[Unicode]

CS:GO Support ကစားသမားကောင်း တစ်ယောက်ဖြစ်ဖို့ ဘယ်လို လေ့ကျင့်နိုင်မလဲ?

 

အရင်အပါတ်တုန်းက CS:GO Support Player ဆိုတာကို အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပြီးပြီဆိုတော့ ဒုတိယပိုင်အနေနဲ့ Support ကစား‌‌ တော့မယ်ဆိုရင်ဘာ‌တွေ လုပ်သင့်လုပ်ထိုက်လဲဆိုတာကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။  (ပထမပိုင်းကို ဒီ Link မှာ ဖတ်ရှုနိုင်ပါတယ်)

ဘယ်သူတွေ support ကစားနိုင်မလဲ?

လူတိုင်းကစားနိုင်ပါတယ်။ ဗုံးပစ်တတ်တဲ့သူဖြစ်ဖြစ် သယ်တဲ့သူဖြစ်ဖြစ်ဆော့လို့ရပါတယ်။ ဒါပေမယ့် Support player တစ်ယောက်ဆိုရင်တော့ ဗုံးလည်းပစ်တတ်ရမှာဖြစ်သလို ဂိမ်းကိုလည်း ကောင်းကောင်း နားလည်ဖတ်တတ်ဖို့ အရေးကြီးပါတယ်။ အဲ့ဒါမှသာ ခက်ခဲတဲ့ အခြေအနေတွေမှာ ရုန်းထွက်နိုင်မှာပါ။

သင့်အသင်းမှာ support type လိုအပ်နေပြီဆိုရင်တော့ ဂိမ်းကိုကောင်းကောင်းဖတ်တတ်ပြီး ကစားပုံအလိုက် ပြောင်းလဲပြီး‌ ဆော့တတ်တဲ့သူထဲက ရှာသင့်ပါတယ်။ Gameအကြောင်းကို ကောင်းကောင်း နားလည်ပြီး အသင်းကို ဦးစားပေးတတ်တဲ့သူတွေဆို ပိုလို့တောင် အဆင်ပြေမှာပါ။ ဒီလိုကစားသမားမျိုးက လုံးဝကို အဖိုးတန် ရှားပါးတဲ့ ကစားသမားပါပဲ။ ဘာလို့လဲဆိုတော့ Empty Server မှာ ဘယ်သူမှ အားအားယားယား ဗုံးထိုင်‌ပစ်တာ ကျင့်နေဖို့ တော်တော်ခက်တာ မို့လို့ပါပဲ။

Support player တွေဟာအမြဲတမ်း ဗုံးပစ်ကျင့်နေတဲ့အတွက် သူတို့မှာ Strategies အသစ်တွေရပြီး အသင်းကို ကူညီထောက်ပံ့ပေးနိုင်ပါတယ်။Support player တွေဟာ တကယ်အရေးပါတဲ့သူတွေပါပဲ။ Band တစ်ခုက Bass player လိုပါပဲ။ ဒါပေမယ့် ထင်သလောက် အသိအမှတ်အပြုမခံရပါဘူး။ အပေါ်မှာ ပြောထားတဲ့ Skills တွေသာရှိရင်တော့ သင့်ကိုယ်သင် Support ဆော့နိုင်ပြီလို့ သတ်မှတ်လို့ရပါတယ်။

ဘယ်လိုလေ့ကျင့်မလဲ?

