[Unicode]

DPC ပြိုင်ပွဲတွေမစခင်အထိ အနားယူသွားမယ့် iceiceice

 

Fnatic အသင်းရဲ့ Offlaner ကြီးကတော့ အွန်လိုင်းပြိုင်ပွဲတွေတော်တော်လေးကိုကို ငြီးငွေ့လာတဲ့ပုံပါပဲ။ IceIceIce ဟာ နောက်ထပ်ကျင်းပမယ့် ဘယ်အွန်လိုင်းပြိုင်ပွဲတွေကိုမှ ဝင်ရောက်ယှဉ်ပြိုင်တော့မှာမဟုတ်ဘဲ Valve ကဦးစီးကျင်းပတဲ့ DPC ပြိုင်ပွဲတွေပြန်လာတဲ့အထိ အနားယူသွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Fnatic အသင်းက တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Fnatic ဟာ ထိုသတင်းကို ESL One Thailand 2020: Asia ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခံရတဲ့သတင်းနဲ့အတူ ကြေညာခဲ့တာဖြစ်ပြီး IceIceIce နေရာမှာ ကိုရီးယားကစားသမား FoRev ကိုယာယီအစားထိုးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Fnatic ဟာ သိပ်မကြာသေးခင်ကမှ အသင်းရဲ့အသက်ငယ်ဆုံးကစားသမားလည်းဖြစ် Position 1 ကစားသမားလည်းဖြစ်တဲ့ 23savage ကိုအသင်းကနေထုတ်ပယ်ခဲ့ပြီး Geek Fam အသင်းမှာကစားလျက်ရှိတဲ့ Raven ကိုခေါ်ယူခဲ့ပါသေးတယ်။ အဲဒါကြောင့် ဩဂုတ်လ ၂၀ ရက်နေ့မှာစတင်ကျင်းပမယ့် ESL One Thailand 2020: Asia ပြိုင်ပွဲမှာ ကစားသမားအသစ် ၂ ဦးနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်သွားရတော့မှာပါ။

အဆိုပါ ESL One Thailand ပြိုင်ပွဲဟာ ဆုကြေးငွေ ဒေါ်လာ ၁၃၅၀၀၀ ချီးမြှင့်မယ့် ပြိုင်ပွဲဖြစ်တာကြောင့် အွန်လိုင်းပြိုင်ပွဲတစ်ခုအတွက်တော့ မနည်းလှတဲ့ဆုကြေးလို့ဆိုရမှာဖြစ်ပါတယ်။ Fnatic အသင်းဟာ Region တူပြိုင်ဘက်တွေဖြစ်တဲ့ Geek Fam, TNC Predator, BOOM Esports နဲ့ T1 အသင်းတွေနဲ့အတူ တိုက်ရိုက် ဖိတ်ခေါ်ခံခဲ့ရတာဖြစ်ပြီး RNG နဲ့ Sparking Arrow Gaming တို့လို တရုတ်အသင်းကောင်းတွေလည်း ပါဝင်တာကြောင့် ပြိုင်ဆိုင်မှုကတော့ ပြင်းထန်ဦးမှာပါ။ ESL One Thailand 2020 ပြိုင်ပွဲဟာ ESL နဲ့ ထိုင်းနိုင်ငံအားကစား ဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပတဲ့ပြိုင်ပွဲဖြစ်ပြီး Asia နဲ့ America Region နှစ်ခုပေါင်း ဆုကြေးငွေဒေါ်လာ ၂၀၀,၀၀၀ ချီးမြှင့်သွားမယ့်ပြိုင်ပွဲလည်းဖြစ်ပါတယ်။

ဒီနှစ် DPC Season ရဲ့ နောက်ဆုံး Major ဖြစ်တဲ့ DreamLeague Season 13: The Leipzig Major အပြီးမှာ Fnatic အသင်းအနေနဲ့ အွန်လိုင်းပြိုင်ပွဲပေါင်း ၇ ပွဲတိတိဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲ ၅ ခုဆက်တိုက်ဗိုလ်စွဲခဲ့ကာ နောက်ဆုံးပြိုင်ပွဲ ၂ ခုမှာလည်း တတိယနဲ့ ဒုတိယနေရာတွေရရှိခဲ့ပါသေးတယ်။ မကြာခင်ကျင်းပတော့မယ့် ESL One Thailand 2020: Asia ပြိုင်ပွဲဟာ ကစားသမားအသစ် ၂ ဦးနဲ့ဝင်ရောက်ယှဉ်ပြိုင်ရမယ့် Fnatic အတွက်တော့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး အရင်ပြိုင်ပွဲတွေမှာလိုပဲ ရလဒ်ကောင်းတွေဆက်လက်ရယူနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Ref~ liquipedia, afkgaming


[ZawGyi]

DPC ၿပိဳင္ပြဲေတြမစခင္အထိ အနားယူသြားမယ့္ iceiceice

 

