Esports လောကထဲကို ဝင်ရောက်လာတဲ့ KMD ရဲ့ Next LvL

 

Next LvL Esports ဟာဆိုရင် 2020 ခုနှစ် မေလမှာစတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံရဲ့ Esports & Gaming လောကကို နည်းပညာနဲ့ပညာရေးကဏ္ဍတွေမှာ တစ်ထောင့်တစ်နေရာကနေ ကူညီပံ့ပိုးပေးနိုင်ဖို့ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ 10ရက် 10လမှာ KMD Groups အနေနဲ့ Next LvL E-Sports ရဲ့ Ecosystem ကို Virtual Live Launch ပွဲကျင်းပပြီး ချပြခဲ့ပါတယ်။

Ecosystem မှာဆိုရင်တော့
ပထမဆုံးအနေနဲ့ Gaming & Esports Related Products အစုံကို စိတ်ကြိုက်စမ်းသပ်ဝယ်ယူလို့ရအောင် KMD Mega Store မှာဖွင့်လှစ်ပေးထားပါတယ်။ မဝယ်ခင်စမ်းသပ်ဆော့ကစားကြည့်ချင်တဲ့ Customerတွေအတွက်လည်း Experience Zoneတွေ ထားပေးထားပါတယ်။ Experience Zoneမှာ ဆိုရင်တော့ PC, Mobile နဲ့ Consoleဆိုပြီး Zone ၃ခုကို Game Platform အလိုက်ခွဲပေးထားပြီး မဝယ်ပဲ နဲ့လည်း လာရောက်စမ်းသပ်ဆော့ကစားကြည့်လို့ရပါတယ်။

ဒါ့အပြင် Esports Education ပိုင်းနဲ့ပတ်သက်ပြီး Animationတွေ Designတွေ ဆွဲဖို့ Drawing Padsတွေ၊ Codingနဲ့ Runရတဲ့ Sound & Robotic Gadgets တွေ၊ STEM, Makeblock, Legoအစရှိတဲ့ Learning Tools (or) Toysတွေ လည်း တစ်နေရာထဲမှာ ဝယ်ယူနိုင်အောင် စုံလင်စွာထားရှိပေးထားပါတယ်။

ဆိုင်ခွဲအနေနဲ့ဆိုရင်တော့ (၄၉)လမ်းအလယ်ဘလောက်မှာလည်း ဖွင့်လှစ်ထားပြီး မကြာခင်မှာ ပန်းဆိုးတန်းနဲ့ မန္တလေးမြို့မှာပါ Next LvL Esports Center တွေဖွင့်လှစ်သွားဖို့ ပြင်ဆင်ထားပါတယ်။ Online ကတစ်ဆင့် ဝယ်ယူချင်တဲ့ Customerတွေအတွက်လည်း Next LvL Facebook Pageနဲ့ Ecommerce Website – nextlvl.com.mm တို့မှတဆင့် ဝယ်ယူနိုင်အောင် စီစဥ်ပေးထားပါတယ်။

ဒုတိယတစ်ခုအနေနဲ့ Streaming Lab ထားရှိပေးထားမှာဖြစ်ပြီး Streaming နှင့်ဆက်စပ်ပစ္စည်းများကို မဝယ်ခင် စမ်းသပ်ဆော့ကြည့်လို့ ရမှာဖြစ်သလို ကိုယ့်အိမ်မှာ Streamဖို့ အဆင်မပြေသူတွေ၊ ဆူညံသံတွေကြောင့် Streamရမှာအခက်အခဲဖြစ်နေတဲ့သူတွေအတွက် သက်သာတဲ့နှုန်းထားတစ်ခုနဲ့ Streaming ပြုလုပ်လို့ရနိုင်မယ်လို့ သိထားရပါတယ်။ မကြာခင်မှာ Streaming Lab နဲ့ ပတ်သက်ပြီး အသေးစိတ် ချပြသွားမယ်လို့လည်း သိရှိရပါတယ်။

တတိယတစ်ခုကတော့ Esports Academy ဖြစ်ပြီး မကြာခင်မှာ Launch ပြုလုပ်သွားမယ်လို့သိရပါတယ်။ လက်ရှိလည်း NCC Education (UK) အသိအမှတ်ပြု Level 4 Diploma in Business (with Esports) Course ကို ကြေငြာထားပြီး ဖြစ်ပါတယ်။