CS:GO ကလေ့ကျင့်ဖို့ နည်းတွေ အများကြီးရှိပါတယ်။ ပထမဆုံးကတော့ ခင်ဗျား သေနတ်ကောင်းကောင်း မပစ်တတ်ဘူးဆိုရင်တော့ CS:GO player မဖြစ်နိုင်ပါဘူး။ အကောင်းဆုံးကတော့ လေ့ကျင့်မယ်ဆို Empty Map မှာ သွားကျင့်ဖို့ပါပဲ။ ကိုယ့်သူငယ်ချင်း တစ်ယောက်ယောက် ရှိမယ်ဆိုရင်တော့ သူ့ကိုပါ ခေါ်ပြီး Position တစ်ခုမှာနေခိုင်းထားပြီး စိတ်ကြိုက်ဗုံးပစ်တာ စမ်းလို့ရပါပြီ။

လေ့ကျင့်မယ်ဆိုရင်တော့ 128 tick server မှာရှိနေဖို့ လိုပါတယ်။ 64 tickrate မှာတော့ ဗုံးပစ်ရတာ အနည်းငယ် ခြားနားမှု ရှိနိုင်ပါတယ်။ Retake servers လိုမျိုးမှာ ကြိုးစားရင်တော့ ပိုအဆင်ပြေပါတယ်။ အဲ့ server မှာ terrorists က bomb site မှာ bomb နဲ့ spawn ဖြစ်ပြီး CT က တခြား retake တခြား position မှာပါ ဘယ် weapon နဲ့ spawn ဖြစ်မလဲပါ ရွေးလို့ရပါတယ်။ အဲ့တာကြောင့် ဒီလိုနေရာမျိုးဟာ ဗုံးပစ်ကျင့်ဖို့ အကောင်းဆုံးပါပဲ။

ရွေးချယ်ရခက်တဲ့အချိန်မှာလည်း ဆုံးဖြတ်ရတာ လွယ်ကူစေပါတယ်။ ဥပမာ 1vs1 situation တို့ဘာတို့မှာ မျိုးဆို Training လုပ်တုန်းက ကိုယ်ကြုံ‌‌တွေ့ခဲ့ ပြီးသားဆိုရင် အေးဆေး ကျော်ဖြတ်နိုင်မှာပါ။

Pros တွေရဲ့ Clip တွေကြည့်ပါ

Xyp9x & KRIMZ

နောက်တစ်ခုလုပ်သင့်တာက Pros တွေရဲ့ Stream တွေကိုကြည့်တာပါ။ ဒီလို Streams တွေ Demos တွေကိုကြည့်ရင် မတူတဲ့အမြင်တွေကို ရရှိစေမှာဖြစ်ပြီး ကစားရတာပိုအဆင်ပြေစေမှာပါ။ ကြည့်သင့်တဲ့ Pro တွေကတော့ Freddy ‘KRIMZ’ Johansson(Fnatic) နဲ့ Andreas ‘Xyp9x’ Hojsleth(Astralis) တို့ဖြစ်ပါတယ်။ ဒီနှစ်‌ယောက်ရဲ့ ကစားကွက်ကို ကောင်းကောင်းလေ့လာရင် တော်တော်လေး အဆင်ပြေပြီလို့ ပြောလို့ရပါတယ်။

By KaeKae (Zaw Yair Naung)

KaeKae (Page-Kae2 CSGO) ဟာ ပြည်တွင်းနာမည်ကျော် CSGO Pro တစ်ယောက်ဖြစ်ပြီး မြန်မာပြည် ထိပ်တန်း CSGO အသင်းတွေဖြစ်တဲ့ Alter-Howl, B-Beast နဲ့ Impunity Esports တို့မှာ ကစားဖူးတဲ့ အတွေ့အကြုံများ ရှိသူ တစ်ဦးပါ။ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး World Electronic Sports Games (WESG) 2019 SEA Finals ကို မလေးရှားနိုင်ငံမှာလည်း သွားရောက်ယှဉ်ပြိုင်ဖူးပါတယ်။


[ZawGyi]

CS:GO Support ကစားသမားေကာင္း တစ္ေယာက္ျဖစ္ဖို႔ ဘယ္လို ေလ့က်င့္ႏိုင္မလဲ?

