[Unicode]

Dota2 ရဲ့ League စနစ်သစ်ကို ဝေဖန်လိုက်တဲ့ Team Secret နည်းပြ Heen

 

၂၀၂၀ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ က ကြေညာလိုက်တဲ့ Valve ရဲ့ 2020-2021 Dota Pro Circuit (DPC) ရာသီအတွက် Format အသစ်မှာတော့ အရင်နှစ်များနဲ့ မတူဘဲ ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ပါတယ်။ (အသေးစိတ်ကို ဒီ Link မှာ ဖတ်ရှုနိုင်ပါတယ်) ပြိုင်ပွဲတွေကို အရင်လို ရှုံးထွက်စနစ်ထက် ဒေသတွင်းလိဂ် League စနစ်ကို ပြောင်းလဲသွားမှာဖြစ်ပြီး အသင်းကြီးတွေထက် Tier 2/3 အဆင့် အသင်းငယ်များ ပိုမိုကစားခွင့်ရလာပြီး တိုးတက်နိုင်ဖို့ကို ရည်ရွယ်ထားပါတယ်။

ဒါပေမယ့်လည်း လူ့အလို နတ်မလိုက်နိုင်ဆိုသလိုပဲ Valve ရဲ့ Dota2 League ပုံစံ စနစ်သစ်ဟာ လူတိုင်းကို မပျော်ရွှင်စေပါဘူး။ မပျော်ရွင်တဲ့ထဲမှာလည်း TI7 ချန်ပီယံ လက်ရှိ Team Secret နည်းပြကြီး “Heen” လည်း တစ်ယောက်အပါအဝင်ပါပဲ။ Valve က တရားဝင် ကြေညာအပြီး (၁၀) နာရီခန့် အကြာမှာတင် Heen က သူ့ရဲ့ အလိုမကျမှုတွေကို Twitter ပေါ်မှာ အခုလို ရေးသားခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ ဒေသတွင်း League လိဂ်ပြိုင်ပွဲတွေနဲ့ ပါတ်သက်ပြီး မကျေနပ်တာမရှိပါဘူး။ ဒါပေမယ့် ပွဲအချိန်ဇယားကို သေချာကြည့်လိုက်မယ်ဆိုရင် ၄ ရက်ထဲနဲ့ ကစားလို့ရတဲ့ Qualifier ကို ၆ ပါတ်ကြာအောင် ကစားသွားမယ်လို့ ဖော်ပြထားပါတယ်။ အသင်း (၈) သင်းဟာ Best-of-three format နဲ့ ပါတ်လည်ကစားရင် ပွဲတွေအများကြီးဆော့ရမယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် အရင် Qualifier တွေကြာချိန်ထက် အဆပေါင်းများစွာ ပိုကြာအောင် ၆ ပါတ်အထိ တကယ်ကို ချဲ့ကား ကစားကြတော့မှာလားဗျာ။

ပြီးတော့ ဒါဟာ Major တစ်ခုကို တက်ရောက်ခွင့်ရဖို့ အရင်ကထက် (၁၀) ဆ ပိုမိုကြာမြင့်သွားမှာဖြစ်ပြီး အဲဒီ Major တွေကလည်း အရင်ကထက် အကြိမ်ရေနည်း ဆုကြေးနည်းသွားမှာပါ။ ပြီးတော့လည်း DPC Point ခွဲဝေမှုကလည်း ကြောင်တောင်တောင် နိုင်ပါတယ်။ ဒီစနစ်သစ်ကြောင့်လည်း တရားဝင် DPC မဟုတ်တဲ့ ပြိုင်ပွဲတွေ (ဥပမာ WePlay! Mad Moon) ပိုပြီး လျှော့နည်းသွားဖို့ပဲ ရှိပါတယ်။

