[Unicode]

MLBB အသင်း ခေါ်ယူဖွဲ့စည်း လိုက်တဲ့ နာမည်ကြီး စင်္ကာပူ အဆိုတော် JJ Lin

 

စင်ကာပူ မန်ဒိုပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ JJ Lin ရဲ့ Esports အဖွဲ့အစည်း Team SMG ဟာ MLBB အသင်းတစ်သင်းကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း မကြာသေးမီက ကြေညာလိုက်ပါတယ်။ အရှေ့တောင်အာရှ Esports လောကမှာ ရပ်တည်ကြမယ့် Team SMG ရဲ့ MLBB အသင်းကတော့ မူလက Makan Cendol လို့ အမည်ရတဲ့ မလေးရှားအခြေစိုက်အသင်းတစ်သင်းပါ။

Team SMG ရဲ့ MLBB အသင်းသစ်အတွက် ပထမဆုံးခြေလှမ်းကတော့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ စတင်ကျင်းပမယ့် မလေးရှားနဲ့ စင်ကာပူတို့ရဲ့ MPL season 5 ရဲ့ ပွဲစဉ်များပဲဖြစ်ပါတယ်။ ယင်းပွဲဟာ ပါဝင်ယှဉ်ပြိုင်မယ့်အသင်းများကို ဆုကြေးငွေစုစုပေါင်း ကန်ဒေါ်လာ တစ်သိန်း ချီးမြှင့်မယ့်ပြိုင်ပွဲကြီးတစ်ခုလည်း ဖြစ်ပါတယ်။

Team SMG ရဲ့ MLBB အသင်းလူစာရင်းကတော့ အောက်ပါအတိုင်းဖြစ်ကြပါတယ်။
– Mohammad “Ax” Aiqal Bin Amran
– Mohammad “Artha” Al Hatta
– Mohammad “Raisyaa” Zaim Bin Amir Izat
– Aeliff “Smooth” Adam
– Muhammad “Tacuz” Fairuz Bin Mohamad
– Muhammad “Kuku” Siddiq Fadhil Bin Mohd Noor (အရန်ကစားသမား)
– Ahmad “Bonezzyy” Syazwan Bin Anuar (နည်းပြ)
– Muhamd “Padel” Fadil Bin Hishamuddin (မန်နေဂျာ)

ဒီလိုခေါ်ယူလိုက်ခြင်းနဲ့ ပတ်သက်လို့ JJ Lin က “ကျွန်တော်ဟာ MOBA ဂိမ်းအမျိုးအစားကို အလွန်ကြိုက်နှစ်သက်သူပါ။ Warcraft III ရဲ့ custom ဂိမ်းပလက်ဖောင်းပေါ်မှာ Dota စ ပေါ်လာတည်းက နှစ်သက်ခဲ့တာပါ။ ဒါဟာ ကျွန်တော်ရဲ့ Esports နဲ့ ပတ်သက်တဲ့ စိတ်အားထက်သန်မှုများကိုလည်း မြှင့်တင်ပေးခဲ့ပါတယ်။ Kenchi Yap နဲ့ အတူ အရှေ့တောင်အာရှမှာ Team SMG ကို စတင်ထူထောင်စဉ်တည်းက ကျွန်တော်တို့ဟာ ကမ္ဘာ့ Esports လောကထဲကို တိုးဝင်နိုင်ဖို့ ကြိုးပမ်းခဲ့တာပါ” အစရှိသဖြင့် ပြောကြားခဲ့ပါတယ်။

Kenchi Yap with Mushi

JJ Lin ပြောသွားခဲ့တဲ့ Kenchi Yap ဆိုသူကတော့ Team SMG ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားသူပါ။ သူဟာ မူလက Dota pro ကစားသမားတစ်ဦးဖြစ်ခဲ့သလို နည်းပြတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ သူကိုင်တွယ်နည်းပြခဲ့တဲ့ Fnatic အသင်းဟာ ၂၀၁၆ မှာ ကျင်းပခဲ့တဲ့ TI6 မှာ အဆင့် ၄ နေရာအထိရောက်ရှိခဲ့ဖူးသလို Mineski အသင်းကို နည်းပြခဲ့စဉ်ကလည်း TI8 နဲ့ TI9 တို့မှာ ၂ နှစ်ဆက်တိုက် အဆင့် ၉ နေရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ဖူးပါတယ်။

