[Unicode]

Esports လောကအပေါ် သက်ရောက်မှု များပြားလာနေတဲ့ TikTok

 

ယနေ့ကမ္ဘာမှာ Esports ဈေးကွက်ဟာ တစ်နေ့တစ်ခြားကြီးမားလာသလို Esports အသင်းများနဲ့ အဖွဲ့အစည်း များဟာလည်း ဆိုရှယ်မီဒီယာများကို အသုံးချပြီး မိမိတို့ကို လူသိများလာအောင် ကြိုးပမ်းလာကြပါတယ်။ ပရိသတ်အခိုင်အမာရရှိပြီး အောင်မြင်ကျော်ကြားတဲ့ Esports အသင်းအဖွဲ့များဟာ စပွန်ဆာရှာဖွေခြင်း၊ ကြော်ငြာများ လက်ခံခြင်း၊ ကုန်ပစ္စည်းများထုတ်လုပ်ခြင်း စတာတွေကို လွယ်ကူစွာပြုလုပ်ပြီး ဝင်ငွေ ရှာဖွေလာနိုင် ကြလို့ဖြစ်ပါတယ်။

Esports အသင်းအဖွဲ့များ အသုံးပြုနေကြတဲ့ ဆိုရှယ်မီဒီယာများထဲမှာ Facebook, Twitter, YouTube နဲ့ Instagram စတဲ့ ပလက်ဖောင်းများ ပါဝင်ပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံများမှ Esports အသင်းအဖွဲ့များဟာ Twitter ကို သတင်းအချက်အလက်များ ကြေညာဖို့ အဓိကအသုံးပြုလာကြပြီး YouTube ကိုတော့ ဂိမ်းဗီဒီယိုများအပါအဝင် ဗီဒီယိုပေါင်းစုံတင်ဖို့ အသုံးပြုလာကြပါတယ်။

ထူးခြားတာကတော့ Esports အသင်းအဖွဲ့များ အသုံးပြုကြတဲ့ ဆိုရှယ်မီဒီယာများထဲမှာ TikTok ပါဝင်လာတာပါ။ မှတ်တမ်းများအရ လက်ရှိအချိန် TikTok ပေါ်မှာ follower အများဆုံးရရှိထားတဲ့ Esports အသင်းများရဲ့စာရင်းကတော့ အောက်ပါအတိုင်းဖြစ်ကြပါတယ်။
Team SoloMid (TSM) – 544.9K
100 Thieves – 286.5K
G2 Esports – 269.1K
Spacestation Gaming – 100.1K
Cloud9 – 42.6K
FaZe Clan – 30.5K
Fnatic R6 – 10K

ဒါအပြင် Esports ပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းကြီးများဟာလည်း TikTok ဘက်ကို အာရုံစိုက်လာ ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ League of Legends World Championships finals 2019 မှာ Riot Games ဟာ ပြိုင်ပွဲအတွက် သီးသန့်ဖန်တီးထားတဲ့သီချင်း GIANTS ကို TikTok နဲ့ ပူးပေါင်းပြီး ခေတ်စားအောင် ပြုလုပ်ခဲ့ပါတယ်။ Riot Games ဟာ GIANTS ရဲ့ hashtag challenge ကိုလည်း TikTok ပေါ်မှာ ဖန်တီးခဲ့ပါတယ်။

ယင်းအကြောင်းနဲ့ ပတ်သက်လို့ Riot Games ရဲ့ ဆိုရှယ်မီဒီယာပိုင်းဆိုင်ရာ တာဝန်ခံဖြစ်သူ Alay Joglekar က TikTok ပေါ်က နာမည်ကျော်များဟာ ပြိုင်ပွဲကို ကိုယ်တိုင်တက်ရောက်ပြီး စစ်မှန်ကောင်းမွန်တဲ့ content များကို ဖန်တီးခဲ့ကြကြောင်း၊ ဒါကြောင့် ပရိသတ်များကြားမှာ အလျင်အမြန်ရေပန်းစားသွားခဲ့သလို ကြည့်ရှုသူပေါင်းလည်း ၁ ဘီလီယံကျော် ရရှိလာခဲ့ကြောင်း ပြောကြားခဲ့ဖူးပါတယ်။

