[Unicode]

“Esports နဲ့ ပတ်သက်လို့ ကြေညာလိုက်တဲ့ အိုလံပစ်ကော်မတီရဲ့ ရပ်တည်ချက်”

 

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) ဟာ မကြာသေးမီက summit statement တစ်ခုအတွင်းမှာ Esports နဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ရပ်တည်ချက်ကို ပြောကြားလိုက်ပါတယ်။ ယင်းပြောကြားချက်အရတော့ အိုလံပစ်ကော်မတီဟာ ဘောလုံး၊ ဘတ်စကတ်ဘော၊ ဘေ့စ်ဘော အစရှိတဲ့ တကယ့်အားကစားများအပေါ် အခြေခံပြုလုပ်ထားတဲ့ဂိမ်းများကိုသာ အလေးပေးစဉ်းစားသွားမယ့် အနေအထားရှိပါတယ်။

အိုလံပစ်ကော်မတီရဲ့ ပြောကြားချက်ထဲမှာတော့ “တကယ့် sports များကို simulate လုပ်ထားတဲ့ အီလက်ထရောနစ်ဂိမ်းများနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အားကစားလှုပ်ရှားမှုအတွင်း ထည့်သွင်းနိုင်ဖို့ အလားအလာကောင်းများ ရှိပါတယ်။ ယနေ့ခေတ် Virtual နဲ့ Augmented Reality နည်းပညာများရဲ့ ကျေးဇူးကြောင့် သမားရိုးကျအားကစားကို တုပပြီး ပြုလုပ်ထားတဲ့ sports simulations များဟာ လက်တွေ့လှုပ်ရှားမှု ပိုဆန်လာခဲ့ပါတယ်။

အခြား အီလက်ထရောနစ်ဂိမ်းများနဲ့ ပတ်သတ်လို့ အကျဉ်းချုံးပြောရရင်တော့ အားကစားလှုပ်ရှားမှုမှာ ဂိမ်းများကို အလေးထားခြင်းထက် ကစားသမားများနဲ့ gamer များကိုသာ ပိုမိုအလေးထားသင့်ပါတယ်။ လူပုဂ္ဂိုလ်များကို အလေးထားအာရုံစိုက်ပြီး အားကစားပိုမိုလိုက်စားဖို့နဲ့ ကျန်းမာတဲ့ နေ့စဉ်ဘဝနေထိုင်မှုပုံစံဖြစ်လာစေဖို့ ဆောင်ရွက်သင့်ပါတယ်။ Esports ပြိုင်ပွဲဝင်များကိုလည်း စိတ်ရော ကိုယ်ပါ ကျန်းမာနေစေဖို့ ကြီးကြပ်ကွပ်ကဲပေးသင့်ပါတယ်။” အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

Esports ကစားသမားများဟာ ပြိုင်ပွဲဝင်ဖို့အတွက် အိုလံပစ်ကစားသမားများလိုပဲ ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ လိုအပ်ကြောင်း ကော်မတီက သိရှိထားခဲ့ပြီးသားပါ။ Esports ပြိုင်ပွဲများအတွက်လေ့ကျင့်ခြင်းဟာ ဖုန်း၊ ကွန်ပြူတာနဲ့ TV screen များကို ကြည့်ရှုကာ အချိန်ကြာမြင့်စွာ အညောင်းထိုင်ခြင်းဖြစ်ပြီး ဒါဟာ ကျန်းမာရေးနဲ့ မညီညွှတ်ကြောင်း ယူဆတဲ့အတွက် ယခုလို တိုက်တွန်းနေခြင်း ဖြစ်ပါတယ်။

