[Unicode]

ကိုရီးယားအမျိုးသမီး K-pop အဖွဲ့ TWICE နဲ့ ကြော်ငြာလိုက်တဲ့ DX: War of the New Century မိုဘိုင်းလ်ဂိမ်း

 

ကိုရီးယားအမျိုးသမီး K-pop အဖွဲ့တစ်ခုဖြစ်တဲ့ TWICE ဟာ အသစ်ထွက်ရှိလာမယ့် မိုဘိုင်းလ်ဂိမ်းတစ်ခုဖြစ်တဲ့ Dragon Xeneration (DX) : War of the New Century နဲ့ ပူးပေါင်းမှုများ ပြုလုပ်ခဲ့ပါတယ်။ TWICE အဖွဲ့ဟာ ဒီဂိမ်းရဲ့ brand ambassador များ အဖြစ်တာဝန်ယူထားပြီး သူတို့ ပါဝင်ရိုက်ကူးထားတဲ့ ဂိမ်း teaser trailer ဗီဒီယိုအတိုလေးတစ်ခုလည်း မကြာသေးမီက ထွက်ပေါ်လာခဲ့ပါတယ်။

 

Teaser trailer ဗီဒီယိုထဲမှာတော့ TWICE ရဲ့ အဖွဲ့ဝင်များ ဖြစ်ကြတဲ့ Jihyo, Nayeon, Jeongyeon, Momo, Sana, Mina, Dahyun, Chaeyong နဲ့ Tzuyu တို့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားကြတဲ့ idol များဟာ လက်နက်ဆန်းများကိုင်ဆောင်ကာ ဂိုထောင်ပျက်ကြီးနဲ့တူတဲ့ အဆောက်အအုံတစ်ခုအတွင်း လမ်းလျှောက်နေကြတဲ့ပုံစံကို သရုပ်ဖော်ထားပါတယ်။

သူတို့ ၉ ယောက် ကိုင်ဆောင်ထားတဲ့ မတူညီတဲ့ လက်နက်များဟာ ဂိမ်းထဲမှာ ပါဝင်မယ့်အရာများကို ကြိုတင်ခန့်မှန်းနိုင်အောင် ပြသခြင်းဖြစ်ပါတယ်။ လက်နက်တစ်ခုချင်းစီဟာ ဂိမ်းအတွင်းမှာ ရွေးချယ်ကစားနိုင်မယ့် class များကို ကိုယ်စားပြုပါတယ်။

 

 

 

ဂိမ်းဇာတ်ကွက်များကိုတော့ မျိုးနွယ်စု နှစ်ခုကြား ကာလရှည်ကြာဖြစ်ပေါ်နေတဲ့ ပဋိပက္ခများနဲ့ စတင်ပုံဖော်ထားပါတယ်။ မျိုးနွယ်စုများကြားမှာ ကြီးစိုးနိုင်မယ့် စွမ်းအားရရှိဖို့ Balaur ကို တိုက်ခိုက်အနိုင်ယူကြရမှာဖြစ်ပြီး နောက်ပိုင်းမှာ တတိယမြောက်မျိုးနွယ်စုတစ်ခုဟာလည်း ဒီအရှုပ်အထွေးများကြား ထပ်မံပါဝင်လာမှာဖြစ်ပါတယ်။

ကစားသူများဟာ ဂိမ်းအတွင်းက မိမိတို့ရဲ့ ပုံပန်းသဏ္ဍာန်ကို အရွယ်ရောက်ပြီးသား ယောက်ျားလေးတစ်ဦးပုံစံဖြစ်စေ မိန်းကလေးတစ်ဦးပုံစံဖြစ်စေ ကလေးတစ်ဦးပုံစံဖြစ်စေ ရွေးချယ်နိုင်မှာပါ။ Class များအနေနဲ့ကတော့ Spirit Swordsman (tank), Gunner Ranger (long-range), Executor Wizard (damage dealer), Shaman Healer (support) စတာတွေ ပါဝင်ပါတယ်။

