[Unicode]

Dota 2 ကစားသမား Iceiceice ဧ။် offlane သင်ခန်းစာများ ထွက်ရှိမည်

 

လန်ဒန်အခြေစိုက် Esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Fnatic ဟာ Esports အွန်လိုင်းဂိမ်း သင်ခန်းစာ ဗီဒီယိုများကို ပြုလုပ်ဖန်တီးတဲ့ GamerzClass ကုမ္ပဏီနဲ့ ပူးပေါင်းလိုက်ကြောင်း ပြီးခဲ့တဲ့လ အစောပိုင်းတုန်းကတော့ ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ပူးပေါင်းမှုရဲ့ ခြေလှမ်းတစ်ခုအနေနဲ့ ထွက်ရှိလာခဲ့တဲ့ Fnatic အသင်းသား FIFA ကစားသမား Tekkz ရဲ့ သင်ခန်းစာဗီဒီယိုများဟာလည်း GamerzClass ဝက်ဘ်ဆိုက်ပေါ်မှာ ရောက်ရှိလို့နေပါပြီ။

ယခုလည်း Fnatic အသင်းသား Dota 2 ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးဖြစ်တဲ့ Iceiceice ရဲ့ သင်ခန်းစာဗီဒီယိုများကို GamerzClass ပေါ်မှာ လေ့လာနိုင်တော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အပိုင်းစုစုပေါင်း ၁၇ ခု ပါဝင်မယ့် ယင်းသင်ခန်းစာများထဲမှာတော့ Iceiceice ဟာ သူ ကစားနေကျ Dota 2 role တစ်ခုဖြစ်တဲ့ offlaner အဖြစ် ကစားပုံကစားနည်းများကို အဓိကရှင်းလင်းသင်ကြားပေးသွားမှာပါ။

GamerzClass ရဲ့ ဖော်ပြချက်အရတော့ ဒီသင်ခန်းစာများဟာ လေ့လာသူများရဲ့ Dota 2 ဂိမ်းအပေါ်ကျွမ်းကျင်မှုနဲ့ MMR တို့ကို မြှင့်တင်ပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တစ်ဖက်အသင်းရဲ့ carry ကို offlaner အဖြစ် အပြင်းအထန်နှောင့်ယှက်နိုင်ဖို့၊ position 3 ကစားသမားနေရာကနေ အပေါင်း ၂၅ MMR ရရှိစေနိုင်ဖို့ အစရှိသဖြင့် ကူညီပေးမှာဖြစ်သလို Iceiceice ရဲ့ လျှို့ဝှက်နည်းလမ်းများကိုလည်း သင်ယူလေ့လာနိုင်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

သင်ခန်းစာဗီဒီယိုများထဲမှာ Iceiceice အဓိကပြောကြားသွားမယ့်အကြောင်းအရာများကတော့ offlane ကစားပုံကစားနည်း၊ လမ်းပေါ်မှာ တစ်ဖက် carry ကို ရင်ဆိုင်နည်း၊ အချိန်ကိုက် ကစားဟန်များ၊ ဟီးရိုးရွေးချယ်နည်း၊ တစ်ဖက်အသင်းကို စတင်တိုက်ခိုက်နည်း၊ အသင်း ၂ သင်းရင်ဆိုင်စဉ် လုပ်ဆောင်ရမည့်အရာများ စ တာတွေပဲဖြစ်ပါတယ်။

Iceiceice ဟာ Warcraft III Dota ခေတ် ၂၀၀၅ ခုနှစ်ထဲက ကစားသမားဘဝကို စတင်ခဲ့သူဖြစ်သလို Dota 2 ခေတ်မှာလည်း The International ပွဲကြီးများကို မကြာခဏတက်ရောက်ကစားနိုင်ခဲ့သူတစ်ဦးပါ။ MYM, Vici Gaming, Team DK, EHOME, Mineski စတဲ့ ပရိသတ်အကြိုက် ရေပန်းစားခဲ့တဲ့အသင်းကြီးများမှာ ကစားခဲ့ဖူးသလို လက်ရှိမှာလည်း Fnatic အသင်းက အားထားရတဲ့ Dota 2 ကစားသမားတစ်ဦးဖြစ်ပါတယ်။

Iceiceice in Team DK

လာမယ့် မေလမှာထွက်ရှိမယ့် Iceiceice ရဲ့ သင်ခန်းစာဗီဒီယိုများကို ၄၉ ဒေါ်လာ အစား ဒေါ်လာ ၃၀ နဲ့ ကြိုတင်မှာယူနိုင်နေပြီဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။ Iceiceice ဟာ Dota 2 ရဲ့ အထင်ကရ offlane ကစားသမားတစ်ဦးဖြစ်တာမို့ သူကိုယ်တိုင် ပါဝင်သင်ကြားမယ့် သင်ခန်းစာများ ထွက်ရှိလာမှာဖြစ်ကြောင်း Dota 2 ပရိသတ်များအတွက် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

https://gamerzclass.com/courses/iceiceice-teaches-dota-2-offlane?fbclid=IwAR2CebRYUWHo1iCjYN-jvChrNLbqiCUkmbJOU3xel_yLB_5DNpzIogZ5P0M

source: gamerzclass, iceiceice liquipedia


[ZawGyi]

Dota 2 ကစားသမား Iceiceice ဧ။္ offlane သင္ခန္းစာမ်ား ထြက္ရွိမည္

 

