[Unicode]

မြန်မာကစားသမားတွေနဲ့ အသင်းသစ်ဖွဲ့စည်းမယ့် Reckoning Esports (RG) Dota2

 

Reckoning Esports ဆိုတာ မြန်မာ Dota2 ပရိသတ်တွေအတွက် မစိမ်းလှတဲ့ အသင်းတစ်သင်းပါ။ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး Dota2 အသင်းဖြစ်တဲ့ Team Veteran ကိုခေါ်ယူခဲ့ဖူးတဲ့ အိန္ဒိယ Esports အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။

Team Veteran ကစားသမားဟောင်းတွေနဲ့ (၇) လကြာလက်တွဲခဲ့ပြီး ESL India ဒုတိယဆု, WESG 2018 Main Event Top 17th-20th, MESL နဲ့ Synnex Dota2 Tournament ချန်ပီယံဆု စတဲ့ ပြည်တွင်း ပြည်ပအောင်မြင်မှုတွေရခဲ့ဖူးပါတယ်။ ၂၀၁၉ စက်တင်ဘာမှာတော့ မြန်မာကစားသမားတွေဟာ Team Cyanide ကိုပြောင်းရွေ့ခဲ့ပြီး RG ရဲ့ Dota2 အသင်းဟာ ပျက်ပြယ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး ကစားသမားတွေနဲ့ လက်တွဲခဲ့လို့ Reckoning Esports ဟာလည်း မြန်မာနိုင်ငံမှာ လူသိများတဲ့ Esports အသင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ Reckoning Esports ရဲ့လက်အောက်မှာ PUBG Mobile နဲ့ CSGO အသင်းတွေလည်း ထပ်မံ ကျန်ရှိ​နေပါသေးတယ်။

Ex-RG Myanmar Squad

အခု ၂၀၂၀ မှာ ပြန်လည် အသစ်ဖွဲ့စည်းမယ့် Reckoning Esports ရဲ့ Dota2 အသင်းအတွက် မြန်မာ ကစားသမား ၂ ယောက်ကို ပထမဆုံးကြေညာခဲ့ပြီ ဖြစ်ပါတယ်။ ထိုကစားသမား ၂ ယောက်ကတော့ Object နဲ့ Luffy ပဲဖြစ်ပါတယ်။

Object

Object က အသက် ၁၉ နှစ်အရွယ်ရှိတဲ့ Support Player တစ်ယောက်ပဲ ဖြစ်ပါတယ်။ အမည်ရင်းကတော့ Nyan Htoo Zaw ဖြစ်ပြီး RG ကို မရောက်ခင်က မြန်မာအသင်း King Panda Gaming မှာ နောက်ဆုံးဆော့ခဲ့တာပါ။ King Panda Gaming မှာ Captain/Drafter အဖြစ်တာဝန်ယူခဲ့ပြီး Predator League 2019 Main Event ကို ထိုင်းနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ အခု အသစ်ဖွဲ့စည်းမယ့် RG အသင်းမှာလည်း Object အနေနဲ့ Position-5 Support Role အပြင် Captain/Drafter role ကိုပါ တာဝန်ယူပြီး ဆော့သွားမှာ ဖြစ်ပါတယ်။

Luffy

Luffy ဟာလည်း Object လိုပဲ KingPanda Gaming မှာ နောက်ဆုံးကစားခဲ့တဲ့ အသက် ၁၉နှစ်အရွယ် လူငယ် Player တစ်ဦးပဲ ဖြစ်ပါတယ်။ အမည်ရင်းကတော့ Nay Min Khant ဖြစ်ပါတယ်။ Player သက်တမ်းတစ်လျှောက် Offlane Role ကိုသာ စွဲစွဲမြဲမြဲ ဆော့ခဲ့တဲ့ Luffy ဟာ ပြည်တွင်းအသင်းတွေဖြစ်တဲ့ TNT နဲ့ YG မှာလည်း ကစားခဲ့ဖူးပါတယ်။ အခု RG ရဲ့ အသင်းသစ်မှာတော့ Offlane Role ကို အဓိက တာဝန်ယူပြီး ဆော့သွားမယ်လို့ သိရပါတယ်။

Object and Luffy (Second and Third from Left) at India

RG Dota2 အနေနဲ့ အိန္ဒိယ အခြေစိုက်အသင်းဖြစ်ပေမယ့် မြန်မာလူငယ် ကစားသမား ၂ ယောက်ကို ခေါ်ယူပြီး နေရာပေးခဲ့တဲ့အပြင် Captain တာဝန်ကိုပါ ပေးအပ်ထားတာမလို့ သူတို့ရဲ့ ယုံကြည်မှုကို မြင်တွေ့နိုင်ပါတယ်။ အခုအသစ်ဖွဲ့မယ့် RG Dota2 အသင်းမှာတော့ မြန်မာ ကစားသမား ၂ ယောက်သာ ပါဝင်မှာဖြစ်ပြီး ကျန်ကစားသမားများကိုတော့ အိန္ဒိယ Player များသာမက အရှေ့တောင်အာရှ ဒေသတွင်း Player များကိုပါ ခေါ်ယူထားတယ်လို့ ကြားသိရပါတယ်။ လူစာရင်းအပြည့်အစုံကိုလည်း တတိယ Major Open Qualifier မစတင်ခင် ကြေညာပေးသွားပါမယ်လို့ Gaming Noodle ကို ပြောကြားခဲ့ပါတယ်။

