[Unicode]
KONAMI ဂိမ်းကုမ္ပဏီမှာ ဗုံးဖောက်ခွဲမယ်ဆိုပြီး ခြိမ်းခြောက်လို့ အဖမ်းခံခဲ့ရတဲ့ ဂျပန်အထက်တန်းကျောင်းသား
အမည် မဖော်ပြထားတဲ့ ဂျပန်အထက်တန်းကျောင်းသားတစ်ဦးဟာ KONAMI ဂိမ်းကုမ္ပဏီမှာ ဗုံးထောင် ဖောက်ခွဲမှာဖြစ်ကြောင်း ခြိမ်းခြောက်ရေးသားမှုများ ပြုလုပ်ခဲ့လို့ မကြာသေးမီက အဖမ်းခံခဲ့ရပါတယ်။ ဒီကိစ္စဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါအထက်တန်းကျောင်းသားဟာ အသက် ၁၆ နှစ်အရွယ်သာရှိပါသေးတယ်။

ဂျပန်သတင်းမီဒီယာများဖြစ်ကြတဲ့ Yomiuri နဲ့ Mainichi တို့မှာ ဒီအကြောင်းကိုဖော်ပြခဲ့ကြပါတယ်။ ယင်းသတင်းများအရတော့ အဖမ်းခံခဲ့ရတဲ့အထက်တန်းကျောင်းသားဟာ ဇွန်လ ၁၆ ရက်ကနေ ၁၈ ရက်အချိန်အတွင်း app store ရဲ့ PES မိုဘိုင်းလ်ဘောလုံးဂိမ်း review အောက်မှာ ခြိမ်းခြောက်ရေးသားမှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ယင်းခြိမ်းခြောက်ရေးသားချက်များအတွင်းမှာတော့ သူဟာ KONAMI ဌာနချုပ်မှာ ဗုံးဖောက်ခွဲမှာဖြစ်ကြောင်း၊ KONAMI မှာ အလုပ်လုပ်နေသူများကိုလည်း သတ်မှာဖြစ်ကြောင်း အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။ တကယ်တော့ သူဟာ PES ဂိမ်းကို ကစားနေသူတစ်ဦးဖြစ်ပြီး ဂိမ်းတွင်းအဆင်မပြေမှုများကြောင့် ဒေါသထွက်ကာ ယခုလိုရေးသားခဲ့တာလည်းဖြစ်ပါတယ်။
နိုင်ငံတကာမှာ ယခုလိုခြိမ်းခြောက်မှုများကို ပေါ့ပေါ့ဆဆ သဘောမထားကြတော့ အရေးယူမှုများ ပြုလုပ်လာကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ဇူလိုင်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကျိုတိုအန်နီမေးရှင်းအဆောက်အအုံမီးရှို့တိုက်ခိုက်ခံခဲ့ရမှုကြောင့် လူ ၃၆ ဦးသေဆုံးခံရပြီး ယင်းမီးရှို့မှုအတွက်သံသယရှိသူကတော့ ၂၀၂၀ မေလမှာ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။

ဂိမ်းတွင်းအဆင်မပြေမှုကြောင့် ဒေါသဖြစ်ပွားမှုများဟာ ထူးဆန်းတဲ့ကိစ္စများ မဟုတ်ကြပါဘူး။ ဒါပေမယ့် မည်သည့်အခြေအနေမှာဖြစ်စေ စိတ်လိုက်မာန်ပါ ပြုမူပြောဆိုမှုများ မပြုလုပ်ကြသင့်ပဲ မိမိတို့ရဲ့ဒေါသများကို ထိန်းချုပ်ကြသင့်ကြောင်း ဒီအဖြစ်အပျက်လေးက သင်ခန်းစာပေးလျက်ရှိပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: techraptor
[ZawGyi]
KONAMI ဂိမ္းကုမၸဏီမွာ ဗုံးေဖာက္ခြဲမယ္ဆိုၿပီး ၿခိမ္းေျခာက္လို႔ အဖမ္းခံခဲ့ရတဲ့ ဂ်ပန္အထက္တန္းေက်ာင္းသား
အမည္ မေဖာ္ျပထားတဲ့ ဂ်ပန္အထက္တန္းေက်ာင္းသားတစ္ဦးဟာ KONAMI ဂိမ္းကုမၸဏီမွာ ဗုံးေထာင္ ေဖာက္ခြဲမွာျဖစ္ေၾကာင္း ၿခိမ္းေျခာက္ေရးသားမႈမ်ား ျပဳလုပ္ခဲ့လို႔ မၾကာေသးမီက အဖမ္းခံခဲ့ရပါတယ္။ ဒီကိစၥဟာ ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး အဆိုပါအထက္တန္းေက်ာင္းသားဟာ အသက္ ၁၆ ႏွစ္အ႐ြယ္သာရွိပါေသးတယ္။

