[ZawGyi]

“Hearthstone နဲ႔ Auto Chess ျပိဳင္ပြဲႏွစ္ခုလုံးကို တစ္ခ်ိန္တည္း ကစားလို႔ ရႈံးနိမ့္သြားခဲ့ရတဲ့ ကစားသမား”

 

Hearthstone ဂိမ္းရဲ႕ professional ကစားသမားတစ္ဦးျဖစ္တဲ့ Seiko ရဲ႕ မၾကာေသးမီက လုပ္ရပ္တစ္ခုေၾကာင့္ Hearthstone ပရိသတ္မ်ား မေက်မနပ္ျဖစ္ ေဒါသထြက္ခဲ့ၾကပါတယ္။ Seiko ဟာ Hearthstone Grandmasters ဥေရာပျပိဳင္ပြဲတစ္ခုမွာ ျပိဳင္ဘက္ Bozzzton နဲ႕ ယွဥ္ျပိဳင္ကစားေနစဥ္အတြင္း အာရုံစိုက္ျခင္း လုံးဝမရွိဘဲ ေပါ့ေလ်ာ့စြာ ကစားေနခဲဲ့လို႔ပါ။

Hearthstone ကစားရင္း အျခားအရာတစ္ခုကို တစ္ခ်ိန္တည္းမွာ ျပဳလုပ္ေနေၾကာင္း သိသာေပၚလြင္ေနခဲ့တဲ့ Seiko ဟာ ဂိမ္းထဲမွာ အမွားေပါင္းမ်ားစြာကို ျပဳလုပ္ခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ အေရးၾကီးတဲ့ ဟာကြက္ ေပ်ာ့ကြက္မ်ားျဖစ္ေပၚခဲ့ျပီး ကစားပြဲကိုပါ ရႈံးနိမ့္သြားခဲ့ပါတယ္။

ဒီလို ျပဳလုပ္ခဲ့မႈေၾကာင့္ ပရိသတ္အေျမာက္အမ်ားက Seiko ကို ေဝဖန္အျပစ္တင္ခဲ့ၾကပါတယ္။ တကယ္လည္း Seiko ဟာ ေဒၚလာတစ္သန္း ဆုေၾကးေငြခ်ီးျမွင့္မယ့္ Auto Chess Invitational qualifier ျပိဳင္ပြဲကို Hearthstone ျပိဳင္ေနစဥ္ တစ္ခ်ိန္တည္းမွာ ကစားေနခဲ့တာပါ။

စက္တင္ဘာလ ၁၄ ရက္ေန့က Seiko ဟာ Twitter ေပၚမွာ “ဒီ weekend မွာ chess qualifier ကို ဝင္ကစားဖုိ႔ဟာ အၾကံေကာင္းေတာ့ မဟုတ္ခဲ့ဘူး။ ဒါေပမယ့္ ဒီျပိဳင္ပြဲအတြက္ အမ်ားၾကီးေလ့က်င့္ထားခဲ့တယ္။” လုိ႔ ေရးသားျပီးမွ ျပန္ဖ်က္ခဲ့တာကို ပရိသတ္တစ္ေယာက္က ျမင္ေတြ႔ျပီး ျပန္လည္ေထာက္ျပခဲ့လို႔ လူအမ်ား သတိထားမိသြားတာျဖစ္ပါတယ္။

Seiko တစ္ေယာက္ Hearthstone ပြဲထဲမွာ အမွားေတြျပဳလုပ္ေနခဲ့တာကို ပြဲရဲ႕ caster မ်ားလည္း အလ်င္အျမန္သတိျပဳမိသြားခဲ့ပါတယ္။ Caster တစ္ေယာက္ျဖစ္တဲ့ Simon Welch ဟာ “ရာေပါင္း ေထာင္ေပါင္းမ်ားစြာေသာ professional ကစားသမားေတြ လိုခ်င္ေနၾကတဲ့ေနရာတစ္ခုမွာ ကစားေနရတာျဖစ္လို႔ ဂိမ္းပြဲထဲမွာ အာရုံစိုက္စမ္းပါ။” လို႔ ပြဲေၾကညာေနစဥ္အတြင္း ေဒါသတၾကီး ေျပာခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ Welch ဟာ ေဒါသေရွ႕ထား ေျပာဆိုခဲ့မႈမ်ားအတြက္ ပရိသတ္ကို ျပန္ေတာင္းပန္ခဲ့ေပမယ့္ “Seiko ရဲ႕ အျပဳအမႈမ်ားဟာ GM program ကို ေစာ္ကားလိုက္တာျဖစ္ေၾကာင္း ယုံၾကည္ပါတယ္။” လို႔ ထပ္မံ အျပစ္တင္ေဝဖန္ခဲ့ပါတယ္။