ဂိမ်းကို PVE ရော PVP ပါ ကစားနိုင်အောင် ပြုလုပ်ထားပြီး dugeon raid များ၊ boss hunt များ၊ quest များ၊ arena များ၊ guild များ ပါဝင်သလို ကြိုက်နှစ်သက်ရာ lifestyle ပုံစံများကိုလည်း ရွေးချယ်နိုင်မှာပါ။ ယနေ့ခေတ်မှာ မြင်တွေ့နေရတဲ့ theme park, cafe, racing စတာတွေကိုလည်း ထည့်သွင်းထားပါတယ်။

 

Efun ကုမ္ပဏီက ဖြန့်ချိမယ့် DX: War of the New Century ဟာ Unreal Engine4 ဂိမ်းအင်ဂျင်ကို အသုံးပြုတည်ဆောက်ထားတာပါ။ တရုတ်နိုင်ငံမှာတော့ ဒီဂိမ်းကို Tencent ရဲ့ Dragon Raja အဖြစ် လူသိများပြီး တောင်ကိုရီးယားကို ဖြန့်ချိမယ့် ဗားရှင်းကို သီးသန့်နာမည်တစ်ခုတပ်လိုက်တာဖြစ်ကြောင်း Enduins ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။

Android နဲ့ iOS နှစ်ခုလုံးမှာ ကစားနိုင်မယ့် ဒီဂိမ်းကို တောင်ကိုရီးယားနိုင်ငံအတွက် မကြာမီဖြန့်ချိတော့မှာပါ။ တစ်ကမ္ဘာလုံးကစားနိုင်မယ့် global version ထွက်ပေါ်လာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။ ကိုရီးယား K-pop အဖွဲ့ TWICE နဲ့ ကြော်ငြာထားတဲ့ဂိမ်းထွက်ပေါ်လာမှာဖြစ်ကြောင်း ဗဟုသုတအဖြစ်တင်ဆက်လိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: OneEsports, Enduins


[Zawgyi]

ကိုရီးယားအမ်ိဳးသမီး K-pop အဖြဲ႕ TWICE နဲ႔ ေၾကာ္ျငာလိုက္တဲ့ DX: War of the New Century မိုဘိုင္းလ္ဂိမ္း

 

ကိုရီးယားအမ်ိဳးသမီး K-pop အဖြဲ႕တစ္ခုျဖစ္တဲ့ TWICE ဟာ အသစ္ထြက္ရွိလာမယ့္ မိုဘိုင္းလ္ဂိမ္းတစ္ခုျဖစ္တဲ့ Dragon Xeneration (DX) : War of the New Century နဲ႔ ပူးေပါင္းမွုမ်ား ျပဳလုပ္ခဲ့ပါတယ္။ TWICE အဖြဲ႕ဟာ ဒီဂိမ္းရဲ့ brand ambassador မ်ား အျဖစ္တာဝန္ယူထားၿပီး သူတို့ ပါဝင္ရိုက္ကူးထားတဲ့ ဂိမ္း teaser trailer ဗီဒီယိုအတိုေလးတစ္ခုလည္း မၾကာေသးမီက ထြက္ေပၚလာခဲ့ပါတယ္။

Teaser trailer ဗီဒီယိုထဲမွာေတာ့ TWICE ရဲ့ အဖြဲ႕ဝင္မ်ား ျဖစ္ၾကတဲ့ Jihyo, Nayeon, Jeongyeon, Momo, Sana, Mina, Dahyun, Chaeyong နဲ႔ Tzuyu တို့ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ အနက္ေရာင္ဝတ္စုံမ်ား ဝတ္ဆင္ထားၾကတဲ့ idol မ်ားဟာ လက္နက္ဆန္းမ်ားကိုင္ေဆာင္ကာ ဂိုေထာင္ပ်က္ႀကီးနဲ႔တူတဲ့ အေဆာက္အအုံတစ္ခုအတြင္း လမ္းေလၽွာက္ေနၾကတဲ့ပုံစံကို သ႐ုပ္ေဖာ္ထားပါတယ္။

သူတို့ ၉ ေယာက္ ကိုင္ေဆာင္ထားတဲ့ မတူညီတဲ့ လက္နက္မ်ားဟာ ဂိမ္းထဲမွာ ပါဝင္မယ့္အရာမ်ားကို ႀကိဳတင္ခန႔္မွန္းနိုင္ေအာင္ ျပသျခင္းျဖစ္ပါတယ္။ လက္နက္တစ္ခုခ်င္းစီဟာ ဂိမ္းအတြင္းမွာ ေရြးခ်ယ္ကစားနိုင္မယ့္ class မ်ားကို ကိုယ္စားျပဳပါတယ္။

