[Zawgyi]

“OG အသင္းကစားသမား အေျပာင္းအလဲရွိလာႏိုင္ေၾကာင္း JerAx ေျပာၾကား”

 

TI8 နဲ႔ TI9 ခ်န္ပီယံဒုိင္းဆုၾကီးကို ႏွစ္ၾကိမ္ဆက္တိုက္ရရွိခဲ့တဲ့ OG အသင္းသားမ်ားဟာ ယခင္ကထက္ ရွည္လ်ားတဲ့ အနားယူမႈမ်ားနဲ႔ အသင္းသားအေျပာင္းအလဲမ်ားကို ျပဳလုပ္ဖုိ႔ အလားအလာ ရွိလာႏိုင္ပါတယ္။ OG အသင္းသားတစ္ဦးျဖစ္တဲ့ Topson ဟာ ျပိဳင္ပြဲကစားျခင္းကို ေခတၱရပ္နားထားျပီး မိသားစုအတြက္ အခ်ိန္ေပးလိုေၾကာင္း မၾကာေသးမီက တရားဝင္ေၾကညာခဲ့ပါတယ္။ အျခားအသင္းသားတစ္ေယာက္ျဖစ္တဲ့ Ana ဟာလည္း ယခုႏွစ္အတြက္ ေၾကညာခ်က္တိတိက်က် မေျပာၾကားေသးေပမယ့္ အနားယူေလ့ရွိတဲ့ ကစားသမားတစ္ဦးပါ။

မၾကာေသးမီကမွ ျပဳလုပ္ခဲ့တဲ့ JerAx နဲ႔ အင္တာဗ်ဴးတစ္ခုမွာေတာ့ OG ဟာ TI10 ကို အသင္းသားသစ္မ်ားနဲ႔ ဝင္ေရာက္ယွဥ္ျပိဳင္လာႏိုင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ OG အသင္းရဲ႕ လက္ရွိအသင္းသားေတြ ျပန္မလာခဲ့ရင္ ဘယ္လိုလုပ္မယ္ဆိုတဲ့ အစီအစဥ္ဟာလည္း အခုခ်ိန္မွာ အတိအက်မရွိေသးဘူးဆိုတဲ့ ေျပာၾကားခ်က္မ်ားလည္း ပါဝင္ပါတယ္။

“ကြ်န္ေတာ္တို႔ အသင္းသားအမ်ားစုဟာ အပန္းေျဖခရီးသြားေနၾကပါတယ္။” လို႔ JerAx က ေျပာခဲ့ပါတယ္။ “ဒီလို ထြက္သြားေနၾကတာဟာ ခဏတာျဖစ္ႏိုင္သလို အၾကာၾကီးလည္း ျဖစ္ႏိုင္ပါတယ္။ လာမယ့္ TI10 ကို လက္ရွိ OG အသင္းလူစာရင္းအတုိင္း ဝင္ေရာက္ယွဥ္ျပိဳင္ႏိုင္ဖုိ႔ မေမွ်ာ္လင့္ထားပါဘူး။ တကယ္လို႔ ကြ်န္ေတာ္ေျပာသလိုသာ ျဖစ္လာခဲ့ရင္ အသင္းသားသစ္မ်ားနဲ႔ ကစားၾကရမွာျဖစ္ျပီး OG ဟာ ကြ်န္ေတာ့္ကို အားအင္သစ္မ်ား လုံလုံေလာက္ေလာက္ေပးစြမ္းခဲ့ျပီးသားပါ။” လို႔ လည္း ေျပာခဲ့ပါတယ္။