Seiko ရဲ႕ ျပိဳင္ဘက္ကစားသမားျဖစ္ခဲ့တဲ့ Bozzzton ဟာ Seiko ရဲ႕ အမွားမ်ားကို သတိထားမိျပီး ထူးဆန္းေနခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ Seiko လို professional ကစားသမားတစ္ဦးဟာ ပုံမွန္အားျဖင့္ ဒီလိုအမွားမ်ားကို လုပ္မွာ မဟုတ္ဘူးလို႔လည္း ေျပာခဲ့ပါတယ္။ သူ႔အေနနဲ႔ Seiko ကို ျပိဳင္ဘက္ေကာင္းတစ္ေယာက္အေနနဲ႔ ေလးစားမႈရွိေၾကာင္းလည္း ေျပာခဲ့ပါေသးတယ္။

Bozzzton ရဲ႕ ဆက္လက္ေျပာၾကားခ်က္မ်ားထဲမွာေတာ့ Seiko ဟာ ျပိဳင္ပြဲဝင္ေကာင္းတစ္ဦးျဖစ္ေၾကာင္း သက္ေသျပဖုိ႔ Hearthstone နဲ႔ Auto Chess ႏွစ္မ်ိဳးလုံးကို ေလ့က်င့္ေနခဲ့ေၾကာင္း၊ Blizzard အေနနဲ႔ ကစားသမားမ်ားကို အျပည့္အဝအာရုံစိုက္ဖုိ႔ စည္းကမ္းခ်က္အသစ္ထုတ္ျပန္သင့္ေပမယ့္ Seiko ကို အျပစ္မယူသင့္ေၾကာင္း စတာေတြ ပါဝင္ခဲ့ပါတယ္။

စက္တင္ဘာလ ၁၅ ရက္ေန့မွာေတာ့ Seiko ဟာ ဂိမ္းျပိဳင္ပြဲႏွစ္ခုစလုံးကို တစ္ျပိဳင္တည္း ကစားေနခဲ့ေၾကာင္း ဝန္ခံခဲ့ျပီး ေတာင္းပန္ေၾကာင္းကို ေရးသားခဲ့ပါတယ္။ သူ႔ရဲ႕ ေရးသားခ်က္ထဲမွာေတာ့ Hearthstone ရဲ႕ professional ကစားသမားမ်ားအေနနဲ႔ အျခားဂိမ္းမ်ားကို မကစားဖုိ႔ ကန္႔သတ္ထားျခင္း မရွိလို႔ သူ႔အေနနဲ႔ ဒီလို ျပဳလုပ္ခဲ့မိေၾကာင္း၊ ဂိမ္းႏွစ္ခုလုံးကို တစ္ျပိဳင္တည္းမွာ ကစားႏိုင္ဖုိ႔ ေလ့က်င့္တာဟာ လုံေလာက္တဲ့ အတိုင္းအတာေရာက္ရွိျပီလို႔ ထင္မွတ္ခဲ့မိေၾကာင္း အစရွိသျဖင့္ ပါဝင္ပါတယ္။

Hearthstone esports ရဲ႕ production manager ျဖစ္သူ Drew Higbee ကေတာ့ သူတို႔ဟာ ဒီအျဖစ္အပ်က္အားလုံးကို သိရွိေၾကာင္းနဲ႔ Hearthstone ပရိသတ္မ်ားကို Seiko ကိုယ္စား ေတာင္းပန္ေၾကာင္းေၾကညာခဲ့ပါတယ္။ လာမယ့္အပတ္မွာ ျပဳလုပ္မယ့္ ပြဲစဥ္မ်ားမွာ Seiko အေနနဲ႔ တက္ေရာက္ကစားရဦးမွာျဖစ္ျပီး ဒီလို မျပဳလုပ္ဘူးဆိုရင္ေတာ့ ျပိဳင္ပြဲပ်က္ကြက္ျခင္းဆိုင္ရာစည္းကမ္းမ်ားရဲ႕ အဓိကတရားခံျဖစ္လာလိမ့္မယ္လို့လည္း ေၾကညာခဲ့ပါတယ္။