မြန်မာကစားသမားတွေ အနေနဲ့လည်း ၂၀၁၉ နှစ်ကုန်ပိုင်းကတည်းက အိန္ဒိယနိုင်ငံရှိ RG ရဲ့ Training Camp ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ကိုယ့်မြေကိုယ်ရေ မဟုတ်တဲ့ တိုင်းတပါးမှာ ဘာသာစကား အခက်အခဲတွေ အစားအသောက် အနေအထိုင် ယဉ်ကျေးမှုတွေ ကွဲပြားနေပေမယ့် မြန်မာကစားသမားတွေအနေနဲ့ အဆင်ပြေကြောင်း Gaming Noodle ကိုလည်း ပြောကြားထားပါတယ်။

Presenting our first two Recruits for ReckoninG Esports Dota 2!Please give a warm welcome to Nyan Htoo Zaw and Luffy !!#goreckoning#ti2020#myanmaresports#indianesports

Posted by ReckoninG ESports on Monday, 13 January 2020

အခုလို နိုင်ငံရပ်ခြား အတွေ့အကြုံတွေကို ရှာဖွေနိုင်ရုံမက ဒေသတွင်း ကစားသမားတွေနဲ့ပါ တွဲဖက်ကစားခွင့်ရမယ့် Object နဲ့ Luffy တို့ကို အောင်မြင်ပါစေလို့ Gaming Noodle မှ ဆုမွန်ကောင်း တောင်းပေးအပ်ပါတယ် ခင်ဗျာ။

#Jerry


[Zawgyi]

ျမန္မာကစားသမားေတြနဲ႔ အသင္းသစ္ဖြဲ႕စည္းမယ့္ Reckoning Esports (RG) Dota2

 

Reckoning Esports ဆိုတာ ျမန္မာ Dota2 ပရိသတ္ေတြအတြက္ မစိမ္းလွတဲ့ အသင္းတစ္သင္းပါ။ ျမန္မာႏိုင္ငံရဲ႕ အေအာင္ျမင္ဆုံး Dota2 အသင္းျဖစ္တဲ့ Team Veteran ကိုေခၚယူခဲ့ဖူးတဲ့ အိႏၵိယ Esports အဖြဲ႕အစည္းတစ္ခုလည္းျဖစ္ပါတယ္။

Team Veteran ကစားသမားေဟာင္းေတြနဲ႔ (၇) လၾကာလက္တြဲခဲ့ၿပီး ESL India ဒုတိယဆု, WESG 2018 Main Event Top 17th-20th, MESL နဲ႔ Synnex Dota2 Tournament ခ်န္ပီယံဆု စတဲ့ ျပည္တြင္း ျပည္ပေအာင္ျမင္မႈေတြရခဲ့ဖူးပါတယ္။ ၂၀၁၉ စက္တင္ဘာမွာေတာ့ ျမန္မာကစားသမားေတြဟာ Team Cyanide ကိုေျပာင္းေ႐ြ႕ခဲ့ၿပီး RG ရဲ႕ Dota2 အသင္းဟာ ပ်က္ျပယ္ခဲ့ရပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အေကာင္းဆုံး ကစားသမားေတြနဲ႔ လက္တြဲခဲ့လို႔ Reckoning Esports ဟာလည္း ျမန္မာႏိုင္ငံမွာ လူသိမ်ားတဲ့ Esports အသင္းတစ္ခု ျဖစ္လာခဲ့ပါတယ္။ Reckoning Esports ရဲ႕လက္ေအာက္မွာ PUBG Mobile နဲ႔ CSGO အသင္းေတြလည္း ထပ္မံ က်န္ရွိ​ေနပါေသးတယ္။

Ex-RG Myanmar Squad

အခု ၂၀၂၀ မွာ ျပန္လည္ အသစ္ဖြဲ႕စည္းမယ့္ Reckoning Esports ရဲ႕ Dota2 အသင္းအတြက္ ျမန္မာ ကစားသမား ၂ ေယာက္ကို ပထမဆုံးေၾကညာခဲ့ၿပီ ျဖစ္ပါတယ္။ ထိုကစားသမား ၂ ေယာက္ကေတာ့ Object နဲ႔ Luffy ပဲျဖစ္ပါတယ္။

