေပးႏိုင္စြမ္းရွိေပမယ့္ ကိုယ္တိုင္ကေတာ့ ခုခံႏိုင္စြမ္းနည္းပါးလွပါတယ္။

Health ေရာ Defense ပါ နည္းပါးလွတဲ့ ADC မ်ားရဲ႕ lane ေပၚက အဓိကတာဝန္ကေတာ့ ရန္သူအသင္းရဲ႕ ADC ကို ေခ်မႈန္းႏိုင္ဖုိ႔ျဖစ္ျပီး team fight မ်ားမွာေတာ့ မိမိအသင္းကို အႏၱရာယ္အေပးႏိုင္ဆုံး ရန္သူခ်န္ပီယံကို ရွင္းလင္းဖုိ႔ပါ။ Item မ်ား အထူးလိုအပ္လွတဲ့ role တစ္ခုျဖစ္ျပီး အသင္းရဲ႕ အေရးၾကီးဆုံး role တစ္ခုလည္း ျဖစ္ပါတယ္။

Bottom lane ကို မသြားပဲ top laner နဲ႔ ေျပာင္းလဲသြားၾကတဲ့ ADC မ်ားလည္း တစ္ခါတစ္ရံရွိႏိုင္ပါတယ္။ Lane ေျပာင္းျခင္းမ်ားကို အဆင့္ျမင့္ကစားပြဲမ်ားမွာ ေတြ႔ရေလ့ရွိျပီး ဂိမ္းအေစာပိုင္းမွာ အသာစီးရဖုိ႔ ရည္ရြယ္ခ်က္နဲ႔ ျပဳလုပ္ေလ့ရွိၾကပါတယ္။ မည္သုိ႔ပင္ေျပာင္းသည္ျဖစ္ေစ ADC ရွိတဲ့လမ္းကို support ကစားသမားတစ္ေယာက္ လိုက္ပါေလ့ ရွိပါတယ္။


Mid Laner

(Example: Ahri/ Fizz)

Mid Laner မ်ားဟာ APC (Ability-Power Carry) မ်ား ျဖစ္ေလ့ရွိၾကျပီး ေျမပုံရဲ႕ အလယ္လမ္းကို သြားၾကသူမ်ားပါ။ ADC မ်ားလိုပဲ damage မ်ားမ်ားေပးႏိုင္သူမ်ားျဖစ္ၾကေပမယ့္ attack damage ထက္ ability မ်ားအေပၚမွာ မွီခုိေလ့ရွိၾကပါတယ္။ APC မ်ားဟာ ranged ခ်န္ပီယံမ်ားျဖစ္ေလ့ရွိၾကေပမယ့္ အေျခအေနေပၚ မူတည္ျပီး အေျပာင္းအလဲရွိႏိုင္ပါတယ္။

ဒီ role မွာ ranged attack မ်ားနဲ႔ ranged ability မ်ားကို အသုံးျပဳျပီး တစ္ဖက္ရန္သူကို ဒုကၡေပးႏိုင္ဖုိ႔ လိုအပ္လွပါတယ္။ Mid Laner မ်ားဟာလည္း မ်ားေသာအားျဖင့္ damage ထြက္သေလာက္ defense နဲ႔ movement speed မ်ားနည္းပါးလို႔ ေသလြယ္ေပ်ာက္လြယ္ ျဖစ္တတ္ၾကပါတယ္။

ေျမပုံရဲ႕ အလယ္တည့္တည့္ကို သြားေရာက္ကစားရတဲ့ role ျဖစ္လုိ႔ အႏၱရာယ္လည္း အလြန္မ်ားပါတယ္။ Mid lane ကို ရန္သူကစားသမားစုံ အလစ္အငိုက္လာေရာက္ တိုက္ခုိက္ႏိုင္ေျခရွိလို႔ သတိလည္း ၾကီးၾကီးထားသင့္တာပါ။ Vision ရွိဖုိ႔လည္း အထူးလိုအပ္လွပါတယ္။

လမ္းေပၚက creep မ်ားကို အလ်င္အျမန္ရွင္းလင္းျပီး ေျမပုံရဲ႕ အျခားေနရာမ်ားကို သြားေရာက္ႏိုင္ေလာက္ေအာင္ ေပါ့ပါးတဲ့ Mid Laner မ်ားလည္း ရွိၾကပါတယ္။ ဒီလို Mid Laner မ်ားဟာ Jungle သမားမ်ားနဲ႔ ပူးေပါင္းျပီး ဂိမ္းကို ထိန္းခ်ဳပ္ဖုိ႔ ၾကိဳးစားရေလ့ရွိပါတယ္။


Top Laner

(Example: Nasus/ Teemo)