E-Sports နဲ့ Business (၂) မျိုးလုံးကို ဆက်စပ်ပြီး သင်ရတဲ့အတွက် “Dual Skills” ရရှိနိုင်မှာဖြစ်တဲ့အပြင် Diploma ရဲ့ Title မှာပါ “Diploma in Business (with E-Sports)” လို့ပါတဲ့အတွက် ကျောင်းသူ၊ ကျောင်းသားများ အနေနဲ့ Career Choice (အသက်မွေးဝမ်းကျောင်းရွေးချယ်မှု) ပြုလုပ်တဲ့အခါမှာ E-Sports နယ်ပယ်သာမက မည်သည့် စီးပွားရေးလုပ်ငန်းနယ်ပယ်မှာမဆို မိမိနှစ်သက်ရာ အလုပ်ကို Flexible ဖြစ်စွာ ရွေးချယ်လုပ်ကိုင်နိုင်မှာဖြစ်တယ်။ Esports Academy အနေနဲ့ Gamificationရဲ့ Game Development & Programming, Game Design & Animation အစရှိတဲ့ Courses တွေလည်း မကြာခင် ကြေငြာသွားမှာ ဖြစ်ပါတယ်။

စတုတ္ထတစ်ခုအနေနဲ့ Cyber Café ဖွင့်လှစ်ချင်တဲ့လုပ်ငန်းရှင်တွေအတွက်လည်း Hardware, Software, Networking ပိုင်းတွေကို ကျွမ်းကျင်တဲ့ Technicianတွေနဲ့အတူ တိုင်ပင်ဆွေးနွေးနိုင်တဲ့ ဝန်ဆောင်မှုလည်း ရှိပါတယ်။

ပဥ္စမတစ်ခုကတော့ Gaming Productတွေကို ပြုပြင်လဲလှယ်ချင်တဲ့ Customerတွေအတွက်လည်း Gaming Clinic လို့ တင်စားထားတဲ့ Repair & Service Center ကိုလည်း Next LvL Esports Center တိုင်းမှာ ထားရှိပေးထားမှာဖြစ်ပါတယ်။ Gaming နဲ့ပတ်သက်ပြီး One Stop Service ပေးနိုင်ဖို့ သေချာစီစဥ် ဆောင်ရွက်ပေးထားပါတယ်။

အထက်ပါ Ecosystemတွေကတော့ Next LvL Esports ရဲ့ လက်ရှိလုပ်ဆောင်နေတဲ့လုပ်ငန်းတွေဖြစ်ပြီး လူငယ်တွေအတွက် Eventတွေ၊ Tournamentတွေလည်း စီစဥ်ပေးသွားဦးမှာဖြစ်သလို အနာဂါတ်မှာလည်း လူငယ်တွေကို အကျိူးပြုမယ့် Ecosystemတွေ ထပ်မံမွန်းမံသွားဖို့ရှိပါတယ်။

လူငယ်များရဲ့ စိတ်အားထက်သန်မှုနဲ့ တီထွင်ကြံဆလုပ်ဆောင်တဲ့ Next LvL ဟာ KMD ရဲ့ အစဥ်အလာ ဆွဲကိုင်တဲ့ တန်ဖိုးများဖြစ်တဲ့ စိတ်ချယုံကြည်ရမှု၊ အရည်အသွေးမြင့်မားမှန်ကန်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပြည်တွင်းပြည်ပ မိတ်ဖက်များနဲ့ ရေရှည်လက်တွဲဆောင်ရွက်မှု တွေနဲ့ အပြည့်အဝ ပံ့ပိုးသွားပြီး မြန်မာနိုင်ငံရဲ့ E-Sports စီးပွားရေး လုပ်ငန်းစုကြီး ဖွံ့ဖြိုးအောင်မြင်လာဖို့ MESF / MCF လိုအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ နှင့်အတူ ကြိုးစားဆောင်ရွက်သွားပါမယ်လို့ ကတိပြုပြောကြားခဲ့တယ်လို့ သိရပါတယ်။

အခု ဖော်ပြထားတဲ့ အကြောင်းအရာတွေအတွက် အသေးစိတ် အချက်အလက်များ သိရှိလိုပါက Next LvL by KMD ဖုန်း 09 4444 555 28, E mail: [email protected], Next LvL by KMD Facebook Page, nextlvl.com.mm တို့မှာ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။