[Unicode]

Dota2 ကို ပြန်လည် ကယ်တင်ဖို့ ကြိုးစားနေတဲ့ Valve

 

Valve ဟာ လက်ရှိကျင်းပနေတဲ့ Dota Pro Circuit စနစ် (DPC) စနစ်ကို လာမယ့် The International 2020 (TI10) အပြီးက စ လို့ ပြောင်းလဲသွားမှာဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ Valve ဟာ လက်ရှိ Dota 2 အသင်းကြီးများရဲ့ တာဝန်ရှိသူများစုကို Seattle မှာရှိတဲ့ Valve ရဲ့ ရုံးချူပ်သို့ ဖိတ်ခေါ်ခဲ့ပြီးနောက် အစည်းအဝေးပြုလုပ်ရမှာ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်များကို အစည်းအဝေးတွင် ပါဝင်ခဲ့သည့် TeamLiquid ကနေ Community သို့ ပြန်လည်မျှဝေခဲ့ခြင်းဖြစ်ပါတယ်။ အသစ်ပြောင်းလဲမယ့် စနစ်အရ DPC season တစ်ခုကို Major ၅ ပွဲကျင်းပနေရာကနေ ၃ ပွဲသာ ကျင်းပတော့မှာ ဖြစ်ပြီး Minor ပွဲများကို စနစ်အတွင်းက ဖယ်ရှားမှာ ဖြစ်ပါတယ်။

ဖယ်ရှားလိုက်တဲ့ Minor ပွဲများနေရာမှာ မည်သည့်အသင်းမဆို လွတ်လပ်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် tier 2 regional league ပြိုင်ပွဲများနဲ့ အစားထိုးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် Major ပွဲကြီး ၃ ပွဲဟာ tier 1 ပြိုင်ပွဲများ ဖြစ်လာကြမှာ ဖြစ်ပြီး ယင်း tier 1 မှ စွမ်းဆောင်ရည်အားနည်းတဲ့အသင်းများဟာ tier 2 ပြိုင်ပွဲများကို ဆင်းကစားကြရမှာပါ။ Tier 2 မှာ စွမ်းဆောင်ရည်ကောင်းတဲ့အသင်းများဟာလည်း tier 1 Major ပွဲကြီးများကို ဝင်ရောက်နိုင်ဖို့ အခွင့်အလမ်းများ ရရှိလာကြမှာ ဖြစ်ပါတယ်။

ဒီလိုပြောင်းလဲမယ့် စနစ်ဟာ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့မှာ ကျင်းပနေတဲ့ League of Legends ပြိုင်ပွဲကြီးများဖြစ်တဲ့ LCK နဲ့ LPL တို့ရဲ့ ပုံစံစနစ်နဲ့ အလားသဏ္ဍာန်တူလှပါတယ်။ ဒီလို စနစ်သာ ပြောင်းလဲသွားခဲ့ရင် Dota 2 pro တို့ရဲ့ အန္တိမပန်းတိုင်ပြိုင်ပွဲကြီးဖြစ်တဲ့ The International (TI) ကို ဝင်ရောက်နိုင်မယ့် အသင်းများဟာလည်း အပြောင်းအလဲများ ရှိလာနိုင်ပါတယ်။

ဒါပေမယ့် ဒီစနစ်နဲ့ ပတ်သက်လို့ Valve ရဲ့ တရားဝင်ကြေညာချက် မထွက်ရှိလာသေးသလို tier 2 regional league ပြိုင်ပွဲများကို ဘယ်ဒေသမှာ ဘယ်သူတွေက တာဝန်ယူ ကျင်းပမယ်ဆိုတာတွေကိုလည်း မသိရသေးပါဘူး။ ဒါပေမယ့် ဒီကိစ္စသာ အမှန်တကယ်ဖြစ်ပေါ်လာခဲ့ရင် Dota 2 အသင်းငယ်များ၊ ဝါသနာရှင်များနဲ့ ပရိသတ်များအတွက် ဝမ်းသာစရာသတင်းဖြစ်လာနိုင်ပါတယ်။

