[Unicode]

အနိုင်နဲ့ပိုင်းပြီး Dota2 ကနေ အနားယူသွားတဲ့ JerAx

 

OG ရဲ့ စံချိန်တင် TI ၂ ခါပြန် ချန်ပီယံ အသင်းသား ၅ ယောက်ထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဖင်လန်နိုင်ငံသား JerAx ဟာ Dota2 ကနေ အနားယူသွားပြီလို့ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က OG က တရားဝင် ကြေညာခဲ့ပါတယ်။

TI9 ကို အရယူပြီးကတည်းက အနားယူနေတဲ့ OG အသင်းသားတွေအနေနဲ့ မကြာသေးမီကပဲ လာမယ့် တတိယ Major ရဲ့ Qualifier မှာ ပြန်လည်ပါဝင်မယ်လို့ ကြေညာထားပါတယ်။ ယခုအနားယူသွားတဲ့ JerAx ဟာ OG အတွက် ဒုတိယမြောက် အနားယူသွားတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။ ၂၀၂၀ ဇန်နဝါရီ ၂၅ ရက်နေ့မှာ OG ရဲ့ Carry Player “Ana” ကလည်း ဒီ ၂၀၁၉-၂၀၂၀ Dota Pro Circuit ရာသီမှာ အနားယူမယ်လို့ ကြေညာခဲ့ပြီး လာမယ့် ၂၀၂၀-၂၀၂၁ ရာသီမှ ပြန်လည် ကစားမယ်လို့ ကြေညာခဲ့ပါတယ်။

အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ JerAx ဟာ MVP HOT6ix, Team Liquid နဲ့ OG တို့မှာ ကစားခဲ့ဖူးပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံး Position 4 ကစားသမား တစ်ယောက်ဖြစ်ပြီး Earth Spirit ကတော့ သူရဲ့ Signature Hero ပဲ ဖြစ်ပါတယ်။ JerAx ကတော့ သူရဲ့ နှုတ်ဆက်စာမှာ ယခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်ဟာ ဖန်တီးတီထွင်လိုစိတ် ရှိသူတစ်ဦး ဖြစ်ပါတယ်။ Dota2 ဆိုတာကတော့ အဆုံးမရှိတဲ့ ပဟေဠိ ပုစ္ဆာတစ်ခုဖြစ်ပြီး ဘယ်သူမှ အောင်မြင်စွာ ဖြေရှင်းနိုင်စွမ်း မရှိကြသေးပါဘူး။ ကျွန်တော် ဆော့လေဆော့လေ အချက်အလက်နဲ့ ဗဟုသုတတွေ ပိုသိလာလေဖြစ်ပြီး အရာအားလုံးကို နားလည်နိုင်ဖို့ ကြိုးစားရင်း တဖြည်းဖြည်း စွဲလမ်း မိလာပါတယ်။ အောင်မြင်တော့မလိုဖြစ်တိုင်း လမ်းလွဲသွားပြီး စိတ်ပျက်မိရပါတယ်။ ဒါပေမယ့်လည်း ပြန်ကြိုးစားဖို့ စိတ်အားထက်သန်နေတုန်းပါပဲ။ အစပိုင်းမှာတော့ ဒီ Dota2 နဲ့ ကျွန်တော်နဲ့ အရမ်းကို တစ်ထပ်တည်းကျခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ လျှော့ရဲ လာပါတယ်။

ဒါဟာလည်း ကျတော်ဟာ Dota2 ကို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဂိမ်းတစ်ခုအဖြစ် မြင်လာတာလည်း ပါပါတယ်။ ကျွန်တော်တို့ ပြိုင်ပွဲတွေ တစ်ခုပြီး တစ်ခုယှဉ်ပြိုင်တယ်။ အရှုံးသမားတွေ ပိုများပေမယ့် အနိုင်ရရှိသူ အနည်းငယ်သာ ထိပ်ဆုံးမှာ နေခွင့်ရတာပါ။ သင်ဟာ့ ကိုယ့်အတွက်ဖြစ်စေ အသင်းဖော်တွေအတွက်ဖြစ်စေ ကိုယ့်ကို ထောက်ပံ့ပေးတဲ့ အသင်းအတွက်ဖြစ်စေ အောင်မြင်မှုကို ရယူနိုင်ဖို့ဆိုတာ ဖိအားအမြဲ ရှိနေတက်ပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲတစ်ခုဖြစ်ပြီး အဲဒီ ယှဉ်ပြိုင်လိုစိတ်ကပဲ သင့်ကို တိုးတက်စေတာပါ။

