[For Zawgyi Users]

“Kuroky နဲ႔ Puppey, Dota 2 ေလာကရဲ႕ မက္စီ နဲ႔ စီေရာ္နယ္ဒုိ”

“Kuroky” နဲ႔ “Puppey” လုိ႔ ေျပာလိုက္တာနဲ႔ Dota 2 ေလာကမွာ မသိသူ မရွိေလာက္ေအာင္ နာမည္ေက်ာ္လွတဲ့ The International (TI) ခ်န္ပီယံေဟာင္းၾကီး ႏွစ္ေယာက္၊ ဝါရင့္ကစားသမားၾကီး ႏွစ္ေယာက္၊ support player ၾကီးႏွစ္ေယာက္၊ Team Liquid နဲ႕ Team Secret တုိ႔ရဲ႕ captain ႏွစ္ေယာက္ ဆုိျပီး မ်က္လံုးထဲ တန္းျမင္ေယာင္မိၾကမွာပါ။ လက္ရွိမွာ Kuroky ဟာ Team Liquid ရဲ႕ ေခါင္းေဆာင္ေနရာကို တာဝန္ယူထားျပီး Puppey ဟာလည္း Team Secret ကို စတင္ထူေထာင္ခဲ့စဥ္ထဲက ဦးေဆာင္လာခဲ့သူပါ။ သူတို႔ရဲ႕ ေခါင္းေဆာင္မႈနဲ႔ အသင္းႏွစ္သင္းဟာ Dota 2 pro scene ထဲမွာ ေအာင္ျမင္မႈ မ်ားစြာ ရရွိထားပါတယ္။ ၂၀၀၈ ေလာက္ထဲက စတင္ခဲ့တဲ့ သူတို႔ ႏွစ္ေယာက္ရဲ႕ ပုဂၢိဳလ္ေရးအရ ခင္မင္ရင္းႏွီးမႈဟာလည္း bromance လို့ေတာင္ ေျပာစမွတ္တြင္ခဲ့တာပါ။

(image source: wykhrm reddy’s twitter)

ႏွစ္ေယာက္လုံးဟာ တစ္ႏွစ္တစ္ၾကိမ္စီ က်င္းပျပီးစီးခဲ့တဲ့ TI (၈) ခုလုံးကို တက္ေရာက္ယွဥ္ျပိဳင္ခဲ့ၾကသူမ်ားျဖစ္ျပီး ယခုလာမယ့္ ၾသဂုတ္လမွာ က်င္းပမယ့္ TI9 မွာလည္း ထပ္မံယွဥ္ျပိဳင္ၾကဦးမွာျဖစ္လုိ႔ “The International All-Timers” လုိ႔ ေခါင္းစဥ္တပ္ သတ္မွတ္ျခင္းခံရသူမ်ားပါ။ TI မ်ား က်င္းပခဲ့တဲ့ သက္တမ္းတစ္ေလွ်ာက္မွာ မတူညီတဲ့အသင္းေတြကေန ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ၾကသလို အသင္းရဲ႕ေခါင္းေဆာင္ေနရာေတြကေန ကစားခဲ့ၾကတာ ၾကာျပီျဖစ္လုိ႔ TI အေတြ႔အၾကံဳနဲ႔ စြမ္းေဆာင္ရည္ကေတာ့ ဘယ္သူနဲ႔မွ မတူေအာင္ကို ျမင့္မားေနၾကပါျပီ။

Kuroky ဟာ ၂၀၁၁ TI1 ကို GosuGamers.net အသင္းသားအျဖစ္ ဝင္ေရာက္ကစားခဲ့ပါတယ္။ ဒါေပမယ့္ ကံဆိုးစြာနဲ႔ အုပ္စုပြဲစဥ္ သုံးခုလုံးမွာ ရႈံးနိမ့္ခဲ့သလို ၁၆ သင္းမွာ ေအာက္ဆုံး ၃ သင္းေနရာနဲ႔ ေက်နပ္ခဲ့ရျပီးေနာက္ အသင္းကေနလည္း ထြက္ခြာခဲ့ပါတယ္။ TI1 မွာ Puppey ပါဝင္တဲ့ Natus Vincere (Na’Vi) အသင္းကေတာ့ နာမည္ေက်ာ္ ကစားသမား Dendi, ArtStyle, XBOCT, LighTofHeaveN တို႔နဲ႔အတူ grand final မွာ နာမည္ေက်ာ္ EHOME အသင္းကို အႏိုင္ရရွိခဲ့ျပီး ခ်န္ပီယံျဖစ္လာခဲ့ပါတယ္။ Dota ေလာကရဲ႕ legendary အသင္း Na’Vi ရဲ႕ ေရႊေခတ္ စတင္ခဲ့ခ်ိန္လည္းျဖစ္ပါတယ္။

Na’Vi မွာ ArtStyle ထြက္ခြာျပီးေနာက္ပိုင္း Puppey ဟာ အသင္းရဲ႕ captain ျဖစ္လာခဲ့ပါတယ္။ ထို့ေနာက္ ၂၀၁၂ TI2 အုပ္စုပြဲစဥ္မ်ားကို upper bracket မွ ေက်ာ္ျဖတ္ကာ grand final အထိ တက္လာခဲ့ျပန္ပါတယ္။ ဒါေပမယ့္ Invictus Gaming (IG) ကို ရႈံးနိမ့္ခဲ့ရျပီး ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ Kuroky ကေတာ့ Virtus.pro အသင္းကို ဝင္ျပီး TI2 အတြက္ west qualifiers မ်ားကို ၾကိဳးစားယွဥ္ျပိဳင္ခဲ့ေပမယ့္ ရႈံးနိမ့္ျပီး စစခ်င္းမွာ ဝင္ခြင့္မရခဲ့ပါဘူး။