​နောက်တစ်ခုက League ဆိုတာ ပြိုင်ပွဲမဟုတ်ပါဘူး။ ကျွန်တော်ယုံကြည်တာကတော့ တရားဝင် DPC မဟုတ်တဲ့ ပြိုင်ပွဲတွေက ပရိသတ်တွေကိုရော ပြိုင်တဲ့ အသင်းတွေကိုရော တင်ဆက်မှု ကောင်းကောင်းပေးနိုင်ပါတယ်။ သူတို့ဟာ ပြိုင်ပွဲကို ကြိုက်သလို Format နဲ့ ကျင်းပနိုင်ပြီး ကျွန်တော်တို့တွေကလည်း မတူညီတဲ့ ပွဲအပြင်အဆင်တွေ ကျင်းပပုံတွေ meme တွေကို ပြိုင်ပွဲတစ်ခုစီကနေ ခံစားနိုင်ပါတယ်။

​ဒေသတွင်းပြိုင်ပွဲတွေရဲ့ ခွဲဝေမှု

ဆုကြေးခွဲဝေမှု – သူငယ်တန်းလိုပါပဲ။ အကုန်လုံး ဆုကြေးကို ညီတူညီမျှ (နီးပါး) ရနေကြပါတယ်။ ဒါဟာ ငါ့ကို အရမ်းစိတ်အနှောက်အယှက် မဖြစ်စေပေမယ့် တကယ်တမ်းတော့ အရမ်း​ပိန်းလွန်းပါတယ်။ Tier 2/3 အဆင့် အသင်းငယ်တွေကို အတင်းကြီး ထောက်ပံ့ပေးနေသလိုပါပဲ။ ဒါကိုလည်း ကျွန်တော် မဆန့်ကျင်လိုပါဘူး။ ဒါပေမယ့် အသင်းတစ်သင်း အမြင်ကနေကြည့်ရင် သင်ဟာ အချိန် (၂) လခန့် ရင်းပြီး ကစားသမား တစ်ယောက်ကို ဆုကြေး ဒေါ်လာ ၂၀၀၀ ကနေ ၃၀၀၀ ကြားထဲပဲ လစဉ် ရနေမှာပါ။ ဒါတောင် ဆုကြေးကို ၅ ယောက် ညီတူညီမျှ ခွဲဝေမှပါ။

DPC Point ခွဲဝေမှု – Dota2 ဖွံ့ဖြိုးတိုးတက်မှု နည်းပါးတဲ့ဒေသတွေကို ပျိုးထောင်ပေးတာ ကောင်းပါတယ်။ ကျွန်တော်ဟာ လူပြက်တွေ အပြည့်နဲ့ ကိုရိီးယား Dota ကနေလာခဲ့တာဆိုတော့ ဒါကို နားလည်ပါတယ်။ ဒါပေမယ့် အခွင့်အရေး ညီတူညီမျှ ရရှိခြင်းနဲ့ အကျိုးရလဒ် ညီတူညီမျှ ရရှိခြင်းဆိုတာ မတူပါဘူး။ ဒေသတွေအားလုံးမှာ Dota2 အရည်အချင်းက တူညီနေကြလို့လား? မတူဘူးလေ။

ဒါဆို ကိုယ့်ဒေသတွင်း Leagueရဲ့ 1st ကနေ 5th ချိတ်တဲ့ အသင်းတွေရတဲ့ DPC Point က ဘာလို့ တခြားဒေသတွေနဲ့ တူနေရသေးတာလဲ? သင်ဟာ အခြားဒေသက အသင်းတွေနဲ့ အစမ်းသပ် မခံရသေးပဲနဲ့ ဘာလို့ DPC Point တွေ မတရားကြီး ရနေတာလဲ? The International (TI) ဆိုတာ ဒေသအားလုံး ပါဝင်ခွင့်ရှိတယ်ဆိုပေမယ့် ဒါဟာ တန်းတူအခွင့်အရေး ရရှိမှုရဲ့ ဆိုးရွားတဲ့ ဥပမာ တစ်ခုပါပဲ။ ဒါမျိုးကို ပြိုင်ဆိုင်မှု ပြင်းထန်တယ်လို့ ခေါ်ကြသေးတာလား? ငါတစ်ယောက်ပဲ ရူးကြောင်ကြောင် ဖြစ်နေတာလား?