 

အရင္အပါတ္တုန္းက CS:GO Support Player ဆိုတာကို အဓိပၸါယ္ ဖြင့္ဆိုခဲ့ၿပီးၿပီဆိုေတာ့ ဒုတိယပိုင္အေနနဲ႔ Support ကစား‌‌ ေတာ့မယ္ဆိုရင္ဘာ‌ေတြ လုပ္သင့္လုပ္ထိုက္လဲဆိုတာကို ဆက္လက္ေဖာ္ျပေပးလိုက္ပါတယ္။ (ပထမပိုင္းကို ဒီ Link မွာ ဖတ္ရႈႏိုင္ပါတယ္)

ဘယ္သူေတြ support ကစားႏိုင္မလဲ?

လူတိုင္းကစားႏိုင္ပါတယ္။ ဗုံးပစ္တတ္တဲ့သူျဖစ္ျဖစ္ သယ္တဲ့သူျဖစ္ျဖစ္ေဆာ့လို႔ရပါတယ္။ ဒါေပမယ့္ Support player တစ္ေယာက္ဆိုရင္ေတာ့ ဗုံးလည္းပစ္တတ္ရမွာျဖစ္သလို ဂိမ္းကိုလည္း ေကာင္းေကာင္း နားလည္ဖတ္တတ္ဖို႔ အေရးႀကီးပါတယ္။ အဲ့ဒါမွသာ ခက္ခဲတဲ့ အေျခအေနေတြမွာ ႐ုန္းထြက္ႏိုင္မွာပါ။

သင့္အသင္းမွာ support type လိုအပ္ေနၿပီဆိုရင္ေတာ့ ဂိမ္းကိုေကာင္းေကာင္းဖတ္တတ္ၿပီး ကစားပုံအလိုက္ ေျပာင္းလဲၿပီး‌ ေဆာ့တတ္တဲ့သူထဲက ရွာသင့္ပါတယ္။ Gameအေၾကာင္းကို ေကာင္းေကာင္း နားလည္ၿပီး အသင္းကို ဦးစားေပးတတ္တဲ့သူေတြဆို ပိုလို႔ေတာင္ အဆင္ေျပမွာပါ။ ဒီလိုကစားသမားမ်ိဳးက လုံးဝကို အဖိုးတန္ ရွားပါးတဲ့ ကစားသမားပါပဲ။ ဘာလို႔လဲဆိုေတာ့ Empty Server မွာ ဘယ္သူမွ အားအားယားယား ဗုံးထိုင္‌ပစ္တာ က်င့္ေနဖို႔ ေတာ္ေတာ္ခက္တာ မို႔လို႔ပါပဲ။

Support player ေတြဟာအၿမဲတမ္း ဗုံးပစ္က်င့္ေနတဲ့အတြက္ သူတို႔မွာ Strategies အသစ္ေတြရၿပီး အသင္းကို ကူညီေထာက္ပံ့ေပးႏိုင္ပါတယ္။Support player ေတြဟာ တကယ္အေရးပါတဲ့သူေတြပါပဲ။ Band တစ္ခုက Bass player လိုပါပဲ။ ဒါေပမယ့္ ထင္သေလာက္ အသိအမွတ္အျပဳမခံရပါဘူး။ အေပၚမွာ ေျပာထားတဲ့ Skills ေတြသာရွိရင္ေတာ့ သင့္ကိုယ္သင္ Support ေဆာ့ႏိုင္ၿပီလို႔ သတ္မွတ္လို႔ရပါတယ္။

ဘယ္လိုေလ့က်င့္မလဲ?