Top Laner အျဖစ္ Tank/ Bruiser မ်ားကို ေတြ႔ရေလ့ရွိျပီး အသင္းရဲ႕ defence အမ်ားဆုံးနဲ႔ ခံႏိုင္ရည္အရွိဆုံးခ်န္ပီယံမ်ား ျဖစ္ေလ့ရွိၾကပါတယ္။ တစ္ခါတစ္ေလမွာေတာ့ ADC နဲ႔ လမ္းလဲျပီး ေျမပုံေအာက္ပိုင္းလမ္းကိုလည္း ေရာက္ရွိသြားႏိုင္ပါေသးတယ္။

Team fight တစ္ခုမွာ အသင္းရဲ႕ ေရွ႕ဆုံးက မားမားမတ္မတ္ ဝင္ေရာက္သူမ်ားျဖစ္ျပီး ရန္သူအသင္းရဲ႕ ADC သုိ႔မဟုတ္ အႏၱရာယ္အေပးႏိုင္ဆုံးခ်န္ပီယံကို stun ေပးတာျဖစ္ေစ၊ တိုက္ခိုက္တာျဖစ္ေစ၊ ရန္သူရဲ႕ damage မ်ားကို အသင္းအေပၚမက်ေရာက္ေအာင္ ကာကြယ္တာျဖစ္ေစ ျပဳလုပ္ၾကေလ့ရွိပါတယ္။

အခ်ိဳ႕ ခ်န္ပီယံမ်ားဟာ health နဲ႔ defense မ်ားျပားလို႔ ရန္သူအသင္းရဲ႕ အလယ္ကိုေတာင္ ဝင္ေရာက္ႏိုင္ေလ့ရွိၾကပါတယ္။ Top Laner မ်ားနဲ႔ ပတ္သက္လို႔ အမ်ားလက္ခံထားၾကတဲ့ အားနည္းခ်က္ကေတာ့ အျခားလမ္းမ်ားကို သြားေရာက္ျပီး အလစ္အငိုက္တိုက္ခိုက္ႏိုင္စြမ္း နည္းပါးျခင္းပါ။

အလယ္လမ္း သုိ႔မဟုတ္ ရန္သူအသင္းရဲ႕ jungle ထဲကို တစ္ခါတစ္ရံသြားေရာက္ျပီး kill ရယူတဲ့ Top Laner မ်ား တစ္ခါတစ္ရံရွိႏိုင္ေပမယ့္ မ်ားေသာအားျဖင့္ ကိုယ္ပိုင္လမ္းမွာပဲ ေနေလ့ရွိၾကပါတယ္။ ဒီ role ကို ကစားမယ္ဆိုရင္ အေစာပိုင္းထဲက သာဖုိ႔ အလြန္အေရးၾကီးလွျပီး ဒါမွသာ ဂိမ္းေနာက္ပိုင္းမွာ ၾကံ့ခိုင္မွာ ျဖစ္ပါတယ္။


Jungler

(Example: Kayn/ Vi)

Jungler မ်ားကေတာ့ ဂိမ္းရဲ႕အေစာပိုင္းမွာ ေျမပုံေပၚက လမ္း ၃ လမ္းလုံးေပၚကို မတက္ပဲ jungle ထဲကို သြားေရာက္ၾကသူမ်ားပါ။ အသင္းတစ္သင္းစီမွာ ခ်န္ပီယံ ၅ ေကာင္ ပါဝင္ျပီး လမ္း ၃ လမ္းပဲ ရွိတဲ့အတြက္ gold နဲ႔ experience point မ်ား မွ်ေဝရတာ အဆင္မေျပျဖစ္လာႏိုင္ေလ့ရွိပါတယ္။ Jungler မ်ားကေတာ့ လိုအပ္တဲ့ point မ်ားကို jungle ထဲမွာပဲ ရွာေဖြတာျဖစ္လုိ႔ အသင္းအတြက္ အားသာခ်က္ျဖစ္ေပၚေစပါတယ္။

ေျမပုံေပၚက ရန္သူမ်ားကို လိုက္လံတိုက္ခိုက္ဖုိ႔ လုံေလာက္တဲ့အေျခအေနမေရာက္မီအထိ jungler မ်ားဟာ ေတာထဲမွာပဲ ရွာေဖြၾကရပါတယ္။ ဂိမ္းရဲ႕ ပထမပိုင္း ၄ မိနစ္ကေန ၇ မိနစ္ေလာက္အထိ ရွာေဖြျပီးရင္ေတာ့ အသင္းကို ကူညီေလ့ရွိပါတယ္။ Dragon နဲ႔ Baron ေဘးမွာ vision ရရွိဖုိ႔ Mid Laner ကို ကူညီဖုိ႔ ရန္သူမ်ားကို ျခံဳခိုတိုက္ခိုက္ဖုိ႔ စတာေတြဟာ jungler ရဲ႕ တာဝန္မ်ားပါ။