League format မှာ ပထမတန်းက အောက်ဆုံး ၂ သင်းနဲ့ ဒုတိယတန်းက ထိပ်ဆုံး ၂ သင်း တန်းတက် တန်းဆင်း စနစ်နဲ့ နေရာလဲကြတယ်။ အိုကေ။ ဒါဆို သူတို့ဟာ ပြိုင်တောင်မပြိုင်ဖူးကြပဲနဲ့ ဘယ်သူပိုတော်တယ်ဆိုတာ တန်းဆုံးဖြတ်လိုက်တာပေါ့? ကလေး ၂ ယောက်ကို သူတို့ အရုပ်တွေကို လဲခိုင်းပြီး ကောင်းကောင်းဆော့လို့ ပြောလိုက်သလိုပါပဲ။ သူတို့ဟာ ဘာလို့ တစ်နှစ်ကို League ပြိုင်ပွဲ ၃ ကြိမ်ပဲ လုပ်တယ်ဆိုတာ သိလိုက်ပါပြီ။ တကယ့်ကို ​ောက်တလွဲပါပဲ။ တကယ်လို့ League တစ်ခုက ထိပ်ဆုံး ၆ သင်းဟာ တခြား League က အသင်းတွေထက် ပိုကောင်းတယ်လို့ ဆိုကြပါစို့။ (ဥရောပအသင်းတွေကို ဥပမာထားနိုင်ပါတယ်) အဆင့် ၇-၈ က အသင်းတွေကလည်း တကယ်ကို ပိုကောင်းနေပေမယ့် သူတို့ဟာ တန်းတက် တန်းဆင်း စနစ်ကြောင့် ဒီတိုင်း သူတို့နေရာကို ဖယ်ပေးလိုက်ရမှာလား?

Last Major Europe Closed Qualifier Teams

Majors

ဟုတ်ပြီ။ ကျွန်တော်ပြောဖို့ မေ့သွားတယ်။ League တစ်ခုက ထိပ်ဆုံးအသင်းက ရှုံးထွက် စနစ်ရောက်ရင် Upper Bracket ကို တန်းရောက်သွားမှာပါ။ ဒါဆို အဲဒီ ဒေသတွင်း ထိပ်ဆုံးအသင်းက ကမ္ဘာ့အကောင်းဆုံး (၁၂) အဆင့်ကို ရောက်သွားပြီပေါ့။

Major ဆုကြေး – ၂၀၁၅ တုန်းက Major ပထမရတဲ့အသင်းဟာ ဆုကြေး ဒေါ်လာ တစ်သန်း ရပါတယ်။ ဒါပေမယ့် ၂၀၂၁ ရောက်တော့ ဒေါ်လာ ၂ သိန်းပဲ ရပါတော့တယ်။ ဒါကိုဖတ်နေတဲ့ သူတွေကတော့ ကျွန်တော့်ကို လောဘကြီးတယ် ထင်နေပါလိမ့်မယ်။ ဟုတ်တာပေါ့။ ကျွန်တော်က ငွေကို သိပ်ကြိုက်တာ။ Major တွေကို ဂရုကို မစိုက်ပါဘူး။

ကျွန်တော် လူတွေကို အပြင်မှာ ပြောဖူးပါတယ်။ နှစ်စဉ် စက်တင်ဘာကနေ ဇူလိုင်အထိ (၁၁)လ ဆိုတာ TI အတွက်ဆော့နေတဲ့ အုပ်စုပွဲစဉ်တွေလိုပါပဲ။ ကျွန်တော်ဟာ ဖြစ်နိုင်ရင် ပြိုင်ပွဲတွေအားလုံးမှာ ဘိတ်ချီးဖြစ်ပြီး TI ချန်ပီယံဆုကိုသာ ရယူလိုပါတယ်။ တခြားပြိုင်ပွဲတွေအားလုံးကို ချန်ပီယံဖြစ်ပြီး TI မှာ ဒုတိယ ရတာကိုတောင် မကျေနပ်နိုင်ပါဘူး။ ဒါကို ကစားသမား အများစုက သဘောတူပါလိမ့်မယ်။

