[Unicode]

PUBG Mobile နဲ့ AOV အပါအဝင် App ၁၁၈ ခုကို ထပ်မံပိတ်ပင်လိုက်တဲ့ အိန္ဒိယအစိုးရ

 

တရုတ်နဲ့နိုင်ငံရေးတင်းမာမှုတွေကြောင့် ပြီးခဲ့တဲ့ဇွန်လကပဲ တရုတ်နိုင်ငံထုတ် App ၅၉ ကို ပိတ်ပင်ခဲ့တဲ့ အိန္ဒိယအစိုးရကတော့ ယခုတစ်ခါမှာလည်း PUBG Mobile နဲ့ Arena of Valor အပါအဝင် အခြားသော Mobile App ၁၁၈ ခုကို ထပ်မံပိတ်ပင်လိုက်ပြန်ပါပြီ။ အခုလိုပိတ်ပင်ရတဲ့အဓိကအကြောင်းအရင်းကတော့ အဆိုပါ App တွေဟာ အိန္ဒိယနိုင်ငံတွင်းက အသုံးပြုသူတွေရဲ့အချက်အလက်တွေကိုခိုးယူပြီး အခြားနိုင်ငံတွေမှာရှိတဲ့ ဆာဗာတွေဆီကို ဖြန့်ဝေနေတာကြောင့်ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံရဲ့ လျှပ်စစ်နဲ့နည်းပညာဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

Statement from India Government

တရုတ်နိုင်ငံရဲ့တည်ဆဲဥပဒေတွေအရ ပြည်တွင်းမှာရှိတဲ့ ဆော့ဖ်ဝဲနဲ့ နည်းပညာကုမ္ပဏီ သုံးစွဲသူတွေရဲ့အချက်အလက်ကို တရုတ်အစိုးရဆီပြန်လည်မျှဝေနေရပါတယ်။ အဲဒီအချက်ကြောင့်ပဲ တရုတ်နဲ့တင်းမာရှိတဲ့ နိုင်ငံတွေက နောက်ပိုင်းမှာ တရုတ်နိုင်ငံဆော့ဖ်ဝဲတွေကို အသုံးပြုခွင့်မပေးဘဲ ပိတ်ပင်လာကြတာပါ။ တရုတ်နိုင်ငံနဲ့ တင်းမာမှုအပြင်းထန်ဆုံး အမေရိကန်နိုင်ငံဟာလည်း ပြီးခဲ့တဲ့နှစ်ကမှ Google နဲ့ပူးပေါင်းကာ တရုတ်နိုင်ငံရဲ့အကြီးမားဆုံးစမတ်ဖုန်းကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ Huawei ကို ပိတ်ပင်ခဲ့ပါသေးတယ်။ ဒီဘက်နှစ်မှာတော့ အိန္ဒိယဟာ အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ စစ်ရေးအရ တင်းမာမှုတွေ ဖြစ်ခဲ့တာကြောင့် အမေရိကန်နည်းတူ တရုတ်နိုင်ငံအပေါ်ပိတ်ပင်မှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။

Banned App (118)
Part-1
Banned App (118)
Part-2

အိန္ဒိယနိုင်ငံဟာ အရှေ့တောင်အာရှမှာ လူကြိုက်အများဆုံး မိုဘိုင်း MOBA ဂိမ်းဖြစ်တဲ့ Mobile Legends: Bang Bang နဲ့ Clash of King အပါအဝင် App ၅၉ ခုကို ပထမဦးဆုံးအကြိမ် ပိတ်ပင်ခဲ့ပြီး စက်တင်ဘာ အရောက်မှာတော့ PUBG Mobile, PUBG Mobile Lite, Arena of Valor, Mafia City, Marvel Super War တို့လို့နာမည်ကြီးဂိမ်းတွေအပြင် WeChat Work, WeChat Reading, Baidu, Meitu အစရှိတဲ့ App ပေါင်း ၁၁၈ ခုကို ထပ်မံပိတ်ပင်လိုက်တာပဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ PUBG Mobile ကစားသမားအရေအတွက် အများဆုံးနိုင်ငံ (ဒေါင်းလုပ် ပြုလုပ်မှု ၁၇၅ သန်းကျော်) ဖြစ်တာကြောင့် အဆိုပါဂိမ်းကိုအမှီပြုနေရတဲ့ အသင်းပိုင်ရှင်တွေ၊ ပရော်ဖက်ရှင်နယ်ကစားသမားတွေ၊ ပြိုင်ပွဲစီစဉ်သူတွေ၊ Streamer တွေဟာလည်း တော်တော်ကိုများပြားလှပါတယ်။

