[ZawGyi]

အေမရိကန္ဘက္စကက္ေဘာလိဂ္ NBA ခ်န္ပီယံဆုရရွိသြားတဲ့ Dota2 အသင္းပိုင္ရွင္

 

Jeremy Lin (ဂ်ယ္ရီမီ လင္း) လို႔ေျပာလိုက္ရင္ ဘက္စကက္ေဘာပရိသတ္ေတြသာမက Dota2 ပရိသတ္ေတြကပါ သိတဲ့သူ မ်ားပါလိမ့္မယ္။

သူကေတာ့ လက္ရွိ Toronto Raptors အသင္းမွာ ကစားေနတဲ့ ဘတ္စကက္ေဘာ ကစားသမား တစ္ဦးျဖစ္ၿပီး “J.Srorm” Esports Organization ရဲ႕ ပိုင္ရွင္လည္း ျဖစ္ပါတယ္။

Jeremy Lin လက္ရွိကစားေနတဲ့ Toronto Raptors အသင္းဟာ လြန္ခဲ့တဲ့ နာရီပိုင္းကမွ ယွဥ္ၿပိဳင္ၿပီးစီးသြားတဲ့ NBA Finals 2019 ၿပိဳင္ပြဲရဲ႕ Game 6 မွာ Golden State Warriors အသင္းကို 114-110 နဲ႔ အႏိုင္ရရွိၿပီး Champion ဆုကို ဆြတ္ခူးသြားႏိုင္ခဲ့ၿပီပဲ ျဖစ္ပါတယ္။

Jeremy Lin’s Instagram Post

ဒါဟာ ပံုမွန္ အားကစားသတင္းတစ္ပုဒ္လို႔ ထင္မွတ္ႏိုင္ေပမယ့္ Jeremy Lin လို Dota2 ကို ႐ူးသြပ္စြာ ႏွစ္သက္ေနတဲ့ ကမာၻေက်ာ္ ကစားသမားတစ္ေယာက္က ဘတ္စကတ္ေဘာၿပိဳင္ပြဲေတြထဲကမွ အျမင့္ဆံုးလို႔ ဆိုႏိုင္မယ့္ NBA Champion ေအာင္ျမင္မႈကို ရယူႏိုင္ခဲ့တဲ့အတြက္ ေဖာ္ျပရျခင္းျဖစ္ပါတယ္။ ဒါ့အျပင္ Jeremy Lin ဟာ အာရွ-အေမရိကန္ လူမ်ိဳးေတြထဲက ပထမဆံုး NBA Champion တစ္ဦးလည္းျဖစ္ေနပါတယ္။

Jeremy Lin ရဲ႕ Dota2 ကိုႀကိဳက္ႏွစ္သက္တဲ့ အေၾကာင္းဟာလည္း ကမာၻေက်ာ္ပါတယ္။ သူဟာ The International (Ti) ပြဲေတြ အေျမာက္အမ်ား တက္ခဲ့ဖူးသလို႔ TI5 မွာလည္း Analysis Panel ထဲမွာ ပါဝင္ဖူးပါတယ္။ ESPN က ေန Jeremy Lin ကို ေမးထားတဲ့ “NBA All-star ကစားသမားေတြနဲ႔ Dota2 Hero ေတြရဲ႕ ႏွိုင္းယွဥ္မႈ” ကို ဒီမွာ ၾကည့္႐ွဳႏိုင္ပါတယ္။

www.espn.com/espnw/video/17279180/%C2%A0jeremy-lin-compares-nba-all-stars-dota-heroes

(From Left to Right)
Merlini, Ceb, Jeremy Lin, WinteR & Redeye at TI5 Panel

သူဟာ Dota2 အေၾကာင္း ႐ိုက္ကူးထားတဲ့ “Free to Play” သတင္း မွတ္တမ္း ႐ုပ္ရွင္ထဲမွာလည္း Fear, Dendi, hyhy တို႔နဲ႔ တူတူ ပါဝင္ခဲ့ဖူးပါတယ္။ လက္ရွိ J.Storm ရဲ႕ Dota 2 Roster မွာလည္း Fear ပါဝင္ပါတယ္။

Jeremy Lin ဟာ Dota 1 ေခတ္ကတည္းက ေဆာ့ေနတဲ့ Gamer တစ္ဦးျဖစ္ၿပီး 2016 ခုႏွစ္မွာ နာမည္ေက်ာ္ တ႐ုတ္ Esports Organization “Vici Gaming” နဲ႔ ပူးေပါင္းၿပီး “VGJ” နာမည္နဲ႔ ေၾကးစား Dota2 အသင္း တည္ေထာင္ခဲ့ပါတယ္။

2018 မွာေတာ့ Vici Gaming ကေန ကြဲထြက္ၿပီး သီးျခား အဖြဲ႕အစည္းအျဖစ္ ျပန္လည္ ရပ္တည္ကာ နာမည္ကိုလည္း “J.Storm” လို႔ေျပာင္းလဲ ခဲ့ပါတယ္။ J.Storm လက္ေအာက္မွာေတာ့ လက္ရွိ Dota2 နဲ႔ Fortnite အသင္းေတြ ရွိေနပါတယ္။