ကျွန်တော် တကယ်ထောက်ပြချင်တဲ့ အချက်ကတော့ သင်ဟာ ပုံမှန်ထက် အချိန်တွေ ပိုကုန်မှာဖြစ်ပြီး တခြား ဒေသက အသင်းတွေနဲ့ မကစားရသေးပဲ DPC Point တွေအများကြီး ရနေမှာပါ။ အသင်းတစ်သင်းက တကယ်လို့ ကမ္ဘာ့အကောင်းဆုံး (၁၂) သင်းမြောက် ဖြစ်နေရင်တောင် စနစ်သစ်အရ TI ဝင်ခွင့်မရဖို့ ရာခိုင်နှုန်းများပါတယ်။

Dreamleague Season-13 Champion Team Secret

Major အတွက် ရမယ့် DPC Point
1st 500
2nd 450
3rd 400
4th 350
5th-6th 300
7th-8th 200

ဒေသတွင်း ပထမရတဲ့ အသင်းဟာ လက်ရှိမှာတော့ ကမ္ဘာ့ အကောင်းဆုံးအသင်းနဲ့ တန်းတူ DPC Point တွေ ရရှိနေမှာပါ။ ဒါပေမယ့် Playoff က အောက်ဆုံး ၄ သင်း (အဆင့် ၉-၁၂) ကတော့ ဆုကြေး သုညနဲ့ DPC Point လည်း ရမှာ မဟုတ်ပါဘူး။ ဒါဆို အကုန်လုံးက နှစ်သိမ့်ဆုတောင် မရကြတော့ဘူးပေါ့?

ကျွန်တော့အထင် Valve က ဒီနှစ်ထဲမှာ အသင်းတွေ (အထူးသဖြင့် အသင်းကြီးတွေ) အနားယူကြတာ Major တွေဝင်မပြိုင်တာတွေကို ကြိုက်ပုံ မပေါ်ပါဘူး။ ဒါကြောင့်ပဲ DPC စနစ်ဟာ တပြေးညီရှိပြီး ခန့်မှန်းရ ခက်နေတာပါ။ ကျွန်တော်မြင်တာကတော့ Valve ဟာ အသင်းတွေကို Major အားလုံးကို အတင်းအကျပ် ယှဉ်ပြိုင်စေတာထက် Major တွေမှာ အနားမယူအောင် မက်လုံးတွေပေးပြီး ဆွဲဆောင်သင့်ပါတယ်။

အနှစ်ချုပ်အနေနဲ့ဆိုရင် ဒီ DPC League စနစ်အသစ်က Dota မှာ Patch အကြီးကြီး အသစ်ထွက်သလိုပါပဲ။ ကြောင်တောင်တောင် အသစ်အဆန်း အများကြီးနဲ့ ပြန်ပြီး Balance ဖြစ်ဖို့ ပြုပြင်ရဦးမှာပါ။ တချို့လူတွေကတော့ ပြောနေကြပါလိမ့်မယ်။ အသင်းကြီးတွေဟာ မုန့်ကို မျှဝေမစားချင်တာလို့ ထင်ကြမှာပါ။ တကယ်တမ်း ဖြစ်ပျက်နေတာကတော့ မုန့်က ပိုသေးသွားတာဖြစ်ပြီး ဒါကိုခွဲဝေနေတဲ့ ဓါး ကလည်း ကျိုးနေတာ ဖြစ်ပါတယ်။


[ZawGyi]

Dota2 ရဲ႕ League စနစ္သစ္ကို ေဝဖန္လိုက္တဲ့ Team Secret နည္းျပ Heen

 

၂၀၂၀ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔ က ေၾကညာလိုက္တဲ့ Valve ရဲ႕ 2020-2021 Dota Pro Circuit (DPC) ရာသီအတြက္ Format အသစ္မွာေတာ့ အရင္ႏွစ္မ်ားနဲ႔ မတူဘဲ ေျပာင္းလဲမႈမ်ားစြာ ျပဳလုပ္ခဲ့ပါတယ္။ (အေသးစိတ္ကို ဒီ Link မွာ ဖတ္ရႈႏိုင္ပါတယ္) ၿပိဳင္ပြဲေတြကို အရင္လို ရႈံးထြက္စနစ္ထက္ ေဒသတြင္းလိဂ္ League စနစ္ကို ေျပာင္းလဲသြားမွာျဖစ္ၿပီး အသင္းႀကီးေတြထက္ Tier 2/3 အဆင့္ အသင္းငယ္မ်ား ပိုမိုကစားခြင့္ရလာၿပီး တိုးတက္ႏိုင္ဖို႔ကို ရည္႐ြယ္ထားပါတယ္။

