[Unicode]

Na’Vi နည်းပြကို စိန်ခေါ်လိုက်တဲ့ တရုတ် Dota 2 နည်းပြ LaNm နဲ့ rOtK

 

StarLadder Imba TV Minor ပွဲမတိုင်မီ ရက်အနည်းငယ်ခန့်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Natus Vincere (Na’Vi) အသင်းရဲ့ Dota 2 နည်းပြဖြစ်သူ Mag က Minor ကို အနိုင်ရသွားနိုင်တဲ့ အကြိုက်ဆုံးအသင်း ၂ သင်းကို ပြောကြားခဲ့ပါတယ်။ Mag ပြောခဲ့တဲ့ အကြိုက်ဆုံးအသင်းများကတော့ Alliance နဲ့ Gambit Esports တို့ဖြစ်ပြီး Team Aster ကတော့ Minor ကို နိုင်ဖို့ အခွင့်အလမ်းနည်းကြောင်း၊ ယင်းအသင်းဟာ Bukovel မှာတုန်းက RNG အသင်းထက် အားနည်းနေခဲ့ကြောင်း အစရှိသဖြင့်လည်း ဖြေကြားခဲ့ပါတယ်။

မကြာသေးမီက ကျင်းပပြီးစီးသွားခဲ့တဲ့ ယင်း Minor ပွဲမှာ Mag ခန့်မှန်းထားခဲ့တဲ့ Alliance နဲ့ Gambit တို့ဟာ ဒုတိယနဲ့ တတိယနေရာတို့ကိုသာ အသီးသီးရရှိခဲ့ကြပါတယ်။ Mag ထင်မထားခဲ့တဲ့ Team Aster ကတော့ Minor ပွဲကို ဗိုလ်စွဲအနိုင်ရသွားခဲ့လို့ တစ်နေရာတည်းသာကျန်ရှိတော့တဲ့ ESL One Los Angeles Major ဝင်ရောက်ခွင့်ကို ရရှိသွားခဲ့ပါတယ်။ Team Aster အပါအဝင် Los Angeles Major ကို ဝင်ရောက်ခွင့်ရရှိသွားတဲ့ အသင်း ၁၆ သင်းထဲမှာ Na’Vi အသင်းလည်း ပါဝင်ပါတယ်။

StarLadder Imba TV Minor ဆုဖလားကို Team Aster အသင်းသားတို့ ကိုင်မြှောက်နိုင်ခဲ့ပြီးနောက်ပိုင်းမှာတော့ အသင်းရဲ့နည်းပြဖြစ်သူ LaNm ဟာ တရုတ်လူမှုကွန်ယက် Weibo ပေါ်မှာ post တစ်ခု တင်ခဲ့ပါတယ်။ ယင်းပို့စ်အတွင်းမှာတော့ LaNm က Los Angeles Major မှာ သူတို့ ဘယ်အအဆင့်ထိ တက်လှမ်းနိုင်မယ်ဆိုတာ အတိအကျမပြောနိုင်သေးပမယ့် Na’Vi ကတော့ အဆင့် ၁၅ နဲ့ ၁၆ ပူးတွဲ နောက်ဆုံးနေရာပဲရမှာ သေချာကြောင်း စိန်ခေါ်ရေးသားထားခဲ့ပါတယ်။

Los Angeles Major ကို ဝင်မပြိုင်ပဲ အနားယူဖို့ ဆုံးဖြတ်ခဲ့တဲ့ Vici Gaming အသင်းရဲ့နည်းပြဖြစ်သူ rOtK ကလည်း Mag ရဲ့ အင်တာဗျူးအပြီးတုန်းက Weibo ပို့စ်တစ်ခုတင်ခဲ့ပါသေးတယ်။ ယင်းပို့စ်အတွင်းမှာတော့ rOtK က Mag ဟာ ယခုလို စကားများ ပြောခဲ့တဲ့အတွက် ပွဲအတွင်းမှာ ပြန်လည်ခံစားရတော့မှာဖြစ်ကြောင်း၊ Mag အနေနဲ့ လက်ဖက်ရည်ရဲ့အရသာကို မြည်းစမ်းဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း၊ RNG ကို ပါ စကားထဲ ဆွဲထည့်ပြီး အားနည်းတယ်လို့ ပြောခဲ့တဲ့ Mag ရဲ့ Na’Vi အဖွဲ့အစည်းကြီးတစ်ခုလုံး ရှင်သန်ရပ်တည်နိုင်ရေးဟာ CS:GO ကစားသမား s1mple တစ်ဦးတည်းအပေါ်မှာသာ မှီခိုနေတာဖြစ်ကြောင်း အစရှိသဖြင့် ရေးသားထားခဲ့ပါတယ်။