TI2 မွာ Kuroky ဝင္ေရာက္ကစားဖုိ႔ အေၾကာင္းဖန္လာတာကေတာ့ qualifier မွာ သူတို႔ရႈံးနိမ့္ခဲ့တဲ့ mousesports အသင္းရဲ႕ ကစားသမားတစ္ဦးဟာ ဗီဇာအခက္အခဲေၾကာင့္ မယွဥ္ျပိဳင္ႏိုင္တာျဖစ္ျပီး Kuroky ကို ေခၚယူအစားထိုးလိုက္တာပါ။ TI2 မွာ ဝင္ခြင့္ရခဲ့တဲ့ MUFC ဟာလည္း ဗီဇာအခက္အခဲၾကံဳေတြ႕ခဲ့ရတဲ့အတြက္ MUFC ေနရာမွာ အစားဝင္ယွဥ္ျပိဳင္မယ့္ အသင္းလုိအပ္ေနခဲ့ပါတယ္။ Kuroky ပါဝင္တဲ့ mousesports ဟာ အဲ့ဒီ့ေနရာအတြက္ World Elite အသင္းနဲ႕ ယွဥ္ျပိဳင္ခဲ့ရျပီး အႏိုင္ရရွိခဲ့လို့ TI2မွာ ျပိဳင္ခြင့္ရရွိခဲ့တာပါ။ မဝင္ခင္က ထူးထူးျခားျခား ကံေကာင္းခဲ့ေပမယ့္ Kuroky ရဲ႕ အသင္းဟာ TI2 မွာလည္း ၁၆ သင္းရဲ႕ ေအာက္ဆုံး ၃ သင္းျဖစ္ခဲ့ရျပန္ပါတယ္။

၂၀၁၃ ေဖေဖာ္ဝါရီလ မွာေတာ့ Kuroky ကို Na’Vi က ေခၚယူခဲ့ပါတယ္။ Kuroky ရဲ႕ Rubick ကိုင္တြယ္ကစားပုံဟာ နာမည္ၾကီးလာခဲ့သလုိ TongFu နဲ႔ကစားခဲ့တဲ့ပြဲမွာ Dota ကစားသမားမ်ား အားလုံး မွင္သက္အံ့ၾသခဲ့ရတဲ့ Chen+Pudge – “Fountain Hooking” ဟာလည္း Puppey ရဲ႕ ၾကံဆမႈပါ။ Support player position 4 နဲ႔ 5 ကစားၾကတဲ့ အသင္းေခါင္းေဆာင္ Puppey နဲ႔ Kuroky တို့ရဲ႕ ရင္းႏီွးမႈ bromance ဟာ အဲဒီခ်ိန္မွာ ပိုမိုနာမည္ၾကီးလာခဲ့သလို သူတို႔ ၂ ေယာက္ပါဝင္တဲ့ Na’Vi ဟာ ၂၀၁၃ TI3 upper bracket ကေန grand final ကို ေရာက္လာခဲ့ျပန္ပါတယ္။ အားလုံးက Na’Vi ခ်န္ပီယံ ျပန္ျဖစ္ျပီလုိ႔ မွန္းထားၾကေပမယ့္ Alliance ကို ရႈံးနိမ့္ျပီး ဒုတိယေနရာမွာပဲရပ္တည္ခဲ့ပါတယ္။ Kuroky ခ်န္ပီယံျဖစ္ဖုိ႔ ကံေခခဲ့သလို TI3 ဟာ လက္ရွိအခ်ိန္ထိ Puppey အတြက္ grand final ထိေရာက္ရွိခဲ့တဲ့ ေနာက္ဆုံး TI ပါ။

၂၀၁၄ မွာ က်င္းပခဲ့တဲ့ TI4 မွာေတာ့ Na’Vi ဟာ ပိုမိုဆိုရြားတဲ့ အေျခအေနျဖစ္လာခဲ့ျပီး အုပ္စုပြဲစဥ္ ၁၆ သင္းမွာ ၇ နဲ႔ ၈ ေနရာကိုသာ IG နဲ႔ ပူးတြဲရခဲ့ပါတယ္။ ပြဲဦးထြက္မွာထဲက TI4 ခ်န္ပီယံျဖစ္လာမယ့္ Newbee အသင္းကို ႏွစ္ပြဲျပတ္ရႈံးနိမ့္ခဲ့ျပီး lower bracket မွာ Cloud9 အသင္းကို ထပ္မံရႈံးနိမ့္ကာ အိမ္ျပန္ခဲ့ရတာပါ။ အဲဒီအခ်ိန္က Na’Vi ရဲ႕ အဆိုးရြားဆုံး TI ရလာဒ္ ျဖစ္ခဲ့ျပီး အသင္းေခါင္းေဆာင္ Puppey ႏႈတ္ထြက္ခဲ့ပါတယ္။ Puppey နဲ႔ အလြန္ရင္းႏွီးေနတဲ့ Kuroky လည္း လိုက္ပါ ႏႈတ္ထြက္ခဲ့ျပီးေနာက္ Na’Vi ရဲ႕ TI grand final ေရႊေခတ္လည္း ျပီးဆုံးခဲ့ရပါတယ္။