Seiko ကေတာ့ သူဟာ Auto Chess qualifier ကို ဝင္ေရာက္မကစားေတာ့ပဲ Hearthstone ျပိဳင္ပြဲကိုပဲ အာရုံစိုက္ ကစားေတာ့မယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ေလာဘၾကီးျပီး ဂိမ္းႏွစ္ခုကို တစ္ျပိဳင္တည္းကစားလို႔ ရႈံးနိမ့္ခဲ့တဲ့ Seiko ရဲ႕ အျဖစ္ကေတာ့ သင္ခန္းစာယူဖြယ္ တစ္ခုပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

“Hearthstone နဲ့ Auto Chess ပြိုင်ပွဲနှစ်ခုလုံးကို တစ်ချိန်တည်း ကစားလို့ ရှုံးနိမ့်သွားခဲ့ရတဲ့ ကစားသမား”

 

Hearthstone ဂိမ်းရဲ့ professional ကစားသမားတစ်ဦးဖြစ်တဲ့ Seiko ရဲ့ မကြာသေးမီက လုပ်ရပ်တစ်ခုကြောင့် Hearthstone ပရိသတ်များ မကျေမနပ်ဖြစ် ဒေါသထွက်ခဲ့ကြပါတယ်။ Seiko ဟာ Hearthstone Grandmasters ဥရောပပြိုင်ပွဲတစ်ခုမှာ ပြိုင်ဘက် Bozzzton နဲ့ ယှဉ်ပြိုင်ကစားနေစဉ်အတွင်း အာရုံစိုက်ခြင်း လုံးဝမရှိဘဲ ပေါ့လျော့စွာ ကစားနေခဲ့လို့ပါ။

Hearthstone ကစားရင်း အခြားအရာတစ်ခုကို တစ်ချိန်တည်းမှာ ပြုလုပ်နေကြောင်း သိသာပေါ်လွင်နေခဲ့တဲ့ Seiko ဟာ ဂိမ်းထဲမှာ အမှားပေါင်းများစွာကို ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အရေးကြီးတဲ့ ဟာကွက် ပျော့ကွက်များဖြစ်ပေါ်ခဲ့ပြီး ကစားပွဲကိုပါ ရှုံးနိမ့်သွားခဲ့ပါတယ်။

ဒီလို ပြုလုပ်ခဲ့မှုကြောင့် ပရိသတ်အမြောက်အများက Seiko ကို ဝေဖန်အပြစ်တင်ခဲ့ကြပါတယ်။ တကယ်လည်း Seiko ဟာ ဒေါ်လာတစ်သန်း ဆုကြေးငွေချီးမြှင့်မယ့် Auto Chess Invitational qualifier ပြိုင်ပွဲကို Hearthstone ပြိုင်နေစဉ် တစ်ချိန်တည်းမှာ ကစားနေခဲ့တာပါ။

စက်တင်ဘာလ ၁၄ ရက်နေ့က Seiko ဟာ Twitter ပေါ်မှာ “ဒီ weekend မှာ chess qualifier ကို ဝင်ကစားဖို့ဟာ အကြံကောင်းတော့ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် ဒီပြိုင်ပွဲအတွက် အများကြီးလေ့ကျင့်ထားခဲ့တယ်။” လို့ ရေးသားပြီးမှ ပြန်ဖျက်ခဲ့တာကို ပရိသတ်တစ်ယောက်က မြင်တွေ့ပြီး ပြန်လည်ထောက်ပြခဲ့လို့ လူအများ သတိထားမိသွားတာဖြစ်ပါတယ်။

Seiko တစ်ယောက် Hearthstone ပွဲထဲမှာ အမှားတွေပြုလုပ်နေခဲ့တာကို ပွဲရဲ့ caster များလည်း အလျင်အမြန်သတိပြုမိသွားခဲ့ပါတယ်။ Caster တစ်ယောက်ဖြစ်တဲ့ Simon Welch ဟာ “ရာပေါင်း ထောင်ပေါင်းများစွာသော professional ကစားသမားတွေ လိုချင်နေကြတဲ့နေရာတစ်ခုမှာ ကစားနေရတာဖြစ်လို့ ဂိမ်းပွဲထဲမှာ အာရုံစိုက်စမ်းပါ။” လို့ ပွဲကြေညာနေစဉ်အတွင်း ဒေါသတကြီး ပြောခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Welch ဟာ ဒေါသရှေ့ထား ပြောဆိုခဲ့မှုများအတွက် ပရိသတ်ကို ပြန်တောင်းပန်ခဲ့ပေမယ့် “Seiko ရဲ့ အပြုအမှုများဟာ GM program ကို စော်ကားလိုက်တာဖြစ်ကြောင်း ယုံကြည်ပါတယ်။” လို့ ထပ်မံ အပြစ်တင်ဝေဖန်ခဲ့ပါတယ်။