Esports ပြိုင်ပွဲကြီးများကို တာဝန်ယူကျင်းပနေတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ ESL ဟာလည်း ပြီးခဲ့တဲ့လအတွင်းမှာ TikTok နဲ့ ပူးပေါင်းခဲ့ပါတယ်။ ပူးပေါင်းမှုအရ ESL ဟာ TikTok ပေါ်မှာ CS: GO ပြိုင်ပွဲ highlight ဗီဒီယိုများတင်ဖို့ ချန်နယ်တစ်ခုနဲ့ အခြား Esports အကြောင်းအရာများတင်ဖို့ ချန်နယ်တစ်ခု စုစုပေါင်းချန်နယ် ၂ ခု ပြုလုပ်ထားခဲ့ပါတယ်။

ဒါ့အပြင် ESL ဟာ TikTok branded hashtag ၂ ခုဖြစ်ကြတဲ့ #progamer နဲ့ #mygaminglife တို့မှာလည်း Covid-19 quarantine ကာလအတွင်း ဂိမ်းကစားကြတဲ့ meme ဆန်ဆန် ဗီဒီယိုများကိုလည်း တင်ထားခဲ့ပါသေးတယ်။ ESL ရဲ့ ကြေညာချက်အရ ၄ ရက်အတွင်း ချန်နယ် ၂ ခုမှာ ဗီဒီယို ဝင်ရောက် ကြည့်ရှုတဲ့ အကြိမ်အရေအတွက် ၂.၃ သန်းကျော်အထိ ရှိခဲ့ပြီး ၁၀ ရက်အတွင်းမှာတော့ ၂.၅ ဘီလီယံအထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

TikTok ပေါ်မှာ တစ်ဦးတစ်ယောက်ချင်း အသုံးပြုကြတဲ့ နာမည်ကြီးဂိမ်မာများလည်း ရှိပါသေးတယ်။ ယင်းတို့ထဲမှာမှ follower အများဆုံးရရှိထားသူများကတော့
Tyler “Ninja” Blevins – 2.5M
Brian “FaZe Rug” Awadis – 2.5M
Pokimane – 2M
Frazier “Kay” Kay – 1.2M
တို့ဖြစ်ကြပါတယ်။ အချို့ဂိမ်မာများဟာ မိမိတို့ရဲ့ TikTok ချန်နယ်များကို ပရိသတ်များ ဝင်ရောက်ကြည့်ရှုစေဖို့အတွက် Twitter နဲ့ Facebook တို့လို အခြားဆိုရှယ်မီဒီယာများပေါ်မှာ ကြော်ငြာခြင်း များတောင် ပြုလုပ်လာကြပါတယ်။

ယခုနှစ် ဇန်နဝါရီလအတွင်းက Bloomberg ရဲ့ ဆောင်းပါးတစ်ခုအတွင်းမှာ TikTok ရဲ့ ဖန်တီးသူ ကုမ္ပဏီ ByteDance ဟာ Tencent ကို မိုဘိုင်းလ်ဂိမ်းဈေးကွက်အတွင်း ယှဉ်ပြိုင်လာနိုင်တယ်လို့ ရေးသားခဲ့ပါတယ်။ ဒီလိုပြုလုပ်နိုင်ဖို့အတွက် လက်ရှိအချိန်မှာ ByteDance ဟာ ဂိမ်းစတူဒီယိုအများအပြားကို ပိုင်ဆိုင်ထားသလို ဖြန့်ချိရေးမူပိုင်ခွင့်အမြောက်အများကို ဝယ်ယူထားကြောင်းလည်း ရေးသားထားခဲ့ပါတယ်။

TikTok ရဲ့ အနာဂတ် Esports လှုပ်ရှားမှုများဟာ ထင်ထားသလောက် တွင်ကျယ်လာနိုင်မလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြရမှာပါ။ ဒါပေမယ့် လက်ရှိအချိန် Esports အသင်းအဖွဲ့များနဲ့ ဂိမ်မာများအပေါ် TikTok ရဲ့ သက်ရောက်မှု များပြားလာတာကတော့ သေချာတဲ့အချက်တစ်ခုပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: esportsobserver


[ZawGyi]

Esports ေလာကအေပၚ သက္ေရာက္မႈ မ်ားျပားလာေနတဲ့ TikTok

 

