[Unicode]

Esports အသင်း ထူထောင်မယ့် အီတလီလက်ရွေးစင် ဘောလုံးသမား

 

အီတလီလက်ရွေးစင် ဘောလုံးသမားတစ်ဦးဖြစ်တဲ့ Alessio Romagnoli ဟာ Pro2Be Esports နဲ့ ပူးပေါင်းပြီး esports အသင်းအဖွဲ့တစ်ခုကို စတင်ထူထောင်လိုက်ပါတယ်။ Team Romagnoli လို့ အမည်ပေးထားတဲ့ ဒီအဖွဲ့အစည်းရဲ့ လုပ်ငန်းဆောင်တာများကို Pro2Be Esports က အလုံးစုံထိန်းချုပ်စီစဉ်သွားမှာဖြစ်ပြီး အသင်းရဲ့ official esports partner အဖြစ်လည်း ပူးပေါင်းတာဝန်ယူသွားမှာပါ။

Team Romagnoli ဟာ FIFA ကို အဓိကဝင်ရောက်ယှဉ်ပြိုင်မယ့် အသင်းဖြစ်ပြီး အီတလီနိုင်ငံသား pro ကစားသမားများရော နိုင်ငံတကာ pro ကစားသမားများပါ ပါဝင်လာမယ်လို့ ဆိုပါတယ်။ ကြေညာချက်များအရတော့ Team Romagnoli ဟာ Cosimo Guarnieri, Emiliano Di Gianni နဲ့ Giuseppe Magliarella တို့နဲ့ စာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ပါတယ်။

Pro2Be Esports ရဲ့ တွဲဖက်တည်ထောင်သူဖြစ်သလို Marketing and Communication Director အဖြစ်လည်း တာဝန်ယူထားတဲ့ Robert Forzano က Team Romagnoli နဲ့ ပတ်သတ်ပြီး “ကျွန်တော်တို့ဟာ အခုလို အရေးပါတဲ့လုပ်ငန်းတစ်ခုကို အီတလီနဲ့ ဥရောပတစ်ခွင်မှာ ဆောင်ရွက်ခွင့်ရလို့ အလွန်ဝမ်းမြောက်မိပါတယ်။ Pro2Be Esports အတွက် နာမည်ကြီးဘောလုံးသမားတစ်ဦးနဲ့ ပူးပေါင်းခြင်းဟာ ပထမဆုံးအကြိမ်ဖြစ်သလို ကုမ္ပဏီရဲ့ ဆက်လက်ဖွံ့ဖြိုးနေမှုကိုလည်း ညွှန်ပြနေပါတယ်။ ကျွန်တော်တို့ဟာ AR13 (Team Romagnoli) အမှတ်တံဆိပ်ကို ကျော်ကြားလာအောင် ဆက်လက်လုပ်ဆောင်သွားမှာပါ။” အစရှိသဖြင့် ပြောကြားခဲ့ပါတယ်။

ယခုကိစ္စနဲ့ ပတ်သတ်လို့ ပျော်ရွှင်နေပုံရတဲ့ Romagnoli ကိုယ်တိုင်ကလည်း “ကျွန်တော်ဟာ FIFA မှာရော အခြားဗီဒီယိုဂိမ်းများမှာပါ အလွန်ဝါသနာကြီးသူတစ်ဦးပါ။ နိုင်ငံတကာမှ esports pro ကစားသမားများကိုလည်း follow လုပ်ထားလို့ esports ကို စိတ်ဝင်စားမှုဟာ ပြီးခဲ့တဲ့နှစ်က စတင်ကြီးထွားလာခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပနေတဲ့ ပြိုင်ပွဲကြီးတွေဟာလည်း ကျွန်တော့်ကို ဆွဲဆောင်လျက်ရှိပါတယ်။”

“သမားရိုးကျ ဘောလုံးအားကစားနဲ့ esports ဘောလုံးအားကစားတို့ဟာ အလားသဏ္ဍာန် အလွန်တူကြောင်း ကျွန်တော်သဘောပေါက်နားလည်ထားပါတယ်။ ဒါကြောင့်လည်း ကျွန်တော့်နာမည်နဲ့ ကိုယ်ပိုင်အသင်းကို ထူထောင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကတော့ esports လောကမှာ မြင့်မားတဲ့နေရာများကို ရောက်ရှိပြီး ပရိသတ်များကို ဖျော်ဖြေမှုပေးစွမ်းနိုင်ဖို့ပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

အေစီမီလန်ဘောလုံးသမား Romagnoli ထူထောင်လိုက်တဲ့ ယခုအသင်းမတိုင်မီကလည်း နာမည်ကျော်ဘောလုံးသမားဟောင်းကြီး ရော်နယ်ဒင်ဟိုဟာ esports ဘောလုံးအသင်းထူထောင်ခဲ့ဖူးပါတယ်။ သမားရိုးကျအားကစားသမားများရဲ့ အီလက်ထရောနစ်အားကစားအပေါ် စိတ်ဝင်စားလာမှုဟာ esports လောက တိုးတက်ဖို့ အလားအလာများကို ညွှန်ပြလျက်ရှိပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

Source: Esports Insider


[Zawgyi]

Esports အသင္း ထူေထာင္မယ့္ အီတလီလက္ေရြးစင္ ေဘာလုံးသမား

 

