[Unicode]

KFC ရဲ့ Esports လက်စွမ်းတိုးတက်ရေးဘာဂါ လာပြီ

 

KFC ဟာ ယင်းတို့ရဲ့ Esports လက်စွမ်းတိုးတက်ရေးဘာဂါကို လူသိများလာစေဖို့ လှုပ်ရှားမှုများ စတင်ပြုလုပ်နေပါပြီ။ ပထမဆုံး လှုပ်ရှားမှုကိုတော့ KFC Gaming နဲ့ Kairos Esports တို့ ပူးပေါင်းပြုလုပ်လိုက်တာဖြစ်ပြီး ယင်းဘာဂါနဲ့ ပတ်သက်တဲ့ ဟာသဆန်ဆန် မှတ်တမ်းဗီဒီယိုအမျိုးအစား mokumentary တစ်ခုကို ထုတ်လုပ်ခဲ့တာပါ။

တကယ်တော့ ဒီလှုပ်ရှားမှုဟာ KFC ရဲ့ ကြော်ငြာအစီအစဉ်တစ်ခုဖြစ်သလို KFC Gaming နဲ့ Kairos Esports တို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုများကို ပိုမိုအသက်ဝင်လာစေမယ့် ဖန်တီးချက်တစ်ခုလည်း ဖြစ်ပါတယ်။ Esports လက်စွမ်းတိုးတက်ရေးဘာဂါဆိုတာဟာလည်း အသီးအရွက်များနဲ့ ပြုလုပ်ထားတဲ့ KFC ရဲ့ သတ်သတ်လွတ်ဘာဂါကို ဆိုလိုခြင်းသာ ဖြစ်ပါတယ်။

KFC ရဲ့ အမှတ်တံဆိပ်ဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ရေး မန်နေဂျာဖြစ်သူ Josh Benge ကတော့ ဒီလှုပ်ရှားမှုနဲ့ ပတ်သက်လို့ “ကျွန်တော်တို့ရဲ့ Esports လက်စွမ်းတိုးတက်ရေးဘာဂါနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှု အထမြောက်နေတာကို မြင်တွေ့ရတာ တကယ်ကို အံ့သြဝမ်းမြောက်စရာပါ။ ဒီဘာဂါဟာ ကျွန်တော်တို့ကို အားပေးနေကြတဲ့ gamer များ လက်စွမ်းကုန်ထုတ်ကစားနိုင်ဖို့ ကူညီပေးလျက်ရှိပြီး ဂိမ်းပိုင်းဆိုင်ရာမှာ ပိုမိုပြောင်မြောက်လာစေလို့ ဂုဏ်ယူမိပါတယ်။ အသီးအရွက်များရဲ့ စွမ်းအားကို အခြေခံထားတဲ့ ကမ္ဘာ့ထိပ်တန်းလက်ရွေးစင် gamer များ ထွက်ပေါ်လာဖို့ လက်တစ်ကမ်းပဲ လိုပါတော့တယ်” လို့ ဟာသနှောပြီး ပြောကြားသွားခဲ့ပါတယ်။

ယခင်က KFC Gaming နဲ့ Kairos Esports တို့ ပူးပေါင်းပြီး KFC Royale လို့ အမည်ပေးထားတဲ့ အွန်လိုင်းဂိမ်းပြိုင်ပွဲတစ်ခုကိုလည်း ပြုလုပ်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူများကို ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၂၀,၀၀၀ နဲ့ KFC Black Card တစ်ခု ချီးမြှင့်ခဲ့ပါတယ်။ KFC ဟာ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ League of Legends Pro League (LPL) ရဲ့ စပွန်ဆာကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

Kairos Esports ရဲ့ ဥက္ကဌဖြစ်သူ Drew Townley ကတော့ “KFC နဲ့ အလုပ်တွဲလုပ်ရတာဟာ တကယ်ကို စိတ်ကျေနပ်စရာကောင်းပါတယ်။ Gamer များအတွက် ထူးထူးခြားခြား လှုပ်ရှားမှုလေးတွေကိုလည်း ယခုလိုပဲ ထပ်မံဖန်တီးပေးချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ KFC Gaming ကို ပူးပေါင်းထူထောင်ပြီး Esports နယ်ပယ်မှာ လူသိများတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်အောင် ပြုလုပ်ခဲ့ကြပါတယ်။