အဲဒီ အလေ့အကျင့်ကြီးဟာ ကျွန်တော့ကို ပင်ပန်းစေပါတယ်။ နှစ်စဉ်နှစ်တိုင်း အသေအလဲ ကြိုးစားရတာတွေက လူကို မောပန်းစေပါတယ်။ ကျွန်တော်ကတော့ ဒါတွေကို ခံနိုင်ရည်ရှိအောင် ဘာမှကို တွေးတောမနေပဲ ရှေ့ဆက်ခဲ့ပါတယ်။ ကျွန်တော်ဟာ Dota2 ကို စွဲလမ်းနေသေးတယ် ဆိုပေမယ့် အရာအားလုံးကို အဆင်ပြေတယ်ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်လိမ်နေမိပါတယ်။ ဒါဟာ ကျွန်တော့ ပုံစံ မဟုတ်ပါဘူး။

ကျွန်တော့်ကို စိတ်ရှုပ်စေတာကတော့ အနိုင်ရခြင်းဟာ ကျွန်တော့ကို မပျော်ရွင်စေတာပါပဲ။ နောက်ကွယ်က ဖန်တီးနိုင်စွမ်းနဲ့ ရရှိလာတဲ့ အကြံဉာဏ်တွေကသာ ကွာခြားမှုကို ဖြစ်ပေါ်စေတာပါ။ တကယ်တမ်း Dota2 ဟာ ဆက်လက် တီထွင်ဖန်တီးစရာ အများကြီး ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အမြဲတမ်း ကြိုးစားမယ် ယှဉ်ပြိုင်မယ် အနိုင်ရရမယ် ဆိုတဲ့ စိတ်တွေပဲ လွှမ်းမိုးနေမိပါတယ်။ ဒါဟာ ကျွန်တော့် ခံယူချက် အတွေးအခေါ်တွေနဲ့ ကွဲလွဲနေပါတယ်။

ကျွန်တော်ဟာ Dota2 ကို ဆက်ကစားချင်တဲ့စိတ်ရော စိတ်အားထက်သန်မှုရော မရှိတော့ပါဘူး။ ယှဉ်ပြိုင်လိုစိတ်မွေးဖို့ ကြိုးစာနေရတာ ပင်ပန်းနေပါပြီ။ ကျွန်တော်ရဲ့ ဦးတည်ရာကို ပြောင်းလဲဖို့ ဆုံးဖြတ်ချက်က အတည်ဖြစ်သွားပါပြီ။

ကျွန်တော်ဟာ ကံကောင်းထောက်မစွာ Pro တစ်ယောက်ဘဝကို ရရှိခဲ့တာဖြစ်ပြီး ဘယ်လိုလို့ ဒီအခြေအနေအထိ ရောက်ရှိလာမှန်းကို မသိတော့ပါဘူး။ ကျွန်တော်ဟာ ဒီ Dota2 Community ကို ၁၀ နှစ်လောက် ဖြတ်သန်းလာခဲ့တာဖြစ်ပြီး နောက်ကွယ်က လူတွေရဲ့ စိတ်ဓါတ်ကိုလဲ အမြဲ လေးစားခဲ့ပါတယ်။ သူတို့တွေသာမရှိရင် Dota2 ဟာ Esports လောကမှာ အခုလောက် နေရာရမှာ မဟုတ်ပါဘူး။

ကျွန်တော် Dota2 ကစားခဲ့သမျှ ကာလတစ်ခုလုံးမှာ တွေ့ခဲ့ ပြောခဲ့ တူတူကစားခဲ့တဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်”

OG အသင်းကလည်း JerAx က Active Roster မှာ မပါဝင်တော့ပေမယ့် အသင်းသားတစ်ယောက်အနေနဲ့ မိသားစုဝင် တစ်ဦးအနေနဲ့တော့ ဆက်လက် တည်ရှိနေမှာပါလို့ ပြောခဲ့ပါတယ်။

JerAx ရော Ana ရော မရှိတဲ့ OG ဟာ မကြာခင် စတင်တော့မယ့် တတိယ Major Qualifier အတွက် ဘယ်လို လူစာရင်းနဲ့ ယှဉ်ပြိုင်မယ်ဆိုတာသိရဖို့ စာရေးသူလည်း ရင်ခုန်နေရပါပြီဗျာ။

 


[ZawGyi]

အႏိုင္နဲ႔ပိုင္းၿပီး Dota2 ကေန အနားယူသြားတဲ့ JerAx

 

OG ရဲ႕ စံခ်ိန္တင္ TI ၂ ခါျပန္ ခ်န္ပီယံ အသင္းသား ၅ ေယာက္ထဲက တစ္ေယာက္အပါအဝင္ျဖစ္တဲ့ ဖင္လန္ႏိုင္ငံသား JerAx ဟာ Dota2 ကေန အနားယူသြားၿပီလို႔ လြန္ခဲ့တဲ့ မိနစ္ပိုင္းေလာက္က OG က တရားဝင္ ေၾကညာခဲ့ပါတယ္။