Object

Object က အသက္ ၁၉ ႏွစ္အ႐ြယ္ရွိတဲ့ Support Player တစ္ေယာက္ပဲ ျဖစ္ပါတယ္။ အမည္ရင္းကေတာ့ Nyan Htoo Zaw ျဖစ္ၿပီး RG ကို မေရာက္ခင္က ျမန္မာအသင္း King Panda Gaming မွာ ေနာက္ဆုံးေဆာ့ခဲ့တာပါ။ King Panda Gaming မွာ Captain/Drafter အျဖစ္တာဝန္ယူခဲ့ၿပီး Predator League 2019 Main Event ကို ထိုင္းႏိုင္ငံမွာ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ဖူးပါတယ္။ အခု အသစ္ဖြဲ႕စည္းမယ့္ RG အသင္းမွာလည္း Object အေနနဲ႔ Position-5 Support Role အျပင္ Captain/Drafter role ကိုပါ တာဝန္ယူၿပီး ေဆာ့သြားမွာ ျဖစ္ပါတယ္။

Luffy

Luffy ဟာလည္း Object လိုပဲ KingPanda Gaming မွာ ေနာက္ဆုံးကစားခဲ့တဲ့ အသက္ ၁၉ႏွစ္အ႐ြယ္ လူငယ္ Player တစ္ဦးပဲ ျဖစ္ပါတယ္။ အမည္ရင္းကေတာ့ Nay Min Khant ျဖစ္ပါတယ္။ Player သက္တမ္းတစ္ေလွ်ာက္ Offlane Role ကိုသာ စြဲစြဲၿမဲၿမဲ ေဆာ့ခဲ့တဲ့ Luffy ဟာ ျပည္တြင္းအသင္းေတြျဖစ္တဲ့ TNT နဲ႔ YG မွာလည္း ကစားခဲ့ဖူးပါတယ္။ အခု RG ရဲ႕ အသင္းသစ္မွာေတာ့ Offlane Role ကို အဓိက တာဝန္ယူၿပီး ေဆာ့သြားမယ္လို႔ သိရပါတယ္။

Object and Luffy (Second and Third from Left) at India

RG Dota2 အေနနဲ႔ အိႏၵိယ အေျခစိုက္အသင္းျဖစ္ေပမယ့္ ျမန္မာလူငယ္ ကစားသမား ၂ ေယာက္ကို ေခၚယူၿပီး ေနရာေပးခဲ့တဲ့အျပင္ Captain တာဝန္ကိုပါ ေပးအပ္ထားတာမလို႔ သူတို႔ရဲ႕ ယုံၾကည္မႈကို ျမင္ေတြ႕ႏိုင္ပါတယ္။ အခုအသစ္ဖြဲ႕မယ့္ RG Dota2 အသင္းမွာေတာ့ ျမန္မာ ကစားသမား ၂ ေယာက္သာ ပါဝင္မွာျဖစ္ၿပီး က်န္ကစားသမားမ်ားကိုေတာ့ အိႏၵိယ Player မ်ားသာမက အေရွ႕ေတာင္အာရွ ေဒသတြင္း Player မ်ားကိုပါ ေခၚယူထားတယ္လို႔ ၾကားသိရပါတယ္။ လူစာရင္းအျပည့္အစုံကိုလည္း တတိယ Major Open Qualifier မစတင္ခင္ ေၾကညာေပးသြားပါမယ္လို႔ Gaming Noodle ကို ေျပာၾကားခဲ့ပါတယ္။

ျမန္မာကစားသမားေတြ အေနနဲ႔လည္း ၂၀၁၉ ႏွစ္ကုန္ပိုင္းကတည္းက အိႏၵိယႏိုင္ငံရွိ RG ရဲ႕ Training Camp ကို ေရာက္ရွိေနတာျဖစ္ပါတယ္။ ကိုယ့္ေျမကိုယ္ေရ မဟုတ္တဲ့ တိုင္းတပါးမွာ ဘာသာစကား အခက္အခဲေတြ အစားအေသာက္ အေနအထိုင္ ယဥ္ေက်းမႈေတြ ကြဲျပားေနေပမယ့္ ျမန္မာကစားသမားေတြအေနနဲ႔ အဆင္ေျပေၾကာင္း Gaming Noodle ကိုလည္း ေျပာၾကားထားပါတယ္။

Presenting our first two Recruits for ReckoninG Esports Dota 2!Please give a warm welcome to Nyan Htoo Zaw and Luffy !!#goreckoning#ti2020#myanmaresports#indianesports

Posted by ReckoninG ESports on Monday, 13 January 2020

အခုလို ႏိုင္ငံရပ္ျခား အေတြ႕အႀကဳံေတြကို ရွာေဖြႏိုင္႐ုံမက ေဒသတြင္း ကစားသမားေတြနဲ႔ပါ တြဲဖက္ကစားခြင့္ရမယ့္ Object နဲ႔ Luffy တို႔ကို ေအာင္ျမင္ပါေစလို႔ Gaming Noodle မွ ဆုမြန္ေကာင္း ေတာင္းေပးအပ္ပါတယ္ ခင္ဗ်ာ။

#Jerry