[Unicode]

အမျိုးသားတွေနဲ့ တန်းတူယှဉ်ပြိုင်ကစားနေတဲ့ INTZ ရဲ့ အမျိုးသမီး LOL ကစားသမား Mayumi

 

ဘရာဇီး League of Legends ဆာဗာပေါ်မှာ ကစားကြတဲ့ INTZ e-Sports အသင်းဟာ ထူးခြားတဲ့ ကစားသမား အစားထိုးမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ Mayumi လို့ အမည်ရတဲ့ ချောမောလှပတဲ့ အမျိုးသမီး support ကစားသမားလေးကို အသင်းရဲ့ ကစားသမား ၅ ဦး စာရင်းထဲမှာ ထည့်သွင်းလိုက်တာပါ။ Mayumi ဟာ ယခင်က INTZ ရဲ့ streamer တစ်ဦးဖြစ်ပါတယ်။

အမျိုးသမီး ကစားသမားများကို League ပြိုင်ပွဲများအတွင်း မြင်တွေ့ရခြင်းက ဆန်းပြားတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် Mayumi ဟာ လှပတဲ့ အမျိုးသမီး gamer တစ်ဦးဖြစ်သလို ဂိမ်းကစားနိုင်မှုစွမ်းရည်ကလည်း မြင့်မားလို့ ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦးအဖြစ် လူအများရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

Mayumi ပါဝင်တဲ့ INTZ ဟာ Superliga ABCDE 2019 – CBLOL regional pre-season ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အမျိုးသားကစားသမား ၄ ဦးနဲ့ အမျိုးသမီးတစ်ဦး ပါဝင်ဖွဲ့စည်းထားတဲ့ INTZ ရဲ့ League အသင်းဟာ ပရိသတ်အမြင်မှာ ထူးခြားလို့နေပါတယ်။

ပြိုင်ပွဲအတွင်းမှာတော့ Uppercut Esports ဟာ ချန်ပီယံဟောင်း INTZ ကို အနိုင်ရရှိသွားခဲ့ပါတယ်။ ပြိုင်ပွဲအပြီးမှာတော့ Mayumi က “ဒီနေ့ ကျွန်မကို အားပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကံမကောင်းစွာနဲ့ ယခုအကြိမ်မှာတော့ မျှော်လင့်ထားသလို ဆုမရခဲ့ပါဘူး။ ဒီလို high level league မှာ ယှဉ်ပြိုင်ရတာ ကျွန်မအတွက် ပထမဆုံးအကြိမ်ဖြစ်လို့ ထူးခြားတဲ့ပွဲပါ။ နောက်နှစ်တွေမှာလည်း ပရိသတ်နဲ့ ထပ်ဆုံတွေ့ချင်ပါသေးတယ်။” အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

လာမယ့် ၂၀၂၀ League season မှာလည်း သူမဟာ ယခုအသင်းနဲ့အတူ ရှိနေဦးမယ်လို့ ယူဆရပါတယ်။ အသက် ၁၇ နှစ်သာရှိသေးတဲ့ ဂျပန်-လက်တင်နွယ်ဖွား Mayumi ဟာ Instagram ပေါ်မှာ follower တစ်သိန်းနှစ်သောင်းကျော် ရရှိထားသလို Twitch ပေါ်မှာလည်း follower နှစ်သောင်းခွဲကျော် ရရှိထားတဲ့ အောင်မြင်တဲ့ အမျိုးသမီး gamer တစ်ဦးပါ။

အမျိုးသားများသာ ကြီးစိုးနေတဲ့ ဂိမ်းလောကမှာ အမျိုးသမီးပါဝင်မှုနှုန်းဟာ တဖြည်းဖြည်းမြင့်တက်လျက်ရှိပါတယ်။ အနာဂတ်မှာ အရည်အချင်းရှိတဲ့ အမျိုးသမီးကစားသမားများ ထပ်မံပေါ်ထွက်လာဦးမှာဖြစ်သလို အီလက်ထရောနစ် အားကစားလောကဟာလည်း တရွေ့ရွေ့ပြောင်းလဲတိုးတက်လျက်ရှိပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက် ရှိပါတယ်။

Source : notagamer.net


[ZawGyi]

အမ်ိဳးသားေတြနဲ႔ တန္းတူယွဥ္ျပိဳင္ကစားေနတဲ့ INTZ ရဲ႕ အမ်ိဳးသမီး LOL ကစားသမား Mayumi

 