TI9 ကို အရယူၿပီးကတည္းက အနားယူေနတဲ့ OG အသင္းသားေတြအေနနဲ႔ မၾကာေသးမီကပဲ လာမယ့္ တတိယ Major ရဲ႕ Qualifier မွာ ျပန္လည္ပါဝင္မယ္လို႔ ေၾကညာထားပါတယ္။ ယခုအနားယူသြားတဲ့ JerAx ဟာ OG အတြက္ ဒုတိယေျမာက္ အနားယူသြားတဲ့ ကစားသမားပဲ ျဖစ္ပါတယ္။ ၂၀၂၀ ဇန္နဝါရီ ၂၅ ရက္ေန႔မွာ OG ရဲ႕ Carry Player “Ana” ကလည္း ဒီ ၂၀၁၉-၂၀၂၀ Dota Pro Circuit ရာသီမွာ အနားယူမယ္လို႔ ေၾကညာခဲ့ၿပီး လာမယ့္ ၂၀၂၀-၂၀၂၁ ရာသီမွ ျပန္လည္ ကစားမယ္လို႔ ေၾကညာခဲ့ပါတယ္။

အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ JerAx ဟာ MVP HOT6ix, Team Liquid နဲ႔ OG တို႔မွာ ကစားခဲ့ဖူးၿပီး ကမာၻေပၚမွာ အေကာင္းဆုံး Position 4 ကစားသမား တစ္ေယာက္ျဖစ္ၿပီး Earth Spirit ကေတာ့ သူရဲ႕ Signature Hero ပဲ ျဖစ္ပါတယ္။ JerAx ကေတာ့ သူရဲ႕ ႏႈတ္ဆက္စာမွာ ယခုလို ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ဟာ ဖန္တီးတီထြင္လိုစိတ္ ရွိသူတစ္ဦး ျဖစ္ပါတယ္။ Dota2 ဆိုတာကေတာ့ အဆုံးမရွိတဲ့ ပေဟဠိ ပုစာၦတစ္ခုျဖစ္ၿပီး ဘယ္သူမွ ေအာင္ျမင္စြာ ေျဖရွင္းႏိုင္စြမ္း မရွိၾကေသးပါဘူး။ ကြၽန္ေတာ္ ေဆာ့ေလေဆာ့ေလ အခ်က္အလက္နဲ႔ ဗဟုသုတေတြ ပိုသိလာေလျဖစ္ၿပီး အရာအားလုံးကို နားလည္ႏိုင္ဖို႔ ႀကိဳးစားရင္း တျဖည္းျဖည္း စြဲလမ္း မိလာပါတယ္။ ေအာင္ျမင္ေတာ့မလိုျဖစ္တိုင္း လမ္းလြဲသြားၿပီး စိတ္ပ်က္မိရပါတယ္။ ဒါေပမယ့္လည္း ျပန္ႀကိဳးစားဖို႔ စိတ္အားထက္သန္ေနတုန္းပါပဲ။ အစပိုင္းမွာေတာ့ ဒီ Dota2 နဲ႔ ကြၽန္ေတာ္နဲ႔ အရမ္းကို တစ္ထပ္တည္းက်ခဲ့ေပမယ့္ တျဖည္းျဖည္းနဲ႔ ေလွ်ာ့ရဲ လာပါတယ္။

ဒါဟာလည္း က်ေတာ္ဟာ Dota2 ကို ၿပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ ဂိမ္းတစ္ခုအျဖစ္ ျမင္လာတာလည္း ပါပါတယ္။ ကြၽန္ေတာ္တို႔ ၿပိဳင္ပြဲေတြ တစ္ခုၿပီး တစ္ခုယွဥ္ၿပိဳင္တယ္။ အရႈံးသမားေတြ ပိုမ်ားေပမယ့္ အႏိုင္ရရွိသူ အနည္းငယ္သာ ထိပ္ဆုံးမွာ ေနခြင့္ရတာပါ။ သင္ဟာ့ ကိုယ့္အတြက္ျဖစ္ေစ အသင္းေဖာ္ေတြအတြက္ျဖစ္ေစ ကိုယ့္ကို ေထာက္ပံ့ေပးတဲ့ အသင္းအတြက္ျဖစ္ေစ ေအာင္ျမင္မႈကို ရယူႏိုင္ဖို႔ဆိုတာ ဖိအားအၿမဲ ရွိေနတက္ပါတယ္။ ဒါဟာ စိတ္ပိုင္းဆိုင္ရာ တိုက္ပြဲတစ္ခုျဖစ္ၿပီး အဲဒီ ယွဥ္ၿပိဳင္လိုစိတ္ကပဲ သင့္ကို တိုးတက္ေစတာပါ။