ဒါေပမယ့္လည္း လူ႔အလို နတ္မလိုက္ႏိုင္ဆိုသလိုပဲ Valve ရဲ႕ Dota2 League ပုံစံ စနစ္သစ္ဟာ လူတိုင္းကို မေပ်ာ္႐ႊင္ေစပါဘူး။ မေပ်ာ္႐ြင္တဲ့ထဲမွာလည္း TI7 ခ်န္ပီယံ လက္ရွိ Team Secret နည္းျပႀကီး “Heen” လည္း တစ္ေယာက္အပါအဝင္ပါပဲ။ Valve က တရားဝင္ ေၾကညာအၿပီး (၁၀) နာရီခန႔္ အၾကာမွာတင္ Heen က သူ႔ရဲ႕ အလိုမက်မႈေတြကို Twitter ေပၚမွာ အခုလို ေရးသားခဲ့ပါတယ္။

 

ပထမဆုံးအေနနဲ႔ ေျပာခ်င္တာကေတာ့ ေဒသတြင္း League လိဂ္ၿပိဳင္ပြဲေတြနဲ႔ ပါတ္သက္ၿပီး မေက်နပ္တာမရွိပါဘူး။ ဒါေပမယ့္ ပြဲအခ်ိန္ဇယားကို ေသခ်ာၾကည့္လိုက္မယ္ဆိုရင္ ၄ ရက္ထဲနဲ႔ ကစားလို႔ရတဲ့ Qualifier ကို ၆ ပါတ္ၾကာေအာင္ ကစားသြားမယ္လို႔ ေဖာ္ျပထားပါတယ္။ အသင္း (၈) သင္းဟာ Best-of-three format နဲ႔ ပါတ္လည္ကစားရင္ ပြဲေတြအမ်ားႀကီးေဆာ့ရမယ္ဆိုတာကို နားလည္ပါတယ္။ ဒါေပမယ့္ အရင္ Qualifier ေတြၾကာခ်ိန္ထက္ အဆေပါင္းမ်ားစြာ ပိုၾကာေအာင္ ၆ ပါတ္အထိ တကယ္ကို ခ်ဲ႕ကား ကစားၾကေတာ့မွာလားဗ်ာ။

ၿပီးေတာ့ ဒါဟာ Major တစ္ခုကို တက္ေရာက္ခြင့္ရဖို႔ အရင္ကထက္ (၁၀) ဆ ပိုမိုၾကာျမင့္သြားမွာျဖစ္ၿပီး အဲဒီ Major ေတြကလည္း အရင္ကထက္ အႀကိမ္ေရနည္း ဆုေၾကးနည္းသြားမွာပါ။ ၿပီးေတာ့လည္း DPC Point ခြဲေဝမႈကလည္း ေၾကာင္ေတာင္ေတာင္ ႏိုင္ပါတယ္။ ဒီစနစ္သစ္ေၾကာင့္လည္း တရားဝင္ DPC မဟုတ္တဲ့ ၿပိဳင္ပြဲေတြ (ဥပမာ WePlay! Mad Moon) ပိုၿပီး ေလွ်ာ့နည္းသြားဖို႔ပဲ ရွိပါတယ္။

​ေနာက္တစ္ခုက League ဆိုတာ ၿပိဳင္ပြဲမဟုတ္ပါဘူး။ ကြၽန္ေတာ္ယုံၾကည္တာကေတာ့ တရားဝင္ DPC မဟုတ္တဲ့ ၿပိဳင္ပြဲေတြက ပရိသတ္ေတြကိုေရာ ၿပိဳင္တဲ့ အသင္းေတြကိုေရာ တင္ဆက္မႈ ေကာင္းေကာင္းေပးႏိုင္ပါတယ္။ သူတို႔ဟာ ၿပိဳင္ပြဲကို ႀကိဳက္သလို Format နဲ႔ က်င္းပႏိုင္ၿပီး ကြၽန္ေတာ္တို႔ေတြကလည္း မတူညီတဲ့ ပြဲအျပင္အဆင္ေတြ က်င္းပပုံေတြ meme ေတြကို ၿပိဳင္ပြဲတစ္ခုစီကေန ခံစားႏိုင္ပါတယ္။