Seiko ရဲ့ ပြိုင်ဘက်ကစားသမားဖြစ်ခဲ့တဲ့ Bozzzton ဟာ Seiko ရဲ့ အမှားများကို သတိထားမိပြီး ထူးဆန်းနေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ Seiko လို professional ကစားသမားတစ်ဦးဟာ ပုံမှန်အားဖြင့် ဒီလိုအမှားများကို လုပ်မှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။ သူ့အနေနဲ့ Seiko ကို ပြိုင်ဘက်ကောင်းတစ်ယောက်အနေနဲ့ လေးစားမှုရှိကြောင်းလည်း ပြောခဲ့ပါသေးတယ်။

Bozzzton ရဲ့ ဆက်လက်ပြောကြားချက်များထဲမှာတော့ Seiko ဟာ ပြိုင်ပွဲဝင်ကောင်းတစ်ဦးဖြစ်ကြောင်း သက်သေပြဖို့ Hearthstone နဲ့ Auto Chess နှစ်မျိုးလုံးကို လေ့ကျင့်နေခဲ့ကြောင်း၊ Blizzard အနေနဲ့ ကစားသမားများကို အပြည့်အဝအာရုံစိုက်ဖို့ စည်းကမ်းချက်အသစ်ထုတ်ပြန်သင့်ပေမယ့် Seiko ကို အပြစ်မယူသင့်ကြောင်း စတာတွေ ပါဝင်ခဲ့ပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့မှာတော့ Seiko ဟာ ဂိမ်းပြိုင်ပွဲနှစ်ခုစလုံးကို တစ်ပြိုင်တည်း ကစားနေခဲ့ကြောင်း ဝန်ခံခဲ့ပြီး တောင်းပန်ကြောင်းကို ရေးသားခဲ့ပါတယ်။ သူ့ရဲ့ ရေးသားချက်ထဲမှာတော့ Hearthstone ရဲ့ professional ကစားသမားများအနေနဲ့ အခြားဂိမ်းများကို မကစားဖို့ ကန့်သတ်ထားခြင်း မရှိလို့ သူ့အနေနဲ့ ဒီလို ပြုလုပ်ခဲ့မိကြောင်း၊ ဂိမ်းနှစ်ခုလုံးကို တစ်ပြိုင်တည်းမှာ ကစားနိုင်ဖို့ လေ့ကျင့်တာဟာ လုံလောက်တဲ့ အတိုင်းအတာရောက်ရှိပြီလို့ ထင်မှတ်ခဲ့မိကြောင်း အစရှိသဖြင့် ပါဝင်ပါတယ်။

Hearthstone esports ရဲ့ production manager ဖြစ်သူ Drew Higbee ကတော့ သူတို့ဟာ ဒီအဖြစ်အပျက်အားလုံးကို သိရှိကြောင်းနဲ့ Hearthstone ပရိသတ်များကို Seiko ကိုယ်စား တောင်းပန်ကြောင်းကြေညာခဲ့ပါတယ်။ လာမယ့်အပတ်မှာ ပြုလုပ်မယ့် ပွဲစဉ်များမှာ Seiko အနေနဲ့ တက်ရောက်ကစားရဦးမှာဖြစ်ပြီး ဒီလို မပြုလုပ်ဘူးဆိုရင်တော့ ပြိုင်ပွဲပျက်ကွက်ခြင်းဆိုင်ရာစည်းကမ်းများရဲ့ အဓိကတရားခံဖြစ်လာလိမ့်မယ်လို့လည်း ကြေညာခဲ့ပါတယ်။

Seiko ကတော့ သူဟာ Auto Chess qualifier ကို ဝင်ရောက်မကစားတော့ပဲ Hearthstone ပြိုင်ပွဲကိုပဲ အာရုံစိုက် ကစားတော့မယ်လို့ ပြောကြားခဲ့ပါတယ်။ လောဘကြီးပြီး ဂိမ်းနှစ်ခုကို တစ်ပြိုင်တည်းကစားလို့ ရှုံးနိမ့်ခဲ့တဲ့ Seiko ရဲ့ အဖြစ်ကတော့ သင်ခန်းစာယူဖွယ် တစ်ခုပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။