ယေန႔ကမာၻမွာ Esports ေဈးကြက္ဟာ တစ္ေန႔တစ္ျခားႀကီးမားလာသလို Esports အသင္းမ်ားနဲ႔ အဖြဲ႕အစည္း မ်ားဟာလည္း ဆိုရွယ္မီဒီယာမ်ားကို အသုံးခ်ၿပီး မိမိတို႔ကို လူသိမ်ားလာေအာင္ ႀကိဳးပမ္းလာၾကပါတယ္။ ပရိသတ္အခိုင္အမာရရွိၿပီး ေအာင္ျမင္ေက်ာ္ၾကားတဲ့ Esports အသင္းအဖြဲ႕မ်ားဟာ စပြန္ဆာရွာေဖြျခင္း၊ ေၾကာ္ျငာမ်ား လက္ခံျခင္း၊ ကုန္ပစၥည္းမ်ားထုတ္လုပ္ျခင္း စတာေတြကို လြယ္ကူစြာျပဳလုပ္ၿပီး ဝင္ေငြ ရွာေဖြလာႏိုင္ ၾကလို႔ျဖစ္ပါတယ္။

Esports အသင္းအဖြဲ႕မ်ား အသုံးျပဳေနၾကတဲ့ ဆိုရွယ္မီဒီယာမ်ားထဲမွာ Facebook, Twitter, YouTube နဲ႔ Instagram စတဲ့ ပလက္ေဖာင္းမ်ား ပါဝင္ပါတယ္။ အထူးသျဖင့္ အေနာက္ႏိုင္ငံမ်ားမွ Esports အသင္းအဖြဲ႕မ်ားဟာ Twitter ကို သတင္းအခ်က္အလက္မ်ား ေၾကညာဖို႔ အဓိကအသုံးျပဳလာၾကၿပီး YouTube ကိုေတာ့ ဂိမ္းဗီဒီယိုမ်ားအပါအဝင္ ဗီဒီယိုေပါင္းစုံတင္ဖို႔ အသုံးျပဳလာၾကပါတယ္။

ထူးျခားတာကေတာ့ Esports အသင္းအဖြဲ႕မ်ား အသုံးျပဳၾကတဲ့ ဆိုရွယ္မီဒီယာမ်ားထဲမွာ TikTok ပါဝင္လာတာပါ။ မွတ္တမ္းမ်ားအရ လက္ရွိအခ်ိန္ TikTok ေပၚမွာ follower အမ်ားဆုံးရရွိထားတဲ့ Esports အသင္းမ်ားရဲ႕စာရင္းကေတာ့ ေအာက္ပါအတိုင္းျဖစ္ၾကပါတယ္။
Team SoloMid (TSM) – 544.9K
100 Thieves – 286.5K
G2 Esports – 269.1K
Spacestation Gaming – 100.1K
Cloud9 – 42.6K
FaZe Clan – 30.5K
Fnatic R6 – 10K

ဒါအျပင္ Esports ၿပိဳင္ပြဲက်င္းပေရးအဖြဲ႕အစည္းႀကီးမ်ားဟာလည္း TikTok ဘက္ကို အာ႐ုံစိုက္လာ ၾကပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က က်င္းပခဲ့တဲ့ League of Legends World Championships finals 2019 မွာ Riot Games ဟာ ၿပိဳင္ပြဲအတြက္ သီးသန႔္ဖန္တီးထားတဲ့သီခ်င္း GIANTS ကို TikTok နဲ႔ ပူးေပါင္းၿပီး ေခတ္စားေအာင္ ျပဳလုပ္ခဲ့ပါတယ္။ Riot Games ဟာ GIANTS ရဲ႕ hashtag challenge ကိုလည္း TikTok ေပၚမွာ ဖန္တီးခဲ့ပါတယ္။

ယင္းအေၾကာင္းနဲ႔ ပတ္သက္လို႔ Riot Games ရဲ႕ ဆိုရွယ္မီဒီယာပိုင္းဆိုင္ရာ တာဝန္ခံျဖစ္သူ Alay Joglekar က TikTok ေပၚက နာမည္ေက်ာ္မ်ားဟာ ၿပိဳင္ပြဲကို ကိုယ္တိုင္တက္ေရာက္ၿပီး စစ္မွန္ေကာင္းမြန္တဲ့ content မ်ားကို ဖန္တီးခဲ့ၾကေၾကာင္း၊ ဒါေၾကာင့္ ပရိသတ္မ်ားၾကားမွာ အလ်င္အျမန္ေရပန္းစားသြားခဲ့သလို ၾကည့္ရႈသူေပါင္းလည္း ၁ ဘီလီယံေက်ာ္ ရရွိလာခဲ့ေၾကာင္း ေျပာၾကားခဲ့ဖူးပါတယ္။