CS:GO ကေလ့က်င့္ဖို႔ နည္းေတြ အမ်ားႀကီးရွိပါတယ္။ ပထမဆုံးကေတာ့ ခင္ဗ်ား ေသနတ္ေကာင္းေကာင္း မပစ္တတ္ဘူးဆိုရင္ေတာ့ CS:GO player မျဖစ္ႏိုင္ပါဘူး။ အေကာင္းဆုံးကေတာ့ ေလ့က်င့္မယ္ဆို Empty Map မွာ သြားက်င့္ဖို႔ပါပဲ။ ကိုယ့္သူငယ္ခ်င္း တစ္ေယာက္ေယာက္ ရွိမယ္ဆိုရင္ေတာ့ သူ႔ကိုပါ ေခၚၿပီး Position တစ္ခုမွာေနခိုင္းထားၿပီး စိတ္ႀကိဳက္ဗုံးပစ္တာ စမ္းလို႔ရပါၿပီ။

ေလ့က်င့္မယ္ဆိုရင္ေတာ့ 128 tick server မွာရွိေနဖို႔ လိုပါတယ္။ 64 tickrate မွာေတာ့ ဗုံးပစ္ရတာ အနည္းငယ္ ျခားနားမႈ ရွိႏိုင္ပါတယ္။ Retake servers လိုမ်ိဳးမွာ ႀကိဳးစားရင္ေတာ့ ပိုအဆင္ေျပပါတယ္။ အဲ့ server မွာ terrorists က bomb site မွာ bomb နဲ႔ spawn ျဖစ္ၿပီး CT က တျခား retake တျခား position မွာပါ ဘယ္ weapon နဲ႔ spawn ျဖစ္မလဲပါ ေ႐ြးလို႔ရပါတယ္။ အဲ့တာေၾကာင့္ ဒီလိုေနရာမ်ိဳးဟာ ဗုံးပစ္က်င့္ဖို႔ အေကာင္းဆုံးပါပဲ။

ေ႐ြးခ်ယ္ရခက္တဲ့အခ်ိန္မွာလည္း ဆုံးျဖတ္ရတာ လြယ္ကူေစပါတယ္။ ဥပမာ 1vs1 situation တို႔ဘာတို႔မွာ မ်ိဳးဆို Training လုပ္တုန္းက ကိုယ္ႀကဳံ‌‌ေတြ႕ခဲ့ ၿပီးသားဆိုရင္ ေအးေဆး ေက်ာ္ျဖတ္ႏိုင္မွာပါ။

Pros ေတြရဲ႕ Clip ေတြၾကည့္ပါ

Xyp9x & KRIMZ

ေနာက္တစ္ခုလုပ္သင့္တာက Pros ေတြရဲ႕ Stream ေတြကိုၾကည့္တာပါ။ ဒီလို Streams ေတြ Demos ေတြကိုၾကည့္ရင္ မတူတဲ့အျမင္ေတြကို ရရွိေစမွာျဖစ္ၿပီး ကစားရတာပိုအဆင္ေျပေစမွာပါ။ ၾကည့္သင့္တဲ့ Pro ေတြကေတာ့ Freddy ‘KRIMZ’ Johansson(Fnatic) နဲ႔ Andreas ‘Xyp9x’ Hojsleth(Astralis) တို႔ျဖစ္ပါတယ္။ ဒီႏွစ္‌ေယာက္ရဲ႕ ကစားကြက္ကို ေကာင္းေကာင္းေလ့လာရင္ ေတာ္ေတာ္ေလး အဆင္ေျပၿပီလို႔ ေျပာလို႔ရပါတယ္။

By KaeKae (Zaw Yair Naung)

KaeKae (Page-Kae2 CSGO) ဟာ ျပည္တြင္းနာမည္ေက်ာ္ CSGO Pro တစ္ေယာက္ျဖစ္ၿပီး ျမန္မာျပည္ ထိပ္တန္း CSGO အသင္းေတြျဖစ္တဲ့ Alter-Howl, B-Beast နဲ႔ Impunity Esports တို႔မွာ ကစားဖူးတဲ့ အေတြ႕အႀကဳံမ်ား ရွိသူ တစ္ဦးပါ။ ျမန္မာႏိုင္ငံ ကိုယ္စားျပဳၿပီး World Electronic Sports Games (WESG) 2019 SEA Finals ကို မေလးရွားႏိုင္ငံမွာလည္း သြားေရာက္ယွဥ္ၿပိဳင္ဖူးပါတယ္။