[Unicode]

Astralis နဲ့ ပူးပေါင်းလိုက်တဲ့ ဂျူဗင်တပ် ဘောလုံးအသင်း

 

နာမည်ကျော်အီတလီဘောလုံးအသင်း ဂျူဗင်တပ် ဟာ PES အသင်းထူထောင်ဖို့ Esports အဖွဲ့အစည်း Astralis Group နဲ့ ပူးပေါင်းလိုက်ပါတယ်။ Astralis Group ဆိုတာ CSGO ထိပ်သီးအသင်း Astralis ကို စီမံခန့်ခွဲနေတဲ့ အုပ်စုတစ်ခု ဖြစ်ပါတယ်။

သဘောတူညီချက်အရ ဂျူဗင်တပ် PES အသင်းကို ဒတ်ခ်ျအခြေစိုက်ကုမ္ပဏီ Astralis Group မှ ကိုင်တွယ်သွားမှာပါ။ ဂျူဗင်တပ်ဟာ PES အတွက် ဂိမ်းထုတ်လုပ်သူ Konami နဲ့ တရားဝင်ပူးပေါင်းမှုများလည်း ပြုလုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။

PES ပူးပေါင်းမှုများနဲ့ ပတ်သက်လို့ ဂျူဗင်တပ်ရဲ့ ဘဏ္ဍာရေးအကြီးအကဲဖြစ်သူ Giorgio Ricci က “Esports လောကထဲကို ဝင်ရောက်ပြီး Konami နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာ ကျွန်တော်တို့ အသင်းအတွက် ပရိသတ်သစ်များ တိုးပွားစေမှာဖြစ်သလို အသင်းရဲ့ ဖျော်ဖြေရေးဆိုင်ရာ ခေတ်မီဆန်းသစ်မှုများကိုလည်း ပေါ်လွင်စေမှာပါ။

ကျွန်တော်တို့ ကလပ်အသင်းဟာ စိန်ခေါ်မှုအသစ်တွေအတွက် အမြဲအဆင်သင့်ဖြစ်နေခဲ့သလို အခုကိစ္စကို ဆောင်ရွက်ရတဲ့အပေါ်မှာလည်း ကျေနပ်အားရမှု ရှိပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ပြောနေကျ ဒဿန စကားတစ်ခွန်းဖြစ်တဲ့ Live Ahead ကို ပိုမိုပေါ်လွင်လာအောင် ပြုလုပ်ပေးလိုက်နိုင်တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။” အစရှိသဖြင့် ပြောကြားသွားခဲ့ပါတယ်။

Astalis Group ဟာ Esports မှာ ဝါရင့်နေပြီးသား ကုမ္ပဏီတစ်ခုပါ။ Sport simulation ဂိမ်းများနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံများစွာရှိသလို ယခုနှစ် သြဂုတ်လအတွင်းမှာလည်း FIFA ဂိမ်းအသင်း Future FC ကို စတင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဥရောပ အခြေစိုက် Origen လို့ခေါ်တဲ့ League of Legends အသင်းကိုလည်း အုပ်ချုပ်နေသူတွေပါ။ Astralis Group ဟာ သူတို့ရဲ့ အအောင်မြင်ဆုံးနဲ့ လူသိအများဆုံးအသင်း Astralis CSGO နာမည်ကို ပေးထားတာပဲ ဖြစ်ပါတယ်။

Astralis Group ရဲ့ တွဲဖက် CEO ဖြစ်သူ Anders Horsholt ကတော့ “Astralis Group ဟာ Esports မှာ ဦးဆောင်နေကြသူများဖြစ်သလို ကျွန်တော်တို့ရဲ့ လက်စွမ်းပြကြိုးပမ်းနေမှုများကိုလည်း အားလုံးအသိပါ။ ကုမ္ပဏီနဲ့ ပူးပေါင်းပြုလုပ်တဲ့ကိစ္စမှန်သမျှ ဖြစ်ထွန်းတိုးတက်အောင် ဆောင်ရွက်ခြင်းဟာ ထုံးစံတစ်ခုဖြစ်သလို ရေရှည် ရလဒ်ကောင်းများ ထွက်ပေါ်လာအောင် စွမ်းဆောင်နိုင်ကြောင်းကိုလည်း သက်သေပြခဲ့ပြီးသားပါ။ ယခုလို ဂျူဗင်တပ်နဲ့ Esports အရ ပူးပေါင်းနိုင်မှုကိုလည်း အလွန်ဝမ်းမြောက်မိပါတယ်။” လို့ ပြောသွားခဲ့ပါတယ်။

eFootball League ကို အသစ်ဝင်ရောက်လာတဲ့ ဂျူဗင်တပ်ဟာ လိဂ်ရဲ့ second season မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်သလို အီတလီဘောလုံးကလပ်အသင်းများရဲ့ ပထမဆုံး PES League ဖြစ်တဲ့ eSerie A TIM ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

Source: esportsinsider


[Zawgyi]

Astralis နဲ႔ ပူးေပါင္းလိုက္တဲ့ ဂ်ဴဗင္တပ္ ေဘာလုံးအသင္း

 

နာမည္ေက်ာ္အီတလီေဘာလုံးအသင္း ဂ်ဴဗင္တပ္ ဟာ PES အသင္းထူေထာင္ဖို႔ Esports အဖြဲ႕အစည္း Astralis Group နဲ႔ ပူးေပါင္းလိုက္ပါတယ္။ Astralis Group ဆိုတာ CSGO ထိပ္သီးအသင္း Astralis ကို စီမံခန႔္ခြဲေနတဲ့ အုပ္စုတစ္ခု ျဖစ္ပါတယ္။