ဂ်ပန္သတင္းမီဒီယာမ်ားျဖစ္ၾကတဲ့ Yomiuri နဲ႔ Mainichi တို႔မွာ ဒီအေၾကာင္းကိုေဖာ္ျပခဲ့ၾကပါတယ္။ ယင္းသတင္းမ်ားအရေတာ့ အဖမ္းခံခဲ့ရတဲ့အထက္တန္းေက်ာင္းသားဟာ ဇြန္လ ၁၆ ရက္ကေန ၁၈ ရက္အခ်ိန္အတြင္း app store ရဲ႕ PES မိုဘိုင္းလ္ေဘာလုံးဂိမ္း review ေအာက္မွာ ၿခိမ္းေျခာက္ေရးသားမႈမ်ား ျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။
ယင္းၿခိမ္းေျခာက္ေရးသားခ်က္မ်ားအတြင္းမွာေတာ့ သူဟာ KONAMI ဌာနခ်ဳပ္မွာ ဗုံးေဖာက္ခြဲမွာျဖစ္ေၾကာင္း၊ KONAMI မွာ အလုပ္လုပ္ေနသူမ်ားကိုလည္း သတ္မွာျဖစ္ေၾကာင္း အစရွိသျဖင့္ ပါဝင္ခဲ့ပါတယ္။ တကယ္ေတာ့ သူဟာ PES ဂိမ္းကို ကစားေနသူတစ္ဦးျဖစ္ၿပီး ဂိမ္းတြင္းအဆင္မေျပမႈမ်ားေၾကာင့္ ေဒါသထြက္ကာ ယခုလိုေရးသားခဲ့တာလည္းျဖစ္ပါတယ္။
ႏိုင္ငံတကာမွာ ယခုလိုၿခိမ္းေျခာက္မႈမ်ားကို ေပါ့ေပါ့ဆဆ သေဘာမထားၾကေတာ့ အေရးယူမႈမ်ား ျပဳလုပ္လာၾကပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၉ ဇူလိုင္လအတြင္းမွာ ျဖစ္ပြားခဲ့တဲ့ က်ိဳတိုအန္နီေမးရွင္းအေဆာက္အအုံမီးရႈိ႕တိုက္ခိုက္ခံခဲ့ရမႈေၾကာင့္ လူ ၃၆ ဦးေသဆုံးခံရၿပီး ယင္းမီးရႈိ႕မႈအတြက္သံသယရွိသူကေတာ့ ၂၀၂၀ ေမလမွာ ဖမ္းဆီးျခင္း ခံခဲ့ရပါတယ္။

ဂိမ္းတြင္းအဆင္မေျပမႈေၾကာင့္ ေဒါသျဖစ္ပြားမႈမ်ားဟာ ထူးဆန္းတဲ့ကိစၥမ်ား မဟုတ္ၾကပါဘူး။ ဒါေပမယ့္ မည္သည့္အေျခအေနမွာျဖစ္ေစ စိတ္လိုက္မာန္ပါ ျပဳမူေျပာဆိုမႈမ်ား မျပဳလုပ္ၾကသင့္ပဲ မိမိတို႔ရဲ႕ေဒါသမ်ားကို ထိန္းခ်ဳပ္ၾကသင့္ေၾကာင္း ဒီအျဖစ္အပ်က္ေလးက သင္ခန္းစာေပးလ်က္ရွိပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: techraptor