​ေဒသတြင္းၿပိဳင္ပြဲေတြရဲ႕ ခြဲေဝမႈ

ဆုေၾကးခြဲေဝမႈ – သူငယ္တန္းလိုပါပဲ။ အကုန္လုံး ဆုေၾကးကို ညီတူညီမွ် (နီးပါး) ရေနၾကပါတယ္။ ဒါဟာ ငါ့ကို အရမ္းစိတ္အေႏွာက္အယွက္ မျဖစ္ေစေပမယ့္ တကယ္တမ္းေတာ့ အရမ္း​ပိန္းလြန္းပါတယ္။ Tier 2/3 အဆင့္ အသင္းငယ္ေတြကို အတင္းႀကီး ေထာက္ပံ့ေပးေနသလိုပါပဲ။ ဒါကိုလည္း ကြၽန္ေတာ္ မဆန႔္က်င္လိုပါဘူး။ ဒါေပမယ့္ အသင္းတစ္သင္း အျမင္ကေနၾကည့္ရင္ သင္ဟာ အခ်ိန္ (၂) လခန႔္ ရင္းၿပီး ကစားသမား တစ္ေယာက္ကို ဆုေၾကး ေဒၚလာ ၂၀၀၀ ကေန ၃၀၀၀ ၾကားထဲပဲ လစဥ္ ရေနမွာပါ။ ဒါေတာင္ ဆုေၾကးကို ၅ ေယာက္ ညီတူညီမွ် ခြဲေဝမွပါ။

DPC Point ခြဲေဝမႈ – Dota2 ဖြံ႕ၿဖိဳးတိုးတက္မႈ နည္းပါးတဲ့ေဒသေတြကို ပ်ိဳးေထာင္ေပးတာ ေကာင္းပါတယ္။ ကြၽန္ေတာ္ဟာ လူျပက္ေတြ အျပည့္နဲ႔ ကိုရိီးယား Dota ကေနလာခဲ့တာဆိုေတာ့ ဒါကို နားလည္ပါတယ္။ ဒါေပမယ့္ အခြင့္အေရး ညီတူညီမွ် ရရွိျခင္းနဲ႔ အက်ိဳးရလဒ္ ညီတူညီမွ် ရရွိျခင္းဆိုတာ မတူပါဘူး။ ေဒသေတြအားလုံးမွာ Dota2 အရည္အခ်င္းက တူညီေနၾကလို႔လား? မတူဘူးေလ။

ဒါဆို ကိုယ့္ေဒသတြင္း Leagueရဲ႕ 1st ကေန 5th ခ်ိတ္တဲ့ အသင္းေတြရတဲ့ DPC Point က ဘာလို႔ တျခားေဒသေတြနဲ႔ တူေနရေသးတာလဲ? သင္ဟာ အျခားေဒသက အသင္းေတြနဲ႔ အစမ္းသပ္ မခံရေသးပဲနဲ႔ ဘာလို႔ DPC Point ေတြ မတရားႀကီး ရေနတာလဲ? The International (TI) ဆိုတာ ေဒသအားလုံး ပါဝင္ခြင့္ရွိတယ္ဆိုေပမယ့္ ဒါဟာ တန္းတူအခြင့္အေရး ရရွိမႈရဲ႕ ဆိုး႐ြားတဲ့ ဥပမာ တစ္ခုပါပဲ။ ဒါမ်ိဳးကို ၿပိဳင္ဆိုင္မႈ ျပင္းထန္တယ္လို႔ ေခၚၾကေသးတာလား? ငါတစ္ေယာက္ပဲ ႐ူးေၾကာင္ေၾကာင္ ျဖစ္ေနတာလား?