၂၀၁၄ ၾသဂုတ္လမွာေတာ့ Puppey ဟာ အတူရွိေနတဲ့ အသင္းေဖာ္ေဟာင္း Kuroky အပါအဝင္ Alliance အသင္းက ထြက္လာတဲ့ S4, Fnatic မွ Fly တို႔နဲ႔အတူ အနာဂတ္မွာ TI8 ခ်န္ပီယံျဖစ္လာမယ့္ N0tail တို႔ကို စုစည္းကာ Team Secret ကို စတင္ထူေထာင္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ Arteezy နဲ႔ Zai တို႔ကို N0tail နဲ႔ Fly ေနရာမွာ အစားထိုးခဲ့ျပီး ပိုမိုေအာင္ျမင္တဲ့ အသင္းဖြဲ႔စည္းပုံနဲ႔ လူၾကိဳက္မ်ားလာခဲ့ပါတယ္။ TI5 ကို ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ေပမယ့္ အုပ္စုပြဲစဥ္ ၇ နဲ႔ ၈ ၾကားေနရာပဲရရွိခဲ့ျပီး Kuroky လည္း Team Secret ကေန ထြက္ခြာလာခဲ့ပါေတာ့တယ္။ အသင္းတြင္း ျပသနာ အေျမာက္အမ်ားေပၚေပါက္ခဲ့တယ္လို႔ ေကာလဟာလမ်ား ထြက္ေပၚလာခဲ့ျပီး Kuroky နဲ႔ Puppey တို႔ရဲ႕ ယွဥ္ျပိဳင္မႈမ်ားျဖစ္လာဖုိ႔ စတင္ခဲ့တဲ့အခ်ိန္ပါ။

အသင္းမဲ့သြားတဲ့ Kuroky ဟာ ၂၀၁၅ ခုႏွစ္ထဲမွာ 5Jungz ဆုိတဲ့အသင္းကို ကိုယ္တိုင္ထူေထာင္ျပီး ေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့ပါတယ္။ Matumbaman, JerAx, MinD_ContRoL နဲ႔ FATA- တို႔ကို ေခၚယူခဲ့ျပီး ျပိဳင္ပြဲမ်ားအတြက္ ေလ့က်င့္ျပင္ဆင္ပါေတာ့တယ္။ တစ္လခန္႔အၾကာမွာပဲ TI4 ျပီးထဲက ကစားသမားေဟာင္းအားလုံးထြက္ခြာသြားတဲ့ Team Liquid ဟာ 5Jungz ကစားသမား ငါးေယာက္ကို ေခၚယူခဲ့ပါတယ္။ TI5 အျပီး အသင္းသားမ်ား အားလုံးထြက္သြားလုိ႔ Puppey တစ္ေယာက္တည္းျဖစ္ေနတဲ့ Team Secret ဟာလည္း အသင္းသားသစ္မ်ား ေခၚယူခဲ့ပါတယ္။

EternalEnvy နဲ႔ w33 တို႔ပါဝင္တဲ့ အသင္းသားသစ္မ်ားနဲ႔အတူ Puppey ဦးေဆာင္တဲ့ Team Secret ဟာ ပူပူေႏြးေႏြး TI5 ခ်န္ပီယံအသင္း Evil Geniuses (EG) ကို MLG World Finals 2015 မွာ အႏိုင္ရရွိျပီး ပထမရရွိခဲ့ပါတယ္။ Nanyang Dota Championship မွာလည္း ပထမရရွိခဲ့သလို TI6 မတိုင္မီ Frankfurt major 2015 မွာလဲ ဒုတိယရရွိခဲ့ပါတယ္။ အထူးျခားဆုံးကေတာ့ ၂၀၁၆ ႏွစ္ဦးမွာ Kuroky ဦးေဆာင္တဲ့ Team Liquid ကို Shanghai Major 2016 မွာ အႏိုင္ရျပီး ပထမျဖစ္ခဲ့တာပါ။ ဒါေပမယ့္ Team Liquid ဟာလည္း Epicenter 2016 မွာ ဗုိလ္စြဲခဲ့သလို အျခားဆုမ်ားလည္း ရရွိေအာင္ျမင္ေနခ်ိန္ပါ။ ထုိ႔ေနာက္ ၂၀၁၆ ရဲ႕ TI6 ပြဲၾကီးမွာ အသီးသီးဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ၾကရာ ၁၆ သင္းမွာ Team Liquid ဟာ ၇ နဲ႔ ၈ ၾကား ေနရာကိုပဲ ရရွိခဲ့ျပီး Team Secret ဟာလည္း ေအာက္ဆုံးအဆင့္နဲဲ႔သာ ျပီးဆုံးခဲ့ျပန္ပါတယ္။

Kuroky ဟာ mid lane ကစားသမား FATA- ေနရာမွာ Miracle- ကို ေခၚယူခဲ့ျပီး ထြက္ခြာသြားတဲ့ဲ JeraX ေနရာမွာ BuLba ကို ေခၚယူကာ TI7 အတြက္ အသင့္ျပင္ခဲ့ပါတယ္။ ဒါေပမယ့္ BuLba ဟာ အသင္းထဲမွာ inactive ျဖစ္ေနတဲ့အတြက္ GH ကို အစားထိုးရျပန္ပါတယ္။ အသင္းသားအသစ္မ်ားနဲ႔ Team Liquid ဟာ Boston major 2016 ရဲ႕ qualifer မွာ ရႈံးနိမ့္ခဲ့သလို Dota 2 Asia Championships 2017 ရဲ႕ ရႈံးထြက္ပြဲစဥ္မ်ားမွာလည္း ပထမအေက်ာ့မွာတင္ ရႈံးနိမ့္ထြက္ခြာခဲ့ရျပီး အေျခအေနမ်ား ဆိုးရြားခဲ့ပါတယ္။ ဒါေပမယ့္ အသင္းသားမ်ားရဲ႕ ကစားပုံဟာ ေနာက္ပိုင္းမွာ သိသိသာသာ ေကာင္းမြန္လာခဲ့ျပီး Epicenter 2017 မွာ ပထမ ရခဲ့သလို အျခားျပိဳင္ပြဲမ်ားမွာလည္း ေအာင္ျမင္မႈမ်ားရလာခဲ့ပါတယ္။

