[Unicode]

Youtube မှာ Subscriber (၁၅) သန်းကျော်အထိရှိလာတဲ့ MLBB Streamer “Jess No Limit”

 

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံသား Tobias Justin ကို ဂိမ်းလောကမှာ Jess No Limit ဆိုတဲ့နာမည်နဲ့ လူသိများလှပါတယ်။ သူဟာ နာမည်ကျော်ကြားလှတဲ့ MLBB streamer နဲ့ influencer တစ်ဦးဖြစ်သလို ယခင်ကလည်း ထိပ်တန်း Pro ကစားသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့ဖူးပါတယ်။

ယခုအချိန်မှာတော့ သူ့ရဲ့ YouTube ချန်နယ်မှာ subscribe လုပ်သူ စုစုပေါင်း ၁၅ သန်းကျော်အထိရှိနေခဲ့ပါပြီ။ Jess No Limit ဟာ သူ့ရဲ့ ချန်နယ်ကို ၂၀၁၇ နှောင်းပိုင်းလောက်မှာ စတင်ခဲ့တာဖြစ်လို့ ၃ နှစ်အတွင်းမှာတင် အောင်မြင်မှုများအကြီးအကျယ်ရရှိလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

အရှေ့တောင်အာရှမိုဘိုင်းလ်ဂိမ်းအသိုင်းအဝိုင်းမှာ Jess No Limit ဟာ ထွန်းတောက်တဲ့ကြယ်တစ်ပွင့်ဖြစ်နေသလို နာမည်ကြီး MLBB Pro အသင်း EVOS Legends မှာလည်း ကစားဖူးသူပါ။ ဒါ့အပြင် Jess No Limit မှာ လူသိများလှတဲ့ Facebook စာမျက်နှာ နဲ့ Instagram အကောင့်များလည်း ရှိပါသေးတယ်။

ထူးခြားချက်တစ်ခုကတော့ Jess No Limit ရဲ့ YouTube ချန်နယ်ဟာ ယခုနှစ် ဧပြီလအစပိုင်းမှာ subscribe လုပ်သူ ၁၀ သန်းကျော်သာရှိခဲ့တာဖြစ်ပြီး ၂ လကျော်အတွင်းမှာတင် subscriber ၁၅ သန်းကျော်အထိဖြစ်လာခဲ့တာပါ။ ဒါကြောင့် Covid-19 ရဲ့ ရိုက်ခတ်မှုကို တစ်ကမ္ဘာလုံးကြုံတွေ့လာခဲ့ရတဲ့အချိန်မှာ ဂိမ်းများနဲ့ Esports လောကအပေါ် ပရိသတ်စိတ်ဝင်စားမှု တစ်ဟုန်ထိုးမြင့်တက်လာခဲ့တယ်ဆိုတာ အထင်အရှားပဲဖြစ်ပါတယ်။

ဒါ့အပြင် ဒီအဖြစ်အပျက်ဟာ အာရှဒေသရဲ့ မိုဘိုင်းလ်ဂိမ်းများအပေါ် ခုံမင်စွာ အားပေးမှုကို မီးမောင်းထိုးပြလိုက်တာလည်းဖြစ်ပါတယ်။ မိုဘိုင်းလ်ဂိမ်မာများ အာရှမှာ အောင်မြင်လျက်ရှိကြောင်း အခြားဥပမာကောင်းတစ်ခုကတော့ မလေးရှား MLBB ဂိမ်မာတစ်ဦးဖြစ်တဲ့ Soloz ဟာ ဒေါ်လာ ၇၄,၀၀၀ ကျော်တန်ဖိုးရှိတဲ့ Ford Mustang Shelby GT500 ကို ဝယ်ယူနိုင်ခဲ့သည်အထိ ချမ်းသာလာခဲ့ကြောင်း ယခုနှစ်ဦးပိုင်းမှာ ထုတ်ဖော်ပြသခဲ့တာပဲဖြစ်ပါတယ်။

MLBB အပါအဝင် မိုဘိုင်းလ် Esports ဂိမ်းများ အာရှဒေသမှာ ခေတ်စားနေမှုနဲ့အတူ ယခုအချိန်မှာ နောက်ထပ်နာမည်ကြီး မိုဘိုင်းလ် Esports ဂိမ်းတစ်ခုဖြစ်တဲ့ Wild Rift ကလည်း alpha ဗားရှင်းကို စတင်စမ်းသပ်လို့နေပါပြီ။ ဒါကြောင့် ယခုအနေအထားများဟာ အာရှဒေသရဲ့ မိုဘိုင်းလ် Esports ထွန်းကားမှုကို ကြီးမားသထက် ကြီးမားလာအောင် အကြောင်းဖန်လျက်ရှိနေကြောင်း ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: afkgaming


[ZawGyi]

Youtube မွာ Subscriber (၁၅) သန္းေက်ာ္အထိရွိလာတဲ့ MLBB Streamer “Jess No Limit”

 

