ဂ်ပန္ႏုိင္ငံတြင္ မသန္စြမ္းသူမ်ားအတြက္ က်င္းပေပးမည့္ ယန္း (၁) သန္းတန္ League of Legends Tournament

[Zawgyi]

Video Games မ်ားဟာ ကမာၻေပၚရွိ လူတုိင္းႏွင့္ သက္ဆုိင္သည့္အေလ်ာက္ Japan ႏုိင္ငံတြင္လည္း ပထမဆုံးအၾကိမ္အျဖစ္ မသန္စြမ္းမ်ားအတြက္ ျပဳလုပ္ေပးမည့္ Esports Tournament တစ္ခုအား မၾကာခင္ က်င္းပေပးသြားေတာ့မွာျဖစ္ပါတယ္။

One Game ႏွင့္ ဂ်ပန္အေျခစုိက္ Pro Gaming အဖြဲ႕အစည္းတစ္ခုျဖစ္သည့္ Unsold Stuff Gaming တုိ႔ ပူးေပါင္းကာ က်င္းပေပးမယ့္ အဆုိပါ Tournament ကေတာ့ League of Legends Game ျပဳိင္ပြဲျဖစ္ျပီး ဂ်ပန္နုိင္ငံ၏ ပထမဆုံး မသန္စြမ္းမ်ားအတြက္ ျပဳလုပ္ေပးသည့္ ျပဳိင္ပြဲတစ္ခုလည္း ျဖစ္ပါတယ္။ အဆုိပါ League of Legends ျပဳိင္ပြဲကို Kantō ေဒသ၊ Takasaki ျမဳိ႕ရွိ Gunma Prefecture ၌ ၾသဂုတ္လ (၃၁) ရက္တြင္ စတင္ က်င္းပသြားမွာျဖစ္ျပီး ဆုေၾကး ဂ်ပန္ေငြ ယန္း (၁) သန္း (US$ 10,000) ကို ခ်ီးျမွင့္သြားမွာလည္းျဖစ္ပါတယ္။

 

League of Legends Tournament တစ္ခု အေနသာမကဘဲ ဒီ Festival ဟာ ဗီဒီယုိဂိမ္းမ်ားႏွင့္ မသန္စြမ္းသူမ်ားအား အဓိက သတိျပဳမိေစရန္ ရည္ရြယ္ပါတယ္။ ဒါ့အျပင္ အဆုိပါ ျပဳိင္ပြဲတြင္ မသန္စြမ္းမ်ားႏွင့္ပတ္သတ္သည့္ အၾကံေပးဝန္ေဆာင္မႈမ်ား ရရွိႏုိင္မည့္ Puyo Puyo Experience Corner မ်ားကိုလည္း ထားရွိသြားမွာျဖစ္ပါတယ္။

စက္မႈထိပ္သီး ႏုိင္ငံတစ္ခုျဖစ္သည့္ ဂ်ပန္ႏုိင္ငံသည္ ကမာၻ႕တတိယအမ်ားဆုံး Gamer Player Base ရွိေသာ ႏုိင္ငံတစ္ခုျဖစ္ေသာ္လည္း ဂ်ပန္ႏုိင္ငံတြင္ ျပဠာန္းထားေသာ ေလာင္းကစားဥပေဒမ်ားႏွင့္ မလြတ္ကင္းသည့္အတြက္ ဆုေၾကးျဖင့္ ျပဳိင္ဆုိင္ရသည့္ Esports Tournament မ်ား ထြန္းကားမႈ အလြန္ေႏွးေကြးလ်က္ရွိေသာ ႏုိင္ငံတစ္ခုလည္း ျဖစ္ပါသည္။

 

ဂျပန်နိုင်ငံတွင် မသန်စွမ်းသူများအတွက် ကျင်းပပေးမည့် ယန်း (၁) သန်းတန် League of Legends Tournament

[Unicode]

Video Games များဟာ ကမ္ဘာပေါ်ရှိ လူတိုင်းနှင့် သက်ဆိုင်သည့်အလျောက် Japan နိုင်ငံတွင်လည်း ပထမဆုံးအကြိမ်အဖြစ် မသန်စွမ်းများအတွက် ပြုလုပ်ပေးမည့် Esports Tournament တစ်ခုအား မကြာခင် ကျင်းပပေးသွားတော့မှာဖြစ်ပါတယ်။

One Game နှင့် ဂျပန်အခြေစိုက် Pro Gaming အဖွဲ့အစည်းတစ်ခုဖြစ်သည့် Unsold Stuff Gaming တို့ ပူးပေါင်းကာ ကျင်းပပေးမယ့် အဆိုပါ Tournament ကတော့ League of Legends Game ပြိုင်ပွဲဖြစ်ပြီး ဂျပန်နိုင်ငံ၏ ပထမဆုံး မသန်စွမ်းများအတွက် ပြုလုပ်ပေးသည့် ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ အဆိုပါ League of Legends ပြိုင်ပွဲကို Kantō ဒေသ၊ Takasaki မြို့ရှိ Gunma Prefecture ၌ သြဂုတ်လ (၃၁) ရက်တွင် စတင် ကျင်းပသွားမှာဖြစ်ပြီး ဆုကြေး ဂျပန်ငွေ ယန်း (၁) သန်း (US$ 10,000) ကို ချီးမြှင့်သွားမှာလည်းဖြစ်ပါတယ်။

 

League of Legends Tournament တစ်ခု အနေသာမကဘဲ ဒီ Festival ဟာ ဗီဒီယိုဂိမ်းများနှင့် မသန်စွမ်းသူများအား အဓိက သတိပြုမိစေရန် ရည်ရွယ်ပါတယ်။ ဒါ့အပြင် အဆိုပါ ပြိုင်ပွဲတွင် မသန်စွမ်းများနှင့်ပတ်သတ်သည့် အကြံပေးဝန်ဆောင်မှုများ ရရှိနိုင်မည့် Puyo Puyo Experience Corner များကိုလည်း ထားရှိသွားမှာဖြစ်ပါတယ်။

စက်မှုထိပ်သီး နိုင်ငံတစ်ခုဖြစ်သည့် ဂျပန်နိုင်ငံသည် ကမ္ဘာ့တတိယအများဆုံး Gamer Player Base ရှိသော နိုင်ငံတစ်ခုဖြစ်သော်လည်း ဂျပန်နိုင်ငံတွင် ပြဠာန်းထားသော လောင်းကစားဥပဒေများနှင့် မလွတ်ကင်းသည့်အတွက် ဆုကြေးဖြင့် ပြိုင်ဆိုင်ရသည့် Esports Tournament များ ထွန်းကားမှု အလွန်နှေးကွေးလျက်ရှိသော နိုင်ငံတစ်ခုလည်း ဖြစ်ပါသည်။