Dota Pro Circuit 2019-2020 Majors and Minors

Valve ရဲ့ DPC စနစ်ဟာ အသင်းကြီးများကိုသာ မျက်နှာသာပေးထားသလိုဖြစ်နေလို့ ပြောင်းလဲသင့်ကြောင်း အများက ယူဆနေကြတာ အချိန်ကြာမြင့်ခဲ့ပါပြီ။ ပြောင်းလဲမယ့် စနစ်အတွင်းမှာတော့ tier 2 ပြိုင်ပွဲများရဲ့ open qualifier များကို ဒေသခံအသင်းများ လွတ်လပ်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြမှာဖြစ်ပြီး ကမ္ဘာ့ဆုကြေးငွေအများဆုံး Esports ပြိုင်ပွဲကြီးဖြစ်တဲ့ The International ကို တက်ရောက်နိုင်မယ့် အခွင့်အရေးများလည်း ပိုမိုရရှိလာကြမှာပါ။

ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ The International 2019 (TI9) အပြီးက စ လို့ Dota 2 ကစားသူဦးရေဟာ တဖြည်းဖြည်းလျော့ကျလျက် ရှိပါတယ်။ ဂိမ်းတွင်းအပြောင်းအလဲများနဲ့ ပြိုင်ပွဲစနစ်အပြောင်းအလဲများ ထိထိရောက်ရောက်ပြုလုပ်ပြီး Valve က ဒီပြဿနာကို ဖြေရှင်းစေဖို့အတွက် Dota 2 ပရိသတ်များ လိုလားနေကြတာဟာ အချိန်ကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

source: win.gg, teamliquid.net


[ZawGyi]

Dota2 ကို ျပန္လည္ ကယ္တင္ဖို႔ ႀကိဳးစားေနတဲ့ Valve

 

Valve ဟာ လက္ရွိက်င္းပေနတဲ့ Dota Pro Circuit စနစ္ (DPC) စနစ္ကို လာမယ့္ The International 2020 (TI10) အၿပီးက စ လို႔ ေျပာင္းလဲသြားမွာျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚလာခဲ့ပါတယ္။ Valve ဟာ လက္ရွိ Dota 2 အသင္းႀကီးမ်ားရဲ႕ တာဝန္ရွိသူမ်ားစုကို Seattle မွာရွိတဲ့ Valve ရဲ႕ ႐ုံးခ်ဴပ္သို႔ ဖိတ္ေခၚခဲ့ၿပီးေနာက္ အစည္းအေဝးျပဳလုပ္ရမွာ ထြက္ေပၚလာတဲ့ သတင္းအခ်က္အလက္မ်ားကို အစည္းအေဝးတြင္ ပါဝင္ခဲ့သည့္ TeamLiquid ကေန Community သို႔ ျပန္လည္မွ်ေဝခဲ့ျခင္းျဖစ္ပါတယ္။ အသစ္ေျပာင္းလဲမယ့္ စနစ္အရ DPC season တစ္ခုကို Major ၅ ပြဲက်င္းပေနရာကေန ၃ ပြဲသာ က်င္းပေတာ့မွာ ျဖစ္ၿပီး Minor ပြဲမ်ားကို စနစ္အတြင္းက ဖယ္ရွားမွာ ျဖစ္ပါတယ္။

ဖယ္ရွားလိုက္တဲ့ Minor ပြဲမ်ားေနရာမွာ မည္သည့္အသင္းမဆို လြတ္လပ္စြာ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္မယ့္ tier 2 regional league ၿပိဳင္ပြဲမ်ားနဲ႔ အစားထိုးသြားမွာျဖစ္ပါတယ္။ ဒါေၾကာင့္ Major ပြဲႀကီး ၃ ပြဲဟာ tier 1 ၿပိဳင္ပြဲမ်ား ျဖစ္လာၾကမွာ ျဖစ္ၿပီး ယင္း tier 1 မွ စြမ္းေဆာင္ရည္အားနည္းတဲ့အသင္းမ်ားဟာ tier 2 ၿပိဳင္ပြဲမ်ားကို ဆင္းကစားၾကရမွာပါ။ Tier 2 မွာ စြမ္းေဆာင္ရည္ေကာင္းတဲ့အသင္းမ်ားဟာလည္း tier 1 Major ပြဲႀကီးမ်ားကို ဝင္ေရာက္ႏိုင္ဖို႔ အခြင့္အလမ္းမ်ား ရရွိလာၾကမွာ ျဖစ္ပါတယ္။