Kenchi Yap ကတော့ “ကျွန်တော်ဟာ JJ Lin နဲ့ အတူ Team SMG မှာ အလုပ်လုပ်ရတာ အလွန်စိတ်လှုပ်ရှားပြီး ပျော်ပါတယ်။ အရှေ့တောင်အာရှဟာ မိုဘိုင်းလ် Esports ဈေးကွက်အထွန်းကားဆုံးဒေသပါ။ Team SMG ဟာ ဒီဒေသမှာ ခိုင်မာတဲ့နေရာတစ်ခုယူနိုင်မှာဖြစ်ကြောင်းကျွန်တာ်တို့ ယုံကြည်ထားပါတယ်။ ယခု MLBB အသင်းနဲ့ စတင်လိုက်သလို အခြားဂိမ်းများဆီ တိုးချဲ့ဖို့လည်း အနာဂတ်မှာ ကြိုးပမ်းသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

JJ Lin’s Concert

Dota 2 ပရိသတ်အများစုကတော့ JJ Lin ကို သိထားကြမှာဖြစ်ပေမယ့် သူနဲ့ Team SMG တို့ရဲ့ ပတ်သက်မှုအကြောင်းကို သိသူကတော့ နည်းပါတယ်။ ၂၀၁၇ မှာ တည်ထောင်ခဲ့တဲ့ ယင်းအသင်းရဲ့နာမည် “SMG” ဟာ JJ Lin ရေးစပ်ခဲ့တဲ့ “Still Moving Under Gunfire” သီချင်းကို ရည်ရွယ်ခေါ်ဆိုထားတာဖြစ်ပါတယ်။

Team SMG ဟာ မူလက ထိုင်ဝမ်အခြေစိုက် AoV အသင်းတစ်သင်းအနေနဲ့ ရပ်တည်ခဲ့တာဖြစ်ပြီး တည်ထောင်ပြီး သိပ်မကြာခင်မှာပဲ 2017 AoV World Championship ကို အနိုင်ရခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။ နောက်ပိုင်းနှစ်များမှာတော့ တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ အခြေစိုက်တဲ့ PUBG အသင်းတစ်သင်းကို ထပ်မံခေါ်ယူခဲ့ပါတယ်။

သီချင်းရေးစပ်သူ၊ ထုတ်လုပ်သူ၊ သရုပ်ဆောင် အစရှိသဖြင့် အလုပ်များစွာကို လုပ်ဆောင်နေခဲ့တဲ့ JJ Lin ဟာ Shanghai Major နဲ့ Dota 2 Asia Championships တို့လို Dota 2 event အမြောက်အများရဲ့ ဖျော်ဖြေရေးအစီအစဉ်များမှာ ပါဝင်ခဲ့ဖူးသူပါ။ ၂၀၁၆ ခုနှစ်မှာ သူဖန်တီးခဲ့တဲ့ JJ Lin’s Timerkeeper Dota 2 Music Pack ဟာလည်း ပရိသတ်များရဲ့ အထူးနှစ်ခြိုက်အားပေးမှုကို ရရှိခဲ့ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: IGN


[ZawGyi]

MLBB အသင္း ေခၚယူဖြဲ႕စည္း လိုက္တဲ့ နာမည္ႀကီး စကၤာပူ အဆိုေတာ္ JJ Lin

 

