[Unicode]

Esports ဖက်ကို မျက်စိကျနေတဲ့ Gucci

 

နာမည်ကျော် ဖက်ရှင်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Gucci ဟာ ယင်းရဲ့ အမျိုးသားဝတ်ဖက်ရှင်ရှိုးပွဲတစ်ခုမှာ Fnatic အသင်းသားများကို ခေါ်ယူပြီး Esports အပေါ် စိတ်ဝင်စားမှုကို ပြသခဲ့ပါတယ်။ လန်ဒန်အခြေစိုက် Fnatic အသင်းရဲ့ League of Legends ကစားသမားများဟာ Gucci ရဲ့ နောက်ဆုံးပေါ် အဝတ်အစားများကို ဝတ်ဆင်ကာ အဆိုပါ Fashion Show ရဲ့ ရှေ့ဆုံးတန်းမှာ နေရာပေးခြင်း ခံခဲ့ရပါတယ်။

ယခင်က Gucci ဖက်ရှင်ရှိုးပွဲများကို ကမ္ဘာကျော်အနုပညာရှင်များသာ တက်ရောက်လေ့ရှိတာမို့ ယခုလို့ Esports အသိုင်းအဝိုင်းက gamer များ ပါဝင်လာခြင်းဟာ ထူးခြားပါတယ်။ Fnatic LoL အသင်းမှ တက်ရောက်လာသူများကတော့ Rekkles, Bwipo, Nemesis, Hylissang နဲ့ Selfmade တို့ပါ။ နာမည်ကျော် အနုပညာရှင်များဖြစ်ကြတဲ့ Spider-man သရုပ်ဆောင်ဟောင်း Andrew Garfield, Joker သရုပ်ဆောင်ဟောင်း Jared Leto နဲ့ Salma Hayek တို့ဟာ Fnatic အသင်းသားများနဲ့အတူ ရှေ့ဆုံးတန်းကနေ Fashion Show ကို ကြည့်ရှုခံစားခဲ့ကြပါတယ်။

Fnatic ရဲ့ ပူးပေါင်းဒါရိုက်တာဖြစ်သူ Craig Santicchia က “ယခုဖက်ရှင်ရှိုးပွဲကို အထူးဧည့်သည်များအဖြစ် တက်ရောက်ဖို့အတွက် Gucci က ကျွန်တော်တို့ကို ဖိတ်ကြားလာလို့ အလွန်ပဲဂုဏ်ယူမိပါတယ်။ ဒါဟာ လက်ရှိကမ္ဘာကြီးရဲ့ အားကစားနည်းသစ်တစ်မျိုးဖြစ်လာနေတဲ့ Esports လောကနဲ့ ဖက်ရှင်လောကတို့ရဲ့ ပေါင်းစည်းမှုတစ်ခုလည်း ဖြစ်ပါတယ်။

Fnatic LoL team with Uptown Funk song singer “Mark Ranson” (Wtih Green Jacket)

 

“Gucci ဟာ အမြဲတမ်းထူးခြားဆန်းသစ်နေတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်သလို ကျွန်တော်တို့ Fnatic ဟာ ထူးခြားကောင်းမွန်နေအောင် အမြဲကြိုးစားနေတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ကောင်းမွန်တဲ့ အနာဂတ်သစ်များနဲ့ ထူးခြားတဲ့ပူးပေါင်းမှုသစ်များ ဖြစ်လာအောင် ဒီပွဲက လမ်းဖွင့်ပေးလိုက်သလိုပါပဲ” အစရှိသဖြင့် ယင်းဖက်ရှင်ရှိုးပွဲနဲ့ ပတ်သက်လို့ ပြောသွားခဲ့ပါတယ်။

ယခုကိစ္စရပ်ဟာ Fnatic နဲ့ Gucci တို့ရဲ့ ကြီးမားတဲ့ ပူးပေါင်းမှုကြီးတစ်ခုတော့ မဟုတ်သေးပေမယ့် အနာဂတ်ပူးပေါင်းလုပ်ဆောင်မှုများတိုးတက်လာစေမယ့် ခြေလှမ်းတစ်ခုပါ။ လွန်ခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ League of Legends World Championship 2019 ကို Louis Vuitton ကုမ္ပဏီက ပံ့ပိုးမှုများ ပြုလုပ်ခဲ့ပြီးနောက်မှာ ဖက်ရှင်ကုမ္ပဏီများရဲ့ Esports အပေါ် စိတ်ဝင်စားမှုများဟာ မြင့်တက်လာခဲ့ပါတယ်။

တိုးတက်လာဦးမယ့် Esports လောကနဲ့ နယ်ပယ်အသိုင်းအဝိုင်းပေါင်းစုံတို့ရဲ့ ပူးပေါင်းမှုများဟာ တိုးပွားလျက်ရှိပါတယ်။ မည်သို့ပင်ဖြစ်စေ Fnatic အသင်းသားများကတော့ စတိုင်ကျပြီး လန်းဆန်းတဲ့ နေ့ရက်လေးတစ်ခုကို ပိုင်ဆိုင်သွားနိုင်ခဲ့တာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

source: Esports Insider


[Zawgyi]

Esports ဖက္ကို မ်က္စိက်ေနတဲ့ Gucci

 