ဒီလိုေျပာင္းလဲမယ့္ စနစ္ဟာ ေတာင္ကိုရီးယားနဲ႔ တ႐ုတ္ႏိုင္ငံတို႔မွာ က်င္းပေနတဲ့ League of Legends ၿပိဳင္ပြဲႀကီးမ်ားျဖစ္တဲ့ LCK နဲ႔ LPL တို႔ရဲ႕ ပုံစံစနစ္နဲ႔ အလားသ႑ာန္တူလွပါတယ္။ ဒီလို စနစ္သာ ေျပာင္းလဲသြားခဲ့ရင္ Dota 2 pro တို႔ရဲ႕ အႏၲိမပန္းတိုင္ၿပိဳင္ပြဲႀကီးျဖစ္တဲ့ The International (TI) ကို ဝင္ေရာက္ႏိုင္မယ့္ အသင္းမ်ားဟာလည္း အေျပာင္းအလဲမ်ား ရွိလာႏိုင္ပါတယ္။

ဒါေပမယ့္ ဒီစနစ္နဲ႔ ပတ္သက္လို႔ Valve ရဲ႕ တရားဝင္ေၾကညာခ်က္ မထြက္ရွိလာေသးသလို tier 2 regional league ၿပိဳင္ပြဲမ်ားကို ဘယ္ေဒသမွာ ဘယ္သူေတြက တာဝန္ယူ က်င္းပမယ္ဆိုတာေတြကိုလည္း မသိရေသးပါဘူး။ ဒါေပမယ့္ ဒီကိစၥသာ အမွန္တကယ္ျဖစ္ေပၚလာခဲ့ရင္ Dota 2 အသင္းငယ္မ်ား၊ ဝါသနာရွင္မ်ားနဲ႔ ပရိသတ္မ်ားအတြက္ ဝမ္းသာစရာသတင္းျဖစ္လာႏိုင္ပါတယ္။

Dota Pro Circuit 2019-2020 Majors and Minors

Valve ရဲ႕ DPC စနစ္ဟာ အသင္းႀကီးမ်ားကိုသာ မ်က္ႏွာသာေပးထားသလိုျဖစ္ေနလို႔ ေျပာင္းလဲသင့္ေၾကာင္း အမ်ားက ယူဆေနၾကတာ အခ်ိန္ၾကာျမင့္ခဲ့ပါၿပီ။ ေျပာင္းလဲမယ့္ စနစ္အတြင္းမွာေတာ့ tier 2 ၿပိဳင္ပြဲမ်ားရဲ႕ open qualifier မ်ားကို ေဒသခံအသင္းမ်ား လြတ္လပ္စြာ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ၾကမွာျဖစ္ၿပီး ကမာၻ႔ဆုေၾကးေငြအမ်ားဆုံး Esports ၿပိဳင္ပြဲႀကီးျဖစ္တဲ့ The International ကို တက္ေရာက္ႏိုင္မယ့္ အခြင့္အေရးမ်ားလည္း ပိုမိုရရွိလာၾကမွာပါ။

ၿပီးခဲ့တဲ့ႏွစ္က က်င္းပခဲ့တဲ့ The International 2019 (TI9) အၿပီးက စ လို႔ Dota 2 ကစားသူဦးေရဟာ တျဖည္းျဖည္းေလ်ာ့က်လ်က္ ရွိပါတယ္။ ဂိမ္းတြင္းအေျပာင္းအလဲမ်ားနဲ႔ ၿပိဳင္ပြဲစနစ္အေျပာင္းအလဲမ်ား ထိထိေရာက္ေရာက္ျပဳလုပ္ၿပီး Valve က ဒီျပႆနာကို ေျဖရွင္းေစဖို႔အတြက္ Dota 2 ပရိသတ္မ်ား လိုလားေနၾကတာဟာ အခ်ိန္ၾကာျမင့္ခဲ့ၿပီပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

source: win.gg, teamliquid.net