LaNm & rOtK

“လက်ဖက်ရည်အရသာမြည်းစမ်းတယ်” ဆိုတာကတော့ Team Aster ကို တရုတ်ပရိသတ်များ ခေါ်ဝေါ်ကြတဲ့ Tea Master (လက်ဖက်ရည်အဖျော်ဆရာ) ဆိုတဲ့ နာမည်ပြောင်ကို အစွဲပြုပြီး ပြောဆိုခဲ့ခြင်းပါ။ တရုတ်ပရိသတ်များဟာ Team Aster ရှုံးတဲ့ပွဲများမှာ “လက်ဖက်ရည်က အရမ်းအေးတာပဲ” လို့ ပြောလေ့ရှိပြီး Team Aster နိုင်တဲ့ပွဲများမှာတော့ “လက်ဖက်ရည်က အရမ်းပူလို့ မြည်းကြည့်တဲ့သူ အပူလောင်သွားပြီ” လို့ ဟာသနှောပြောဆိုလေ့ရှိကြပါတယ်။ Team Aster ကို အသင်းတစ်သင်းက အနိုင်ရသွားခဲ့ရင် “လက်ဖက်ရည်တော့ အမြည်းခံလိုက်ရပြီ” လို့ တရုတ်လူမျိုးမဟုတ်တဲ့ အချို့ Dota 2 caster များကတောင် ပြောလေ့ရှိကြပါတယ်။

Los Angeles Major ရဲ့ ပွဲစဉ်များကိုတော့ ယခုလ ၁၅ ရက်နေ့က စလို့ ယှဉ်ပြိုင်ကစားကြရမှာပါ။ စိန်ခေါ်မှုများ ပြင်းထန်နေခဲ့တဲ့ ဒီပွဲကတော့ Dota 2 ပရိသတ်အတွက် စိတ်လှုပ်ရှားစရာများ ပေးစွမ်းလာဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှာ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

source: vpesports


[ZawGyi]

Na’Vi နည္းျပကို စိန္ေခၚလိုက္တဲ့ တ႐ုတ္ Dota 2 နည္းျပ LaNm နဲ႔ rOtK

 

StarLadder Imba TV Minor ပြဲမတိုင္မီ ရက္အနည္းငယ္ခန႔္က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ Natus Vincere (Na’Vi) အသင္းရဲ႕ Dota 2 နည္းျပျဖစ္သူ Mag က Minor ကို အႏိုင္ရသြားႏိုင္တဲ့ အႀကိဳက္ဆုံးအသင္း ၂ သင္းကို ေျပာၾကားခဲ့ပါတယ္။ Mag ေျပာခဲ့တဲ့ အႀကိဳက္ဆုံးအသင္းမ်ားကေတာ့ Alliance နဲ႔ Gambit Esports တို႔ျဖစ္ၿပီး Team Aster ကေတာ့ Minor ကို ႏိုင္ဖို႔ အခြင့္အလမ္းနည္းေၾကာင္း၊ ယင္းအသင္းဟာ Bukovel မွာတုန္းက RNG အသင္းထက္ အားနည္းေနခဲ့ေၾကာင္း အစရွိသျဖင့္လည္း ေျဖၾကားခဲ့ပါတယ္။

မၾကာေသးမီက က်င္းပၿပီးစီးသြားခဲ့တဲ့ ယင္း Minor ပြဲမွာ Mag ခန႔္မွန္းထားခဲ့တဲ့ Alliance နဲ႔ Gambit တို႔ဟာ ဒုတိယနဲ႔ တတိယေနရာတို႔ကိုသာ အသီးသီးရရွိခဲ့ၾကပါတယ္။ Mag ထင္မထားခဲ့တဲ့ Team Aster ကေတာ့ Minor ပြဲကို ဗိုလ္စြဲအႏိုင္ရသြားခဲ့လို႔ တစ္ေနရာတည္းသာက်န္ရွိေတာ့တဲ့ ESL One Los Angeles Major ဝင္ေရာက္ခြင့္ကို ရရွိသြားခဲ့ပါတယ္။ Team Aster အပါအဝင္ Los Angeles Major ကို ဝင္ေရာက္ခြင့္ရရွိသြားတဲ့ အသင္း ၁၆ သင္းထဲမွာ Na’Vi အသင္းလည္း ပါဝင္ပါတယ္။