လုံးဝအားမေလ်ာ့ခဲ့တဲ့ Kuroky အတြက္ ၂၀၁၇ ဟာ အထူးျခားဆုံးႏွစ္ျဖစ္ျပီး အဲဒီအသင္းသားမ်ားနဲ႔ပဲ TI7 ကို ေရာက္ရွိလာခဲ့တာပါ။ Lower bracket မွာ ျပိဳင္ဘက္ Team Secret ကို အိမ္ျပန္ပို႔ႏိုင္ခဲ့သလို grand final မွာ ခ်န္ပီယံေဟာင္း Newbee ကို အႏိုင္ရရွိျပီး TI7 ခ်န္ပီယံအျဖစ္ကို ေရာက္ရွိခဲ့ပါတယ္။ အသင္းသားအေျပာင္းအလဲမ်ားေနခဲ့တဲ့ Team Secret ကေတာ့ MidOne နဲ႔ YapzOr တို႔ကို ေခၚယူကစားေနခဲ့ေပမယ့္ TI7 အသင္း ၁၈ သင္းမွာ ၉ နဲ႔ ၁၂ ၾကား ေနရာကိုပဲ ရရွိခဲ့ပါတယ္။

အသင္းႏွစ္သင္းၾကား ျပိဳင္ဆိုင္မႈဟာ ျပင္းထန္ျပီး Liquid ကစားသမားေဟာင္း FATA- ကို offlaner အျဖစ္ Team Secret က ေခၚယူခဲ့ျပန္ပါတယ္။ ထုိ႔ေနာက္ Puppey နဲ႔ သူ႔ရဲ႕အသင္းဟာ TI7 ခ်န္ပီယံ Team Liquid ကို ESL One Hamburg 2017 ရဲ႕ semi-final မွာ အႏိုင္ရရွိခဲ့ပါတယ္။ TI8 မွာေတာ့ Team Secret ဟ ဟိုးအရင္ကထက္ ပိုေကာင္းတဲ့ အေျခအေနျဖစ္တဲ့ ၁၈ သင္းရဲ႕ ၅ နဲ႔ ၆ ေနရာကို Virtus.Pro နဲ႔ ပူးတြဲရရွိခဲ့ပါတယ္။ Kuroky ရဲ႕ Team Liquid ကေတာ့ EG ကိုရႈံးနိမ့္ခဲ့လို႔ TI8 အဆင့္ ၄ ေနရာမွာပဲ ရပ္တည္ခဲ့ပါတယ္။

ယခု ၂၀၁၉ မွာ က်င္းပမယ့္ TI9 မွာလည္း ျပိဳင္ဆိုင္မႈမ်ား ျပင္းထန္ၾကဦးမွာပါ။ ပိုမိုေကာင္းမြန္လာတဲ့ Puppey ရဲ႕ Team Secret မွာ MidOne, YapzOr, Nisha နဲ႔ zai တို႔ ပါဝင္ျပီး TI8 အျပီးမွာ ESL One Hamburg 2018, ESL One Katowice 2019, ESL One Birmingham 2019, The Chongqing Major, MDL Disneyland Paris Major နဲ႔ PVP Esports Championship တို႔မွာ ပထမဆုေတြ သိမ္းၾကံဳးရရွိထားတာပါ။ ဒီလို major ေတြနဲ႔ ျပိဳင္ပြဲေတြအမ်ားၾကီးႏိုင္ထားတဲ့ Puppey နဲ႔ Team Secret ကို TI9 ခ်န္ပီယံျဖစ္လာမလားလုိ့ အားလုံးက ထင္ေၾကးေပးေနၾကပါတယ္။

ဒီႏွစ္ ဂြ်န္လထဲမွာ Kuroky ရဲ႕ Team Liquid ကေတာ့ ထူးျခားစြာနဲ႔ပဲ Matumbaman ေနရာမွာ w33 ကို အစားထိုးေခၚယူခဲ့ပါတယ္။ ျပိဳင္ဘက္အသင္း Team Secret ကို ရႈံးနိမ့္ခဲ့လို႔ MDL Disneyland Paris Major မွာ ဒုတိယပဲရခဲ့ေပမယ့္ MDL Macau 2019 နဲ႔ MegaFon Winter Clash တို႔မွာ ပထမရခဲ့ပါေသးတယ္။ လက္ရိွ Kuroky ရဲ႕အသင္းေဖာ္မ်ားကေတာ့ Miracle-, w33, MinD_ContRoL နဲ႔ GH တို႔ပဲျဖစ္ပါတယ္။

Puppey ဟာ Kuroky ထက္ TI ခ်န္ပီယံ ျဖစ္ခဲ့တာ အေတာ္ေစာပါတယ္။ Puppey ပါဝင္တဲ့ Na’VI အသင္းဟာ ၂၀၁၁ ခုႏွစ္က က်င္းပခဲ့တဲ့ TI1 မွာ ခ်န္ပီယံ ျဖစ္ခဲ့တာ ျဖစ္ျပီး Kuroky ကေတာ့ ၂၀၁၇ မွာ က်င္းပတဲ့ TI7 မွာမွ Team Liquid ရဲ႕ အသင္းေခါင္းေဆာင္ေနရာကေန ကစားျပီး အသင္းအတြက္ ခ်န္ပီယံဆုဆြတ္ခူးေပးႏိုင္ခဲ့တာပါ။ ဒါေပမယ့္ Puppey ဟာ ခ်န္ပီယံျဖစ္ခဲ့တဲ့ အခ်ိန္မွာေတာ့ အသင္းေခါင္းေဆာင္ မဟုတ္ခဲ့သလုိ လက္ရွိ ဦးေဆာင္ေနတဲ့ Team Secret ဟာလည္း TI ခ်န္ပီယံ အျဖစ္ ဗိုလ္စြဲႏိုင္ျခင္း မရွိေသးပါဘူး။ Team Secret ဟာ Puppey ထူေထာင္ခဲ့တဲ့ ၂၀၁၄ ကေန ယခုအခ်ိန္ထိ ဆုေၾကးေငြ ေဒၚလာ ရွစ္သန္းေက်ာ္ကိုေတာ့ ဆြတ္ခူးႏုိင္ခဲ့ပါတယ္။