Fnatic PUBG Mobile Team from India

အခုအချိန်မှာတော့ အိန္ဒိယနိုင်ငံက PUBG Mobile ကို ပိတ်ပင်လိုက်တာကြောင့် အဲဒီဂိမ်းကိုအမှီပြုနေရတဲ့သူတွေအတွက်တော့ ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပါပြီ။ ဒီအရွေ့ဟာ အိန္ဒိယနိုင်ငံရဲ့ Esports Industry အပေါ်မှာဘယ်လောက်အထိ ထိခိုက်မှုရှိနိုင်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် တော်တော်လေးအထိနာဖို့က သေချာသလောက်ရှိနေပြီပဲဖြစ်ပါတယ်။
Source~ afkgaming

================================================

[ZawGyi]

PUBG Mobile နဲ႔ AOV အပါအဝင္ App ၁၁၈ ခုကို ထပ္မံပိတ္ပင္လိုက္တဲ့ အိႏၵိယအစိုးရ

 

တ႐ုတ္နဲ႔ႏိုင္ငံေရးတင္းမာမႈေတြေၾကာင့္ ၿပီးခဲ့တဲ့ဇြန္လကပဲ တ႐ုတ္ႏိုင္ငံထုတ္ App ၅၉ ကို ပိတ္ပင္ခဲ့တဲ့ အိႏၵိယအစိုးရကေတာ့ ယခုတစ္ခါမွာလည္း PUBG Mobile နဲ႔ Arena of Valor အပါအဝင္ အျခားေသာ Mobile App ၁၁၈ ခုကို ထပ္မံပိတ္ပင္လိုက္ျပန္ပါၿပီ။ အခုလိုပိတ္ပင္ရတဲ့အဓိကအေၾကာင္းအရင္းကေတာ့ အဆိုပါ App ေတြဟာ အိႏၵိယႏိုင္ငံတြင္းက အသုံးျပဳသူေတြရဲ႕အခ်က္အလက္ေတြကိုခိုးယူၿပီး အျခားႏိုင္ငံေတြမွာရွိတဲ့ ဆာဗာေတြဆီကို ျဖန႔္ေဝေနတာေၾကာင့္ျဖစ္တယ္လို႔ အိႏၵိယႏိုင္ငံရဲ႕ လွ်ပ္စစ္နဲ႔နည္းပညာဝန္ႀကီးဌာနက တရားဝင္ထုတ္ျပန္ခဲ့ပါတယ္။

