(English Version Below)

[Zawgyi]

ျမန္မာ PUBG Mobile အသင္းကိုေခၚယူခဲ့တဲ့ စင္ကာပူ အေျခစိုက္ Impunity Esports

 

Impunity Esports ဟာ မေန႔က သူတို႔အသင္းရဲ႕တရားဝင္ Facebook page ကေနၿပီးေတာ့ ျမန္မာႏိုင္ငံသား ၄ ေယာက္နဲ႔ ဖြဲ႕စည္းထားတဲ့ PUBG Mobile အသင္းကို ေၾကညာခဲ့ပါတယ္။

Impunity PUBG Mobile Myanmar

Impunity Esports ဆိုတာ စင္ကာပူအေျခစိုက္ Esports အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး ကမာၻေက်ာ္ ဂ်ာမဏီ ေဘာလံုးကလပ္ေဒါ့မြန္ ရဲ႕ ေဒသတြင္းပါတနာအဖြဲ႕အစည္းလည္း ျဖစ္ပါတယ္။ Impunity Esports မွာ ယခုဖြဲ႕စည္းလိုက္တဲ့ PUBG Mobile အသင္းအျပင္ CSGO, LOL, Fortnite နဲ႔ Vainglory အသင္းေတြလည္း ရွိေနပါေသးတယ္။ Impunity Esports ရဲ႕ Vainglory အသင္းဟာ ကမာၻ႔အဆင့္ နံပါတ္ ()ေနရာကို ၂ ႏွစ္ဆက္တိုက္ရရွိတဲ့အထိ ေအာင္ျမင္မႈေတြရရွိထားတာပါ။

Impunity Vainglory Singapore

2018 ခုႏွစ္ကတည္းက ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမဳပ္ႏွံမႈေတြ စတင္ျပဳလုပ္ေနတဲ့ Impunity Esports အသင္းဟာ လြန္ခဲ့တဲ့ေျခာက္လခန္႔က ျမန္မာကစားသမားမ်ားနဲ႔ဖြဲ႕စည္းထားတဲ့ CSGO အသင္းတစ္သင္းကိုလည္း ေခၚယူခဲ့ပါေသးတယ္။ Impunity CSGO အသင္းဟာလည္း လက္ရွိမွာလည္း ေအာင္ျမင္မႈမ်ားစြာရရွိေနၿပီး ျမန္မာႏိုင္ငံရဲ႕ ထိပ္သီးအသင္းတစ္သင္းအျဖစ္ ရပ္တည္ေနတဲ့အတြက္ ဒုတိယေျမာက္ ျမန္မာအသင္းအျဖစ္ PUBG Mobile အသင္းကို ဆက္လက္ေခၚယူခဲ့တာပဲ ျဖစ္ပါတယ္။

Synnex Myanmar Game Show 2019 CSGO Champion Impunity Esports

Impunity PUBG Mobile အသင္းဟာ မၾကာေသးမီက က်င္းပခဲ့တဲ့ 3rd American Trade Show PUBG Mobile Tournament မွာ အဆင့္ (၉) ရရွိခဲ့ၿပီး လက္ရွိက်င္းပေနတဲ့ Samsung Galaxy Challenge 2019 မွာလည္း Semi-final အဆင့္ကိုေရာက္ရွိေနပါၿပီ။ Semi-final အဆင့္ကို ျဖတ္ေက်ာ္ႏိုင္ခဲ့မယ္ဆိုရင္ေတာ့ Main Event Final မွာ Impunity PUBG Mobile အသင္းရဲ႕ ကစားပံုေတြကို အျပင္မွာ ၾကည့္႐ွဳခံစားႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း ကမာၻနဲ႔အညီ တရွိန္ထိုးတိုးတက္လာတဲ့ Electronic Sports (Esports) trend ေၾကာင့္ ျမန္မာႏိုင္ငံကို ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈေတြ အမ်ားအျပား စတင္ဝင္ေရာက္လာခဲ့ပါတယ္။ 2019 ႏွစ္ဆန္းပိုင္းမွာ ျမန္မာ Dota2 အသင္းတစ္သင္းျဖစ္တဲ့ Veterans အသင္းကို အိႏိၵယအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Reckoning Esports ကလည္း စာခ်ဳပ္ခ်ဳပ္ေခၚယူခဲ့ပါတယ္။ ေနာက္ပိုင္းမွာလည္း Impunity Esports ကဲ့သို႔ ျမန္မာႏိုင္ငံရဲ႕ Esports အခန္းက႑ကိုျမႇင့္တင္ေပးမယ့္ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈမ်ိဳးကိုလည္း ထပ္မံေမွ်ာ္လင့္ေနပါတယ္ ခင္ဗ်ာ။

====================================================
[Unicode]

မြန်မာ PUBG Mobile အသင်းကိုခေါ်ယူခဲ့တဲ့ စင်ကာပူ အခြေစိုက် Impunity Esports

 

Impunity Esports ဟာ မနေ့က သူတို့အသင်းရဲ့တရားဝင် Facebook page ကနေပြီးတော့ မြန်မာနိုင်ငံသား ၄ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ PUBG Mobile အသင်းကို ကြေညာခဲ့ပါတယ်။