Esports ၿပိဳင္ပြဲႀကီးမ်ားကို တာဝန္ယူက်င္းပေနတဲ့ အဖြဲ႕အစည္းႀကီးတစ္ခုျဖစ္တဲ့ ESL ဟာလည္း ၿပီးခဲ့တဲ့လအတြင္းမွာ TikTok နဲ႔ ပူးေပါင္းခဲ့ပါတယ္။ ပူးေပါင္းမႈအရ ESL ဟာ TikTok ေပၚမွာ CS: GO ၿပိဳင္ပြဲ highlight ဗီဒီယိုမ်ားတင္ဖို႔ ခ်န္နယ္တစ္ခုနဲ႔ အျခား Esports အေၾကာင္းအရာမ်ားတင္ဖို႔ ခ်န္နယ္တစ္ခု စုစုေပါင္းခ်န္နယ္ ၂ ခု ျပဳလုပ္ထားခဲ့ပါတယ္။

ဒါ့အျပင္ ESL ဟာ TikTok branded hashtag ၂ ခုျဖစ္ၾကတဲ့ #progamer နဲ႔ #mygaminglife တို႔မွာလည္း Covid-19 quarantine ကာလအတြင္း ဂိမ္းကစားၾကတဲ့ meme ဆန္ဆန္ ဗီဒီယိုမ်ားကိုလည္း တင္ထားခဲ့ပါေသးတယ္။ ESL ရဲ႕ ေၾကညာခ်က္အရ ၄ ရက္အတြင္း ခ်န္နယ္ ၂ ခုမွာ ဗီဒီယို ဝင္ေရာက္ ၾကည့္ရႈတဲ့ အႀကိမ္အေရအတြက္ ၂.၃ သန္းေက်ာ္အထိ ရွိခဲ့ၿပီး ၁၀ ရက္အတြင္းမွာေတာ့ ၂.၅ ဘီလီယံအထိ ရွိလာခဲ့တယ္လို႔ ဆိုပါတယ္။

TikTok ေပၚမွာ တစ္ဦးတစ္ေယာက္ခ်င္း အသုံးျပဳၾကတဲ့ နာမည္ႀကီးဂိမ္မာမ်ားလည္း ရွိပါေသးတယ္။ ယင္းတို႔ထဲမွာမွ follower အမ်ားဆုံးရရွိထားသူမ်ားကေတာ့
Tyler “Ninja” Blevins – 2.5M
Brian “FaZe Rug” Awadis – 2.5M
Pokimane – 2M
Frazier “Kay” Kay – 1.2M
တို႔ျဖစ္ၾကပါတယ္။ အခ်ိဳ႕ဂိမ္မာမ်ားဟာ မိမိတို႔ရဲ႕ TikTok ခ်န္နယ္မ်ားကို ပရိသတ္မ်ား ဝင္ေရာက္ၾကည့္ရႈေစဖို႔အတြက္ Twitter နဲ႔ Facebook တို႔လို အျခားဆိုရွယ္မီဒီယာမ်ားေပၚမွာ ေၾကာ္ျငာျခင္း မ်ားေတာင္ ျပဳလုပ္လာၾကပါတယ္။

ယခုႏွစ္ ဇန္နဝါရီလအတြင္းက Bloomberg ရဲ႕ ေဆာင္းပါးတစ္ခုအတြင္းမွာ TikTok ရဲ႕ ဖန္တီးသူ ကုမၸဏီ ByteDance ဟာ Tencent ကို မိုဘိုင္းလ္ဂိမ္းေဈးကြက္အတြင္း ယွဥ္ၿပိဳင္လာႏိုင္တယ္လို႔ ေရးသားခဲ့ပါတယ္။ ဒီလိုျပဳလုပ္ႏိုင္ဖို႔အတြက္ လက္ရွိအခ်ိန္မွာ ByteDance ဟာ ဂိမ္းစတူဒီယိုအမ်ားအျပားကို ပိုင္ဆိုင္ထားသလို ျဖန႔္ခ်ိေရးမူပိုင္ခြင့္အေျမာက္အမ်ားကို ဝယ္ယူထားေၾကာင္းလည္း ေရးသားထားခဲ့ပါတယ္။

TikTok ရဲ႕ အနာဂတ္ Esports လႈပ္ရွားမႈမ်ားဟာ ထင္ထားသေလာက္ တြင္က်ယ္လာႏိုင္မလား ဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ၾကရမွာပါ။ ဒါေပမယ့္ လက္ရွိအခ်ိန္ Esports အသင္းအဖြဲ႕မ်ားနဲ႔ ဂိမ္မာမ်ားအေပၚ TikTok ရဲ႕ သက္ေရာက္မႈ မ်ားျပားလာတာကေတာ့ ေသခ်ာတဲ့အခ်က္တစ္ခုပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: esportsobserver