သေဘာတူညီခ်က္အရ ဂ်ဴဗင္တပ္ PES အသင္းကို ဒတ္ခ္်အေျခစိုက္ကုမၸဏီ Astralis Group မွ ကိုင္တြယ္သြားမွာပါ။ ဂ်ဴဗင္တပ္ဟာ PES အတြက္ ဂိမ္းထုတ္လုပ္သူ Konami နဲ႔ တရားဝင္ပူးေပါင္းမႈမ်ားလည္း ျပဳလုပ္ထားခဲ့ၿပီး ျဖစ္ပါတယ္။

PES ပူးေပါင္းမႈမ်ားနဲ႔ ပတ္သက္လို႔ ဂ်ဴဗင္တပ္ရဲ႕ ဘ႑ာေရးအႀကီးအကဲျဖစ္သူ Giorgio Ricci က “Esports ေလာကထဲကို ဝင္ေရာက္ၿပီး Konami နဲ႔ ပူးေပါင္းေဆာင္႐ြက္ျခင္းဟာ ကြၽန္ေတာ္တို႔ အသင္းအတြက္ ပရိသတ္သစ္မ်ား တိုးပြားေစမွာျဖစ္သလို အသင္းရဲ႕ ေဖ်ာ္ေျဖေရးဆိုင္ရာ ေခတ္မီဆန္းသစ္မႈမ်ားကိုလည္း ေပၚလြင္ေစမွာပါ။

ကြၽန္ေတာ္တို႔ ကလပ္အသင္းဟာ စိန္ေခၚမႈအသစ္ေတြအတြက္ အၿမဲအဆင္သင့္ျဖစ္ေနခဲ့သလို အခုကိစၥကို ေဆာင္႐ြက္ရတဲ့အေပၚမွာလည္း ေက်နပ္အားရမႈ ရွိပါတယ္။ ဂ်ဴဗင္တပ္အသင္းရဲ႕ေျပာေနက် ဒႆန စကားတစ္ခြန္းျဖစ္တဲ့ Live Ahead ကို ပိုမိုေပၚလြင္လာေအာင္ ျပဳလုပ္ေပးလိုက္ႏိုင္တဲ့အတြက္လည္း ဂုဏ္ယူမိပါတယ္။” အစရွိသျဖင့္ ေျပာၾကားသြားခဲ့ပါတယ္။

Astalis Group ဟာ Esports မွာ ဝါရင့္ေနၿပီးသား ကုမၸဏီတစ္ခုပါ။ Sport simulation ဂိမ္းမ်ားနဲ႔ ပတ္သတ္တဲ့ အေတြ႕အႀကဳံမ်ားစြာရွိသလို ယခုႏွစ္ ၾသဂုတ္လအတြင္းမွာလည္း FIFA ဂိမ္းအသင္း Future FC ကို စတင္ခဲ့ပါေသးတယ္။ ဒါ့အျပင္ ဥေရာပ အေျခစိုက္ Origen လို႔ေခၚတဲ့ League of Legends အသင္းကိုလည္း အုပ္ခ်ဳပ္ေနသူေတြပါ။ Astralis Group ဟာ သူတို႔ရဲ႕ အေအာင္ျမင္ဆုံးနဲ႔ လူသိအမ်ားဆုံးအသင္း Astralis CSGO နာမည္ကို ေပးထားတာပဲ ျဖစ္ပါတယ္။

Astralis Group ရဲ႕ တြဲဖက္ CEO ျဖစ္သူ Anders Horsholt ကေတာ့ “Astralis Group ဟာ Esports မွာ ဦးေဆာင္ေနၾကသူမ်ားျဖစ္သလို ကြၽန္ေတာ္တို႔ရဲ႕ လက္စြမ္းျပႀကိဳးပမ္းေနမႈမ်ားကိုလည္း အားလုံးအသိပါ။ ကုမၸဏီနဲ႔ ပူးေပါင္းျပဳလုပ္တဲ့ကိစၥမွန္သမွ် ျဖစ္ထြန္းတိုးတက္ေအာင္ ေဆာင္႐ြက္ျခင္းဟာ ထုံးစံတစ္ခုျဖစ္သလို ေရရွည္ ရလဒ္ေကာင္းမ်ား ထြက္ေပၚလာေအာင္ စြမ္းေဆာင္ႏိုင္ေၾကာင္းကိုလည္း သက္ေသျပခဲ့ၿပီးသားပါ။ ယခုလို ဂ်ဴဗင္တပ္နဲ႔ Esports အရ ပူးေပါင္းႏိုင္မႈကိုလည္း အလြန္ဝမ္းေျမာက္မိပါတယ္။” လို႔ ေျပာသြားခဲ့ပါတယ္။

eFootball League ကို အသစ္ဝင္ေရာက္လာတဲ့ ဂ်ဴဗင္တပ္ဟာ လိဂ္ရဲ႕ second season မွာ ဝင္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္သလို အီတလီေဘာလုံးကလပ္အသင္းမ်ားရဲ႕ ပထမဆုံး PES League ျဖစ္တဲ့ eSerie A TIM ကိုလည္း ဝင္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

Source: esportsinsider