[zawgyi]
CD Projekt Red
The Matrix, Speed
Cyberpunk 2077
====================================
[Unicode]
Cyberpunk 2077 ရဲ့ ဇာတ်ကောင်အသစ်ဖြစ်လာမယ့် John Wick မင်းသား
CD Projekt Red က ထုတ်လုပ်မယ့် RPG Single Player ဂိမ်းအမျိုးအစားဖြစ်တဲ့ Cyberpunk 2077 ရဲ့ တတိယ နမူနာဗီဒီယို ကို E3 2019 မှာ ပြသခဲ့ပါတယ်။
လူအများ စိတ်ဝင်စားပြီးသား ဂိမ်းဖြစ်ပေမယ့်လည်း ဒီတစ်ခါကတော့ ဂိမ်း developer တွေကတော့ အကြီးမားဆုံးဇာတ်ကောင်ကို ထုတ်ပြခဲ့ပြီပဲ ဖြစ်ပါတယ်။
အဲဒီ ဇာတ်ကောင်ကတော့ Tabletop Game Cyberpunk 2020 ဂိမ်းထဲက ပြန်ပါဝင်လာမယ့် Johnny Silverhand ဆိုတဲ့ဇာတ်ကောင်ဖြစ်ပြီး John Wick မင်းသား Keanu Reeves ရဲ့ ပုံသဏ္ဌန် နဲ့ အသံကို ယူပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။
The Matrix, Speed နဲ့ John Wick ရုပ်ရှင်တွေနဲ့ နာမည်ကျော်တဲ့ Keanu Reeves ဟာ ပရိသတ်အချစ်တော် မင်းသားတစ်ဦးဖြစ်ပါတယ်။ John Wick ဇာတ်လမ်းရဲ့ တတိယမြောက် John Wick Chapter 3 – Paeabellum ဟာ မကြာသေးမီကမှ ထွက်ရှိခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာပါ ရုံတင်ပြသခဲ့ပါတယ်။
Cyberpunk 2077 နမူနာထဲမှာတော့ တိုက်ခိုက်ခံထားရပြီး မေ့မျောနေတဲ့ Player ဇာတ်ကောင်ကို Keanu Reevea Reboot ပြန်လည်လုပ်ပေးခဲ့ပြီး သတိရအလာမှာ မြို့ကို တူတူ ဖျက်ဆီးကျမယ်ဆိုပြီးခေါ်ခဲ့တာ ဖြစ်ပါတယ်။
နမူနာ Video အပြည့်အစုံကိုတော် အောက်ပါ link မှာ ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/363846180362887/posts/2238307836250036?s=586007729&v=e&sfns=mo
Cyberpunk 2077 ကို ဧပြီ ၁၆ ရက် ၂၀၂၀မှာ စတင်ကစားခွင့်ရမယ်လို့ ကြေညာထားပြီး PlayStation, XBox နဲ့ PC platform တွေမှာ ကစားနိုင်မယ်လို့ ကြေညာထားပါတယ်။
#Cyberpunk2077 #JohnWick #KeanuReeves #jerry