 

Dota ေလာကမွာ Puppey နဲ႔ Kuroky ဆိုတာ ေရာ္နယ္ဒိုနဲ႔ မက္ဆီ လို ဘယ္သူက ပိုေကာင္းတယ္ ဆိုတာ ေျပာလို႔ မရတဲ့သူ ႏွစ္ေယာက္ပါ။ အားသာခ်က္မ်ား ကိုယ္စီရွိေနျပီး မ်ားျပားလွတဲ့ အေတြ႔အၾကံဳေတြနဲ႔ သူတို႔ဟာ ဘယ္ TI အထိ ေျခဆန္႔ေရာက္ရွိသြားဦးမယ္ ဆိုတာလည္း ခန္႔မွန္းလုိ႔ မရႏိုင္ေသးတဲ့ အရာတစ္ခုပါ။ မၾကာခင္လာေတာ့မယ့္ TI9 ကေတာ့ ကိုးႏွစ္တာ TI all-timer ၾကီး ႏွစ္ေယာက္နဲ႔ သူတို႔ရဲ႕ အသင္းႏွစ္သင္း ပါဝင္မွာ တစ္ခုတည္းနဲ႔တင္ ရင္ခုန္စရာမ်ား ျပည့္ႏွက္ေနခဲ့ျပီပဲ ျဖစ္ပါေတာ့တယ္။

By Combo (Htet Wai Yan)


[For Unicode Users]

“Kuroky နဲ့ Puppey, Dota 2 လောကရဲ့ ရော်နယ်ဒို နဲ့ မက်ဆီ”

“Kuroky” နဲ့ “Puppey” လို့ ပြောလိုက်တာနဲ့ Dota 2 လောကမှာ မသိသူ မရှိလောက်အောင် နာမည်ကျော်လှတဲ့ The International (TI) ချန်ပီယံဟောင်းကြီး နှစ်ယောက်၊ ဝါရင့်ကစားသမားကြီး နှစ်ယောက်၊ support player ကြီးနှစ်ယောက်၊ Team Liquid နဲ့ Team Secret တို့ရဲ့ captain နှစ်ယောက် ဆိုပြီး မျက်လုံးထဲ တန်းမြင်ယောင်မိကြမှာပါ။ လက်ရှိမှာ Kuroky ဟာ Team Liquid ရဲ့ ခေါင်းဆောင်နေရာကို တာဝန်ယူထားပြီး Puppey ဟာလည်း Team Secret ကို စတင်ထူထောင်ခဲ့စဉ်ထဲက ဦးဆောင်လာခဲ့သူပါ။ သူတို့ရဲ့ ခေါင်းဆောင်မှုနဲ့ အသင်းနှစ်သင်းဟာ Dota 2 pro scene ထဲမှာ အောင်မြင်မှု များစွာ ရရှိထားပါတယ်။ ၂၀၀၈ လောက်ထဲက စတင်ခဲ့တဲ့ သူတို့ နှစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှုဟာလည်း bromance လို့တောင် ပြောစမှတ်တွင်ခဲ့တာပါ။

နှစ်ယောက်လုံးဟာ တစ်နှစ်တစ်ကြိမ်စီ ကျင်းပပြီးစီးခဲ့တဲ့ TI ရှစ်ခုလုံးကို တက်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများဖြစ်ပြီး ယခုလာမယ့် သြဂုတ်လမှာ ကျင်းပမယ့် TI9 မှာလည်း ထပ်မံယှဉ်ပြိုင်ကြဦးမှာဖြစ်လို့ “The International All-Timers” လို့ ခေါင်းစဉ်တပ် သတ်မှတ်ခြင်းခံရသူများပါ။ TI များ ကျင်းပခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ မတူညီတဲ့အသင်းတွေကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသလို အသင်းရဲ့ခေါင်းဆောင်နေရာတွေကနေ ကစားခဲ့ကြတာ ကြာပြီဖြစ်လို့ TI အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်ကတော့ ဘယ်သူနဲ့မှ မတူအောင်ကို မြင့်မားနေကြပါပြီ။

Kuroky ဟာ ၂၀၁၁ TI1 ကို GosuGamers.net အသင်းသားအဖြစ် ဝင်ရောက်ကစားခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ အုပ်စုပွဲစဉ် သုံးခုလုံးမှာ ရှုံးနိမ့်ခဲ့သလို ၁၆ သင်းမှာ အောက်ဆုံး ၃ သင်းနေရာနဲ့ ကျေနပ်ခဲ့ရပြီးနောက် အသင်းကနေလည်း ထွက်ခွာခဲ့ပါတယ်။ TI1 မှာ Puppey ပါဝင်တဲ့ Natus Vincere (Na’Vi) အသင်းကတော့ နာမည်ကျော် ကစားသမား Dendi, ArtStyle, XBOCT, LighTofHeaveN တို့နဲ့အတူ grand final မှာ နာမည်ကျော် EHOME အသင်းကို အနိုင်ရရှိခဲ့ပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။ Dota လောကရဲ့ legendary အသင်း Na’Vi ရဲ့ ရွှေခေတ် စတင်ခဲ့ချိန်လည်းဖြစ်ပါတယ်။

Na’Vi မှာ ArtStyle ထွက်ခွာပြီးနောက်ပိုင်း Puppey ဟာ အသင်းရဲ့ captain ဖြစ်လာခဲ့ပါတယ်။ ထို့နောက် ၂၀၁၂ TI2 အုပ်စုပွဲစဉ်များကို upper bracket မှ ကျော်ဖြတ်ကာ grand final အထိ တက်လာခဲ့ပြန်ပါတယ်။ ဒါပေမယ့် Invictus Gaming (IG) ကို ရှုံးနိမ့်ခဲ့ရပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ Kuroky ကတော့ Virtus.pro အသင်းကို ဝင်ပြီး TI2 အတွက် west qualifiers များကို ကြိုးစားယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ပြီး စစချင်းမှာ ဝင်ခွင့်မရခဲ့ပါဘူး။