Fnatic အသင္းရဲ႕ Offlaner ႀကီးကေတာ့ အြန္လိုင္းၿပိဳင္ပြဲေတြေတာ္ေတာ္ေလးကိုကို ၿငီးေငြ႕လာတဲ့ပုံပါပဲ။ IceIceIce ဟာ ေနာက္ထပ္က်င္းပမယ့္ ဘယ္အြန္လိုင္းၿပိဳင္ပြဲေတြကိုမွ ဝင္ေရာက္ယွဥ္ၿပိဳင္ေတာ့မွာမဟုတ္ဘဲ Valve ကဦးစီးက်င္းပတဲ့ DPC ၿပိဳင္ပြဲေတြျပန္လာတဲ့အထိ အနားယူသြားမွာျဖစ္တယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ Fnatic အသင္းက တရားဝင္ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ Fnatic ဟာ ထိုသတင္းကို ESL One Thailand 2020: Asia ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ဖိတ္ေခၚခံရတဲ့သတင္းနဲ႔အတူ ေၾကညာခဲ့တာျဖစ္ၿပီး IceIceIce ေနရာမွာ ကိုရီးယားကစားသမား FoRev ကိုယာယီအစားထိုးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

Fnatic ဟာ သိပ္မၾကာေသးခင္ကမွ အသင္းရဲ႕အသက္ငယ္ဆုံးကစားသမားလည္းျဖစ္ Position 1 ကစားသမားလည္းျဖစ္တဲ့ 23savage ကိုအသင္းကေနထုတ္ပယ္ခဲ့ၿပီး Geek Fam အသင္းမွာကစားလ်က္ရွိတဲ့ Raven ကိုေခၚယူခဲ့ပါေသးတယ္။ အဲဒါေၾကာင့္ ဩဂုတ္လ ၂၀ ရက္ေန႔မွာစတင္က်င္းပမယ့္ ESL One Thailand 2020: Asia ၿပိဳင္ပြဲမွာ ကစားသမားအသစ္ ၂ ဦးနဲ႔အတူဝင္ေရာက္ယွဥ္ၿပိဳင္သြားရေတာ့မွာပါ။

အဆိုပါ ESL One Thailand ၿပိဳင္ပြဲဟာ ဆုေၾကးေငြ ေဒၚလာ ၁၃၅၀၀၀ ခ်ီးျမႇင့္မယ့္ ၿပိဳင္ပြဲျဖစ္တာေၾကာင့္ အြန္လိုင္းၿပိဳင္ပြဲတစ္ခုအတြက္ေတာ့ မနည္းလွတဲ့ဆုေၾကးလို႔ဆိုရမွာျဖစ္ပါတယ္။ Fnatic အသင္းဟာ Region တူၿပိဳင္ဘက္ေတြျဖစ္တဲ့ Geek Fam, TNC Predator, BOOM Esports နဲ႔ T1 အသင္းေတြနဲ႔အတူ တိုက္႐ိုက္ ဖိတ္ေခၚခံခဲ့ရတာျဖစ္ၿပီး RNG နဲ႔ Sparking Arrow Gaming တို႔လို တ႐ုတ္အသင္းေကာင္းေတြလည္း ပါဝင္တာေၾကာင့္ ၿပိဳင္ဆိုင္မႈကေတာ့ ျပင္းထန္ဦးမွာပါ။ ESL One Thailand 2020 ၿပိဳင္ပြဲဟာ ESL နဲ႔ ထိုင္းႏိုင္ငံ အားကစားဝန္ႀကီးဌာန တို႔ပူးေပါင္းက်င္းပတဲ့ၿပိဳင္ပြဲျဖစ္ၿပီး Asia နဲ႔ America Region ႏွစ္ခုေပါင္း ဆုေၾကးေငြေဒၚလာ ၂၀၀,၀၀၀ ခ်ီးျမႇင့္သြားမယ့္ၿပိဳင္ပြဲလည္းျဖစ္ပါတယ္။

ဒီႏွစ္ DPC Season ရဲ႕ ေနာက္ဆုံး Major ျဖစ္တဲ့ DreamLeague Season 13: The Leipzig Major အၿပီးမွာ Fnatic အသင္းအေနနဲ႔ အြန္လိုင္းၿပိဳင္ပြဲေပါင္း ၇ ပြဲတိတိဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ၿပိဳင္ပြဲ ၅ ခုဆက္တိုက္ဗိုလ္စြဲခဲ့ကာ ေနာက္ဆုံးၿပိဳင္ပြဲ ၂ ခုမွာလည္း တတိယနဲ႔ ဒုတိယေနရာေတြရရွိခဲ့ပါေသးတယ္။ မၾကာခင္က်င္းပေတာ့မယ့္ ESL One Thailand 2020: Asia ၿပိဳင္ပြဲဟာ ကစားသမားအသစ္ ၂ ဦးနဲ႔ဝင္ေရာက္ယွဥ္ၿပိဳင္ရမယ့္ Fnatic အတြက္ေတာ့ စိန္ေခၚမႈတစ္ရပ္ျဖစ္ၿပီး အရင္ၿပိဳင္ပြဲေတြမွာလိုပဲ ရလဒ္ေကာင္းေတြဆက္လက္ရယူႏိုင္မလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

Ref~ liquipedia, afkgaming