နာမည္ေက်ာ္ ဖက္ရွင္ကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ Gucci ဟာ ယင္းရဲ႕ အမ်ိဳးသားဝတ္ဖက္ရွင္ရႈိးပြဲတစ္ခုမွာ Fnatic အသင္းသားမ်ားကို ေခၚယူၿပီး Esports အေပၚ စိတ္ဝင္စားမႈကို ျပသခဲ့ပါတယ္။ လန္ဒန္အေျခစိုက္ Fnatic အသင္းရဲ႕ League of Legends ကစားသမားမ်ားဟာ Gucci ရဲ႕ ေနာက္ဆုံးေပၚ အဝတ္အစားမ်ားကို ဝတ္ဆင္ကာ အဆိုပါ Fashion Show ရဲ႕ ေရွ႕ဆုံးတန္းမွာ ေနရာေပးျခင္း ခံခဲ့ရပါတယ္။

ယခင္က Gucci ဖက္ရွင္ရႈိးပြဲမ်ားကို ကမာၻေက်ာ္အႏုပညာရွင္မ်ားသာ တက္ေရာက္ေလ့ရွိတာမို႔ ယခုလို႔ Esports အသိုင္းအဝိုင္းက gamer မ်ား ပါဝင္လာျခင္းဟာ ထူးျခားပါတယ္။ Fnatic LoL အသင္းမွ တက္ေရာက္လာသူမ်ားကေတာ့ Rekkles, Bwipo, Nemesis, Hylissang နဲ႔ Selfmade တို႔ပါ။ နာမည္ေက်ာ္ အႏုပညာရွင္မ်ားျဖစ္ၾကတဲ့ Spider-man သ႐ုပ္ေဆာင္ေဟာင္း Andrew Garfield, Joker သ႐ုပ္ေဆာင္ေဟာင္း Jared Leto နဲ႔ Salma Hayek တို႔ဟာ Fnatic အသင္းသားမ်ားနဲ႔အတူ ေရွ႕ဆုံးတန္းကေန Fashion Show ကို ၾကည့္ရႈခံစားခဲ့ၾကပါတယ္။

 

Fnatic ရဲ႕ ပူးေပါင္းဒါ႐ိုက္တာျဖစ္သူ Craig Santicchia က “ယခုဖက္ရွင္ရႈိးပြဲကို အထူးဧည့္သည္မ်ားအျဖစ္ တက္ေရာက္ဖို႔အတြက္ Gucci က ကြၽန္ေတာ္တို႔ကို ဖိတ္ၾကားလာလို႔ အလြန္ပဲဂုဏ္ယူမိပါတယ္။ ဒါဟာ လက္ရွိကမာၻႀကီးရဲ႕ အားကစားနည္းသစ္တစ္မ်ိဳးျဖစ္လာေနတဲ့ Esports ေလာကနဲ႔ ဖက္ရွင္ေလာကတို႔ရဲ႕ ေပါင္းစည္းမႈတစ္ခုလည္း ျဖစ္ပါတယ္။

“Gucci ဟာ အၿမဲတမ္းထူးျခားဆန္းသစ္ေနတဲ့ အမွတ္တံဆိပ္တစ္ခုျဖစ္သလို ကြၽန္ေတာ္တို႔ Fnatic ဟာ ထူးျခားေကာင္းမြန္ေနေအာင္ အၿမဲႀကိဳးစားေနတဲ့ အဖြဲ႕အစည္းတစ္ခုပါ။ ေကာင္းမြန္တဲ့ အနာဂတ္သစ္မ်ားနဲ႔ ထူးျခားတဲ့ပူးေပါင္းမႈသစ္မ်ား ျဖစ္လာေအာင္ ဒီပြဲက လမ္းဖြင့္ေပးလိုက္သလိုပါပဲ” အစရွိသျဖင့္ ယင္းဖက္ရွင္ရႈိးပြဲနဲ႔ ပတ္သက္လို႔ ေျပာသြားခဲ့ပါတယ္။

ယခုကိစၥရပ္ဟာ Fnatic နဲ႔ Gucci တို႔ရဲ႕ ႀကီးမားတဲ့ ပူးေပါင္းမႈႀကီးတစ္ခုေတာ့ မဟုတ္ေသးေပမယ့္ အနာဂတ္ပူးေပါင္းလုပ္ေဆာင္မႈမ်ားတိုးတက္လာေစမယ့္ ေျခလွမ္းတစ္ခုပါ။ လြန္ခဲ့တဲ့ႏွစ္က ျပဳလုပ္ခဲ့တဲ့ League of Legends World Championship 2019 ကို Louis Vuitton ကုမၸဏီက ပံ့ပိုးမႈမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္မွာ ဖက္ရွင္ကုမၸဏီမ်ားရဲ႕ Esports အေပၚ စိတ္ဝင္စားမႈမ်ားဟာ ျမင့္တက္လာခဲ့ပါတယ္။

တိုးတက္လာဦးမယ့္ Esports ေလာကနဲ႔ နယ္ပယ္အသိုင္းအဝိုင္းေပါင္းစုံတို႔ရဲ႕ ပူးေပါင္းမႈမ်ားဟာ တိုးပြားလ်က္ရွိပါတယ္။ မည္သို႔ပင္ျဖစ္ေစ Fnatic အသင္းသားမ်ားကေတာ့ စတိုင္က်ၿပီး လန္းဆန္းတဲ့ ေန႔ရက္ေလးတစ္ခုကို ပိုင္ဆိုင္သြားႏိုင္ခဲ့တာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

source: Esports Insider