TI2 မှာ Kuroky ဝင်ရောက်ကစားဖို့ အကြောင်းဖန်လာတာကတော့ qualifier မှာ သူတို့ရှုံးနိမ့်ခဲ့တဲ့ mousesports အသင်းရဲ့ ကစားသမားတစ်ဦးဟာ ဗီဇာအခက်အခဲကြောင့် မယှဉ်ပြိုင်နိုင်တာဖြစ်ပြီး Kuroky ကို ခေါ်ယူအစားထိုးလိုက်တာပါ။ TI2 မှာ ဝင်ခွင့်ရခဲ့တဲ့ MUFC ဟာလည်း ဗီဇာအခက်အခဲကြုံတွေ့ခဲ့ရတဲ့အတွက် MUFC နေရာမှာ အစားဝင်ယှဉ်ပြိုင်မယ့် အသင်းလိုအပ်နေခဲ့ပါတယ်။ Kuroky ပါဝင်တဲ့ mousesports ဟာ အဲ့ဒီ့နေရာအတွက် World Elite အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး အနိုင်ရရှိခဲ့လို့ TI2မှာ ပြိုင်ခွင့်ရရှိခဲ့တာပါ။ မဝင်ခင်က ထူးထူးခြားခြား ကံကောင်းခဲ့ပေမယ့် Kuroky ရဲ့ အသင်းဟာ TI2 မှာလည်း ၁၆ သင်းရဲ့ အောက်ဆုံး ၃ သင်းဖြစ်ခဲ့ရပြန်ပါတယ်။

၂၀၁၃ ဖေဖော်ဝါရီလ မှာတော့ Kuroky ကို Na’Vi က ခေါ်ယူခဲ့ပါတယ်။ Kuroky ရဲ့ Rubick ကိုင်တွယ်ကစားပုံဟာ နာမည်ကြီးလာခဲ့သလို TongFu နဲ့ကစားခဲ့တဲ့ပွဲမှာ Dota ကစားသမားများ အားလုံး မှင်သက်အံ့သြခဲ့ရတဲ့ Chen+Pudge – “Fountain Hooking” ဟာလည်း Puppey ရဲ့ ကြံဆမှုပါ။ Support player position 4 နဲ့ 5 ကစားကြတဲ့ အသင်းခေါင်းဆောင် Puppey နဲ့ Kuroky တို့ရဲ့ ရင်းနှီးမှု bromance ဟာ အဲဒီချိန်မှာ ပိုမိုနာမည်ကြီးလာခဲ့သလို သူတို့ ၂ ယောက်ပါဝင်တဲ့ Na’Vi ဟာ ၂၀၁၃ TI3 upper bracket ကနေ grand final ကို ရောက်လာခဲ့ပြန်ပါတယ်။ အားလုံးက Na’Vi ချန်ပီယံ ပြန်ဖြစ်ပြီလို့ မှန်းထားကြပေမယ့် Alliance ကို ရှုံးနိမ့်ပြီး ဒုတိယနေရာမှာပဲရပ်တည်ခဲ့ပါတယ်။ Kuroky ချန်ပီယံဖြစ်ဖို့ ကံခေခဲ့သလို TI3 ဟာ လက်ရှိအချိန်ထိ Puppey အတွက် grand final ထိရောက်ရှိခဲ့တဲ့ နောက်ဆုံး TI ပါ။

၂၀၁၄ မှာ ကျင်းပခဲ့တဲ့ TI4 မှာတော့ Na’Vi ဟာ ပိုမိုဆိုရွားတဲ့ အခြေအနေဖြစ်လာခဲ့ပြီး အုပ်စုပွဲစဉ် ၁၆ သင်းမှာ ၇ နဲ့ ၈ နေရာကိုသာ IG နဲ့ ပူးတွဲရခဲ့ပါတယ်။ ပွဲဦးထွက်မှာထဲက TI4 ချန်ပီယံဖြစ်လာမယ့် Newbee အသင်းကို နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့ပြီး lower bracket မှာ Cloud9 အသင်းကို ထပ်မံရှုံးနိမ့်ကာ အိမ်ပြန်ခဲ့ရတာပါ။ အဲဒီအချိန်က Na’Vi ရဲ့ အဆိုးရွားဆုံး TI ရလာဒ် ဖြစ်ခဲ့ပြီး အသင်းခေါင်းဆောင် Puppey နှုတ်ထွက်ခဲ့ပါတယ်။ Puppey နဲ့ အလွန်ရင်းနှီးနေတဲ့ Kuroky လည်း လိုက်ပါ နှုတ်ထွက်ခဲ့ပြီးနောက် Na’Vi ရဲ့ TI grand final ရွှေခေတ်လည်း ပြီးဆုံးခဲ့ရပါတယ်။

၂၀၁၄ သြဂုတ်လမှာတော့ Puppey ဟာ အတူရှိနေတဲ့ အသင်းဖော်ဟောင်း Kuroky အပါအဝင် Alliance အသင်းက ထွက်လာတဲ့ S4, Fnatic မှ Fly တို့နဲ့အတူ အနာဂတ်မှာ TI8 ချန်ပီယံဖြစ်လာမယ့် N0tail တို့ကို စုစည်းကာ Team Secret ကို စတင်ထူထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Arteezy နဲ့ Zai တို့ကို N0tail နဲ့ Fly နေရာမှာ အစားထိုးခဲ့ပြီး ပိုမိုအောင်မြင်တဲ့ အသင်းဖွဲ့စည်းပုံနဲ့ လူကြိုက်များလာခဲ့ပါတယ်။ TI5 ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အုပ်စုပွဲစဉ် ၇ နဲ့ ၈ ကြားနေရာပဲရရှိခဲ့ပြီး Kuroky လည်း Team Secret ကနေ ထွက်ခွာလာခဲ့ပါတော့တယ်။ အသင်းတွင်း ပြသနာ အမြောက်အများပေါ်ပေါက်ခဲ့တယ်လို့ ကောလဟာလများ ထွက်ပေါ်လာခဲ့ပြီး Kuroky နဲ့ Puppey တို့ရဲ့ ယှဉ်ပြိုင်မှုများဖြစ်လာဖို့ စတင်ခဲ့တဲ့အချိန်ပါ။

