Dota2 ကနေ ပျောက်ကွယ်သွားတာ တစ်နှစ်ပြည့်သွားတဲ့ JerAx လွမ်းချင်း

 

ဒီနေ့ဟာဆိုရင်တော့ Jerax ဟာ Dota 2 လောကကနေ အနားယူသွားခဲ့တာ တစ်နှစ်တိတိပြည့်ပြီပဲဖြစ်ပါတယ်။ သူ့ရဲ့ activity ကို ကျွန်တော်တို့ဟာ True Sight 2019 ရဲ့ player reactions မှာ နောက်ဆုံး တွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ငါးလလောက်က Valorant တွေ ဆော့ခဲ့တယ်ဆိုပေမယ့် ကျွန်တော်တို့ ပြန်မြင်ချင်တဲ့ Dota 2 နယ်ပယ်မှာတော့ မတွေ့မြင်ခဲ့ရတော့ပါဘူး။

JerAx streaming Valorant

Jerax ဟာ ဖင်လန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး ၂၀၂၁၊ မေလ ၉ ရက်နေ့မှာတော့ ၂၉ နှစ်ပြည့် မှာပဲဖြစ်ပါတယ်။ သူ့ရဲ့ Dota 2 career အစကိုတော့ Rat in the dark (finnish team) အသင်းမှာ support player နဲ့ စတင်ခဲ့တာပဲဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ QPAD Red Pandas, 4 Anchors, Team Tinker, MVP HOT6ix, 5Jungz, Team Liquid နဲ့ နောက်ဆုံး OG အသင်းတို့မှာ ကစားခဲ့တာပဲဖြစ်ပါတယ်။

၂၀၁၆ မှာတော့ သူဟာ Team Liquid နဲ့အတူ နာမည်အတော်ရလာခဲ့ပြီး Majors တော်တော်များများလည်း လက်စွမ်းပြနိုင်ခဲ့ပါတယ်။ Jerax ရဲ့ ပထမဆုံးအောင်မြင်မှုကတော့ Epicenter 2016 ပဲဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ 1st ရရှိခဲ့ပြီး TI ကိုလည်း invite လုပ်ခံခဲ့ရပါတယ်။ ကံဆိုးစွာနဲ့ပဲ TI 6 မှာ Fnatic ကို ရှုံးခဲ့ပြီး အဆင့်၈နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

TI-shuffle မှာတော့ Jerax ဟာ Team Liquid ကထွက်ခဲ့ပြီး OG အသင်းကို ရောက်ရှိခဲ့ပါတယ်။ အဲဒီပြောင်းရွှေ့မှုဟာ Jerax အတွက်တော့ အတော်လေးမှန်ခဲ့ပါတယ်။ သူရောက်ရောက်ချင်းမှာပဲ OG အသင်းနဲ့အတူ Boston Major 2016, Kiev Major 2017 တို့မှာ ချန်ပီယံဖြစ်ခဲ့ပြီး ဆုကြေးနှစ်ခုပေါင်း $ 2M အထိ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ TI 7 မှာတော့ Top 8 နဲ့ပဲ ထပ်မံ ကျေနပ်လိုက်ရပါတယ်။

Ana တစ်ယောက်လည်း အသင်းကနေ ခဏ အနားယူမယ်ဆိုပြီး ထွက်ခွာသွားခဲ့ပါတယ်။ Jerax တို့ OG အသင်းအနေနဲ့ Major, Minor Qualifier ပွဲစဉ်တွေမှာပါ ရှုံးတဲ့အထိ အဆိုးဆုံး အခြေအနေ ရောက်ရှိခဲ့ပါတယ်။ ESL One Birmingham 2018 မှာ အဆင့် 5-6 ရရှိခဲ့တဲ့အချိန်မှာတော့ Fly နဲ့ s4 ဟာ OG အသင်းကနေ ထွက်သွားခဲ့ပြီး EG အသင်းကို ရောက်ရှိခဲ့ပါတယ်။

TI8 Winner OG Dota2

2018 TI မှာတော့ Ana ပြန်လာခဲ့ပြီး public star Topson နဲ့အတူ OG အသင်းရဲ့ roster ကို ပြန်လည်စတင်ခဲ့ပါတယ်။ OG အသင်းဟာ Open Qualifier ပွဲစဉ်တွေကနေ စဆော့ခဲ့ရပြီး ချန်ပီယံဖြစ်သွားတဲ့အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဒါဟာ Jerax အတွက် တော့ အကြီးမားဆုံး အောင်မြင်မှု တစ်ခုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ Jerax ဟာ TI8 မှာ Earthshaker, IO တို့နဲ့ အတော်လေး လက်စွမ်းပြနိုင်ခဲ့ပါတယ်။ TI 9 မှာလည်း OG အသင်းဟာ out of draft တွေနဲ့ ချန်ပီယံ ထပ်ဖြစ်ခဲ့ပါတယ်။ Jerax ရဲ့ Tiny ဟာ အံ့ဩဖွယ်ရာ လက်စွမ်းတွေကို ပြသခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အများဆုံးခံခဲ့ရတဲ့ ကစားသမားတစ်ယောက်လို့ ပြောရင်လည်း မမှားပါဘူး။

TI 9 ပြီးတဲ့အချိန်မှာတော့ OG အသင်းဟာ ၂၀၁၉ ရဲ့ ကျန်ရှိတဲ့ ပွဲစဉ်တွေကို မဆော့တော့ဘဲ အနားယူမယ်လို့ ကြေညာခဲ့ပါတယ်။ ၂၀၂၀ ဇန်နဝါရီလ ၂၆ ရက်နေ့မှာမှ Jerax ဟာ Dota scene ကနေ အပြီးတိုင် အနားယူမယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ အကြောင်းပြချက်အနေနဲ့တော့ Dota 2 ကို ဆက်လက်ယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်မှု လျော့နည်းနေကြောင်းနဲ့ တခြားအသက် မွေးဝမ်းကျောင်း တစ်ခုခုကို လုပ်ချင်ကြောင်း ပြောဆိုပြီး အနားယူခဲ့တာပဲဖြစ်ပါတယ်။

Earth Spirit hero ကို buff တဲ့အချိန်တွေမှာလည်း Jerax ဟာ Twitter ကနေ post တွေနဲ့ စခဲ့ပါသေးတယ်။ ကျွန်တော်တို့ မျက်လုံးထဲမှာတော့ Void ရဲ့ Chrono ထဲကို Tiny toss ကန်ထည့်တဲ့ မြင်ကွင်းတွေကတော့ ဘယ်လိုမှ ဖျောက်ဖျက်လို့ ရတော့မှာမဟုတ်ပါဘူး . . .
#palatar