[Unicode]

Esports အခြေပြုစီးပွားရေးတိုးတက်ဖို့ ၂၀၂၅ ထိ အစီအစဉ်ဆွဲမယ့် ဂျပန်အစိုးရ

 

ဂျပန်တိုင်းမ်ရဲ့ ဖော်ပြချက်အရ ဂျပန်နိုင်ငံအစိုးရဟာ Esports ကဏ္ဍအတွက် စီးပွားရေးဆိုင်ရာ စီမံကိန်းတစ်ခု ချမှတ်သွားဖို့ရှိပြီး ၂၀၂၅ နှစ်ကုန်မှာ ဒေါ်လာ ၂.၆ ဘီလီယံထိ အမြတ်အစွန်းရရှိအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်းမှာ ဂျပန်ရဲ့ Esports ကဏ္ဍကို တိုးချဲ့သွားမှာဖြစ်ပြီး ကိုယ်လက်အင်္ဂါချို့ယွင်းသူတွေအပါအဝင် လူတန်းစားစုံ ပိုမိုပါဝင်လာနိုင်ဖို့နဲ့ ဒေသအလိုက် စီးပွားရေးတွေ ပြန်လည်ရှင်သန်အားကောင်းလာစေဖို့ ကူညီသွားမှာဖြစ်ပါတယ်။

အားလုံးသိတဲ့အတိုင်း ဂျပန်ဟာ ဗီဒီယိုဂိမ်းဈေးကွက်မှာ အဓိကဦးဆောင်သူတစ်ယောက်ဖြစ်ပြီး Nintendo နဲ့ Sony တို့ဟာ ကွန်ဆိုးဈေးကွက်ကို ဆယ်စုနှစ်ပေါင်းများစွာ ဆွဲခေါ်လာခဲ့တာပါ။ ကမ္ဘာ့ဗီဒီယိုဂိမ်းဈေးကွက်မှာ ဂျပန်ဟာ တတိယမြောက် အမြတ်ငွေအများဆုံးရရှိသူဖြစ်ပေမယ့် Esports ကဏ္ဍမှာတော့ သိပ်တိုးမပေါက်ပါဘူး။ ဘာလို့လဲဆိုရင် ဂျပန်ပြည်တွင်းဥပဒေအရ Esports ပြိုင်ပွဲတစ်ခုအတွင်းမှာ ဆုကြေးငွေကို ယန်းတစ်သိန်း (၉၃၁ ဒေါ်လာခန့်) ထက်ပိုပြီးပေးပိုင်ခွင့်မရှိလို့ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Japanese Esports Union (JESU) အဖွဲ့အစည်းကတော့ ဂျပန်နိုင်ငံအတွင်းက ပရိုကစားသမားတွေကို သတ်မှတ်ထားတဲ့ပမာဏထက် မြင့်မားတဲ့ဆုကြေးငွေနဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ လိုင်စင်ထုတ်ပေးခြင်းဖြင့် ကူညီပေးပါတယ်။ ဒီတစ်ခါတော့ ဂျပန်ရဲ့ ကုန်သွယ်စီးပွားနဲ့ထုတ်လုပ်မှုဆိုင်ရာ ဝန်ကြီးက ပါဝင်လာပြီး ဂျပန် Esports ကဏ္ဍကိုအခြေပြုတဲ့ စီးပွားရေးကို အခြေခံကနေ ပြောင်းလဲပေးချင်တာပါ။

လက်ရှိမှာ ကုန်သွယ်စီးပွားထုတ်လုပ်ဝန်ကြီးဟာ ပြည်တွင်းပြည်ပကုမ္ပဏီတွေ၊ ဥပဒေကျွမ်းကျင်သူတွေနဲ့ ပူးတွဲဆောင်ရွက်ဖို့ ကြံစည်နေပြီး ဂျပန် Esports Industry ကို ပုံရိပ်မြှင့်တင်ဖို့ ဦးတည်ချက်တွေ ရေးဆွဲမှာဖြစ်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတော့ အစောကပြောခဲ့သလို ဂျပန်နိုင်ငံအတွင်းမှာ ပြိုင်ပွဲတွေကျင်းပရင်း စီးပွားရေးအရ အကျိုးအမြတ်ရရှိမှုကို ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၂.၆၅ ဘီလီယံထိ ရောက်ရှိနိုင်ဖို့ပါပဲ။ Gaming Noodle မှ Esports နဲ့ Gaming ဆိုင်ရာ သတင်းနဲ့ဆောင်းပါးတွေကို နေ့စဉ်တင်ဆက်ပေးလျက်ရှိပါတယ်။

Source – Esports Observer


[ZawGyi]

Esports အေျချပဳစီးပြားေရးတိုးတက္ဖို႔ ၂၀၂၅ ထိ အစီအစဥ္ဆြဲမယ့္ ဂ်ပန္အစိုးရ

 