အသင်းမဲ့သွားတဲ့ Kuroky ဟာ ၂၀၁၅ ခုနှစ်ထဲမှာ 5Jungz ဆိုတဲ့အသင်းကို ကိုယ်တိုင်ထူထောင်ပြီး ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ Matumbaman, JerAx, MinD_ContRoL နဲ့ FATA- တို့ကို ခေါ်ယူခဲ့ပြီး ပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်ပါတော့တယ်။ တစ်လခန့်အကြာမှာပဲ TI4 ပြီးထဲက ကစားသမားဟောင်းအားလုံးထွက်ခွာသွားတဲ့ Team Liquid ဟာ 5Jungz ကစားသမား ငါးယောက်ကို ခေါ်ယူခဲ့ပါတယ်။ TI5 အပြီး အသင်းသားများ အားလုံးထွက်သွားလို့ Puppey တစ်ယောက်တည်းဖြစ်နေတဲ့ Team Secret ဟာလည်း အသင်းသားသစ်များ ခေါ်ယူခဲ့ပါတယ်။

EternalEnvy နဲ့ w33 တို့ပါဝင်တဲ့ အသင်းသားသစ်များနဲ့အတူ Puppey ဦးဆောင်တဲ့ Team Secret ဟာ ပူပူနွေးနွေး TI5 ချန်ပီယံအသင်း Evil Geniuses (EG) ကို MLG World Finals 2015 မှာ အနိုင်ရရှိပြီး ပထမရရှိခဲ့ပါတယ်။ Nanyang Dota Championship မှာလည်း ပထမရရှိခဲ့သလို TI6 မတိုင်မီ Frankfurt major 2015 မှာလဲ ဒုတိယရရှိခဲ့ပါတယ်။ အထူးခြားဆုံးကတော့ ၂၀၁၆ နှစ်ဦးမှာ Kuroky ဦးဆောင်တဲ့ Team Liquid ကို Shanghai Major 2016 မှာ အနိုင်ရပြီး ပထမဖြစ်ခဲ့တာပါ။ ဒါပေမယ့် Team Liquid ဟာလည်း Epicenter 2016 မှာ ဗိုလ်စွဲခဲ့သလို အခြားဆုများလည်း ရရှိအောင်မြင်နေချိန်ပါ။ ထို့နောက် ၂၀၁၆ ရဲ့ TI6 ပွဲကြီးမှာ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ၁၆ သင်းမှာ Team Liquid ဟာ ၇ နဲ့ ၈ ကြား နေရာကိုပဲ ရရှိခဲ့ပြီး Team Secret ဟာလည်း အောက်ဆုံးအဆင့်နဲ့သာ ပြီးဆုံးခဲ့ပြန်ပါတယ်။

Kuroky ဟာ mid lane ကစားသမား FATA- နေရာမှာ Miracle- ကို ခေါ်ယူခဲ့ပြီး ထွက်ခွာသွားတဲ့ဲ JeraX နေရာမှာ BuLba ကို ခေါ်ယူကာ TI7 အတွက် အသင့်ပြင်ခဲ့ပါတယ်။ ဒါပေမယ့် BuLba ဟာ အသင်းထဲမှာ inactive ဖြစ်နေတဲ့အတွက် GH ကို အစားထိုးရပြန်ပါတယ်။ အသင်းသားအသစ်များနဲ့ Team Liquid ဟာ Boston major 2016 ရဲ့ qualifer မှာ ရှုံးနိမ့်ခဲ့သလို Dota 2 Asia Championships 2017 ရဲ့ ရှုံးထွက်ပွဲစဉ်များမှာလည်း ပထမအကျော့မှာတင် ရှုံးနိမ့်ထွက်ခွာခဲ့ရပြီး အခြေအနေများ ဆိုးရွားခဲ့ပါတယ်။ ဒါပေမယ့် အသင်းသားများရဲ့ ကစားပုံဟာ နောက်ပိုင်းမှာ သိသိသာသာ ကောင်းမွန်လာခဲ့ပြီး Epicenter 2017 မှာ ပထမ ရခဲ့သလို အခြားပြိုင်ပွဲများမှာလည်း အောင်မြင်မှုများရလာခဲ့ပါတယ်။

လုံးဝအားမလျော့ခဲ့တဲ့ Kuroky အတွက် ၂၀၁၇ ဟာ အထူးခြားဆုံးနှစ်ဖြစ်ပြီး အဲဒီအသင်းသားများနဲ့ပဲ TI7 ကို ရောက်ရှိလာခဲ့တာပါ။ Lower bracket မှာ ပြိုင်ဘက် Team Secret ကို အိမ်ပြန်ပို့နိုင်ခဲ့သလို grand final မှာ ချန်ပီယံဟောင်း Newbee ကို အနိုင်ရရှိပြီး TI7 ချန်ပီယံအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။ အသင်းသားအပြောင်းအလဲများနေခဲ့တဲ့ Team Secret ကတော့ MidOne နဲ့ YapzOr တို့ကို ခေါ်ယူကစားနေခဲ့ပေမယ့် TI7 အသင်း ၁၈ သင်းမှာ ၉ နဲ့ ၁၂ ကြား နေရာကိုပဲ ရရှိခဲ့ပါတယ်။