သမိုင္းဝင္ TI ခ်န္ပီယံဆု ႏွစ္ၾကိမ္ရရွိအျပီးမွာေတာ့ OG ကစားသမားမ်ားဟာ ညစာစားခဲ့ၾကျပီး ေနာက္တစ္ေန႔မနက္မွာေတာ့ အသီးသီးထြက္ခြာသြားခဲ့ၾကတာပါ။ JerAx ကေတာ့ ဖင္လန္ႏိုင္ငံက သူ႔ရဲ႕အိမ္ကို ျပန္လာခဲ့ပါတယ္။ ေနာက္ပိုင္းမွာ JerAx ဟာ အသင္းရဲ႕ လႈပ္ရွားမႈမ်ားအတြက္ ျပန္လည္ပါဝင္လာခဲ့ပါတယ္။

“Season တစ္ခုလုံးမွာ ဘာမွထူးထူးျခားျခားမလုပ္ျပထားတဲ့ OG အသင္းကို အစပိုင္းတုန္းက ဘယ္သူမွ အထင္မၾကီးၾကပါဘူး။” လို႔ JerAx က ေျပာပါတယ္။ “ေနာက္ႏွစ္ေတြအေတာ္ၾကာတဲ့အထိ ဒီအေၾကာင္းေတြကို လူအမ်ားမွတ္မိေနၾကဦးမွာပါ။ ဒါေပမယ့္ ကြ်န္ေတာ္တို႔ကေတာ့ အတိတ္က ကိစၥေတြထက္ ေရွ႕ဆက္ၾကံဳရမယ့္ ကိစၥနဲ႔ အစီအစဥ္ေတြကို ပုိမိုအာရုံစိုက္ေနပါတယ္။” လို႔လည္း ေျပာသြားခဲ့ပါေသးတယ္။

TI ခ်န္ပီယံအျဖစ္ရရွိျပီး ဒိုင္းဆုကို ေနာက္ႏွစ္မွာ ကာကြယ္ဖို႔ မကစားတဲ့ အသင္းကေတာ့ ရွားပါတယ္။ ဒါေပမယ့္ Dota 2 အသင္းဖြဲ႔စည္းပုံမ်ားဟာ အျမဲမျပတ္ေျပာင္းလဲေနတာျဖစ္လို႔ ဘာမဆိုျဖစ္သြားႏိုင္တာပါ။ လြန္ခဲ့တဲ့ႏွစ္ကလည္း OG ဟာ TI8 မွာ အႏိုင္ရရွိျပီး မၾကာေသးမီမွာပဲ Ana ေခတၱအနားယူေၾကာင္းေၾကညာခဲ့ျပီး TI9 နား ေရာက္မွ ျပန္လာခဲ့ပါတယ္။

တကယ္လို႔ လက္ရွိအသင္းသားမ်ားသာ ျပန္ေရာက္မလာခဲ့ဘူးဆိုရင္ေတာ့ JerAx ဟာ အသင္းသားသစ္မ်ားနဲ႔ ကစားဖုိ႔ စိတ္ဝင္စားတဲ့ အေျခအေနလည္း ရွိပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ OG အသင္းကေတာ့ 2019-2020 DPC season ရဲ႕ ပထမဆုံး major ကို ဝင္ေရာက္ မယွဥ္ျပိဳင္မွာကေတာ့ ေသခ်ာေနခဲ့ပါျပီ။ လြန္ခဲ့တဲ့ 2018-2019 တုန္းကလည္း ဒီလိုပဲ ျပဳလုပ္ခဲ့တာျဖစ္ျပီး TI8 အျပီးမွာ အပန္းေျဖခရီးမ်ား ထြက္သြားခဲ့ၾကပါတယ္။