စင္ကာပူ မန္ဒိုေပါ့ပ္ၾကယ္ပြင့္တစ္ဦးျဖစ္တဲ့ JJ Lin ရဲ႕ Esports အဖြဲ႕အစည္း Team SMG ဟာ MLBB အသင္းတစ္သင္းကို ေခၚယူလိုက္ၿပီျဖစ္ေၾကာင္း မၾကာေသးမီက ေၾကညာလိုက္ပါတယ္။ အေရွ႕ေတာင္အာရွ Esports ေလာကမွာ ရပ္တည္ၾကမယ့္ Team SMG ရဲ႕ MLBB အသင္းကေတာ့ မူလက Makan Cendol လို႔ အမည္ရတဲ့ မေလးရွားအေျခစိုက္အသင္းတစ္သင္းပါ။

Team SMG ရဲ႕ MLBB အသင္းသစ္အတြက္ ပထမဆုံးေျခလွမ္းကေတာ့ ေဖေဖာ္ဝါရီလ ၂၉ ရက္ေန႔မွာ စတင္က်င္းပမယ့္ မေလးရွားနဲ႔ စင္ကာပူတို႔ရဲ႕ MPL season 5 ရဲ႕ ပြဲစဥ္မ်ားပဲျဖစ္ပါတယ္။ ယင္းပြဲဟာ ပါဝင္ယွဥ္ၿပိဳင္မယ့္အသင္းမ်ားကို ဆုေၾကးေငြစုစုေပါင္း ကန္ေဒၚလာ တစ္သိန္း ခ်ီးျမႇင့္မယ့္ၿပိဳင္ပြဲႀကီးတစ္ခုလည္း ျဖစ္ပါတယ္။

Team SMG ရဲ႕ MLBB အသင္းလူစာရင္းကေတာ့ ေအာက္ပါအတိုင္းျဖစ္ၾကပါတယ္။
– Mohammad “Ax” Aiqal Bin Amran
– Mohammad “Artha” Al Hatta
– Mohammad “Raisyaa” Zaim Bin Amir Izat
– Aeliff “Smooth” Adam
– Muhammad “Tacuz” Fairuz Bin Mohamad
– Muhammad “Kuku” Siddiq Fadhil Bin Mohd Noor (အရန္ကစားသမား)
– Ahmad “Bonezzyy” Syazwan Bin Anuar (နည္းျပ)
– Muhamd “Padel” Fadil Bin Hishamuddin (မန္ေနဂ်ာ)

ဒီလိုေခၚယူလိုက္ျခင္းနဲ႔ ပတ္သက္လို႔ JJ Lin က “ကြၽန္ေတာ္ဟာ MOBA ဂိမ္းအမ်ိဳးအစားကို အလြန္ႀကိဳက္ႏွစ္သက္သူပါ။ Warcraft III ရဲ႕ custom ဂိမ္းပလက္ေဖာင္းေပၚမွာ Dota စ ေပၚလာတည္းက ႏွစ္သက္ခဲ့တာပါ။ ဒါဟာ ကြၽန္ေတာ္ရဲ႕ Esports နဲ႔ ပတ္သက္တဲ့ စိတ္အားထက္သန္မႈမ်ားကိုလည္း ျမႇင့္တင္ေပးခဲ့ပါတယ္။ Kenchi Yap နဲ႔ အတူ အေရွ႕ေတာင္အာရွမွာ Team SMG ကို စတင္ထူေထာင္စဥ္တည္းက ကြၽန္ေတာ္တို႔ဟာ ကမာၻ႔ Esports ေလာကထဲကို တိုးဝင္ႏိုင္ဖို႔ ႀကိဳးပမ္းခဲ့တာပါ” အစရွိသျဖင့္ ေျပာၾကားခဲ့ပါတယ္။