အသက္ ၂၄ ႏွစ္ရွိၿပီျဖစ္တဲ့ အင္ဒိုနီးရွားႏိုင္ငံသား Tobias Justin ကို ဂိမ္းေလာကမွာ Jess No Limit ဆိုတဲ့နာမည္နဲ႔ လူသိမ်ားလွပါတယ္။ သူဟာ နာမည္ေက်ာ္ၾကားလွတဲ့ MLBB streamer နဲ႔ influencer တစ္ဦးျဖစ္သလို ယခင္ကလည္း ထိပ္တန္း Pro ကစားသမားတစ္ဦးအျဖစ္ ရပ္တည္ခဲ့ဖူးပါတယ္။

ယခုအခ်ိန္မွာေတာ့ သူ႔ရဲ႕ YouTube ခ်န္နယ္မွာ subscribe လုပ္သူ စုစုေပါင္း ၁၅ သန္းေက်ာ္အထိရွိေနခဲ့ပါၿပီ။ Jess No Limit ဟာ သူ႔ရဲ႕ ခ်န္နယ္ကို ၂၀၁၇ ေႏွာင္းပိုင္းေလာက္မွာ စတင္ခဲ့တာျဖစ္လို႔ ၃ ႏွစ္အတြင္းမွာတင္ ေအာင္ျမင္မႈမ်ားအႀကီးအက်ယ္ရရွိလာခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။

အေရွ႕ေတာင္အာရွမိုဘိုင္းလ္ဂိမ္းအသိုင္းအဝိုင္းမွာ Jess No Limit ဟာ ထြန္းေတာက္တဲ့ၾကယ္တစ္ပြင့္ျဖစ္ေနသလို နာမည္ႀကီး MLBB Pro အသင္း EVOS Legends မွာလည္း ကစားဖူးသူပါ။ ဒါ့အျပင္ Jess No Limit မွာ လူသိမ်ားလွတဲ့ Facebook စာမ်က္ႏွာ နဲ႔ Instagram အေကာင့္မ်ားလည္း ရွိပါေသးတယ္။

ထူးျခားခ်က္တစ္ခုကေတာ့ Jess No Limit ရဲ႕ YouTube ခ်န္နယ္ဟာ ယခုႏွစ္ ဧၿပီလအစပိုင္းမွာ subscribe လုပ္သူ ၁၀ သန္းေက်ာ္သာရွိခဲ့တာျဖစ္ၿပီး ၂ လေက်ာ္အတြင္းမွာတင္ subscriber ၁၅ သန္းေက်ာ္အထိျဖစ္လာခဲ့တာပါ။ ဒါေၾကာင့္ Covid-19 ရဲ႕ ႐ိုက္ခတ္မႈကို တစ္ကမာၻလုံးႀကဳံေတြ႕လာခဲ့ရတဲ့အခ်ိန္မွာ ဂိမ္းမ်ားနဲ႔ Esports ေလာကအေပၚ ပရိသတ္စိတ္ဝင္စားမႈ တစ္ဟုန္ထိုးျမင့္တက္လာခဲ့တယ္ဆိုတာ အထင္အရွားပဲျဖစ္ပါတယ္။

ဒါ့အျပင္ ဒီအျဖစ္အပ်က္ဟာ အာရွေဒသရဲ႕ မိုဘိုင္းလ္ဂိမ္းမ်ားအေပၚ ခုံမင္စြာ အားေပးမႈကို မီးေမာင္းထိုးျပလိုက္တာလည္းျဖစ္ပါတယ္။ မိုဘိုင္းလ္ဂိမ္မာမ်ား အာရွမွာ ေအာင္ျမင္လ်က္ရွိေၾကာင္း အျခားဥပမာေကာင္းတစ္ခုကေတာ့ မေလးရွား MLBB ဂိမ္မာတစ္ဦးျဖစ္တဲ့ Soloz ဟာ ေဒၚလာ ၇၄,၀၀၀ ေက်ာ္တန္ဖိုးရွိတဲ့ Ford Mustang Shelby GT500 ကို ဝယ္ယူႏိုင္ခဲ့သည္အထိ ခ်မ္းသာလာခဲ့ေၾကာင္း ယခုႏွစ္ဦးပိုင္းမွာ ထုတ္ေဖာ္ျပသခဲ့တာပဲျဖစ္ပါတယ္။

MLBB အပါအဝင္ မိုဘိုင္းလ္ Esports ဂိမ္းမ်ား အာရွေဒသမွာ ေခတ္စားေနမႈနဲ႔အတူ ယခုအခ်ိန္မွာ ေနာက္ထပ္နာမည္ႀကီး မိုဘိုင္းလ္ Esports ဂိမ္းတစ္ခုျဖစ္တဲ့ Wild Rift ကလည္း alpha ဗားရွင္းကို စတင္စမ္းသပ္လို႔ေနပါၿပီ။ ဒါေၾကာင့္ ယခုအေနအထားမ်ားဟာ အာရွေဒသရဲ႕ မိုဘိုင္းလ္ Esports ထြန္းကားမႈကို ႀကီးမားသထက္ ႀကီးမားလာေအာင္ အေၾကာင္းဖန္လ်က္ရွိေနေၾကာင္း ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: afkgaming