အီတလီလက္ေရြးစင္ ေဘာလုံးသမားတစ္ဦးျဖစ္တဲ့ Alessio Romagnoli ဟာ Pro2Be Esports နဲ႔ ပူးေပါင္းျပီး esports အသင္းအဖြဲ႕တစ္ခုကို စတင္ထူေထာင္လိုက္ပါတယ္။ Team Romagnoli လို႔ အမည္ေပးထားတဲ့ ဒီအဖြဲ႕အစည္းရဲ႕ လုပ္ငန္းေဆာင္တာမ်ားကို Pro2Be Esports က အလုံးစုံထိန္းခ်ဳပ္စီစဥ္သြားမွာျဖစ္ျပီး အသင္းရဲ႕ official esports partner အျဖစ္လည္း ပူးေပါင္းတာဝန္ယူသြားမွာပါ။

Team Romagnoli ဟာ FIFA ကို အဓိကဝင္ေရာက္ယွဥ္ျပိဳင္မယ့္ အသင္းျဖစ္ျပီး အီတလီႏိုင္ငံသား pro ကစားသမားမ်ားေရာ ႏိုင္ငံတကာ pro ကစားသမားမ်ားပါ ပါဝင္လာမယ္လို႔ ဆိုပါတယ္။ ေၾကညာခ်က္မ်ားအရေတာ့ Team Romagnoli ဟာ Cosimo Guarnieri, Emiliano Di Gianni နဲ႔ Giuseppe Magliarella တို႔နဲ႔ စာခ်ဳပ္မ်ား ခ်ဳပ္ဆိုထားျပီးျဖစ္ပါတယ္။

Pro2Be Esports ရဲ႕ တြဲဖက္တည္ေထာင္သူျဖစ္သလို Marketing and Communication Director အျဖစ္လည္း တာဝန္ယူထားတဲ့ Robert Forzano က Team Romagnoli နဲ႔ ပတ္သတ္ျပီး “ကြ်န္ေတာ္တို႔ဟာ အခုလို အေရးပါတဲ့လုပ္ငန္းတစ္ခုကို အီတလီနဲ႔ ဥေရာပတစ္ခြင္မွာ ေဆာင္ရြက္ခြင့္ရလို႔ အလြန္ဝမ္းေျမာက္မိပါတယ္။ Pro2Be Esports အတြက္ နာမည္ၾကီးေဘာလုံးသမားတစ္ဦးနဲ႔ ပူးေပါင္းျခင္းဟာ ပထမဆုံးအၾကိမ္ျဖစ္သလို ကုမၸဏီရဲ႕ ဆက္လက္ဖြံ႕ျဖိဳးေနမႈကိုလည္း ညႊန္ျပေနပါတယ္။ ကြ်န္ေတာ္တို႔ဟာ AR13 (Team Romagnoli) အမွတ္တံဆိပ္ကို ေက်ာ္ၾကားလာေအာင္ ဆက္လက္လုပ္ေဆာင္သြားမွာပါ။” အစရွိသျဖင့္ ေျပာၾကားခဲ့ပါတယ္။

ယခုကိစၥနဲ႔ ပတ္သတ္လို႔ ေပ်ာ္ရႊင္ေနပုံရတဲ့ Romagnoli ကိုယ္တိုင္ကလည္း “ကြ်န္ေတာ္ဟာ FIFA မွာေရာ အျခားဗီဒီယိုဂိမ္းမ်ားမွာပါ အလြန္ဝါသနာၾကီးသူတစ္ဦးပါ။ ႏိုင္ငံတကာမွ esports pro ကစားသမားမ်ားကိုလည္း follow လုပ္ထားလို႔ esports ကို စိတ္ဝင္စားမႈဟာ ျပီးခဲ့တဲ့ႏွစ္က စတင္ၾကီးထြားလာခဲ့ပါတယ္။ ကမၻာတစ္ဝွမ္းမွာ က်င္းပေနတဲ့ ျပိဳင္ပြဲၾကီးေတြဟာလည္း ကြ်န္ေတာ့္ကို ဆြဲေဆာင္လ်က္ရွိပါတယ္။”

“သမားရိုးက် ေဘာလုံးအားကစားနဲ႔ esports ေဘာလုံးအားကစားတို႔ဟာ အလားသ႑ာန္ အလြန္တူေၾကာင္း ကြ်န္ေတာ္သေဘာေပါက္နားလည္ထားပါတယ္။ ဒါေၾကာင့္လည္း ကြ်န္ေတာ့္နာမည္နဲ႔ ကိုယ္ပိုင္အသင္းကို ထူေထာင္ဖုိ႔ ဆုံးျဖတ္လိုက္တာပါ။ ကြ်န္ေတာ့္ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ကေတာ့ esports ေလာကမွာ ျမင့္မားတဲ့ေနရာမ်ားကို ေရာက္ရွိျပီး ပရိသတ္မ်ားကို ေဖ်ာ္ေျဖမႈေပးစြမ္းႏိုင္ဖုိ႔ပါပဲ။” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ေအစီမီလန္ေဘာလုံးသမား Romagnoli ထူေထာင္လိုက္တဲ့ ယခုအသင္းမတိုင္မီကလည္း နာမည္ေက်ာ္ေဘာလုံးသမားေဟာင္းၾကီး ေရာ္နယ္ဒင္ဟိုဟာ esports ေဘာလုံးအသင္းထူေထာင္ခဲ့ဖူးပါတယ္။ သမားရိုးက်အားကစားသမားမ်ားရဲ႕ အီလက္ထေရာနစ္အားကစားအေပၚ စိတ္ဝင္စားလာမႈဟာ esports ေလာက တိုးတက္ဖုိ႔ အလားအလာမ်ားကို ညႊန္ျပလ်က္ရွိပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: Esports Insider