[For Zawgyi]
တရုတ်နိုင်ငံမှာ ကျင်းပမယ့် Ti9 ကို ကစားခွင့်ရတဲ့ Kuku
[For Unicode]
“TI9 မှာ တရုတ်နိုင်ငံက မ ban တဲ့ Kuku”
TI9 ဝင်ခွင့်ရ TNC Predator အသင်းရဲ့ ကစားသမား Kuku ဟာ ပြီးခဲ့တဲ့ တရုတ် Dota 2 ပြိုင်ပွဲများမှာ တရုတ်နိုင်ငံက ဝင်ရောက်ခွင့် မပေးခဲ့တဲ့အတွက် ယခု တရုတ်မှာ ပြုလုပ်မယ့် TI9 မှာလည်း ထပ် ban ဦးမှာလားဆိုပြီး လူအများက မေးခွန်းထုတ်နေကြတာပါ။ TI9 စတင်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တဲ့အချိန်မှာမှ Kuku ဟာ TI9 ကို ယှဉ်ပြိုင်ဖို့ တရုတ်နိုင်ငံ ရှန်ဟိုင်းကို ရောက်ရှိသွားခဲ့ပါတယ်။
ရှန်ဟိုင်းကို လေကြောင်းခရီးနဲ့ သွားနေပြီဖြစ်ကြောင်း သူ့ရဲ့ facebook စာမျက်နှာပေါ်မှာအရင်ဆုံးတင်ခဲ့တာပါ။ နာရီအနည်းငယ်အကြာမှာ Kuku ဟာ “Ti jacket” ဆိုပြီး အသင်းသားများ TI ကိုဝင်ရောက်မယ့် အကျီ ၤဝတ်ဆင်ထားပုံကို ထပ်တင်ခဲ့သလို TNC ကလည်း Kuku ဟာ ရှန်ဟိုင်းမြို့တွင်းကို အခြားအသင်းသားများနဲ့ အတူ ရောက်ရှိနေပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့အတွက် TI9 ကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း ယူဆလို့ ရတာပါ။
TI9 မှာ Kuku ဝင်ရောက်ကစားခွင့် ရ မရကို Valve က တရားဝင် မကြေညာခြင်း မပြုခဲ့သလို TNC အသင်းကလည်း အစောပိုင်းမှာ ဘာမှပြောကြားခြင်းမရှိခဲ့ပါဘူး။ ဒီနှစ်ထဲမှာပဲ တရုတ်နိုင်ငံ Chongqing မှာ ပြုလုပ်ခဲ့တဲ့ The Chongqing Major နဲ့ World Electronic Sports Games နှစ်ခုလုံးမှာ Kuku ဟာ ဝင်ရောက်ကစားခွင့် မရအောင် ပိတ်ပင်ခံခဲ့ရပါတယ်။
Kuku ဟာ လွန်ခဲ့တဲ့နှစ်က Dota 2 public ကစားပွဲ တစ်ပွဲမှာ တရုတ်ကစားသမားတစ်ဦးကို “ching chong” လို့ ဂိမ်းအတွင်း စာရိုက် လှောင်ပြောင်ခဲ့မိပါတယ်။ သာမန်စကားလေးတစ်ခွန်းအဖြစ် လူအများက ယူဆပေမယ့် တရုတ်နိုင်ငံကတော့ အပြင်းအထန်အပြစ်တင် ဝေဖန်ခဲ့ပါတယ်။ Kukuဟာ အပြစ်ကို ဖုံးကွယ်ဖို့ ကြိုးစားခြင်းများ ပြုလုပ်ခဲ့သေးပေမယ့် ပြဿနာဟာ ပိုကြီးလာပြီး ဒဏ်ပေးခံရမယ့် အဆင့်ကို ရောက်ရှိခဲ့ပါတယ်။
တရုတ်နိုင်ငံက ဖိအားပေးခြင်းကို ခံခဲ့ရတဲ့ Valve ဟာ Kuku ကို Chongqing Major ဝင်ရောက်ကစားခွင့်မပြုပဲ ပိတ်ပင်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ TNC အသင်းဟာ ယခု ၂၀၁၉ နှစ်ဆန်းမှာ ကျင်းပခဲ့တဲ့ Chongqing Major ကို stand-in ကစားသမားများထည့်ပြီး ကစားခဲ့ရပါတယ်။
Valve ရဲ့ ကြေညာချက်ထဲမှာ “Kuku ဟာ တရုတ်အစိုးရက ban တာကို မခံရပါဘူး” လို့ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် မတ်လအတွင်း Chongqing မှာပဲ ထပ်မံကျင်းပတဲ့ World Electronic Sports Games (WESG) မှာလည်း Chongqing အာဏာပိုင်အဖွဲ့ဟာ Kuku ကို မြို့ထဲ ဝင်ရောက်ခွင့် မပေးခဲ့ပါဘူး။ WESG ကို ကျင်းပသူများဟာ Chongqing ရဲ့ ဝန်ကြီးဌာနများကို ဆက်သွယ်ပြီး ခွင့်များ အကြိမ်ကြိမ်တောင်းခဲ့ပေမယ့် “Kuku ကို မြို့ရဲ့ အာဏာပိုင်အဖွဲ့က မြို့တွင်း ဝင်ရောက်ခွင့် မပြုဖို့ ဆုံးဖြတ်ထားတယ်” လို့သာ ပြောကြားခဲ့ပါတယ်။
အစောပိုင်းမှာ TNC အသင်းနဲ့ Kuku ရဲ့ ပရိသတ်များဟာ Kuku ကို တရုတ်အစိုးရက ပိတ်ပင်လို့ TI9 ကို ဝင်ရောက်ခွင့်မရမှာ စိတ်ပူနေခဲ့ကြပါတယ်။ အမှားတစ်ခုတည်းအတွက်နဲ့ Kuku ရဲ့ professional ကစားသမားဘဝကို ထိခိုက်မှာ မလိုလားပဲ Kuku ပါဝင်တဲ့ roster နဲ့ TI9 ကို ဝင်ရောက်စေချင်ခဲ့ကြတာပါ။
ယခုအချိန်မှာတော့ Kuku ဟာ တရုတ်မြေမှာ တရုတ်အသင်းများနဲ့ ရင်ဆိုင်ကစားရဦးမှာဖြစ်ပြီး အတိတ်ကအမှားများကို သင်ခန်းစာယူရမှာပါ။ Kuku နဲ့ TNC အသင်းသားများ TI9 မှာ ယှဉ်ပြိုင်နေတာကို ရက်အနည်းငယ်အတွင်း မြင်တွေ့ရမှာပဲ ဖြစ်ပါတော့တယ်။ Dota 2 သတင်းများနဲ့ အခြားသော esport သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်လျက်ရှိပါတယ်။
#GamingNoodle #Dota2 #TI9 #ComBo