“ယခု ၂၀၂၀ မှာတော့ ကျွန်တော်တို့ဟာ ပျော်စရာလည်း ကောင်း ရယ်ရွှယ်ဖွယ်ဟာသလည်း မြောက်စေမယ့် KFC သတ်သတ်လွတ်ဘာဂါကြော်ငြာကို စတင်မိတ်ဆက်လိုက်ပါပြီ။ လက်ဆုပ်လက်ကိုင် သက်သေပြလို့ မရပေမယ့် ဒီဘာဂါမှာ Esports လက်စွမ်းကို ပိုမိုတိုးတက်ကောင်းမွန်လာစေမယ့် ထူးခြားချက်များ အမှန်တကယ် ပါဝင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

Esports လက်စွမ်းတိုးတက်ရေးဘာဂါ ကြော်ငြာနဲ့ လှုပ်ရှားမှုများဟာ ဟာသ ဘက်ကို အလေးပေးပြီး ထွက်ပေါ်လာခဲ့တာဖြစ်ပေမယ့် နယ်ပယ်ပေါင်းစုံက စီးပွားရေးလုပ်ငန်းများ Esports ကို အာရုံစိုက်လာကြတာကတော့ အမှန်တကယ်ပဲ ဖြစ်ပါတယ်။ ၂၀၂၀ အတွင်းမှာ Esports လောကနဲ့ သက်ဆိုင်တဲ့ လှုပ်ရှားမှုပေါင်းစုံတို့ကို ထပ်မံမြင်တွေ့ကြရဦးမှာဟာလည်း အသေအချာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

source: esportsinsider


[ZawGyi]

KFC ရဲ႕ Esports လက္စြမ္းတိုးတက္ေရးဘာဂါ လာျပီ

 

KFC ဟာ ယင္းတို႔ရဲ႕ Esports လက္စြမ္းတိုးတက္ေရးဘာဂါကို လူသိမ်ားလာေစဖုိ႔ လႈပ္ရွားမႈမ်ား စတင္ျပဳလုပ္ေနပါျပီ။ ပထမဆုံး လႈပ္ရွားမႈကိုေတာ့ KFC Gaming နဲ႔ Kairos Esports တို႔ ပူးေပါင္းျပဳလုပ္လိုက္တာျဖစ္ျပီး ယင္းဘာဂါနဲ႔ ပတ္သက္တဲ့ ဟာသဆန္ဆန္ မွတ္တမ္းဗီဒီယိုအမ်ိဳးအစား mokumentary တစ္ခုကို ထုတ္လုပ္ခဲ့တာပါ။

တကယ္ေတာ့ ဒီလႈပ္ရွားမႈဟာ KFC ရဲ႕ ေၾကာ္ျငာအစီအစဥ္တစ္ခုျဖစ္သလို KFC Gaming နဲ႔ Kairos Esports တို႔ရဲ႕ ပူးေပါင္းလုပ္ေဆာင္မႈမ်ားကို ပိုမိုအသက္ဝင္လာေစမယ့့္ ဖန္တီးခ်က္တစ္ခုလည္း ျဖစ္ပါတယ္။ Esports လက္စြမ္းတိုးတက္ေရးဘာဂါဆိုတာဟာလည္း အသီးအရြက္မ်ားနဲ႔ ျပဳလုပ္ထားတဲ့ KFC ရဲ႕ သတ္သတ္လြတ္ဘာဂါကို ဆိုလိုျခင္းသာ ျဖစ္ပါတယ္။

KFC ရဲ႕ အမွတ္တံဆိပ္ဆိုင္ရာ ပူးေပါင္းလုပ္ေဆာင္ေရး မန္ေနဂ်ာျဖစ္သူ Josh Benge ကေတာ့ ဒီလႈပ္ရွားမႈနဲ႔ ပတ္သက္လို႔ “ကြ်န္ေတာ္တို႔ရဲ႕ Esports လက္စြမ္းတိုးတက္ေရးဘာဂါနဲ႔ ပတ္သက္တဲ့ လႈပ္ရွားမႈ အထေျမာက္ေနတာကို ျမင္ေတြ႔ရတာ တကယ္ကို အံ့ၾသဝမ္းေျမာက္စရာပါ။ ဒီဘာဂါဟာ ကြ်န္ေတာ္တို႔ကို အားေပးေနၾကတဲ့ gamer မ်ား လက္စြမ္းကုန္ထုတ္ကစားႏိုင္ဖုိ႔ ကူညီေပးလ်က္ရွိျပီး ဂိမ္းပိုင္းဆုိင္ရာမွာ ပိုမိုေျပာင္ေျမာက္လာေစလုိ႔ ဂုဏ္ယူမိပါတယ္။ အသီးအရြက္မ်ားရဲ႕ စြမ္းအားကို အေျခခံထားတဲ့ ကမၻာ့ထိပ္တန္းလက္ေရြးစင္ gamer မ်ား ထြက္ေပၚလာဖုိ့ လက္တစ္ကမ္းပဲ လိုပါေတာ့တယ္” လို႔ ဟာသေႏွာျပီး ေျပာၾကားသြားခဲ့ပါတယ္။