အိုလံပစ်ကော်မတီရဲ့ ယခင်ကြေညာချက်များအတွင်းမှာလည်း လက်ရှိခေတ်စားနေတဲ့ဂိမ်းအများစုဟာ အိုလံပစ်ရဲ့ စံချိန်စံနှုန်းများနဲ့ မကိုက်ညီကြောင်း ပါဝင်ခဲ့ဖူးပါတယ်။ အပစ်အခတ်ဂိမ်းများနဲ့ battle royale ဂိမ်းများဟာ အကြမ်းဖက်မှုကို အားပေးတယ်လို့ ယူဆနေကြပြီး ပြိုင်ပွဲအတွင်း မထည့်သွင်းလိုကြတာပါ။ ယင်းဂိမ်းများအစား သမားရိုးကျအားကစားနဲ့ လက်တွေ့လှုပ်ရှားမှုဆန်တဲ့ဂိမ်းများကိုသာ အလေးပေးလိုတာလည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းကတော့ အိုလံပစ်ကော်မတီဟာ အပြိုင်အဆိုင်ဂိမ်းလောကကို အားကစားလှုပ်ရှားမှုတစ်ခုအနေနဲ့ ရှုမြင်ကြောင်း ကြေညာခဲ့ဖူးလို့ ယခုကြေညာချက်နဲ့ မကိုက်ညီဖြစ်နေပါတယ်။ မည်သို့ပင်ဖြစ်စေ လက်ရှိအချိန်ထိ Esports နဲ့ အိုလံပစ် ပေါင်းစပ်ဖို့ ခက်ခဲနေခြင်းဟာ gamer အများအတွက် ဝမ်းနည်းစရာကိစ္စပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: dailyesports.gg


[ZawGyi]

“Esports နဲ႔ ပတ္သက္လို့ ေၾကညာလိုက္တဲ့ အိုလံပစ္ေကာ္မတီရဲ႕ ရပ္တည္ခ်က္”

 

အျပည္ျပည္ဆိုင္ရာ အုိလံပစ္ေကာ္မတီ (IOC) ဟာ မၾကာေသးမီက summit statement တစ္ခုအတြင္းမွာ Esports နဲ႕ ပတ္သက္တဲ့ သူတို့ရဲ႕ ရပ္တည္ခ်က္ကို ေျပာၾကားလိုက္ပါတယ္။ ယင္းေျပာၾကားခ်က္အရေတာ့ အိုလံပစ္ေကာ္မတီဟာ ေဘာလုံး၊ ဘတ္စကတ္ေဘာ၊ ေဘ့စ္ေဘာ အစရွိတဲ့ တကယ့္အားကစားမ်ားအေပၚ အေျခခံျပဳလုပ္ထားတဲ့ဂိမ္းမ်ားကိုသာ အေလးေပးစဥ္းစားသြားမယ့္ အေနအထားရွိပါတယ္။

အိုလံပစ္ေကာ္မတီရဲ႕ ေျပာၾကားခ်က္ထဲမွာေတာ့ “တကယ့္ sports မ်ားကုိ simulate လုပ္ထားတဲ့ အီလက္ထေရာနစ္ဂိမ္းမ်ားနဲ႔ ပူးေပါင္းေဆာင္ရြက္ျပီး အားကစားလႈပ္ရွားမႈအတြင္း ထည့္သြင္းႏိုင္ဖုိ႔ အလားအလာေကာင္းမ်ား ရွိပါတယ္။ ယေန႔ေခတ္ Virtual နဲ႔ Augmented Reality နည္းပညာမ်ားရဲ႕ ေက်းဇူးေၾကာင့္ သမားရိုးက်အားကစားကို တုပျပီး ျပဳလုပ္ထားတဲ့ sports simulations မ်ားဟာ လက္ေတြ႔လႈပ္ရွားမႈ ပိုဆန္လာခဲ့ပါတယ္။