Jungle ကို ထိန္းခ်ဳပ္ႏိုင္ျခင္းဟာ jungle ထဲကေန အလစ္အငိုက္ဖမ္း တိုက္ခိုက္မႈမ်ားနဲ႔ ေျမပုံရဲ႕အေရးၾကီးအစိတ္အပိုင္းကို ထိန္းခ်ဳပ္ႏိုင္ျခင္း ျဖစ္ပါတယ္။ ဒီလိုျပဳလုပ္ႏိုင္စြမ္းဟာ အေစာပိုင္းထဲက အႏိုင္ရေအာင္ အားသားခ်က္မ်ားမ်ား ဖန္တီးျခင္းလည္း ျဖစ္ပါေသးတယ္။

သင္ဟာ Jungler တစ္ေယာက္ မဟုတ္ပဲ lane ေပၚမွာ ကစားတဲ့သူတစ္ေယာက္ျဖစ္ခဲ့ရင္ သင့္အသင္းက Jungler လာေရာက္ခ်ိန္မွာ creep အခ်ိဳ႕ကို ေပးသင့္ပါတယ္။ ဒီလိုမျပဳလုပ္ႏိုင္ပဲ ေလာဘၾကီးေနရင္ Jungler ဟာ သင့္ကို ကူညီမွာ မဟုတ္ပါဘူး။ သူတို႔ရဲ႕ ကူညီမႈဟာ ျပိဳင္ဘက္ကို lane ေပၚမွာ အႏိုင္ရဖုိ႔ အေထာက္အပံ့ေကာင္းျဖစ္လာႏိုင္ပါတယ္။


Support

(Example: Janna/ Thresh)

Support ကစားသမား role ကေတာ့ ADC နဲ႔ တြဲဖက္ရေလ့ရွိျပီး ADC ကို lane ေပၚမွာ အဓိက ကူညီၾကသူမ်ားလည္း ျဖစ္ပါတယ္။ Ward မ်ား သုိ႔မဟုတ္ trinket မ်ားကို အသုံးျပဳျပီး ADC အတြက္ vision ျမင္ရေအာင္ ျပဳလုပ္ေပးရသလို ADC မေသေအာင္လည္း ကာကြယ္ေပးရပါတယ္။ Damage နည္းပါးျပီး hit point သာမ်ားျပားေလ့ရွိတဲ့ support မ်ားဟာ အသင္းကို ကူညီဖုိ႔သာ အဓိကပါ။

ဂိမ္းရဲ႕ အေစာပိုုင္း laning phase မွာ ADC ကို ကူညီဖုိ႔ တာဝန္သာရွိေပမယ့္ ေနာက္ပိုင္းမွာေတာ့ team fight အေပၚ ၾကီးၾကီးမားမား သက္ေရာက္ႏိုင္မႈေတြလည္း ရွိပါတယ္။ ဥပမာအားျဖင့္ တစ္ဖက္္အသင္းက ADC သုိ႔မဟုတ္ အႏၱရာယ္ရွိတဲ့သူကို ေကာင္းေကာင္းေနရာယူလို႔ မရေအာင္ ျပဳလုပ္ႏိုင္တာမ်ိဳးပါ။

Support ခ်န္ပီယံမ်ားကေတာ့ အမ်ိဳးစုံရွိၾကပါတယ္။ အခ်ိဳ႕ကေတာ့ defence ေကာင္းၾကျပီး အခ်ိဳ႕ကေတာ့ လိုက္လံတိုက္ခိုက္ဖုိ႔ အသားေပးထားတဲ့ aggressive ပုံစံမ်ားပါ။ ၂ မ်ိဳးလုံးေပါင္းစပ္ထားတဲ့ ability မ်ား ပါဝင္သူမ်ားလည္း ရွိပါတယ္။ Support တစ္ေယာက္ရဲ႕ ပရိယာယ္ၾကြယ္ဝမႈဟာ ဂိမ္းတစ္ပြဲအတြက္ လြန္စြာအေရးပါေလ့ရွိပါတယ္။

ဒါေတြကေတာ့ အေျခခံ role မ်ားျဖစ္ျပီး တစ္ခုခ်င္းစီမွာ ထပ္ခြဲထားတဲ့ role ငယ္မ်ားလည္း ရွိပါေသးတယ္။ MOBA ဂိမ္းမ်ားဟာ မိမိရဲ႕ ကြ်မ္းက်င္မႈနဲ႔ နည္းပရိယာယ္မ်ားေပၚမွာ မ်ားစြာ မူတည္တာမို႔ ဘယ္အရာကိုမွ ပုံေသတြက္ထားလို႔ မရပဲ အေျပာင္းအလဲမ်ားလည္း ရွိႏိုင္ပါတယ္။ League of Legends ရဲ႕ role မ်ားကို မိုဘိုင္းလ္ဗားရွင္းထြက္ရွိလာခ်ိန္ ကစားရအဆင္ေျပေစရန္နဲ႔ ဗဟုသုတရေစရန္ ရည္ရြယ္ျပီး တင္ဆက္လိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: Pinnacle

Article by ComBo.