Statement from India Government

တ႐ုတ္ႏိုင္ငံရဲ႕တည္ဆဲဥပေဒေတြအရ ျပည္တြင္းမွာရွိတဲ့ ေဆာ့ဖ္ဝဲနဲ႔ နည္းပညာကုမၸဏီ သုံးစြဲသူေတြရဲ႕အခ်က္အလက္ကို တ႐ုတ္အစိုးရ ဆီျပန္လည္မွ်ေဝေနရပါတယ္။ အဲဒီအခ်က္ေၾကာင့္ပဲ တ႐ုတ္နဲ႔တင္းမာရွိတဲ့ ႏိုင္ငံေတြက ေနာက္ပိုင္းမွာ တ႐ုတ္ႏိုင္ငံေဆာ့ဖ္ဝဲေတြကို အသုံးျပဳခြင့္မေပးဘဲ ပိတ္ပင္လာၾကတာပါ။ တ႐ုတ္ႏိုင္ငံနဲ႔ တင္းမာမႈအျပင္းထန္ဆုံး အေမရိကန္ႏိုင္ငံဟာလည္း ၿပီးခဲ့တဲ့ႏွစ္ကမွ Google နဲ႔ပူးေပါင္းကာ တ႐ုတ္ႏိုင္ငံရဲ႕ အႀကီးမားဆုံးစမတ္ဖုန္းကုမၸဏီေတြထဲကတစ္ခုျဖစ္တဲ့ Huawei ကို ပိတ္ပင္ခဲ့ပါေသးတယ္။ ဒီဘက္ႏွစ္မွာေတာ့ အိႏၵိယဟာ အိမ္နီးခ်င္းတ႐ုတ္ႏိုင္ငံနဲ႔ စစ္ေရးအရ တင္းမာမႈေတြ ျဖစ္ခဲ့တာေၾကာင့္ အေမရိကန္နည္းတူ တ႐ုတ္ႏိုင္ငံအေပၚပိတ္ပင္မႈေတြ ျပဳလုပ္လာတာျဖစ္ပါတယ္။

Banned App (118)
Part-1
Banned App (118)
Part-2

အိႏၵိယႏိုင္ငံဟာ အေရွ႕ေတာင္အာရွမွာ လူႀကိဳက္အမ်ားဆုံး မိုဘိုင္း MOBA ဂိမ္းျဖစ္တဲ့ Mobile Legends: Bang Bang နဲ႔ Clash of King အပါအဝင္ App ၅၉ ခုကို ပထမဦးဆုံးအႀကိမ္ ပိတ္ပင္ခဲ့ၿပီး စက္တင္ဘာ အေရာက္မွာေတာ့ PUBG Mobile, PUBG Mobile Lite, Arena of Valor, Mafia City, Marvel Super War တို႔လို႔နာမည္ႀကီးဂိမ္းေတြအျပင္ WeChat Work, WeChat Reading, Baidu, Meitu အစရွိတဲ့ App ေပါင္း ၁၁၈ ခုကို ထပ္မံပိတ္ပင္လိုက္တာပဲျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံဟာ PUBG Mobile ကစားသမားအေရအတြက္ အမ်ားဆုံးႏိုင္ငံ (ေဒါင္းလုပ္ ျပဳလုပ္မႈ ၁၇၅ သန္းေက်ာ္) ျဖစ္တာေၾကာင့္ အဆိုပါဂိမ္းကိုအမွီျပဳေနရတဲ့ အသင္းပိုင္ရွင္ေတြ၊ ပေရာ္ဖက္ရွင္နယ္ကစားသမားေတြ၊ ၿပိဳင္ပြဲစီစဥ္သူေတြ၊ Streamer ေတြဟာလည္း ေတာ္ေတာ္ကိုမ်ားျပားလွပါတယ္။

Fnatic PUBG Mobile Team from India

အခုအခ်ိန္မွာေတာ့ အိႏၵိယႏိုင္ငံက PUBG Mobile ကို ပိတ္ပင္လိုက္တာေၾကာင့္ အဲဒီဂိမ္းကိုအမွီျပဳေနရတဲ့သူေတြအတြက္ေတာ့ ႀကီးမားတဲ့ထိုးႏွက္ခ်က္တစ္ခုျဖစ္လာခဲ့ပါၿပီ။ ဒီအေ႐ြ႕ဟာ အိႏၵိယႏိုင္ငံရဲ႕ Esports Industry အေပၚမွာဘယ္ေလာက္အထိ ထိခိုက္မႈရွိႏိုင္မလဲဆိုတာကို ေစာင့္ၾကည့္ရဦးမွာျဖစ္ေပမယ့္ ေတာ္ေတာ္ေလးအထိနာဖို႔က ေသခ်ာသေလာက္ရွိေနၿပီပဲျဖစ္ပါတယ္။
Source~ afkgaming