League format မွာ ပထမတန္းက ေအာက္ဆုံး ၂ သင္းနဲ႔ ဒုတိယတန္းက ထိပ္ဆုံး ၂ သင္း တန္းတက္ တန္းဆင္း စနစ္နဲ႔ ေနရာလဲၾကတယ္။ အိုေက။ ဒါဆို သူတို႔ဟာ ၿပိဳင္ေတာင္မၿပိဳင္ဖူးၾကပဲနဲ႔ ဘယ္သူပိုေတာ္တယ္ဆိုတာ တန္းဆုံးျဖတ္လိုက္တာေပါ့? ကေလး ၂ ေယာက္ကို သူတို႔ အ႐ုပ္ေတြကို လဲခိုင္းၿပီး ေကာင္းေကာင္းေဆာ့လို႔ ေျပာလိုက္သလိုပါပဲ။ သူတို႔ဟာ ဘာလို႔ တစ္ႏွစ္ကို League ၿပိဳင္ပြဲ ၃ ႀကိမ္ပဲ လုပ္တယ္ဆိုတာ သိလိုက္ပါၿပီ။ တကယ့္ကို ​ောက္တလြဲပါပဲ။ တကယ္လို႔ League တစ္ခုက ထိပ္ဆုံး ၆ သင္းဟာ တျခား League က အသင္းေတြထက္ ပိုေကာင္းတယ္လို႔ ဆိုၾကပါစို႔။ (ဥေရာပအသင္းေတြကို ဥပမာထားႏိုင္ပါတယ္) အဆင့္ ၇-၈ က အသင္းေတြကလည္း တကယ္ကို ပိုေကာင္းေနေပမယ့္ သူတို႔ဟာ တန္းတက္ တန္းဆင္း စနစ္ေၾကာင့္ ဒီတိုင္း သူတို႔ေနရာကို ဖယ္ေပးလိုက္ရမွာလား?

Last Major Europe Closed Qualifier Teams

Majors

ဟုတ္ၿပီ။ ကြၽန္ေတာ္ေျပာဖို႔ ေမ့သြားတယ္။ League တစ္ခုက ထိပ္ဆုံးအသင္းက ရႈံးထြက္ စနစ္ေရာက္ရင္ Upper Bracket ကို တန္းေရာက္သြားမွာပါ။ ဒါဆို အဲဒီ ေဒသတြင္း ထိပ္ဆုံးအသင္းက ကမာၻ႔အေကာင္းဆုံး (၁၂) အဆင့္ကို ေရာက္သြားၿပီေပါ့။

Major ဆုေၾကး – ၂၀၁၅ တုန္းက Major ပထမရတဲ့အသင္းဟာ ဆုေၾကး ေဒၚလာ တစ္သန္း ရပါတယ္။ ဒါေပမယ့္ ၂၀၂၁ ေရာက္ေတာ့ ေဒၚလာ ၂ သိန္းပဲ ရပါေတာ့တယ္။ ဒါကိုဖတ္ေနတဲ့ သူေတြကေတာ့ ကြၽန္ေတာ့္ကို ေလာဘႀကီးတယ္ ထင္ေနပါလိမ့္မယ္။ ဟုတ္တာေပါ့။ ကြၽန္ေတာ္က ေငြကို သိပ္ႀကိဳက္တာ။ Major ေတြကို ဂ႐ုကို မစိုက္ပါဘူး။

ကြၽန္ေတာ္ လူေတြကို အျပင္မွာ ေျပာဖူးပါတယ္။ ႏွစ္စဥ္ စက္တင္ဘာကေန ဇူလိုင္အထိ (၁၁)လ ဆိုတာ TI အတြက္ေဆာ့ေနတဲ့ အုပ္စုပြဲစဥ္ေတြလိုပါပဲ။ ကြၽန္ေတာ္ဟာ ျဖစ္ႏိုင္ရင္ ၿပိဳင္ပြဲေတြအားလုံးမွာ ဘိတ္ခ်ီးျဖစ္ၿပီး TI ခ်န္ပီယံဆုကိုသာ ရယူလိုပါတယ္။ တျခားၿပိဳင္ပြဲေတြအားလုံးကို ခ်န္ပီယံျဖစ္ၿပီး TI မွာ ဒုတိယ ရတာကိုေတာင္ မေက်နပ္ႏိုင္ပါဘူး။ ဒါကို ကစားသမား အမ်ားစုက သေဘာတူပါလိမ့္မယ္။