ပရိသတ္မ်ားကေတာ့ OG အသင္းသားမ်ား ျပန္လာဖုိ႔ကို ေမွ်ာ္လင့္ေနၾကသလို OG အသင္းရဲ႕တာဝန္ရွိသူမ်ားကေတာင္ ကစားသမားမ်ားရဲ႕ ဆုံးျဖတ္ခ်က္ကို ၾကားရဖုိ႔ ေစာင့္ေမွ်ာ္ေနၾကဆဲ ျဖစ္ေနပါတယ္။ တကယ္လို႔ သူတို႔သာ အတူတကြျပန္လာခဲ့မယ္ဆိုရင္ TI သုံးႏွစ္ဆက္ခ်န္ပီယံေပၚထြက္လာဖုိ့ စိတ္ကူးအိပ္မက္ၾကီးတစ္ခုကို ေမ်ွာ္မွန္းႏိုင္ၾကဦးမွာပဲျဖစ္ပါေတာ့တယ္။ Esports သတင္းမ်ားနဲ႔ အေၾကာင္းအရာမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

By Combo (Htet Wai Yan)

Credit: Dotesports


[Unicode]

“OG အသင်းကစားသမား အပြောင်းအလဲရှိလာနိုင်ကြောင်း JerAx ပြောကြား”

 

TI8 နဲ့ TI9 ချန်ပီယံဒိုင်းဆုကြီးကို နှစ်ကြိမ်ဆက်တိုက်ရရှိခဲ့တဲ့ OG အသင်းသားများဟာ ယခင်ကထက် ရှည်လျားတဲ့ အနားယူမှုများနဲ့ အသင်းသားအပြောင်းအလဲများကို ပြုလုပ်ဖို့ အလားအလာ ရှိလာနိုင်ပါတယ်။ OG အသင်းသားတစ်ဦးဖြစ်တဲ့ Topson ဟာ ပြိုင်ပွဲကစားခြင်းကို ခေတ္တရပ်နားထားပြီး မိသားစုအတွက် အချိန်ပေးလိုကြောင်း မကြာသေးမီက တရားဝင်ကြေညာခဲ့ပါတယ်။ အခြားအသင်းသားတစ်ယောက်ဖြစ်တဲ့ Ana ဟာလည်း ယခုနှစ်အတွက် ကြေညာချက်တိတိကျကျ မပြောကြားသေးပေမယ့် အနားယူလေ့ရှိတဲ့ ကစားသမားတစ်ဦးပါ။

မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့ JerAx နဲ့ အင်တာဗျူးတစ်ခုမှာတော့ OG ဟာ TI10 ကို အသင်းသားသစ်များနဲ့ ဝင်ရောက်ယှဉ်ပြိုင်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ OG အသင်းရဲ့ လက်ရှိအသင်းသားတွေ ပြန်မလာခဲ့ရင် ဘယ်လိုလုပ်မယ်ဆိုတဲ့ အစီအစဉ်ဟာလည်း အခုချိန်မှာ အတိအကျမရှိသေးဘူးဆိုတဲ့ ပြောကြားချက်များလည်း ပါဝင်ပါတယ်။

“ကျွန်တော်တို့ အသင်းသားအများစုဟာ အပန်းဖြေခရီးသွားနေကြပါတယ်။” လို့ JerAx က ပြောခဲ့ပါတယ်။ “ဒီလို ထွက်သွားနေကြတာဟာ ခဏတာဖြစ်နိုင်သလို အကြာကြီးလည်း ဖြစ်နိုင်ပါတယ်။ လာမယ့် TI10 ကို လက်ရှိ OG အသင်းလူစာရင်းအတိုင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မမျှော်လင့်ထားပါဘူး။ တကယ်လို့ ကျွန်တော်ပြောသလိုသာ ဖြစ်လာခဲ့ရင် အသင်းသားသစ်များနဲ့ ကစားကြရမှာဖြစ်ပြီး OG ဟာ ကျွန်တော့်ကို အားအင်သစ်များ လုံလုံလောက်လောက်ပေးစွမ်းခဲ့ပြီးသားပါ။” လို့ လည်း ပြောခဲ့ပါတယ်။