ဂိမ္းဇာတ္ကြက္မ်ားကိုေတာ့ မ်ိဳးႏြယ္စု ႏွစ္ခုၾကား ကာလရွည္ၾကာျဖစ္ေပၚေနတဲ့ ပဋိပကၡမ်ားနဲ႔ စတင္ပုံေဖာ္ထားပါတယ္။ မ်ိဳးႏြယ္စုမ်ားၾကားမွာ ႀကီးစိုးနိုင္မယ့္ စြမ္းအားရရွိဖို့ Balaur ကို တိုက္ခိုက္အနိုင္ယူၾကရမွာျဖစ္ၿပီး ေနာက္ပိုင္းမွာ တတိယေျမာက္မ်ိဳးႏြယ္စုတစ္ခုဟာလည္း ဒီအရွုပ္အေထြးမ်ားၾကား ထပ္မံပါဝင္လာမွာျဖစ္ပါတယ္။

ကစားသူမ်ားဟာ ဂိမ္းအတြင္းက မိမိတို့ရဲ့ ပုံပန္းသ႑ာန္ကို အရြယ္ေရာက္ၿပီးသား ေယာက္်ားေလးတစ္ဦးပုံစံျဖစ္ေစ မိန္းကေလးတစ္ဦးပုံစံျဖစ္ေစ ကေလးတစ္ဦးပုံစံျဖစ္ေစ ေရြးခ်ယ္နိုင္မွာပါ။ Class မ်ားအေနနဲ႔ကေတာ့ Spirit Swordsman (tank), Gunner Ranger (long-range), Executor Wizard (damage dealer), Shaman Healer (support) စတာေတြ ပါဝင္ပါတယ္။

ဂိမ္းကို PVE ေရာ PVP ပါ ကစားနိုင္ေအာင္ ျပဳလုပ္ထားၿပီး dugeon raid မ်ား၊ boss hunt မ်ား၊ quest မ်ား၊ arena မ်ား၊ guild မ်ား ပါဝင္သလို ႀကိဳက္ႏွစ္သက္ရာ lifestyle ပုံစံမ်ားကိုလည္း ေရြးခ်ယ္နိုင္မွာပါ။ ယေန႔ေခတ္မွာ ျမင္ေတြ႕ေနရတဲ့ theme park, cafe, racing စတာေတြကိုလည္း ထည့္သြင္းထားပါတယ္။

Efun ကုမၸဏီက ျဖန႔္ခ်ိမယ့္ DX: War of the New Century ဟာ Unreal Engine4 ဂိမ္းအင္ဂ်င္ကို အသုံးျပဳတည္ေဆာက္ထားတာပါ။ တ႐ုတ္နိုင္ငံမွာေတာ့ ဒီဂိမ္းကို Tencent ရဲ့ Dragon Raja အျဖစ္ လူသိမ်ားၿပီး ေတာင္ကိုရီးယားကို ျဖန႔္ခ်ိမယ့္ ဗားရွင္းကို သီးသန႔္နာမည္တစ္ခုတပ္လိုက္တာျဖစ္ေၾကာင္း Enduins ဝက္ဘ္ဆိုက္မွာ ေရးသားထားပါတယ္။

Android နဲ႔ iOS ႏွစ္ခုလုံးမွာ ကစားနိုင္မယ့္ ဒီဂိမ္းကို ေတာင္ကိုရီးယားနိုင္ငံအတြက္ မၾကာမီျဖန႔္ခ်ိေတာ့မွာပါ။ တစ္ကမၻာလုံးကစားနိုင္မယ့္ global version ထြက္ေပၚလာမလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ၾကရမွာျဖစ္ပါတယ္။ ကိုရီးယား K-pop အဖြဲ႕ TWICE နဲ႔ ေၾကာ္ျငာထားတဲ့ဂိမ္းထြက္ေပၚလာမွာျဖစ္ေၾကာင္း ဗဟုသုတအျဖစ္တင္ဆက္လိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: OneEsports, Enduins