အဲဒီ အေလ့အက်င့္ႀကီးဟာ ကြၽန္ေတာ့ကို ပင္ပန္းေစပါတယ္။ ႏွစ္စဥ္ႏွစ္တိုင္း အေသအလဲ ႀကိဳးစားရတာေတြက လူကို ေမာပန္းေစပါတယ္။ ကြၽန္ေတာ္ကေတာ့ ဒါေတြကို ခံႏိုင္ရည္ရွိေအာင္ ဘာမွကို ေတြးေတာမေနပဲ ေရွ႕ဆက္ခဲ့ပါတယ္။ ကြၽန္ေတာ္ဟာ Dota2 ကို စြဲလမ္းေနေသးတယ္ ဆိုေပမယ့္ အရာအားလုံးကို အဆင္ေျပတယ္ဆိုၿပီး ကိုယ့္ကိုကိုယ္ ျပန္လိမ္ေနမိပါတယ္။ ဒါဟာ ကြၽန္ေတာ့ ပုံစံ မဟုတ္ပါဘူး။

ကြၽန္ေတာ့္ကို စိတ္ရႈပ္ေစတာကေတာ့ အႏိုင္ရျခင္းဟာ ကြၽန္ေတာ့ကို မေပ်ာ္႐ြင္ေစတာပါပဲ။ ေနာက္ကြယ္က ဖန္တီးႏိုင္စြမ္းနဲ႔ ရရွိလာတဲ့ အႀကံဉာဏ္ေတြကသာ ကြာျခားမႈကို ျဖစ္ေပၚေစတာပါ။ တကယ္တမ္း Dota2 ဟာ ဆက္လက္ တီထြင္ဖန္တီးစရာ အမ်ားႀကီး က်န္ရွိေနပါေသးတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ အၿမဲတမ္း ႀကိဳးစားမယ္ ယွဥ္ၿပိဳင္မယ္ အႏိုင္ရရမယ္ ဆိုတဲ့ စိတ္ေတြပဲ လႊမ္းမိုးေနမိပါတယ္။ ဒါဟာ ကြၽန္ေတာ့္ ခံယူခ်က္ အေတြးအေခၚေတြနဲ႔ ကြဲလြဲေနပါတယ္။

ကြၽန္ေတာ္ဟာ Dota2 ကို ဆက္ကစားခ်င္တဲ့စိတ္ေရာ စိတ္အားထက္သန္မႈေရာ မရွိေတာ့ပါဘူး။ ယွဥ္ၿပိဳင္လိုစိတ္ေမြးဖို႔ ႀကိဳးစာေနရတာ ပင္ပန္းေနပါၿပီ။ ကြၽန္ေတာ္ရဲ႕ ဦးတည္ရာကို ေျပာင္းလဲဖို႔ ဆုံးျဖတ္ခ်က္က အတည္ျဖစ္သြားပါၿပီ။

ကြၽန္ေတာ္ဟာ ကံေကာင္းေထာက္မစြာ Pro တစ္ေယာက္ဘဝကို ရရွိခဲ့တာျဖစ္ၿပီး ဘယ္လိုလို႔ ဒီအေျခအေနအထိ ေရာက္ရွိလာမွန္းကို မသိေတာ့ပါဘူး။ ကြၽန္ေတာ္ဟာ ဒီ Dota2 Community ကို ၁၀ ႏွစ္ေလာက္ ျဖတ္သန္းလာခဲ့တာျဖစ္ၿပီး ေနာက္ကြယ္က လူေတြရဲ႕ စိတ္ဓါတ္ကိုလဲ အၿမဲ ေလးစားခဲ့ပါတယ္။ သူတို႔ေတြသာမရွိရင္ Dota2 ဟာ Esports ေလာကမွာ အခုေလာက္ ေနရာရမွာ မဟုတ္ပါဘူး။

ကြၽန္ေတာ္ Dota2 ကစားခဲ့သမွ် ကာလတစ္ခုလုံးမွာ ေတြ႕ခဲ့ ေျပာခဲ့ တူတူကစားခဲ့တဲ့ တစ္ေယာက္စီတိုင္းကို ေက်းဇူးတင္ပါတယ္”

OG အသင္းကလည္း JerAx က Active Roster မွာ မပါဝင္ေတာ့ေပမယ့္ အသင္းသားတစ္ေယာက္အေနနဲ႔ မိသားစုဝင္ တစ္ဦးအေနနဲ႔ေတာ့ ဆက္လက္ တည္ရွိေနမွာပါလို႔ ေျပာခဲ့ပါတယ္။

JerAx ေရာ Ana ေရာ မရွိတဲ့ OG ဟာ မၾကာခင္ စတင္ေတာ့မယ့္ တတိယ Major Qualifier အတြက္ ဘယ္လို လူစာရင္းနဲ႔ ယွဥ္ၿပိဳင္မယ္ဆိုတာသိရဖို႔ စာေရးသူလည္း ရင္ခုန္ေနရပါၿပီဗ်ာ။