ယခင္က KFC Gaming နဲ႔ Kairos Esports တို႔ ပူးေပါင္းျပီး KFC Royale လို႔ အမည္ေပးထားတဲ့ အြန္လိုင္းဂိမ္းျပိဳင္ပြဲတစ္ခုကိုလည္း ျပဳလုပ္ခဲ့ျပီး ပါဝင္ယွဥ္ျပိဳင္သူမ်ားကို ဆုေၾကးေငြစုစုေပါင္း ေဒၚလာ ၂၀,၀၀၀ နဲ႔ KFC Black Card တစ္ခု ခ်ီးျမွင့္ခဲ့ပါတယ္။ KFC ဟာ တရုတ္ႏိုင္ငံမွာ က်င္းပတဲ့ League of Legends Pro League (LPL) ရဲ႕ စပြန္ဆာကုမၸဏီတစ္ခုလည္း ျဖစ္ပါတယ္။

Kairos Esports ရဲ႕ ဥကၠဌျဖစ္သူ Drew Townley ကေတာ့ “KFC နဲ႔ အလုပ္တြဲလုပ္ရတာဟာ တကယ္ကို စိတ္ေက်နပ္စရာေကာင္းပါတယ္။ Gamer မ်ားအတြက္ ထူးထူးျခားျခား လႈပ္ရွားမႈေလးေတြကိုလည္း ယခုလိုပဲ ထပ္မံဖန္တီးေပးခ်င္ပါတယ္။ ျပီးခဲ့တဲ့ႏွစ္ကေတာ့ KFC Gaming ကို ပူးေပါင္းထူေထာင္ျပီး Esports နယ္ပယ္မွာ လူသိမ်ားတဲ့ အမွတ္တံဆိပ္တစ္ခုျဖစ္ေအာင္ ျပဳလုပ္ခဲ့ၾကပါတယ္။

“ယခု ၂၀၂၀ မွာေတာ့ ကြ်န္ေတာ္တို႔ဟာ ေပ်ာ္စရာလည္း ေကာင္း ရယ္ရႊယ္ဖြယ္ဟာသလည္း ေျမာက္ေစမယ့္ KFC သတ္သတ္လြတ္ဘာဂါေၾကာ္ျငာကို စတင္မိတ္ဆက္လိုက္ပါျပီ။ လက္ဆုပ္လက္ကိုင္ သက္ေသျပလို႔ မရေပမယ့္ ဒီဘာဂါမွာ Esports လက္စြမ္းကို ပိုမိုတိုးတက္ေကာင္းမြန္လာေစမယ့္ ထူးျခားခ်က္မ်ား အမွန္တကယ္ ပါဝင္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။

Esports လက္စြမ္းတိုးတက္ေရးဘာဂါ ေၾကာ္ျငာနဲ႔ လႈပ္ရွားမႈမ်ားဟာ ဟာသ ဘက္ကို အေလးေပးျပီး ထြက္ေပၚလာခဲ့တာျဖစ္ေပမယ့္ နယ္ပယ္ေပါင္းစုံက စီးပြားေရးလုပ္ငန္းမ်ား Esports ကို အာရုံစိုက္လာၾကတာကေတာ့ အမွန္တကယ္ပဲ ျဖစ္ပါတယ္။ ၂၀၂၀ အတြင္းမွာ Esports ေလာကနဲ႕ သက္ဆိုင္တဲ့ လႈပ္ရွားမႈေပါင္းစုံတို႔ကို ထပ္မံျမင္ေတြ႕ၾကရဦးမွာဟာလည္း အေသအခ်ာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

source: esportsinsider