J.Storm Website

J.Storm Dota2 ဟာ လက္ရွိ DPC Major ပြဲေတြမွာလည္း ပါဝင္ကစားခဲ့ဖူးၿပီး လက္ရွိ 2018-2019 DPC Point 576 မွတ္နဲ႔ အဆင့္ ၁၃ ေနရာမွာ ရပ္တည္ေနၿပီး TI9 Direct Invite ရဖို႔ ခက္ခဲလွ်က္ ရွိေနပါတယ္။

=======================================

[Unicode]

အမေရိကန်ဘက်စကက်ဘောလိဂ် NBA ချန်ပီယံဆုရရှိသွားတဲ့ Dota2 အသင်းပိုင်ရှင်

 

Jeremy Lin (ဂျယ်ရီမီ လင်း) လို့ပြောလိုက်ရင် ဘက်စကက်ဘောပရိသတ်တွေသာမက Dota2 ပရိသတ်တွေကပါ သိတဲ့သူ များပါလိမ့်မယ်။

သူကတော့ လက်ရှိ Toronto Raptors အသင်းမှာ ကစားနေတဲ့ ဘတ်စကက်ဘော ကစားသမား တစ်ဦးဖြစ်ပြီး “J.Srorm” Esports Organization ရဲ့ ပိုင်ရှင်လည်း ဖြစ်ပါတယ်။

Jeremy Lin လက်ရှိကစားနေတဲ့ Toronto Raptors အသင်းဟာ လွန်ခဲ့တဲ့ နာရီပိုင်းကမှ ယှဉ်ပြိုင်ပြီးစီးသွားတဲ့ NBA Finals 2019 ပြိုင်ပွဲရဲ့ Game 6 မှာ Golden State Warriors အသင်းကို 114-110 နဲ့ အနိုင်ရရှိပြီး Champion ဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Jeremy Lin’s Instagram Post

ဒါဟာ ပုံမှန် အားကစားသတင်းတစ်ပုဒ်လို့ ထင်မှတ်နိုင်ပေမယ့် Jeremy Lin လို Dota2 ကို ရူးသွပ်စွာ နှစ်သက်နေတဲ့ ကမ္ဘာကျော် ကစားသမားတစ်ယောက်က ဘတ်စကတ်ဘောပြိုင်ပွဲတွေထဲကမှ အမြင့်ဆုံးလို့ ဆိုနိုင်မယ့် NBA Champion အောင်မြင်မှုကို ရယူနိုင်ခဲ့တဲ့အတွက် ဖော်ပြရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် Jeremy Lin ဟာ အာရှ-အမေရိကန် လူမျိုးတွေထဲက ပထမဆုံး NBA Champion တစ်ဦးလည်းဖြစ်နေပါတယ်။

Jeremy Lin ရဲ့ Dota2 ကိုကြိုက်နှစ်သက်တဲ့ အကြောင်းဟာလည်း ကမ္ဘာကျော်ပါတယ်။ သူဟာ The International (Ti) ပွဲတွေ အမြောက်အများ တက်ခဲ့ဖူးသလို့ TI5 မှာလည်း Analysis Panel ထဲမှာ ပါဝင်ဖူးပါတယ်။ ESPN က နေ Jeremy Lin ကို မေးထားတဲ့ “NBA All-star ကစားသမားတွေနဲ့ Dota2 Hero တွေရဲ့ နှိုင်းယှဉ်မှု” ကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်။

www.espn.com/espnw/video/17279180/%C2%A0jeremy-lin-compares-nba-all-stars-dota-heroes

(From Left to Right)
Merlini, Ceb, Jeremy Lin, WinteR & Redeye at TI5 Panel

သူဟာ Dota2 အကြောင်း ရိုက်ကူးထားတဲ့ “Free to Play” သတင်း မှတ်တမ်း ရုပ်ရှင်ထဲမှာလည်း Fear, Dendi, hyhy တို့နဲ့ တူတူ ပါဝင်ခဲ့ဖူးပါတယ်။ လက်ရှိ J.Storm ရဲ့ Dota 2 Roster မှာလည်း Fear ပါဝင်ပါတယ်။

Jeremy Lin ဟာ Dota 1 ခေတ်ကတည်းက ဆော့နေတဲ့ Gamer တစ်ဦးဖြစ်ပြီး 2016 ခုနှစ်မှာ နာမည်ကျော် တရုတ် Esports Organization “Vici Gaming” နဲ့ ပူးပေါင်းပြီး “VGJ” နာမည်နဲ့ ကြေးစား Dota2 အသင်း တည်ထောင်ခဲ့ပါတယ်။

2018 မှာတော့ Vici Gaming ကနေ ကွဲထွက်ပြီး သီးခြား အဖွဲ့အစည်းအဖြစ် ပြန်လည် ရပ်တည်ကာ နာမည်ကိုလည်း “J.Storm” လို့ပြောင်းလဲ ခဲ့ပါတယ်။ J.Storm လက်အောက်မှာတော့ လက်ရှိ Dota2 နဲ့ Fortnite အသင်းတွေ ရှိနေပါတယ်။

J.Storm Website

J.Storm Dota2 ဟာ လက်ရှိ DPC Major ပွဲတွေမှာလည်း ပါဝင်ကစားခဲ့ဖူးပြီး လက်ရှိ 2018-2019 DPC Point 576 မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး TI9 Direct Invite ရဖို့ ခက်ခဲလျှက် ရှိနေပါတယ်။