အသင်းနှစ်သင်းကြား ပြိုင်ဆိုင်မှုဟာ ပြင်းထန်ပြီး Liquid ကစားသမားဟောင်း FATA- ကို offlaner အဖြစ် Team Secret က ခေါ်ယူခဲ့ပြန်ပါတယ်။ ထို့နောက် Puppey နဲ့ သူ့ရဲ့အသင်းဟာ TI7 ချန်ပီယံ Team Liquid ကို ESL One Hamburg 2017 ရဲ့ semi-final မှာ အနိုင်ရရှိခဲ့ပါတယ်။ TI8 မှာတော့ Team Secret ဟ ဟိုးအရင်ကထက် ပိုကောင်းတဲ့ အခြေအနေဖြစ်တဲ့ ၁၈ သင်းရဲ့ ၅ နဲ့ ၆ နေရာကို Virtus.Pro နဲ့ ပူးတွဲရရှိခဲ့ပါတယ်။ Kuroky ရဲ့ Team Liquid ကတော့ EG ကိုရှုံးနိမ့်ခဲ့လို့ TI8 အဆင့် ၄ နေရာမှာပဲ ရပ်တည်ခဲ့ပါတယ်။

ယခု ၂၀၁၉ မှာ ကျင်းပမယ့် TI9 မှာလည်း ပြိုင်ဆိုင်မှုများ ပြင်းထန်ကြဦးမှာပါ။ ပိုမိုကောင်းမွန်လာတဲ့ Puppey ရဲ့ Team Secret မှာ MidOne, YapzOr, Nisha နဲ့ zai တို့ ပါဝင်ပြီး TI8 အပြီးမှာ ESL One Hamburg 2018, ESL One Katowice 2019, ESL One Birmingham 2019, The Chongqing Major, MDL Disneyland Paris Major နဲ့ PVP Esports Championship တို့မှာ ပထမဆုတွေ သိမ်းကြုံးရရှိထားတာပါ။ ဒီလို major တွေနဲ့ ပြိုင်ပွဲတွေအများကြီးနိုင်ထားတဲ့ Puppey နဲ့ Team Secret ကို TI9 ချန်ပီယံဖြစ်လာမလားလို့ အားလုံးက ထင်ကြေးပေးနေကြပါတယ်။

ဒီနှစ် ဂျွန်လထဲမှာ Kuroky ရဲ့ Team Liquid ကတော့ ထူးခြားစွာနဲ့ပဲ Matumbaman နေရာမှာ w33 ကို အစားထိုးခေါ်ယူခဲ့ပါတယ်။ ပြိုင်ဘက်အသင်း Team Secret ကို ရှုံးနိမ့်ခဲ့လို့ MDL Disneyland Paris Major မှာ ဒုတိယပဲရခဲ့ပေမယ့် MDL Macau 2019 နဲ့ MegaFon Winter Clash တို့မှာ ပထမရခဲ့ပါသေးတယ်။ လက်ရှိ Kuroky ရဲ့အသင်းဖော်များကတော့ Miracle-, w33, MinD_ContRoL နဲ့ GH တို့ပဲဖြစ်ပါတယ်။

Puppey ဟာ Kuroky ထက် TI ချန်ပီယံ ဖြစ်ခဲ့တာ အတော်စောပါတယ်။ Puppey ပါဝင်တဲ့ Na’VI အသင်းဟာ ၂၀၁၁ ခုနှစ်က ကျင်းပခဲ့တဲ့ TI1 မှာ ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပြီး Kuroky ကတော့ ၂၀၁၇ မှာ ကျင်းပတဲ့ TI7 မှာမှ Team Liquid ရဲ့ အသင်းခေါင်းဆောင်နေရာကနေ ကစားပြီး အသင်းအတွက် ချန်ပီယံဆုဆွတ်ခူးပေးနိုင်ခဲ့တာပါ။ ဒါပေမယ့် Puppey ဟာ ချန်ပီယံဖြစ်ခဲ့တဲ့ အချိန်မှာတော့ အသင်းခေါင်းဆောင် မဟုတ်ခဲ့သလို လက်ရှိ ဦးဆောင်နေတဲ့ Team Secret ဟာလည်း TI ချန်ပီယံ အဖြစ် ဗိုလ်စွဲနိုင်ခြင်း မရှိသေးပါဘူး။ Team Secret ဟာ Puppey ထူထောင်ခဲ့တဲ့ ၂၀၁၄ ကနေ ယခုအချိန်ထိ ဆုကြေးငွေ ဒေါ်လာ ရှစ်သန်းကျော်ကိုတော့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Dota လောကမှာ Puppey နဲ့ Kuroky ဆိုတာ ရော်နယ်ဒိုနဲ့ မက်ဆီ လို ဘယ်သူက ပိုကောင်းတယ် ဆိုတာ ပြောလို့ မရတဲ့သူ နှစ်ယောက်ပါ။ အားသာချက်များ ကိုယ်စီရှိနေပြီး များပြားလှတဲ့ အတွေ့အကြုံတွေနဲ့ သူတို့ဟာ ဘယ် TI အထိ ခြေဆန့်ရောက်ရှိသွားဦးမယ် ဆိုတာလည်း ခန့်မှန်းလို့ မရနိုင်သေးတဲ့ အရာတစ်ခုပါ။ မကြာခင်လာတော့မယ့် TI9 ကတော့ ကိုးနှစ်တာ TI all-timer ကြီး နှစ်ယောက်နဲ့ သူတို့ရဲ့ အသင်းနှစ်သင်း ပါဝင်မှာ တစ်ခုတည်းနဲ့တင် ရင်ခုန်စရာများ ပြည့်နှက်နေခဲ့ပြီပဲ ဖြစ်ပါတော့တယ်။

By Combo (Htet Wai Yan)