StarLadder Imba TV Minor ဆုဖလားကို Team Aster အသင္းသားတို႔ ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ အသင္းရဲ႕နည္းျပျဖစ္သူ LaNm ဟာ တ႐ုတ္လူမႈကြန္ယက္ Weibo ေပၚမွာ post တစ္ခု တင္ခဲ့ပါတယ္။ ယင္းပို႔စ္အတြင္းမွာေတာ့ LaNm က Los Angeles Major မွာ သူတို႔ ဘယ္အအဆင့္ထိ တက္လွမ္းႏိုင္မယ္ဆိုတာ အတိအက်မေျပာႏိုင္ေသးပမယ့္ Na’Vi ကေတာ့ အဆင့္ ၁၅ နဲ႔ ၁၆ ပူးတြဲ ေနာက္ဆုံးေနရာပဲရမွာ ေသခ်ာေၾကာင္း စိန္ေခၚေရးသားထားခဲ့ပါတယ္။

Los Angeles Major ကို ဝင္မၿပိဳင္ပဲ အနားယူဖို႔ ဆုံးျဖတ္ခဲ့တဲ့ Vici Gaming အသင္းရဲ႕နည္းျပျဖစ္သူ rOtK ကလည္း Mag ရဲ႕ အင္တာဗ်ဴးအၿပီးတုန္းက Weibo ပို႔စ္တစ္ခုတင္ခဲ့ပါေသးတယ္။ ယင္းပို႔စ္အတြင္းမွာေတာ့ rOtK က Mag ဟာ ယခုလို စကားမ်ား ေျပာခဲ့တဲ့အတြက္ ပြဲအတြင္းမွာ ျပန္လည္ခံစားရေတာ့မွာျဖစ္ေၾကာင္း၊ Mag အေနနဲ႔ လက္ဖက္ရည္ရဲ႕အရသာကို ျမည္းစမ္းဆုံးျဖတ္ပိုင္ခြင့္မရွိေၾကာင္း၊ RNG ကို ပါ စကားထဲ ဆြဲထည့္ၿပီး အားနည္းတယ္လို႔ ေျပာခဲ့တဲ့ Mag ရဲ႕ Na’Vi အဖြဲ႕အစည္းႀကီးတစ္ခုလုံး ရွင္သန္ရပ္တည္ႏိုင္ေရးဟာ CS:GO ကစားသမား s1mple တစ္ဦးတည္းအေပၚမွာသာ မွီခိုေနတာျဖစ္ေၾကာင္း အစရွိသျဖင့္ ေရးသားထားခဲ့ပါတယ္။

LaNm & rOtK

“လက္ဖက္ရည္အရသာျမည္းစမ္းတယ္” ဆိုတာကေတာ့ Team Aster ကို တ႐ုတ္ပရိသတ္မ်ား ေခၚေဝၚၾကတဲ့ Tea Master (လက္ဖက္ရည္အေဖ်ာ္ဆရာ) ဆိုတဲ့ နာမည္ေျပာင္ကို အစြဲျပဳၿပီး ေျပာဆိုခဲ့ျခင္းပါ။ တ႐ုတ္ပရိသတ္မ်ားဟာ Team Aster ရႈံးတဲ့ပြဲမ်ားမွာ “လက္ဖက္ရည္က အရမ္းေအးတာပဲ” လို႔ ေျပာေလ့ရွိၿပီး Team Aster ႏိုင္တဲ့ပြဲမ်ားမွာေတာ့ “လက္ဖက္ရည္က အရမ္းပူလို႔ ျမည္းၾကည့္တဲ့သူ အပူေလာင္သြားၿပီ” လို႔ ဟာသေႏွာေျပာဆိုေလ့ရွိၾကပါတယ္။ Team Aster ကို အသင္းတစ္သင္းက အႏိုင္ရသြားခဲ့ရင္ “လက္ဖက္ရည္ေတာ့ အျမည္းခံလိုက္ရၿပီ” လို႔ တ႐ုတ္လူမ်ိဳးမဟုတ္တဲ့ အခ်ိဳ႕ Dota 2 caster မ်ားကေတာင္ ေျပာေလ့ရွိၾကပါတယ္။

Los Angeles Major ရဲ႕ ပြဲစဥ္မ်ားကိုေတာ့ ယခုလ ၁၅ ရက္ေန႔က စလို႔ ယွဥ္ၿပိဳင္ကစားၾကရမွာပါ။ စိန္ေခၚမႈမ်ား ျပင္းထန္ေနခဲ့တဲ့ ဒီပြဲကေတာ့ Dota 2 ပရိသတ္အတြက္ စိတ္လႈပ္ရွားစရာမ်ား ေပးစြမ္းလာဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွာ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

source: vpesports