Dota2 မှာ လူမုန်းအများဆုံး Techies ကို ဘယ်လို Counter မလဲ

 

Techies ဆိုတာ dota မှာ လူမုန်းအများဆုံး hero တစ်ကောင် လို့ပြောမယ်ဆိုရင် မှားမယ်မထင်ပါဘူးခင်ဗျ။ Techies ဟာဆိုရင် High magical hero တစ်ကောင်ဖြစ်ပါတယ်။ သူ့ရဲ့ Stasis trap, land mine, နဲ့ remote mine combo ဟာဆိုရင် early game ရော late game မှာပါတော်တော် နာပါတယ်။ အဲဒီတော့ လူတိုင်းခံစားရခက် နေတဲ့ ဒီ Techies ကို ဘယ်လို counter ကြမလဲ ဆိုတာ အောက်မှာ ဆက်ကြည့်လိုက်ကြ ရအောင်ဗျာ။

1. Range heroes
Techies ရဲ့ land mines တွေ remote mines ကို ဖျက်ချင်တယ် ဆိုလို့ရှိရင်တော့ range hero တွေက လွယ်ကူစေမှာပါ။ Land mines ကတော့ melee hero နဲ့ အဆင်ပြေလောက်ပေမယ့် remote mines ကတော့ range နဲ့ မှ အဆင်ပြေမှာ ပါ။

2. Detection
Techies ပါတဲ့ team ကို tower ချိုးတော့မယ် ဆိုရင် sentry လေးတစ်ချောင်းတော့ အရင်စိုက်သင့်ပါတယ်။

3. High ground
လှေကား အတက်အဆင်းတွေဟာ techies player တွေရဲ့ အကြိုက်ပါပဲ။ အဲဒီ့တော့ အဲလိုနေရာမျိုးတွေ သွားမယ်ဆိုရင် Blink ဖြစ်စေ force staff နဲ့ ဘေးက ကျော်တက်တာမျိုး ဖြစ်စေ လုပ်ပြီး မှ mine ကို ပြန်ဖျက်ပါ။

4. Illusion heroes
TB, Naga, lancer အစရှိတဲ့ illusion hero တွေက land mine ရှင်းတဲ့ အခါမှာ လွယ်ကူစေပါတယ်။ ဒါတင်မက nature prophet တို့ enigma တို့လို့ summoned unit တွေနဲ့ လဲ ရှင်းလို့ရပါသေးတယ်။

5. Early Gem and Push
Techies player တွေ base def နိုင်ဖို့က အချိန်လိုပါတယ်။ အဲတာ ကို ကိုယ့်ဘက်က သာနေတယ်ဆိုရင် mine ထောင်ဖို့အချိန်မပေးဘဲ drow luna တို့နဲ့ early push ပါ။ အဲလို push တဲ့နေရာမှာ sentry or gem ပါပါစေ။

6. Aegis and BKB
Aegis နဲ့ push ပါ။ များသောအားဖြင့် mine က အကုန်ခွဲတာ ပါ ။ Mine ကွဲလိုတစ်သက်သေရင်တောင်မှ ပြန်ထလာပြီး tower ရိုက်လို့ရပါတယ်။ ဒါမှမဟုတ်လဲ BKB နဲ့ချိုးပါ။

ကဲအားလုံးလဲ ဒီလောက်ဆိုရင် တော့ techies နဲ့ gameမှာတွေ့ရင် ပြန်ဆော်နိုင်လောက်ပြီ လို့ထင်ပါတယ်။ ပြီးရင် တော့ နိုင်နိုင်ရှုံးရှုံး Report လေးကျွေးခဲ့ဖို့လဲ မမေ့ပါနဲ့ ။
[email protected]