သမိုင်းဝင် TI ချန်ပီယံဆု နှစ်ကြိမ်ရရှိအပြီးမှာတော့ OG ကစားသမားများဟာ ညစာစားခဲ့ကြပြီး နောက်တစ်နေ့မနက်မှာတော့ အသီးသီးထွက်ခွာသွားခဲ့ကြတာပါ။ JerAx ကတော့ ဖင်လန်နိုင်ငံက သူ့ရဲ့အိမ်ကို ပြန်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ JerAx ဟာ အသင်းရဲ့ လှုပ်ရှားမှုများအတွက် ပြန်လည်ပါဝင်လာခဲ့ပါတယ်။

“Season တစ်ခုလုံးမှာ ဘာမှထူးထူးခြားခြားမလုပ်ပြထားတဲ့ OG အသင်းကို အစပိုင်းတုန်းက ဘယ်သူမှ အထင်မကြီးကြပါဘူး။” လို့ JerAx က ပြောပါတယ်။ “နောက်နှစ်တွေအတော်ကြာတဲ့အထိ ဒီအကြောင်းတွေကို လူအများမှတ်မိနေကြဦးမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အတိတ်က ကိစ္စတွေထက် ရှေ့ဆက်ကြုံရမယ့် ကိစ္စနဲ့ အစီအစဉ်တွေကို ပိုမိုအာရုံစိုက်နေပါတယ်။” လို့လည်း ပြောသွားခဲ့ပါသေးတယ်။

TI ချန်ပီယံအဖြစ်ရရှိပြီး ဒိုင်းဆုကို နောက်နှစ်မှာ ကာကွယ်ဖို့ မကစားတဲ့ အသင်းကတော့ ရှားပါတယ်။ ဒါပေမယ့် Dota 2 အသင်းဖွဲ့စည်းပုံများဟာ အမြဲမပြတ်ပြောင်းလဲနေတာဖြစ်လို့ ဘာမဆိုဖြစ်သွားနိုင်တာပါ။ လွန်ခဲ့တဲ့နှစ်ကလည်း OG ဟာ TI8 မှာ အနိုင်ရရှိပြီး မကြာသေးမီမှာပဲ Ana ခေတ္တအနားယူကြောင်းကြေညာခဲ့ပြီး TI9 နား ရောက်မှ ပြန်လာခဲ့ပါတယ်။

တကယ်လို့ လက်ရှိအသင်းသားများသာ ပြန်ရောက်မလာခဲ့ဘူးဆိုရင်တော့ JerAx ဟာ အသင်းသားသစ်များနဲ့ ကစားဖို့ စိတ်ဝင်စားတဲ့ အခြေအနေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် OG အသင်းကတော့ 2019-2020 DPC season ရဲ့ ပထမဆုံး major ကို ဝင်ရောက် မယှဉ်ပြိုင်မှာကတော့ သေချာနေခဲ့ပါပြီ။ လွန်ခဲ့တဲ့ 2018-2019 တုန်းကလည်း ဒီလိုပဲ ပြုလုပ်ခဲ့တာဖြစ်ပြီး TI8 အပြီးမှာ အပန်းဖြေခရီးများ ထွက်သွားခဲ့ကြပါတယ်။

ပရိသတ်များကတော့ OG အသင်းသားများ ပြန်လာဖို့ကို မျှော်လင့်နေကြသလို OG အသင်းရဲ့တာဝန်ရှိသူများကတောင် ကစားသမားများရဲ့ ဆုံးဖြတ်ချက်ကို ကြားရဖို့ စောင့်မျှော်နေကြဆဲ ဖြစ်နေပါတယ်။ တကယ်လို့ သူတို့သာ အတူတကွပြန်လာခဲ့မယ်ဆိုရင် TI သုံးနှစ်ဆက်ချန်ပီယံပေါ်ထွက်လာဖို့ စိတ်ကူးအိပ်မက်ကြီးတစ်ခုကို မျှော်မှန်းနိုင်ကြဦးမှာပဲဖြစ်ပါတော့တယ်။ Esports သတင်းများနဲ့ အကြောင်းအရာများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

By Combo (Htet Wai Yan)

Credit: Dotesports