Impunity PUBG Mobile Myanmar

Impunity Esports ဆိုတာ စင်ကာပူအခြေစိုက် Esports အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာကျော် ဂျာမဏီ ဘောလုံးကလပ် ဒေါ့မွန် ရဲ့ ဒေသတွင်းပါတနာအဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ Impunity Esports မှာ ယခုဖွဲ့စည်းလိုက်တဲ့ PUBG Mobile အသင်းအပြင် CSGO, LOL, Fortnite နဲ့ Vainglory အသင်းတွေလည်း ရှိနေပါသေးတယ်။ Impunity Esports ရဲ့ Vainglory အသင်းဟာ ကမ္ဘာ့အဆင့် နံပါတ် () နေရာကို ၂ နှစ်ဆက်တိုက်ရရှိတဲ့အထိ အောင်မြင်မှုတွေရရှိထားတာပါ။

Impunity Vainglory Singapore

2018 ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ စတင်ပြုလုပ်နေတဲ့ Impunity Esports အသင်းဟာ လွန်ခဲ့တဲ့ခြောက်လခန့်က မြန်မာကစားသမားများနဲ့ဖွဲ့စည်းထားတဲ့ CSGO အသင်းတစ်သင်းကိုလည်း ခေါ်ယူခဲ့ပါသေးတယ်။ Impunity CSGO အသင်းဟာလည်း လက်ရှိမှာလည်း အောင်မြင်မှုများစွာရရှိနေပြီး မြန်မာနိုင်ငံရဲ့ ထိပ်သီးအသင်းတစ်သင်းအဖြစ် ရပ်တည်နေတဲ့အတွက် ဒုတိယမြောက် မြန်မာအသင်းအဖြစ် PUBG Mobile အသင်းကို ဆက်လက်ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Synnex Myanmar Game Show 2019 CSGO Champion Impunity Esports

Impunity PUBG Mobile အသင်းဟာ မကြာသေးမီက ကျင်းပခဲ့တဲ့ 3rd American Trade Show PUBG Mobile Tournament မှာ အဆင့် (၉) ရရှိခဲ့ပြီး လက်ရှိကျင်းပနေတဲ့ Samsung Galaxy Challenge 2019 မှာလည်း Semi-final အဆင့်ကိုရောက်ရှိနေပါပြီ။ Semi-final အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင်တော့ Main Event Final မှာ Impunity PUBG Mobile အသင်းရဲ့ ကစားပုံတွေကို အပြင်မှာ ကြည့်ရှုခံစားနိုင်တော့မှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကမ္ဘာနဲ့အညီ တရှိန်ထိုးတိုးတက်လာတဲ့ Electronic Sports (Esports) trend ကြောင့် မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ အများအပြား စတင်ဝင်ရောက်လာခဲ့ပါတယ်။ 2019 နှစ်ဆန်းပိုင်းမှာ မြန်မာ Dota2 အသင်းတစ်သင်းဖြစ်တဲ့ Veterans အသင်းကို အိန္ဒိယအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Reckoning Esports ကလည်း စာချုပ်ချုပ်ခေါ်ယူခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း Impunity Esports ကဲ့သို့ မြန်မာနိုင်ငံရဲ့ Esports အခန်းကဏ္ဍကိုမြှင့်တင်ပေးမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမျိုးကိုလည်း ထပ်မံမျှော်လင့်နေပါတယ် ခင်ဗျာ။

===================================================

Singapore-based Impunity Esports signed all-Myanmar PUBG Mobile Team

 

Impunity Esports recently announced from their official Facebook page that they signed new PUBG Mobile team which is formed by four Burmese players.

Impunity PUBG Mobile Myanmar

Impunity Esports is a Singaporean organization which is also the regional partner of world-renowned German football club, Borussia Dortmund. Apart from PUBG Mobile, Impunity Esports has LOL, Fortnite, CSGO and Vainglory teams. Among them, their Vainglory team has the highest achievement with global rank (4) for two consecutive years.

Impunity Vainglory Singapore

Impunity Esports started their investment in Myanmar talents since 2018 and they also signed five Burmese players for their CSGO division earlier this year. Impunity CSGO had crowned many local tournaments after the acquisition and they now stand as a top CSGO team in Myanmar. That could be the reason why Impunity is expanding their second Esports team in Myanmar.

Synnex Myanmar Game Show 2019 CSGO Champion Impunity Esports

Impunity PUBG Mobile recently placed 9th in 3rd American Trade Show PUBG Mobile Tournament. They also advanced into semi-final stage of Samsung Galaxy Challenge 2019, the biggest local PUBG Mobile tournament so far. They need to prove themselves and fight their way to book a ticket to LAN finals.

Since last year, Myanmar Esports industry has been booming and caught the eyes of many foreign investors. Earlier this year, a Myanmar Dota 2 team “Veterans” was signed by Indian organization “Reckoning Esports” and now the players are bootcamping at Mumbai. Like Impunity and Reckoning esports, we welcome other foreign investment which can develop Myanmar Esports community and build a career for Esports enthusiasts.

 

Source : Impunity website & Facebook
#Impunity #Esports #Singapore #Myanmar #PUBGMobile #CSGO