လန္ဒန္အေျခစိုက္ Esports အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Fnatic ဟာ Esports အြန္လိုင္းဂိမ္း သင္ခန္းစာ ဗီဒီယိုမ်ားကို ျပဳလုပ္ဖန္တီးတဲ့ GamerzClass ကုမၸဏီနဲ႔ ပူးေပါင္းလိုက္ေၾကာင္း ၿပီးခဲ့တဲ့လ အေစာပိုင္းတုန္းကေတာ့ ေၾကညာခဲ့ၿပီးျဖစ္ပါတယ္။ ပူးေပါင္းမႈရဲ႕ ေျခလွမ္းတစ္ခုအေနနဲ႔ ထြက္ရွိလာခဲ့တဲ့ Fnatic အသင္းသား FIFA ကစားသမား Tekkz ရဲ႕ သင္ခန္းစာဗီဒီယိုမ်ားဟာလည္း GamerzClass ဝက္ဘ္ဆိုက္ေပၚမွာ ေရာက္ရွိလို႔ေနပါၿပီ။

ယခုလည္း Fnatic အသင္းသား Dota 2 ပေရာ္ဖက္ရွင္နယ္ ကစားသမားတစ္ဦးျဖစ္တဲ့ Iceiceice ရဲ႕ သင္ခန္းစာဗီဒီယိုမ်ားကို GamerzClass ေပၚမွာ ေလ့လာႏိုင္ေတာ့မွာျဖစ္ေၾကာင္း ေၾကညာလိုက္ပါတယ္။ အပိုင္းစုစုေပါင္း ၁၇ ခု ပါဝင္မယ့္ ယင္းသင္ခန္းစာမ်ားထဲမွာေတာ့ Iceiceice ဟာ သူ ကစားေနက် Dota 2 role တစ္ခုျဖစ္တဲ့ offlaner အျဖစ္ ကစားပုံကစားနည္းမ်ားကို အဓိကရွင္းလင္းသင္ၾကားေပးသြားမွာပါ။

GamerzClass ရဲ႕ ေဖာ္ျပခ်က္အရေတာ့ ဒီသင္ခန္းစာမ်ားဟာ ေလ့လာသူမ်ားရဲ႕ Dota 2 ဂိမ္းအေပၚကြၽမ္းက်င္မႈနဲ႔ MMR တို႔ကို ျမႇင့္တင္ေပးႏိုင္မယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ တစ္ဖက္အသင္းရဲ႕ carry ကို offlaner အျဖစ္ အျပင္းအထန္ေႏွာင့္ယွက္ႏိုင္ဖို႔၊ position 3 ကစားသမားေနရာကေန အေပါင္း ၂၅ MMR ရရွိေစႏိုင္ဖို႔ အစရွိသျဖင့္ ကူညီေပးမွာျဖစ္သလို Iceiceice ရဲ႕ လွ်ိဳ႕ဝွက္နည္းလမ္းမ်ားကိုလည္း သင္ယူေလ့လာႏိုင္မွာျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

သင္ခန္းစာဗီဒီယိုမ်ားထဲမွာ Iceiceice အဓိကေျပာၾကားသြားမယ့္အေၾကာင္းအရာမ်ားကေတာ့ offlane ကစားပုံကစားနည္း၊ လမ္းေပၚမွာ တစ္ဖက္ carry ကို ရင္ဆိုင္နည္း၊ အခ်ိန္ကိုက္ ကစားဟန္မ်ား၊ ဟီး႐ိုးေ႐ြးခ်ယ္နည္း၊ တစ္ဖက္အသင္းကို စတင္တိုက္ခိုက္နည္း၊ အသင္း ၂ သင္းရင္ဆိုင္စဥ္ လုပ္ေဆာင္ရမည့္အရာမ်ား စ တာေတြပဲျဖစ္ပါတယ္။

Iceiceice ဟာ Warcraft III Dota ေခတ္ ၂၀၀၅ ခုႏွစ္ထဲက ကစားသမားဘဝကို စတင္ခဲ့သူျဖစ္သလို Dota 2 ေခတ္မွာလည္း The International ပြဲႀကီးမ်ားကို မၾကာခဏတက္ေရာက္ကစားႏိုင္ခဲ့သူတစ္ဦးပါ။ MYM, Vici Gaming, Team DK, EHOME, Mineski စတဲ့ ပရိသတ္အႀကိဳက္ ေရပန္းစားခဲ့တဲ့အသင္းႀကီးမ်ားမွာ ကစားခဲ့ဖူးသလို လက္ရွိမွာလည္း Fnatic အသင္းက အားထားရတဲ့ Dota 2 ကစားသမားတစ္ဦးျဖစ္ပါတယ္။

Iceiceice in Team DK

လာမယ့္ ေမလမွာထြက္ရွိမယ့္ Iceiceice ရဲ႕ သင္ခန္းစာဗီဒီယိုမ်ားကို ၄၉ ေဒၚလာ အစား ေဒၚလာ ၃၀ နဲ႔ ႀကိဳတင္မွာယူႏိုင္ေနၿပီျဖစ္ေၾကာင္းကိုလည္း ေဖာ္ျပထားပါတယ္။ Iceiceice ဟာ Dota 2 ရဲ႕ အထင္ကရ offlane ကစားသမားတစ္ဦးျဖစ္တာမို႔ သူကိုယ္တိုင္ ပါဝင္သင္ၾကားမယ့္ သင္ခန္းစာမ်ား ထြက္ရွိလာမွာျဖစ္ေၾကာင္း Dota 2 ပရိသတ္မ်ားအတြက္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

https://gamerzclass.com/courses/iceiceice-teaches-dota-2-offlane?fbclid=IwAR2CebRYUWHo1iCjYN-jvChrNLbqiCUkmbJOU3xel_yLB_5DNpzIogZ5P0M

source: gamerzclass, iceiceice liquipedia