ဘရာဇီး League of Legends ဆာဗာေပၚမွာ ကစားၾကတဲ့ INTZ e-Sports အသင္းဟာ ထူးျခားတဲ့ ကစားသမား အစားထိုးမႈတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ အဲဒါကေတာ့ Mayumi လို႔ အမည္ရတဲ့ ေခ်ာေမာလွပတဲ့ အမ်ိဳးသမီး support ကစားသမားေလးကို အသင္းရဲ႕ ကစားသမား ၅ ဦး စာရင္းထဲမွာ ထည့္သြင္းလိုက္တာပါ။ Mayumi ဟာ ယခင္က INTZ ရဲ႕ streamer တစ္ဦးျဖစ္ပါတယ္။

အမ်ိဳးသမီး ကစားသမားမ်ားကို League ျပိဳင္ပြဲမ်ားအတြင္း ျမင္ေတြ႔ရျခင္းက ဆန္းျပားတဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ Mayumi ဟာ လွပတဲ့ အမ်ိဳးသမီး gamer တစ္ဦးျဖစ္သလို ဂိမ္းကစားႏိုင္မႈစြမ္းရည္ကလည္း ျမင့္မားလို႔ ျပီးျပည့္စုံတဲ့ ကစားသမားတစ္ဦးအျဖစ္ လူအမ်ားရဲ႕ အာရုံကို ဖမ္းစားႏို္င္ခဲ့ပါတယ္။

Mayumi ပါဝင္တဲ့ INTZ ဟာ Superliga ABCDE 2019 – CBLOL regional pre-season ျပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ပါတယ္။ အမ်ိဳးသားကစားသမား ၄ ဦးနဲ႔ အမ်ိဳးသမီးတစ္ဦး ပါဝင္ဖြဲ႔စည္းထားတဲ့ INTZ ရဲ႕ League အသင္းဟာ ပရိသတ္အျမင္မွာ ထူးျခားလို႔ေနပါတယ္။

ျပိဳင္ပြဲအတြင္းမွာေတာ့ Uppercut Esports ဟာ ခ်န္ပီယံေဟာင္း INTZ ကို အႏိုင္ရရွိသြားခဲ့ပါတယ္။ ျပိဳင္ပြဲအျပီးမွာေတာ့ Mayumi က “ဒီေန႔ ကြ်န္မကို အားေပးၾကသူအားလုံးကို ေက်းဇူးတင္ပါတယ္။ ကံမေကာင္းစြာနဲ႔ ယခုအၾကိမ္မွာေတာ့ ေမွ်ာ္လင့္ထားသလို ဆုမရခဲ့ပါဘူး။ ဒီလို high level league မွာ ယွဥ္ျပိဳင္ရတာ ကြ်န္မအတြက္ ပထမဆုံးအၾကိမ္ျဖစ္လုိ႔ ထူးျခားတဲ့ပြဲပါ။ ေနာက္ႏွစ္ေတြမွာလည္း ပရိသတ္နဲ႔ ထပ္ဆုံေတြ႔ခ်င္ပါေသးတယ္။” အစရွိသျဖင့္ ေျပာသြားခဲ့ပါတယ္။

လာမယ့္ ၂၀၂၀ League season မွာလည္း သူမဟာ ယခုအသင္းနဲ႔အတူ ရွိေနဦးမယ္လို႔ ယူဆရပါတယ္။ အသက္ ၁၇ ႏွစ္သာရွိေသးတဲ့ ဂ်ပန္-လက္တင္ႏြယ္ဖြား Mayumi ဟာ Instagram ေပၚမွာ follower တစ္သိန္းႏွစ္ေသာင္းေက်ာ္ ရရွိထားသလို Twitch ေပၚမွာလည္း follower ႏွစ္ေသာင္းခြဲေက်ာ္ ရရွိထားတဲ့ ေအာင္ျမင္တဲ့ အမ်ိဳးသမီး gamer တစ္ဦးပါ။

အမ်ိဳးသားမ်ားသာ ၾကီးစိုးေနတဲ့ ဂိမ္းေလာကမွာ အမ်ိဳးသမီးပါဝင္မႈႏႈန္းဟာ တျဖည္းျဖည္းျမင့္တက္လ်က္ရွိပါတယ္။ အနာဂတ္မွာ အရည္အခ်င္းရွိတဲ့ အမ်ိဳးသမီးကစားသမားမ်ား ထပ္မံေပၚထြက္လာဦးမွာျဖစ္သလို အီလက္ထေရာနစ္ အားကစားေလာကဟာလည္း တေရြ႕ေရြ႕ေျပာင္းလဲတိုးတက္လ်က္ရွိပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္တင္ဆက္ေပးလ်က္ ရွိပါတယ္။

Source: notagamer.net