Kenchi Yap with Mushi

JJ Lin ေျပာသြားခဲ့တဲ့ Kenchi Yap ဆိုသူကေတာ့ Team SMG ရဲ႕ ဥကၠဌအျဖစ္ တာဝန္ယူထားသူပါ။ သူဟာ မူလက Dota pro ကစားသမားတစ္ဦးျဖစ္ခဲ့သလို နည္းျပတစ္ဦးလည္းျဖစ္ခဲ့ပါတယ္။ သူကိုင္တြယ္နည္းျပခဲ့တဲ့ Fnatic အသင္းဟာ ၂၀၁၆ မွာ က်င္းပခဲ့တဲ့ TI6 မွာ အဆင့္ ၄ ေနရာအထိေရာက္ရွိခဲ့ဖူးသလို Mineski အသင္းကို နည္းျပခဲ့စဥ္ကလည္း TI8 နဲ႔ TI9 တို႔မွာ ၂ ႏွစ္ဆက္တိုက္ အဆင့္ ၉ ေနရာရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ဖူးပါတယ္။

Kenchi Yap ကေတာ့ “ကြၽန္ေတာ္ဟာ JJ Lin နဲ႔ အတူ Team SMG မွာ အလုပ္လုပ္ရတာ အလြန္စိတ္လႈပ္ရွားၿပီး ေပ်ာ္ပါတယ္။ အေရွ႕ေတာင္အာရွဟာ မိုဘိုင္းလ္ Esports ေဈးကြက္အထြန္းကားဆုံးေဒသပါ။ Team SMG ဟာ ဒီေဒသမွာ ခိုင္မာတဲ့ေနရာတစ္ခုယူႏိုင္မွာျဖစ္ေၾကာင္းကြၽန္တာ္တို႔ ယုံၾကည္ထားပါတယ္။ ယခု MLBB အသင္းနဲ႔ စတင္လိုက္သလို အျခားဂိမ္းမ်ားဆီ တိုးခ်ဲ႕ဖို႔လည္း အနာဂတ္မွာ ႀကိဳးပမ္းသြားမွာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။

JJ Lin’s Concert

Dota 2 ပရိသတ္အမ်ားစုကေတာ့ JJ Lin ကို သိထားၾကမွာျဖစ္ေပမယ့္ သူနဲ႔ Team SMG တို႔ရဲ႕ ပတ္သက္မႈအေၾကာင္းကို သိသူကေတာ့ နည္းပါတယ္။ ၂၀၁၇ မွာ တည္ေထာင္ခဲ့တဲ့ ယင္းအသင္းရဲ႕နာမည္ “SMG” ဟာ JJ Lin ေရးစပ္ခဲ့တဲ့ “Still Moving Under Gunfire” သီခ်င္းကို ရည္႐ြယ္ေခၚဆိုထားတာျဖစ္ပါတယ္။

Team SMG ဟာ မူလက ထိုင္ဝမ္အေျခစိုက္ AoV အသင္းတစ္သင္းအေနနဲ႔ ရပ္တည္ခဲ့တာျဖစ္ၿပီး တည္ေထာင္ၿပီး သိပ္မၾကာခင္မွာပဲ 2017 AoV World Championship ကို အႏိုင္ရခဲ့တဲ့အသင္းလည္း ျဖစ္ပါတယ္။ ေနာက္ပိုင္းႏွစ္မ်ားမွာေတာ့ တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းမွာ အေျခစိုက္တဲ့ PUBG အသင္းတစ္သင္းကို ထပ္မံေခၚယူခဲ့ပါတယ္။

သီခ်င္းေရးစပ္သူ၊ ထုတ္လုပ္သူ၊ သ႐ုပ္ေဆာင္ အစရွိသျဖင့္ အလုပ္မ်ားစြာကို လုပ္ေဆာင္ေနခဲ့တဲ့ JJ Lin ဟာ Shanghai Major နဲ႔ Dota 2 Asia Championships တို႔လို Dota 2 event အေျမာက္အမ်ားရဲ႕ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ားမွာ ပါဝင္ခဲ့ဖူးသူပါ။ ၂၀၁၆ ခုႏွစ္မွာ သူဖန္တီးခဲ့တဲ့ JJ Lin’s Timerkeeper Dota 2 Music Pack ဟာလည္း ပရိသတ္မ်ားရဲ႕ အထူးႏွစ္ၿခိဳက္အားေပးမႈကို ရရွိခဲ့ပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။
source: IGN