အျခား အီလက္ထေရာနစ္ဂိမ္းမ်ားနဲ႔ ပတ္သတ္လုိ႔ အက်ဥ္းခ်ဳံးေျပာရရင္ေတာ့ အားကစားလႈပ္ရွားမႈမွာ ဂိမ္းမ်ားကို အေလးထားျခင္းထက္ ကစားသမားမ်ားနဲ႔ gamer မ်ားကိုသာ ပိုမိုအေလးထားသင့္ပါတယ္။ လူပုဂၢိဳလ္မ်ားကို အေလးထားအာရုံစိုက္ျပီး အားကစားပိုမိုလုိက္စားဖုိ႔နဲ႔ က်န္းမာတဲ့ ေန႔စဥ္ဘဝေနထိုင္မႈပုံစံျဖစ္လာေစဖုိ႔ ေဆာင္ရြက္သင့္ပါတယ္။ Esports ျပိဳင္ပြဲဝင္မ်ားကိုလည္း စိတ္ေရာ ကိုယ္ပါ က်န္းမာေနေစဖုိ႔ ၾကီးၾကပ္ကြပ္ကဲေပးသင့္ပါတယ္။” အစရွိသျဖင့္ ပါဝင္ခဲ့ပါတယ္။

Esports ကစားသမားမ်ားဟာ ျပိဳင္ပြဲဝင္ဖုိ႔အတြက္ အိုလံပစ္ကစားသမားမ်ားလုိပဲ ျပင္းျပင္းထန္ထန္ ေလ့က်င့္ဖုိ႔ လုိအပ္ေၾကာင္း ေကာ္မတီက သိရွိထားခဲ့ျပီးသားပါ။ Esports ျပိဳင္ပြဲမ်ားအတြက္ေလ့က်င့္ျခင္းဟာ ဖုန္း၊ ကြန္ျပဴတာနဲ႔ TV screen မ်ားကို ၾကည့္ရႈကာ အခ်ိန္ၾကာျမင့္စြာ အေညာင္းထိုင္ျခင္းျဖစ္ျပီး ဒါဟာ က်န္းမာေရးနဲ႔ မညီညႊတ္ေၾကာင္း ယူဆတဲ့အတြက္ ယခုလို တိုက္တြန္းေနျခင္း ျဖစ္ပါတယ္။

အိုလံပစ္ေကာ္မတီရဲ႕ ယခင္ေၾကညာခ်က္မ်ားအတြင္းမွာလည္း လက္ရွိေခတ္စားေနတဲ့ဂိမ္းအမ်ားစုဟာ အိုလံပစ္ရဲ႕ စံခ်ိန္စံႏႈန္းမ်ားနဲ႔ မကိုက္ညီေၾကာင္း ပါဝင္ခဲ့ဖူးပါတယ္။ အပစ္အခတ္ဂိမ္းမ်ားနဲ႔ battle royale ဂိမ္းမ်ားဟာ အၾကမ္းဖက္မႈကို အားေပးတယ္လုိ႔ ယူဆေနၾကျပီး ျပိဳင္ပြဲအတြင္း မထည့္သြင္းလိုၾကတာပါ။ ယင္းဂိမ္းမ်ားအစား သမားရိုးက်အားကစားနဲ႔ လက္ေတြ႔လႈပ္ရွားမႈဆန္တဲ့ဂိမ္းမ်ားကိုသာ အေလးေပးလိုတာလည္း ျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္တုန္းကေတာ့ အိုလံပစ္ေကာ္မတီဟာ အျပိဳင္အဆိုင္ဂိမ္းေလာကကို အားကစားလႈပ္ရွားမႈတစ္ခုအေနနဲ႔ ရႈျမင္ေၾကာင္း ေၾကညာခဲ့ဖူးလို႔ ယခုေၾကညာခ်က္နဲ႔ မကိုက္ညီျဖစ္ေနပါတယ္။ မည္သုိ့ပင္ျဖစ္ေစ လက္ရွိအခ်ိန္ထိ Esports နဲ႔ အိုလံပစ္ ေပါင္းစပ္ဖုိ့ ခက္ခဲေနျခင္းဟာ gamer အမ်ားအတြက္ ဝမ္းနည္းစရာကိစၥပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကုိ Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: dailyesports.gg