ဂ်ပန္တိုင္းမ္ရဲ႕ ေဖာ္ျပခ်က္အရ ဂ်ပန္ႏိုင္ငံအစိုးရဟာ Esports က႑အတြက္ စီးပြားေရးဆိုင္ရာ စီမံကိန္းတစ္ခု ခ်မွတ္သြားဖို႔ရွိၿပီး ၂၀၂၅ ႏွစ္ကုန္မွာ ေဒၚလာ ၂.၆ ဘီလီယံထိ အျမတ္အစြန္းရရွိေအာင္ ေဆာင္႐ြက္သြားမယ္လို႔ ဆိုပါတယ္။ ဒီစီမံကိန္းမွာ ဂ်ပန္ရဲ႕ Esports က႑ကို တိုးခ်ဲ႕သြားမွာျဖစ္ၿပီး ကိုယ္လက္အဂၤါခ်ိဳ႕ယြင္းသူေတြအပါအဝင္ လူတန္းစားစုံ ပိုမိုပါဝင္လာႏိုင္ဖို႔နဲ႔ ေဒသအလိုက္ စီးပြားေရးေတြ ျပန္လည္ရွင္သန္အားေကာင္းလာေစဖို႔ ကူညီသြားမွာျဖစ္ပါတယ္။

အားလုံးသိတဲ့အတိုင္း ဂ်ပန္ဟာ ဗီဒီယိုဂိမ္းေဈးကြက္မွာ အဓိကဦးေဆာင္သူတစ္ေယာက္ျဖစ္ၿပီး Nintendo နဲ႔ Sony တို႔ဟာ ကြန္ဆိုးေဈးကြက္ကို ဆယ္စုႏွစ္ေပါင္းမ်ားစြာ ဆြဲေခၚလာခဲ့တာပါ။ ကမာၻ႔ဗီဒီယိုဂိမ္းေဈးကြက္မွာ ဂ်ပန္ဟာ တတိယေျမာက္ အျမတ္ေငြအမ်ားဆုံးရရွိသူျဖစ္ေပမယ့္ Esports က႑မွာေတာ့ သိပ္တိုးမေပါက္ပါဘူး။ ဘာလို႔လဲဆိုရင္ ဂ်ပန္ျပည္တြင္းဥပေဒအရ Esports ၿပိဳင္ပြဲတစ္ခုအတြင္းမွာ ဆုေၾကးေငြကို ယန္းတစ္သိန္း (၉၃၁ ေဒၚလာခန႔္) ထက္ပိုၿပီးေပးပိုင္ခြင့္မရွိလို႔ျဖစ္ပါတယ္။

ဒါေပမယ့္လည္း Japanese Esports Union (JESU) အဖြဲ႕အစည္းကေတာ့ ဂ်ပန္ႏိုင္ငံအတြင္းက ပ႐ိုကစားသမားေတြကို သတ္မွတ္ထားတဲ့ပမာဏထက္ ျမင့္မားတဲ့ဆုေၾကးေငြနဲ႔ ၿပိဳင္ပြဲေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ဖို႔ လိုင္စင္ထုတ္ေပးျခင္းျဖင့္ ကူညီေပးပါတယ္။ ဒီတစ္ခါေတာ့ ဂ်ပန္ရဲ႕ ကုန္သြယ္စီးပြားနဲ႔ထုတ္လုပ္မႈဆိုင္ရာ ဝန္ႀကီးက ပါဝင္လာၿပီး ဂ်ပန္ Esports က႑ကိုအေျချပဳတဲ့ စီးပြားေရးကို အေျခခံကေန ေျပာင္းလဲေပးခ်င္တာပါ။

လက္ရွိမွာ ကုန္သြယ္စီးပြားထုတ္လုပ္ဝန္ႀကီးဟာ ျပည္တြင္းျပည္ပကုမၸဏီေတြ၊ ဥပေဒကြၽမ္းက်င္သူေတြနဲ႔ ပူးတြဲေဆာင္႐ြက္ဖို႔ ႀကံစည္ေနၿပီး ဂ်ပန္ Esports Industry ကို ပုံရိပ္ျမႇင့္တင္ဖို႔ ဦးတည္ခ်က္ေတြ ေရးဆြဲမွာျဖစ္ပါတယ္။ သူတို႔ရဲ႕ ရည္မွန္းခ်က္ကေတာ့ အေစာကေျပာခဲ့သလို ဂ်ပန္ႏိုင္ငံအတြင္းမွာ ၿပိဳင္ပြဲေတြက်င္းပရင္း စီးပြားေရးအရ အက်ိဳးအျမတ္ရရွိမႈကို ၂၀၂၅ ခုႏွစ္မွာ ေဒၚလာ ၂.၆၅ ဘီလီယံထိ ေရာက္ရွိႏိုင္ဖို႔ပါပဲ။ Gaming Noodle မွ Esports နဲ႔ Gaming ဆိုင္ရာ သတင္းနဲ႔ေဆာင္းပါးေတြကို ေန႔စဥ္တင္ဆက္ေပးလ်က္ရွိပါတယ္။

Source – Esports Observer