ကြၽန္ေတာ္ တကယ္ေထာက္ျပခ်င္တဲ့ အခ်က္ကေတာ့ သင္ဟာ ပုံမွန္ထက္ အခ်ိန္ေတြ ပိုကုန္မွာျဖစ္ၿပီး တျခား ေဒသက အသင္းေတြနဲ႔ မကစားရေသးပဲ DPC Point ေတြအမ်ားႀကီး ရေနမွာပါ။ အသင္းတစ္သင္းက တကယ္လို႔ ကမာၻ႔အေကာင္းဆုံး (၁၂) သင္းေျမာက္ ျဖစ္ေနရင္ေတာင္ စနစ္သစ္အရ TI ဝင္ခြင့္မရဖို႔ ရာခိုင္ႏႈန္းမ်ားပါတယ္။

Dreamleague Season-13 Champion Team Secret

Major အတြက္ ရမယ့္ DPC Point
1st 500
2nd 450
3rd 400
4th 350
5th-6th 300
7th-8th 200

ေဒသတြင္း ပထမရတဲ့ အသင္းဟာ လက္ရွိမွာေတာ့ ကမာၻ႔ အေကာင္းဆုံးအသင္းနဲ႔ တန္းတူ DPC Point ေတြ ရရွိေနမွာပါ။ ဒါေပမယ့္ Playoff က ေအာက္ဆုံး ၄ သင္း (အဆင့္ ၉-၁၂) ကေတာ့ ဆုေၾကး သုညနဲ႔ DPC Point လည္း ရမွာ မဟုတ္ပါဘူး။ ဒါဆို အကုန္လုံးက ႏွစ္သိမ့္ဆုေတာင္ မရၾကေတာ့ဘူးေပါ့?

ကြၽန္ေတာ့အထင္ Valve က ဒီႏွစ္ထဲမွာ အသင္းေတြ (အထူးသျဖင့္ အသင္းႀကီးေတြ) အနားယူၾကတာ Major ေတြဝင္မၿပိဳင္တာေတြကို ႀကိဳက္ပုံ မေပၚပါဘူး။ ဒါေၾကာင့္ပဲ DPC စနစ္ဟာ တေျပးညီရွိၿပီး ခန႔္မွန္းရ ခက္ေနတာပါ။ ကြၽန္ေတာ္ျမင္တာကေတာ့ Valve ဟာ အသင္းေတြကို Major အားလုံးကို အတင္းအက်ပ္ ယွဥ္ၿပိဳင္ေစတာထက္ Major ေတြမွာ အနားမယူေအာင္ မက္လုံးေတြေပးၿပီး ဆြဲေဆာင္သင့္ပါတယ္။

အႏွစ္ခ်ဳပ္အေနနဲ႔ဆိုရင္ ဒီ DPC League စနစ္အသစ္က Dota မွာ Patch အႀကီးႀကီး အသစ္ထြက္သလိုပါပဲ။ ေၾကာင္ေတာင္ေတာင္ အသစ္အဆန္း အမ်ားႀကီးနဲ႔ ျပန္ၿပီး Balance ျဖစ္ဖို႔ ျပဳျပင္ရဦးမွာပါ။ တခ်ိဳ႕လူေတြကေတာ့ ေျပာေနၾကပါလိမ့္မယ္။ အသင္းႀကီးေတြဟာ မုန႔္ကို မွ်ေဝမစားခ်င္တာလို႔ ထင္ၾကမွာပါ။ တကယ္တမ္း ျဖစ္ပ်က္ေနတာကေတာ့ မုန႔္က ပိုေသးသြားတာျဖစ္ၿပီး ဒါကိုခြဲေဝေနတဲ့ ဓါး ကလည္း က်ိဳးေနတာ ျဖစ္ပါတယ္။